ပဲသီးလေး နဲ့ ကျန်းမာရေး - Property Knowledge in Myanmar from iMyanmarHouse.com
1189 Views

ပဲသီးလေး နဲ့ ကျန်းမာရေး

Knowledge | Posted by Shwe Zin Win

[Unicode]

မုန့်ဟင်းခါးထဲပဲ ထည့်စားစား၊ ချဉ်ရည်ဟင်းထဲပဲ ထည့်ချက်ချက်၊ ပဲဟင်းထဲရောချက်ချက်၊ ဘဲဥ၊ ပုစွန်ခြောက်၊ ပုစွန်ဆိတ် သေးသေးလေးတွေနဲ့ပဲ ရောကြော်ကြော် စားလို့ကောင်းတဲ့ ပဲသီးလေးကို ကြိုက်တဲ့သူ ရှိလား…. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်နော်။ ပဲသီးက ဘယ်လို အကျိုးကျေးဇူးတွေပေးလဲဆိုတာကို သိရှိနိုင်တာပေါ့။

ပဲသီးလေးကပေးတဲ့ ကျန်းမာရေး

နေ့စဉ်နီးပါး တစ်မျိုးမျိုးနဲ့ စားသောက်နေမိတဲ့ ပဲသီးလေးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပဲသီးလေးကို စားသုံးပေးမယ်ဆိုရင်

ပရိုတင်း ရရှိစေမယ်

ပဲသီး ၁၀၀ ဂရမ်မှာ ပရိတင်း ၈.၃ ဂရမ်အထိ ပါဝင်နေပါတယ်။ ပဲသီးကို နေ့စဉ် စားသုံးပေးတာက ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ပရိုတင်းကို ဖြည့်တင်းရာ ရောက်ပါတယ်။

ဗီတာမင် B Complex ပါဝင်နေတယ်

ပဲသီး ၁၀၀ ဂရမ်မှာ ဖောလိတ် ၃၇ ရာခိုင်နှုန်း၊ thiamin ၁၄ ရာခိုင်နှုန်း၊ riboflavin ၄ ရာခိုင်နှုန်း၊ pantothenic acid ၄ ရာခိုင်နှုန်း၊ niacin ၃ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ ပဲသီးမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် B အုပ်စု ပြည့်ဝစွာ ပါဝင်နေပါတယ်။

ဗီတာမင် B complex က စွမ်းအင်ထုတ်လုပ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို အာရုံကြောတွေကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ​ဗီတာမင် B အားနည်းတဲ့အခါ ပင်ပန်းနွမ်းနယ်တာ၊ အားအင်ကုန်ခမ်းတာမျိုး ခံစားရနိုင်ပါတယ်။

အမျှင်ဓာတ် ပါဝင်မှုများတယ်

ပဲသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပဲသီး ၁၀၀ ဂရမ်မှာ အမျှင် ၄ ဂရမ်အထိ ပါဝင်နေပါတယ်။ အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေနိုင်ပါတယ်။

ကယ်လ်ဆီယမ် ပါဝင်နေတယ်

ပဲသီး ၁၀၀ ဂရမ်မှာ ကယ်လ်ဆီယမ် ၄၂ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ ကယ်လ်ဆီယမ် လိုအပ်ချက်ရဲ့ ၄ ရာခိုင်နှုန်းပါ။ ကယ်လ်ဆီယမ်က အရိုးတွေ နဲ့ သွားတွေကို သန်မာစေနိုင်သလို အာရုံကြော နဲ့ ကြွက်သားတွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေပါတယ်။

သံဓာတ် ပါဝင်နေတယ်

ပဲသီး ၁၀၀ ဂရမ်မှာ သံဓာတ် ၂.၆ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ သံဓာတ် လိုအပ်ချက်ရဲ့ ၁၅ ရာခိုင်နှုန်းပါ။ သံဓာတ်က သွေးနီဥဆဲလ်တွေ၊ ကြွက်သားဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ သွေးအားနည်းရောဂါ မဖြစ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

မဂ္ဂနီဆီယမ် ပါဝင်တယ်

ပဲသီး ၁၀၀ ဂရမ်မှာ မဂ္ဂနီဆီယမ် ၉၈ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ မဂ္ဂနီဆီယမ် လိုအပ်ချက်ရဲ့ ၂၅ ရာခိုင်နှုန်းပါ။ အရိုးနဲ့သွားတွေ ကြံ့ခိုင်စေဖို့ အားဖြည့်ပေးသလို ကြွက်သားနဲ့ အာရုံကြောတွေ လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။ ကိုယ်တွင်းက အင်ဇိုင်းတွေရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေပါတယ်။

Manganese ပါဝင်တယ်

ပဲသီး ၁၀၀ ဂရမ်မှာ Manganese ၀.၅ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ Manganese လိုအပ်ချက်ရဲ့ ၂၄ ရာခိုင်နှုန်းပါ။ Manganese က အင်ဇိုင်းတွေရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေသလို ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ အဆစ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။

Phosphorus ပါဝင်တယ်

ပဲသီး ၁၀၀ ဂရမ်မှာ phosphorus ၁၈၁ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ phosphorus လိုအပ်ချက်ရဲ့ ၁၈ ရာခိုင်နှုန်းပါ။ ခန္ဓာကိုယ်မှာ အင်အားပြည့်စေသလို အရိုးနဲ့သွားတွေကို သန်မာစေပါတယ်။

Copper ပါဝင်တယ်

ပဲသီး ၁၀၀ ဂရမ်မှာ copper ၀.၂ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ copper လိုအပ်ချက်ရဲ့ ၁၁ ရာခိုင်နှုန်းပါ။ copper က အရေပြား ကျန်းမာရေးကို အားဖြည့်ပေးသလို စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ရောဂါတွေကိုလည်း ခုခံပေးပါတယ်။

ပိုတက်ဆီယမ် ပါဝင်တယ်

ပဲသီး ၁၀၀ ဂရမ်မှာ ပိုတက်ဆီယမ် ၃၁၅ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ ပိုတက်ဆီယမ် လိုအပ်ချက်ရဲ့ ၉ ရာခိုင်နှုန်းပါ။ ပိုတက်ဆီယမ်က အာရုံကြောတွေကို လုပ်ဆောင်မှုကောင်းစေသလို ကြွက်သားတွေကို သန်မာစေပါတယ်။

ဇင့် ပါဝင်တယ်

ပဲသီး ၁၀၀ ဂရမ်မှာ ဇင့် ၁.၁ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ ဇင့် လိုအပ်ချက်ရဲ့ ၇ ရာခိုင်နှုန်းပါ။ ဇင့်က သွေးနီဥဆဲလ်တွေ နဲ့ အရိုးတွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။

Selenium ပါဝင်ပါတယ်

ပဲသီး ၁၀၀ ဂရမ်မှာ selenium ၂.၈ မီလီဂရမ် ပါဝင်နေပြီး တစ်နေ့တာ selenium လိုအပ်ချက်ရဲ့ ၄ ရာခိုင်နှုန်းပါ။ selenium က အင်ဇိုင်းတွေ လုပ်ဆောင်မှု ကောင်းစေဖို့ အားဖြည့်ပေးသလို ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

ပဲသီးေလး နဲ႔ က်န္းမာေရး

မုန္႔ဟင္းခါးထဲပဲ ထည့္စားစား၊ ခ်ဥ္ရည္ဟင္းထဲပဲ ထည့္ခ်က္ခ်က္၊ ပဲဟင္းထဲေရာခ်က္ခ်က္၊ ဘဲဥ၊ ပုစြန္ေျခာက္၊ ပုစြန္ဆိတ္ ေသးေသးေလးေတြနဲ႔ပဲ ေရာေၾကာ္ေၾကာ္ စားလို႔ေကာင္းတဲ့ ပဲသီးေလးကို ႀကိဳက္တဲ့သူ ႐ွိလား…. ဒါဆိုရင္ေတာ့ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္ေနာ္။ ပဲသီးက ဘယ္လို အက်ိဳးေက်းဇူးေတြေပးလဲဆိုတာကို သိ႐ွိႏိုင္တာေပါ့။

ပဲသီးေလးကေပးတဲ့ က်န္းမာေရး

ေန႔စဥ္နီးပါး တစ္မ်ိဳးမ်ိဳးနဲ႔ စားေသာက္ေနမိတဲ့ ပဲသီးေလးမွာ က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ ဗီတာမင္ နဲ႔ သတၱဳဓာတ္ေတြ ႂကြယ္ဝစြာ ပါဝင္ေနပါတယ္။ ပဲသီးေလးကို စားသုံးေပးမယ္ဆိုရင္

ပ႐ိုတင္း ရ႐ွိေစမယ္

ပဲသီး ၁၀၀ ဂရမ္မွာ ပရိတင္း ၈.၃ ဂရမ္အထိ ပါဝင္ေနပါတယ္။ ပဲသီးကို ေန႔စဥ္ စားသုံးေပးတာက ခႏၶာကိုယ္ အတြက္ လိုအပ္တဲ့ ပ႐ိုတင္းကို ျဖည့္တင္းရာ ေရာက္ပါတယ္။

ဗီတာမင္ B Complex ပါဝင္ေနတယ္

ပဲသီး ၁၀၀ ဂရမ္မွာ ေဖာလိတ္ ၃၇ ရာခိုင္ႏႈန္း၊ thiamin ၁၄ ရာခိုင္ႏႈန္း၊ riboflavin ၄ ရာခိုင္ႏႈန္း၊ pantothenic acid ၄ ရာခိုင္ႏႈန္း၊ niacin ၃ ရာခိုင္ႏႈန္း ပါဝင္ေနပါတယ္။ ပဲသီးမွာ ခႏၶာကိုယ္အတြက္ မ႐ွိမျဖစ္ လိုအပ္တဲ့ ဗီတာမင္ B အုပ္စု ျပည့္ဝစြာ ပါဝင္ေနပါတယ္။

ဗီတာမင္ B complex က စြမ္းအင္ထုတ္လုပ္ရာမွာ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္ေနသလို အာ႐ုံေၾကာေတြကို အေကာင္းဆုံးေထာက္ပံ့ေပးႏိုင္ပါတယ္။ ​ဗီတာမင္ B အားနည္းတဲ့အခါ ပင္ပန္းႏြမ္းနယ္တာ၊ အားအင္ကုန္ခမ္းတာမ်ိဳး ခံစားရႏိုင္ပါတယ္။

အမွ်င္ဓာတ္ ပါဝင္မႈမ်ားတယ္

ပဲသီးမွာ အမွ်င္ဓာတ္ႂကြယ္ဝစြာ ပါဝင္ေနပါတယ္။ ပဲသီး ၁၀၀ ဂရမ္မွာ အမွ်င္ ၄ ဂရမ္အထိ ပါဝင္ေနပါတယ္။ အမွ်င္ဓာတ္က အစာေျခစနစ္ကို က်န္းမာေစႏိုင္သလို ေသြးတြင္း သၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္ပါတယ္။ ဇီဝကမၼျဖစ္စဥ္ကို တိုးတက္ေစႏိုင္ပါတယ္။

ကယ္လ္ဆီယမ္ ပါဝင္ေနတယ္

ပဲသီး ၁၀၀ ဂရမ္မွာ ကယ္လ္ဆီယမ္ ၄၂ မီလီဂရမ္ ပါဝင္ေနၿပီး တစ္ေန႔တာ ကယ္လ္ဆီယမ္ လိုအပ္ခ်က္ရဲ႕ ၄ ရာခိုင္ႏႈန္းပါ။ ကယ္လ္ဆီယမ္က အ႐ိုးေတြ နဲ႔ သြားေတြကို သန္မာေစႏိုင္သလို အာ႐ုံေၾကာ နဲ႔ ႂကြက္သားေတြကို ေကာင္းစြာ လုပ္ေဆာင္ႏိုင္ေစပါတယ္။

သံဓာတ္ ပါဝင္ေနတယ္

ပဲသီး ၁၀၀ ဂရမ္မွာ သံဓာတ္ ၂.၆ မီလီဂရမ္ ပါဝင္ေနၿပီး တစ္ေန႔တာ သံဓာတ္ လိုအပ္ခ်က္ရဲ႕ ၁၅ ရာခိုင္ႏႈန္းပါ။ သံဓာတ္က ေသြးနီဥဆဲလ္ေတြ၊ ႂကြက္သားဆဲလ္ေတြ ျဖစ္ေပၚေစဖို႔ အေကာင္းဆုံး အားျဖည့္ေပးပါတယ္။ ေသြးအားနည္းေရာဂါ မျဖစ္ေစဖို႔ အေကာင္းဆုံး အားျဖည့္ေပးပါတယ္။

မဂၢနီဆီယမ္ ပါဝင္တယ္

ပဲသီး ၁၀၀ ဂရမ္မွာ မဂၢနီဆီယမ္ ၉၈ မီလီဂရမ္ ပါဝင္ေနၿပီး တစ္ေန႔တာ မဂၢနီဆီယမ္ လိုအပ္ခ်က္ရဲ႕ ၂၅ ရာခိုင္ႏႈန္းပါ။ အ႐ိုးနဲ႔သြားေတြ ၾကံ့ခိုင္ေစဖို႔ အားျဖည့္ေပးသလို ႂကြက္သားနဲ႔ အာ႐ုံေၾကာေတြ လုပ္ေဆာင္မႈကို ေကာင္းမြန္ေစပါတယ္။ ကိုယ္တြင္းက အင္ဇိုင္းေတြရဲ႕ လုပ္ေဆာင္မႈကိုလည္း ေကာင္းမြန္ေစပါတယ္။

Manganese ပါဝင္တယ္

ပဲသီး ၁၀၀ ဂရမ္မွာ Manganese ၀.၅ မီလီဂရမ္ ပါဝင္ေနၿပီး တစ္ေန႔တာ Manganese လိုအပ္ခ်က္ရဲ႕ ၂၄ ရာခိုင္ႏႈန္းပါ။ Manganese က အင္ဇိုင္းေတြရဲ႕ လုပ္ေဆာင္မႈကိုလည္း ေကာင္းမြန္ေစသလို ဇီဝကမၼျဖစ္စဥ္ကို တိုးတက္ေကာင္းမြန္ေစပါတယ္။ အဆစ္ေတြကိုလည္း က်န္းမာေစႏိုင္ပါတယ္။

Phosphorus ပါဝင္တယ္

ပဲသီး ၁၀၀ ဂရမ္မွာ phosphorus ၁၈၁ မီလီဂရမ္ ပါဝင္ေနၿပီး တစ္ေန႔တာ phosphorus လိုအပ္ခ်က္ရဲ႕ ၁၈ ရာခိုင္ႏႈန္းပါ။ ခႏၶာကိုယ္မွာ အင္အားျပည့္ေစသလို အ႐ိုးနဲ႔သြားေတြကို သန္မာေစပါတယ္။

Copper ပါဝင္တယ္

ပဲသီး ၁၀၀ ဂရမ္မွာ copper ၀.၂ မီလီဂရမ္ ပါဝင္ေနၿပီး တစ္ေန႔တာ copper လိုအပ္ခ်က္ရဲ႕ ၁၁ ရာခိုင္ႏႈန္းပါ။ copper က အေရျပား က်န္းမာေရးကို အားျဖည့္ေပးသလို စိတ္ဖိစီးမႈကို ေျပေလ်ာ့ေစၿပီး ေရာဂါေတြကိုလည္း ခုခံေပးပါတယ္။

ပိုတက္ဆီယမ္ ပါဝင္တယ္

ပဲသီး ၁၀၀ ဂရမ္မွာ ပိုတက္ဆီယမ္ ၃၁၅ မီလီဂရမ္ ပါဝင္ေနၿပီး တစ္ေန႔တာ ပိုတက္ဆီယမ္ လိုအပ္ခ်က္ရဲ႕ ၉ ရာခိုင္ႏႈန္းပါ။ ပိုတက္ဆီယမ္က အာ႐ုံေၾကာေတြကို လုပ္ေဆာင္မႈေကာင္းေစသလို ႂကြက္သားေတြကို သန္မာေစပါတယ္။

ဇင့္ ပါဝင္တယ္

ပဲသီး ၁၀၀ ဂရမ္မွာ ဇင့္ ၁.၁ မီလီဂရမ္ ပါဝင္ေနၿပီး တစ္ေန႔တာ ဇင့္ လိုအပ္ခ်က္ရဲ႕ ၇ ရာခိုင္ႏႈန္းပါ။ ဇင့္က ေသြးနီဥဆဲလ္ေတြ နဲ႔ အ႐ိုးေတြ ျဖစ္ေပၚေစဖို႔ အားျဖည့္ေပးပါတယ္။

Selenium ပါဝင္ပါတယ္

ပဲသီး ၁၀၀ ဂရမ္မွာ selenium ၂.၈ မီလီဂရမ္ ပါဝင္ေနၿပီး တစ္ေန႔တာ selenium လိုအပ္ခ်က္ရဲ႕ ၄ ရာခိုင္ႏႈန္းပါ။ selenium က အင္ဇိုင္းေတြ လုပ္ေဆာင္မႈ ေကာင္းေစဖို႔ အားျဖည့္ေပးသလို ခႏၶာကိုယ္ကို ဓာတ္တိုးပစၥည္းေတြေၾကာင့္ ထိခိုက္မႈ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service