ထန်းသီးနုနုလေးစားပေးသင့်တဲ့အကြောင်းအရင်း - Property Knowledge in Myanmar from iMyanmarHouse.com
2661 Views

ထန်းသီးနုနုလေးစားပေးသင့်တဲ့အကြောင်းအရင်း

Knowledge | Posted by Hnin Ei Khin

[Unicode]

ထန်းသီးနုနုလေးစားရတာက ဂျယ်လီလေးစားရသလိုပါပဲ။ ဆိုးဆေးတွေ၊ပြုပင်ထားတဲ့ အချိုဓါတ်တွေကင်းစင်တဲ့ သဘာဝရဲ့ ဂျယ်လီလေးပေါ့။နွေရာသီမှာ ထန်းသီးနုနုချိုချိုလေးကို ပင်ပွားလေးနဲ့ရောလို့ နို့စိမ်းလေး၊ရေခဲလေးနဲ့ရာစပ်လိုက်ရင် ထန်းသီးဖော်ရည်ချိုအေးမွှေးလေးက ရင်အေးစေသလို စိတ်ကျေနပ်မငလည်းရစေတာအမှန်ပါ။ ထန်းသီး မနုမရင့်လေးတွေကိုလည်းကျောက်ကျောထိုးစားလို့ရပါသေးတယ်နော်။ ဒီလိုအမျိုးမျိုးအဖုံဖုံစားလို့ရတဲ့ ထန်းသီးနုနုလေးက စားကောင်းရုံတင်လား။ နိုးပါ။ ကျန်းမာရေးအတွက်လည်းကောင်းစေပါသေးတယ်နော်။

ထန်းသီးအကြောင်း သိပြီးပြီလား

အညာဒေသတွေရဲ့ အမှတ်အသားလို့တောင်ပြောလို့ရတဲ့ ထန်းပင်လေးက သားသမီးတစ်ယောက်ထက်တောင်ပိုပြီး အသုံးကျသေးတယ်၊လို့ပြောတာကိုကြားဖူးကြလား။ ထန်းပင်ရဲ့ အရွက်က အမိုးမိုးလို့ရတယ်။ ထန်းသီးအဆံကစားလို့ရတယ်။ ထန်းသီးမှည့်သွားရင်လည်း အနှစ်တိုက်ပြီး ထန်းသီးမုန့်လုပ်စားလို့ရတယ်။ အမြစ်ကလည်း စားလို့ရပါတယ်။ ထန်းပင်ကအိုသွားလို့ ခုတ်လှဲရပြီဆိုရင်လည်း ပင်စည်ကို ကြမ်းခင်းအဖြစ်သုံးလို့ရပါသေးတယ်။ ထန်းရည်နဲ့ ထန်းလျက်ကလည်း ထန်းပင်ကနေရတဲ့ အရာတွေပါပဲ။ ကဲ ဘယ်လောက်တောင်အသုံးဝင်လိုက်သလဲနော်။

ထန်းသီးဆိုတာက အမှန်တော့ အသီးရဲ့အဆံလေးပါ။ အညိုရောင်ထန်းသီးထဲမှာပါတဲ့ အဆံလေးတွေပေါ့။ ထန်းသီးတစ်လုံးမှာ ၃ ခုဒါမှမဟုတ် ၄ ခုထိပါတတ်ပါတယ်။ အသီးရဲ့ လုံးပတ်က ၄ လက်မကနေ ၇ လက်မလောက်ရှိတတ်ပါတယ်။ ထန်းသီးဆံလေးရဲ့ အခွံက အဝါရောင်လိုလိုလေးသန်းနေတတ်ပြီး အတွင်းကအဆံက အဖြူရောင်လေးပါ။ နုရင်တော့ ခပ်ကြည်ကြည်လေးပါ။ အရမ်းနုရည် အရည်လည်းရွှမ်းပါသေးတယ်နော်။

ဘယ်လိုအာဟာရဓါတ်တွေပါလဲ

အဆီလုံးဝမပါဝင်ဘဲ ပရိုတင်းကြွယ်ဝတဲ့ အသ်းတစ်ခုပါ။ ဒါတင်မကပါဘူး။ဖော့စဖရိတ်ဓါတ်လည်းကြွယ်ဝပါသေးတယ်။ ဒီဓါတ်တွေအပြင် ထန်းသီးမှာ

ရေဓါတ်

ကာဗိုဟိုက်ဒရိတ်

ကယ်လ်ဆီယမ်

သိုင်ရာမင်

ရိုင်ဗိုဖလာဗင်

နီကာဆင်

ဗီတာမင် B

ဇင့်

ပိုတက်ဆီယမ်

ဗီတာမင်ဓါတ်တွေပါဝင်နေပါတယ်။ အမျှင်ဓါတ်နဲ့သံဓါတ်တော့ မပါဝင်ပါဘူး။

ရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေ

ဆီးချိုသမားတွေအတွက် သင့်တော်တယ် – ထန်းသီးမှာ ဗီတာမင် B၊ ဗီတာမင် C၊ သံဓါတ်၊ ဇင့်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ဖော့စဖရိတ်၊ သီရာမင်း နဲ့ ရိုင်ဗိုဖလာဗင်တို့အပြင် ခန္ဓါကိုယ်အတွက်အထောက်အကူပြုတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်တာကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ စားစရာတစ်ခုပါ။

အရေပြားအတွက်ကောင်းတယ် -နွေရာသီမှာပေါက်တတ်တဲ့ မိတ်တွေ သက်သာစေဖို့လည်း ထန်းသီးကို အသုံးပြုလို့ရပါတယ်။ စားပေးလို့ရသလို မိတ်တွေပေါ်မှာ ထန်းသီးရဲ့ ဂျယ်လီသားကို ကပ်ပေးမယ်ဆိုရင်လည်း မိတ်တွေသက်သာစေမှာ အမှန်ပါ။ မိတ်ကြောင့်ဖြစ်တဲ့ အရေပြားယားယံမှုကို သက်သာစေမှာ အမှန်ပါ။ ရေကျောက်ပေါက်နေသူတွေအနေနဲ့လည်း ထန်းသီးစားပေးမယ်ဆိုရင်ရေကျောကေ်ကြာင့်ဖြစ်တဲ့ အရေပြားယားယံမှုကိုသက်သာစေမှာပါ။ ထန်းသီးရဲ့ အရေပြားအတွက်ပေးတဲ့အကျိုးကျေးဇူးနောက်တစ်ခုကတော့ အနာကျက်မြန်စေတာပါ။ ထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေ စားပေးသင့်ပါတယ်နော်။

အစာအိမ်ဝေဒနာကို သက်သာစေနိုင်တယ် – ရင်ပူတာကို သက်သာစေနိုင်ပါတယ်။ ဝမ်းမှန်စေနိုင်သလို အစာခြေစနစ်ပြဿနာတွေကိုကင်းဝေးစေနိုင်ပါတယ်။ အစာအိမ်အတွင်းနံရံတွေကို ကျန်းမာစေနိုင်ပါတယ်။ အစာအိမ်ဝေဒနာရှိတယ်ဆိုရင်တောင် ထန်းသီးနုနုလေးစားပေးပါနော်။

ရေဓါတြ်ဖည့်ပေးတယ် –နွေအပူဒဏေ်ကြာင့် ခန္ဓါကိုယ်ကရေဓါတ်ကုန်ဆုံးသွားတာတွေကိုပြည်လည်ဖြည့်တင်းပေးဖို့လည်း ထန်းသီးကို စားသုံးပေးလို့ရပါတယ်။ ဆီးသွားရင်နာကျင်တာ၊ခြေကုန်လက်ပမ်းကျတာတွေသက်သာစေဖို့အတွက်လည်း ထန်းသီးကိုစားပေးလို့ရပါသေးတယ်နော်။ ထန်းသီးမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓါတ်တွေနဲ့အာဟာရဓါတ်တွေပါဝင်နေပါတယ်။

အာဟာရပြည့်စေတယ် – ထန်းသီးက လူကြီးရော ကလေးပါစားပေးသင့်တဲ့ အသီးတစ်မျိုးပါ။ အာဟာရမပြည့်တာကို သက်သာစေနိုင်ပါတယ်။ အာဟာရချိုကတဲ့မှုမဖြစ်အောင်ကာကွယ်ဖို့အတွက်လည်း စားပေးလို့ရပါတယ်။

နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ် – ထန်းသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝသလို နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားမှာဖြစ်တဲ့ရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ မအီမသာဖြစ်တာ၊အော့အန်နေတာတွေကို သက်သာစေဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။ သန်ကျစေနိုင်သလို အသည်းကအဆိပ်အတောက်တွေကိုပါဖယ်ရှားပေးပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ထန္းသီးႏုႏုေလးစားေပးသင့္တဲ့အေၾကာင္းအရင္း

ထန္းသီးႏုႏုေလးစားရတာက ဂ်ယ္လီေလးစားရသလိုပါပဲ။ ဆိုးေဆးေတြ၊ျပဳပင္ထားတဲ့ အခ်ိဳဓါတ္ေတြကင္းစင္တဲ့ သဘာဝရဲ႕ ဂ်ယ္လီေလးေပါ့။ေႏြရာသီမွာ ထန္းသီးႏုႏုခ်ိဳခ်ိဳေလးကို ပင္ပြားေလးနဲ႔ေရာလို႔ ႏို႔စိမ္းေလး၊ေရခဲေလးနဲ႔ရာစပ္လိုက္ရင္ ထန္းသီးေဖာ္ရည္ခ်ိဳေအးေမႊးေလးက ရင္ေအးေစသလို စိတ္ေက်နပ္မငလည္းရေစတာအမွန္ပါ။ ထန္းသီး မႏုမရင့္ေလးေတြကိုလည္းေက်ာက္ေက်ာထိုးစားလို႔ရပါေသးတယ္ေနာ္။ ဒီလိုအမ်ိဳးမ်ိဳးအဖုံဖုံစားလို႔ရတဲ့ ထန္းသီးႏုႏုေလးက စားေကာင္း႐ုံတင္လား။ ႏိုးပါ။ က်န္းမာေရးအတြက္လည္းေကာင္းေစပါေသးတယ္ေနာ္။

ထန္းသီးအေၾကာင္း သိၿပီးၿပီလား

အညာေဒသေတြရဲ႕ အမွတ္အသားလို႔ေတာင္ေျပာလို႔ရတဲ့ ထန္းပင္ေလးက သားသမီးတစ္ေယာက္ထက္ေတာင္ပိုၿပီး အသုံးက်ေသးတယ္၊လို႔ေျပာတာကိုၾကားဖူးၾကလား။ ထန္းပင္ရဲ႕ အ႐ြက္က အမိုးမိုးလို႔ရတယ္။ ထန္းသီးအဆံကစားလို႔ရတယ္။ ထန္းသီးမွည့္သြားရင္လည္း အႏွစ္တိုက္ၿပီး ထန္းသီးမုန္႔လုပ္စားလို႔ရတယ္။ အျမစ္ကလည္း စားလို႔ရပါတယ္။ ထန္းပင္ကအိုသြားလို႔ ခုတ္လွဲရၿပီဆိုရင္လည္း ပင္စည္ကို ၾကမ္းခင္းအျဖစ္သုံးလို႔ရပါေသးတယ္။ ထန္းရည္နဲ႔ ထန္းလ်က္ကလည္း ထန္းပင္ကေနရတဲ့ အရာေတြပါပဲ။ ကဲ ဘယ္ေလာက္ေတာင္အသုံးဝင္လိုက္သလဲေနာ္။

ထန္းသီးဆိုတာက အမွန္ေတာ့ အသီးရဲ႕အဆံေလးပါ။ အညိဳေရာင္ထန္းသီးထဲမွာပါတဲ့ အဆံေလးေတြေပါ့။ ထန္းသီးတစ္လုံးမွာ ၃ ခုဒါမွမဟုတ္ ၄ ခုထိပါတတ္ပါတယ္။ အသီးရဲ႕ လုံးပတ္က ၄ လက္မကေန ၇ လက္မေလာက္႐ွိတတ္ပါတယ္။ ထန္းသီးဆံေလးရဲ႕ အခြံက အဝါေရာင္လိုလိုေလးသန္းေနတတ္ၿပီး အတြင္းကအဆံက အျဖဴေရာင္ေလးပါ။ ႏုရင္ေတာ့ ခပ္ၾကည္ၾကည္ေလးပါ။ အရမ္းႏုရည္ အရည္လည္း႐ႊမ္းပါေသးတယ္ေနာ္။

ဘယ္လိုအာဟာရဓါတ္ေတြပါလဲ

အဆီလုံးဝမပါဝင္ဘဲ ပ႐ိုတင္းႂကြယ္ဝတဲ့ အသ္းတစ္ခုပါ။ ဒါတင္မကပါဘူး။ေဖာ့စဖရိတ္ဓါတ္လည္းႂကြယ္ဝပါေသးတယ္။ ဒီဓါတ္ေတြအျပင္ ထန္းသီးမွာ

ေရဓါတ္

ကာဗိုဟိုက္ဒရိတ္

ကယ္လ္ဆီယမ္

သိုင္ရာမင္

႐ိုင္ဗိုဖလာဗင္

နီကာဆင္

ဗီတာမင္ B

ဇင့္

ပိုတက္ဆီယမ္

ဗီတာမင္ဓါတ္ေတြပါဝင္ေနပါတယ္။ အမွ်င္ဓါတ္နဲ႔သံဓါတ္ေတာ့ မပါဝင္ပါဘူး။

ရ႐ွိႏိုင္မယ့္က်န္းမာေရးအက်ိဳးေက်းဇူးေတြ

ဆီးခ်ိဳသမားေတြအတြက္ သင့္ေတာ္တယ္ – ထန္းသီးမွာ ဗီတာမင္ B၊ ဗီတာမင္ C၊ သံဓါတ္၊ ဇင့္၊ ပိုတက္ဆီယမ္၊ ကယ္လ္ဆီယမ္၊ေဖာ့စဖရိတ္၊ သီရာမင္း နဲ႔ ႐ိုင္ဗိုဖလာဗင္တို႔အျပင္ ခႏၶါကိုယ္အတြက္အေထာက္အကူျပဳတဲ့ ဗီတာမင္ နဲ႔ သတၱဳဓါတ္ေတြပါဝင္တာေၾကာင့္ ဆီးခ်ိဳသမားေတြအတြက္ သင့္ေတာ္တဲ့ စားစရာတစ္ခုပါ။

အေရျပားအတြက္ေကာင္းတယ္ -ေႏြရာသီမွာေပါက္တတ္တဲ့ မိတ္ေတြ သက္သာေစဖို႔လည္း ထန္းသီးကို အသုံးျပဳလို႔ရပါတယ္။ စားေပးလို႔ရသလို မိတ္ေတြေပၚမွာ ထန္းသီးရဲ႕ ဂ်ယ္လီသားကို ကပ္ေပးမယ္ဆိုရင္လည္း မိတ္ေတြသက္သာေစမွာ အမွန္ပါ။ မိတ္ေၾကာင့္ျဖစ္တဲ့ အေရျပားယားယံမႈကို သက္သာေစမွာ အမွန္ပါ။ ေရေက်ာက္ေပါက္ေနသူေတြအေနနဲ႔လည္း ထန္းသီးစားေပးမယ္ဆိုရင္ေရေက်ာေက္ၾကာင့္ျဖစ္တဲ့ အေရျပားယားယံမႈကိုသက္သာေစမွာပါ။ ထန္းသီးရဲ႕ အေရျပားအတြက္ေပးတဲ့အက်ိဳးေက်းဇူးေနာက္တစ္ခုကေတာ့ အနာက်က္ျမန္ေစတာပါ။ ထိခိုက္လြယ္တဲ့အေရျပားပိုင္႐ွင္ေတြ စားေပးသင့္ပါတယ္ေနာ္။

အစာအိမ္ေဝဒနာကို သက္သာေစႏိုင္တယ္ – ရင္ပူတာကို သက္သာေစႏိုင္ပါတယ္။ ဝမ္းမွန္ေစႏိုင္သလို အစာေျခစနစ္ျပႆနာေတြကိုကင္းေဝးေစႏိုင္ပါတယ္။ အစာအိမ္အတြင္းနံရံေတြကို က်န္းမာေစႏိုင္ပါတယ္။ အစာအိမ္ေဝဒနာ႐ွိတယ္ဆိုရင္ေတာင္ ထန္းသီးႏုႏုေလးစားေပးပါေနာ္။

ေရဓါႀတ္ဖည့္ေပးတယ္ –ေႏြအပူဒေဏ္ၾကာင့္ ခႏၶါကိုယ္ကေရဓါတ္ကုန္ဆုံးသြားတာေတြကိုျပည္လည္ျဖည့္တင္းေပးဖို႔လည္း ထန္းသီးကို စားသုံးေပးလို႔ရပါတယ္။ ဆီးသြားရင္နာက်င္တာ၊ေျခကုန္လက္ပမ္းက်တာေတြသက္သာေစဖို႔အတြက္လည္း ထန္းသီးကိုစားေပးလို႔ရပါေသးတယ္ေနာ္။ ထန္းသီးမွာ ခႏၶါကိုယ္အတြက္လိုအပ္တဲ့ သတၱဳဓါတ္ေတြနဲ႔အာဟာရဓါတ္ေတြပါဝင္ေနပါတယ္။

အာဟာရျပည့္ေစတယ္ – ထန္းသီးက လူႀကီးေရာ ကေလးပါစားေပးသင့္တဲ့ အသီးတစ္မ်ိဳးပါ။ အာဟာရမျပည့္တာကို သက္သာေစႏိုင္ပါတယ္။ အာဟာရခ်ိဳကတဲ့မႈမျဖစ္ေအာင္ကာကြယ္ဖို႔အတြက္လည္း စားေပးလို႔ရပါတယ္။

နာက်င္ေရာင္ရမ္းမႈေတြကို သက္သာေစႏိုင္တယ္ – ထန္းသီးမွာ ဓါတ္တိုးဆန္႔က်င္ အာနိသင္ေတြႂကြယ္ဝသလို နာက်င္ေရာင္ရမ္းမႈကိုလည္း သက္သာေစႏိုင္ပါတယ္။ အေရျပားမွာျဖစ္တဲ့ေရာင္ရမ္းမႈေတြကိုေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ မအီမသာျဖစ္တာ၊ေအာ့အန္ေနတာေတြကို သက္သာေစဖို႔အတြက္လည္း စားသုံးေပးလို႔ရပါတယ္။ သန္က်ေစႏိုင္သလို အသည္းကအဆိပ္အေတာက္ေတြကိုပါဖယ္႐ွားေပးပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service