ထောပတ်ပေါက်ပေါက်စားခြင်းကကျန်းမာရေးကို ဘယ်လိုအကျိုးပြုလဲ - Property Knowledge in Myanmar from iMyanmarHouse.com
687 Views

ထောပတ်ပေါက်ပေါက်စားခြင်းကကျန်းမာရေးကို ဘယ်လိုအကျိုးပြုလဲ

Knowledge | Posted by Si Thu Aung

[Unicode]

ဟိုးအရင်တွေကတော့ပေါက်ပေါက်ကို ဆားငန်ငန်လေးနဲ့ပဲ စားသုံးခဲ့ကြပေမယ့် ခုတော့ အရသာချိုဆိမ့်ဆိမ့် အနံ့မွှေးမွှေးလေးဖြစ်အောင်ထောပတ်လေးနဲ့ရောပြီးထောပတ်ပေါက်ပေါက်အဖြစ် တွင်တွင်ကျယ်ကျယ် စားသုံးလာကြပါတယ်။ထောပတ်ပေါက်ပေါက်က ရုပ်ရှင်ချစ်သူတွေအတွက် အကောင်းဆုံး အစားအစာတစ်မျိုးလည်းဖြစ်မှာပါ။တော်တော်များများကထောပတ်ပေါက်ပေါက်ကို ရုပ်ရှင်ကြည့်ရင်း စားကြတာကြောင့်ပါ။ထောပတ်ပေါက်ပေါက်ကို အပျင်းပြေ စားကြတယ်ဆိုပေမယ့် သူ့မှာပါဝင်တဲ့ အာဟာရဓါတ်တွေကတော့ ကျန်းမာရေးကိုများစွာ အထောက်အကူပြုပါတယ်။

ထောပတ်ပေါက်ပေါက်ဟာ ကိုလက်စထရောပမာဏကိုလျှော့နည်းစေပါတယ်။ထောပတ်ပေါက်ပေါက်မှာ အမျှင်ဓါတ်တွေများများစားစားပါဝင်တာကြောင့်သွေးလွှတ်ကြောနဲ့သွေးပြန်ကြောမှာရှိတဲ့ ကိုလက်ထစရောတွေကိုလျှော့ကျေစေပါတယ်။ ဒီအနေအထားဟာ နှလုံးရောဂါဖြစ်ပွားခြင်းနဲ့လေဖြတ်ခြင်းတွေကို ကာကွယ်ပြီးသားဖြစ်ပါတယ်။

ထောပတ်ပေါက်ပေါက်မှာ အမျှင်ဓါတ်များများ ပါဝင်တာဟာ တခြားသစ်သီးဝလံတွေလိုပါပဲ။ အမျှင်ဓါတ်များများပါဝင်တာက အစာခြေစနစ်ကိုကောင်းမွန်စေတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ထောပတ်ပေါက်ပေါက်မှာပါဝင်တဲ့ အာဟာရဓါတ်တွေဟာပေါင်မုန့်လိုပဲ ကျန်းမာရေးကောင်းစေပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီနဲ့ ဗီတာမင်အီးလည်း ပါဝင်တာမို့ အသားအရေလည်း စိုပြည်ကြည်လင်စေပါတယ်။

ထောပတ်ပေါက်ပေါက်ဟာ ခန္ဓါကိုယ်အတွင်းမှာရှိတဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ ခန္ဓါကိုယ်ထဲက သကြားဓါတ်နဲ့ အင်ဆူလင်ပမာဏဓါတ်ကို ထိန်းညှိပေးထားဖို့အတွက် အမျှင်ဓါတ်လိုပါတယ်။ထောပတ်ပေါက်ပေါက်ဟာ သကြားဓါတ်များခြင်းကြောင့်ဖြစ်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂၀၁၂) ခုနှစ် Scranton တက္ကသိုလ်ရဲ့လေ့လာချက်အရထောပတ်ပေါက်ပေါက်မှာ ဓါတ်တိုးဆန့်ကျင်မှုတွေ အများအပြားပါဝင်တယ်လို့ ဆိုထားပါတယ်။ ဓါတ်တိုးဆန့်ကျင်မှုများခြင်းဟာ အရိုးရောင်ခြင်း၊ အရိုးပွခြင်းနဲ့ ဆီးချိုရောဂါတွေ မဖြစ်အောင် တားဆီးပေးပါတယ်။ ထောပတ်ပေါက်ပေါက်မှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုဟာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဆဲလ်သေတွကို တိုက်ထုတ်ပေးနိုင်ပါသေးတယ်။ ခန္ဓါကိုယ်အတွက်ကောင်းကျိုးမပေးနိုင်တဲ့ free radicalsတွေကိုလည်းလျှော့ချပေးပါတယ်။

ထောပတ်ပေါက်ပေါက်ကို ကိုယ်အလေးချိန် တက်စေတဲ့အစားအစာလို့ ထင်နေရင်တော့ မှားနေပါပြီ။ထောပတ်ပေါက်ပေါက် တစ်ခွက်မှာ ကယ်လိုရီ (၃၀) ပဲ ပါဝင်ပါတယ်။ ဒါဟာ အာလူးကြော်တစ်ထုတ်စာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ငါးဆတောင် ကယ်လိုရီနည်းပါတယ်။ ဒါ့အပြင်ထောပတ်ပေါက်ပေါက်ဟာ တခြားသွားရေစာ မုန့်တွေလိုမျိုး ဆီတွေ ပါဝင်မှုနည်းတာကြောင့် ခန္ဓါကိုယ်အလေးချိန် မတက်စေပါဘူး။

ထောပတ်ပေါက်ပေါက်က အရွယ်တင်နုပျိုစေတဲ့ အစားအစာတွေထဲမှာလည်း ပါဝင်ပါတယ်။ အရွယ်မတိုင်ခင် အသက်အရွယ်ကြီးရင့်သယောင်ဖြစ်စေတဲ့ အရေးအကြောင်းဖြစ်ခြင်း၊ အသားအရေတင်းရင်းမှု နည်းခြင်း၊ အစက်အပြောက်ဖြစ်ခြင်းတွေကိုလျှော့နည်းစေပါတယ်။ထောပတ်ပေါက်ပေါက် စားလေလေ free radicals လျော့နည်းလေဖြစ်ပြီး ပိုမိုကျန်းမာ လှပလာမှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ေထာပတ္ေပါက္ေပါက္စားျခင္းကက်န္းမာေရးကို ဘယ္လိုအက်ိဳးျပဳလဲ

ဟိုးအရင္ေတြကေတာ့ေပါက္ေပါက္ကို ဆားငန္ငန္ေလးနဲ႔ပဲ စားသုံးခဲ့ၾကေပမယ့္ ခုေတာ့ အရသာခ်ိဳဆိမ့္ဆိမ့္ အနံ႔ေမႊးေမႊးေလးျဖစ္ေအာင္ေထာပတ္ေလးနဲ႔ေရာၿပီးေထာပတ္ေပါက္ေပါက္အျဖစ္ တြင္တြင္က်ယ္က်ယ္ စားသုံးလာၾကပါတယ္။ေထာပတ္ေပါက္ေပါက္က ႐ုပ္႐ွင္ခ်စ္သူေတြအတြက္ အေကာင္းဆုံး အစားအစာတစ္မ်ိဳးလည္းျဖစ္မွာပါ။ေတာ္ေတာ္မ်ားမ်ားကေထာပတ္ေပါက္ေပါက္ကို ႐ုပ္႐ွင္ၾကည့္ရင္း စားၾကတာေၾကာင့္ပါ။ေထာပတ္ေပါက္ေပါက္ကို အပ်င္းေျပ စားၾကတယ္ဆိုေပမယ့္ သူ႕မွာပါဝင္တဲ့ အာဟာရဓါတ္ေတြကေတာ့ က်န္းမာေရးကိုမ်ားစြာ အေထာက္အကူျပဳပါတယ္။

ေထာပတ္ေပါက္ေပါက္ဟာ ကိုလက္စထေရာပမာဏကိုေလွ်ာ့နည္းေစပါတယ္။ေထာပတ္ေပါက္ေပါက္မွာ အမွ်င္ဓါတ္ေတြမ်ားမ်ားစားစားပါဝင္တာေၾကာင့္ေသြးလႊတ္ေၾကာနဲ႔ေသြးျပန္ေၾကာမွာ႐ွိတဲ့ ကိုလက္ထစေရာေတြကိုေလွ်ာ့ေက်ေစပါတယ္။ ဒီအေနအထားဟာ ႏွလုံးေရာဂါျဖစ္ပြားျခင္းနဲ႔ေလျဖတ္ျခင္းေတြကို ကာကြယ္ၿပီးသားျဖစ္ပါတယ္။

ေထာပတ္ေပါက္ေပါက္မွာ အမွ်င္ဓါတ္မ်ားမ်ား ပါဝင္တာဟာ တျခားသစ္သီးဝလံေတြလိုပါပဲ။ အမွ်င္ဓါတ္မ်ားမ်ားပါဝင္တာက အစာေျခစနစ္ကိုေကာင္းမြန္ေစတယ္ဆိုတာ သိထားၿပီးျဖစ္မွာပါ။ေထာပတ္ေပါက္ေပါက္မွာပါဝင္တဲ့ အာဟာရဓါတ္ေတြဟာေပါင္မုန္႔လိုပဲ က်န္းမာေရးေကာင္းေစပါတယ္။ ဒါ့အျပင္ ဗီတာမင္ ဘီနဲ႔ ဗီတာမင္အီးလည္း ပါဝင္တာမို႔ အသားအေရလည္း စိုျပည္ၾကည္လင္ေစပါတယ္။

ေထာပတ္ေပါက္ေပါက္ဟာ ခႏၶါကိုယ္အတြင္းမွာ႐ွိတဲ့ေသြးတြင္းသၾကားဓါတ္ကို ထိန္းညႇိေပးပါတယ္။ ခႏၶါကိုယ္ထဲက သၾကားဓါတ္နဲ႔ အင္ဆူလင္ပမာဏဓါတ္ကို ထိန္းညႇိေပးထားဖို႔အတြက္ အမွ်င္ဓါတ္လိုပါတယ္။ေထာပတ္ေပါက္ေပါက္ဟာ သၾကားဓါတ္မ်ားျခင္းေၾကာင့္ျဖစ္တဲ့ေရာဂါေတြကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

(၂၀၁၂) ခုႏွစ္ Scranton တကၠသိုလ္ရဲ႕ေလ့လာခ်က္အရေထာပတ္ေပါက္ေပါက္မွာ ဓါတ္တိုးဆန္႔က်င္မႈေတြ အမ်ားအျပားပါဝင္တယ္လို႔ ဆိုထားပါတယ္။ ဓါတ္တိုးဆန္႔က်င္မႈမ်ားျခင္းဟာ အ႐ိုးေရာင္ျခင္း၊ အ႐ိုးပြျခင္းနဲ႔ ဆီးခ်ိဳေရာဂါေတြ မျဖစ္ေအာင္ တားဆီးေပးပါတယ္။ ေထာပတ္ေပါက္ေပါက္မွာ ပါဝင္တဲ့ ဓါတ္တိုးဆန္႔က်င္မႈဟာ ကင္ဆာေရာဂါျဖစ္ေစႏိုင္တဲ့ ဆဲလ္ေသတြကို တိုက္ထုတ္ေပးႏိုင္ပါေသးတယ္။ ခႏၶါကိုယ္အတြက္ေကာင္းက်ိဳးမေပးႏိုင္တဲ့ free radicalsေတြကိုလည္းေလွ်ာ့ခ်ေပးပါတယ္။

ေထာပတ္ေပါက္ေပါက္ကို ကိုယ္အေလးခ်ိန္ တက္ေစတဲ့အစားအစာလို႔ ထင္ေနရင္ေတာ့ မွားေနပါၿပီ။ေထာပတ္ေပါက္ေပါက္ တစ္ခြက္မွာ ကယ္လိုရီ (၃၀) ပဲ ပါဝင္ပါတယ္။ ဒါဟာ အာလူးေၾကာ္တစ္ထုတ္စာနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ ငါးဆေတာင္ ကယ္လိုရီနည္းပါတယ္။ ဒါ့အျပင္ေထာပတ္ေပါက္ေပါက္ဟာ တျခားသြားေရစာ မုန္႔ေတြလိုမ်ိဳး ဆီေတြ ပါဝင္မႈနည္းတာေၾကာင့္ ခႏၶါကိုယ္အေလးခ်ိန္ မတက္ေစပါဘူး။

ေထာပတ္ေပါက္ေပါက္က အ႐ြယ္တင္ႏုပ်ိဳေစတဲ့ အစားအစာေတြထဲမွာလည္း ပါဝင္ပါတယ္။ အ႐ြယ္မတိုင္ခင္ အသက္အ႐ြယ္ႀကီးရင့္သေယာင္ျဖစ္ေစတဲ့ အေရးအေၾကာင္းျဖစ္ျခင္း၊ အသားအေရတင္းရင္းမႈ နည္းျခင္း၊ အစက္အေျပာက္ျဖစ္ျခင္းေတြကိုေလွ်ာ့နည္းေစပါတယ္။ေထာပတ္ေပါက္ေပါက္ စားေလေလ free radicals ေလ်ာ့နည္းေလျဖစ္ၿပီး ပိုမိုက်န္းမာ လွပလာမွာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service