ဆောင်းရာသီအတွက် သစ်သီးတွေကဘာတွေဖြစ်မလဲ………….. - Property Knowledge in Myanmar from iMyanmarHouse.com
2240 Views
ဆောင်းရာသီအတွက် သစ်သီးတွေကဘာတွေဖြစ်မလဲ…………..
Knowledge | Posted by Zarni Kyaw
[Unicode]
ဆောင်းရာသီလေးအေးတယ်။ ဆောင်းအေးအေးလေးမှာ ကျန်းကျန်းမာမာနဲ့ အသားအရေလှလှလေးဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူးလေးမှားရှိလား။ ဒါဆိုရင်တော့ ဒီစိတ်ကူးလေး အထမြောက်စေဖို့ ဒီသစ်သီးလေးတွေကိုစားပေးနော်။
ဆောင်းရာသီမှာ စားပေးသင့်တဲ့အသီးအနှံတွေက ဘာတွေများလဲ…………..
ဆောင်းရာသီမှာ အသားအရေခြောက်သွေ့မှုကင်းပြီး အအေးမိဖျားနာတာတွေကနေ ကင်းစေဖို့ဆိုရင်တော့
ငှက်ပျောသီး
ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကိုထိန်းညှိပေးသလို အမျှင်ဓာတ်ကြွယ်ဝမှုက ဝမ်းမချုပ်အောင်ကာကွယ်ပေးပါတယ်။ ဆောင်းအအေးဒဏ်ကြောင့်ရေသောက်နည်းနေလည်း အမျှင်ဓာတ်​ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရတွေအကောင်းဆုံး စုပ်ယူစေနိုင်သလို ဝမ်းလည်းမှန်စေမှာပါ။
လိမ္မော်သီး
ဗီတာမင် C ကြွယ်ဝသလို ရေဓာတ်ပြည့်ဝမှုက အသားအရေအတွက်ရော ကိုယ်ခံအားအတွက်ပါ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ ဒါကြောင့် ဆောင်းအေးအေးလေးမှာ လိမ္မော်သီးလေးစားပေးလို့ ကျန်းမာရေးစောင့်ရှောက်လိုက်ပါ။
Grapefruit
ဗီတာမင် C ကြွယ်ဝမှုက ကိုယ်ခံအားကောင်းစေပြီး ဖျားခဲ့ရင်တောင် အဖျားတာတိုစေမှာပါ။ အမျှင်ဒာတ်လည်းကြွယ်ယစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ရော အသားအရေကျန်းမာစေဖို့ပါစားပေးလို့ရပါတယ်။ အသီးမစားချင်ရင်တောင် ဖျော်ရည်သောက်ပေးလို့ရပါတယ်။
သလဲသီး
ရေဓာတ်ကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင်အာနိသင် နဲ့ အမျှင်ဓာတ်တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်ခံအားအတွက် အထောက်အပံ့ပေးသလို အဆစ်ရောင်နာ၊ နှလုံးရောဂါ နဲ့ ကင်ဆာရောဂါတို့ကနေလည်း ကာကွယ်ပေးပါသေးတယ်။
ပန်းသီး
ဗီတာမင် C၊ အမျှင်ဓာတ်တို့ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဆောင်းရာသီမှာ ပန်းသီးချိုချိုလေးစားပေးတာက အသားအရေကိုရော ကိုယ်ခံအားကိုရော အကောင်းဆုံးအားဖြည့်ရာရောက်ပါတယ်။
တည်သီး
ကယ်လ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက ဆောင်းတွင်းမှာဖြစ်တတ်တဲ့ အသက်ရှုလမ်းကြောင်းပိုးဝင်တာကို အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ အမြင်အာရုံကောင်းစေသလို ဝိတ်ကျစေဖို့လည်းထောက်ကူပေးနိုင်ပါသေးတယ်။
ကီဝီသီး
အစိမ်းရောင်အသားလွှာနူးနူးညံ့ညံ့လေးရှိတဲ့ ကီဝီသီးက လိမ္မော်သီးထက် ဗီတာမင် C ပါဝင်မှုပိုများပြီး ငှက်ပျောသီးထက် ပိုတက်ဆီယမ်ပါဝင်မှုပိုများပါတယ်။ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် ကီဝီသီးလေးကို ဆောင်းအေးအေးမှာ စားပေးလို့ရပါတယ်။
ပန်းသစ်တော်သီး
ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ စားရတာ အရသာရှိသလို ဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သလို ဝိတ်ကျစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဆောင်းတွင်းမှာ ကျန်းမာရေးရော အသားအရေပါ ကျန်းမာချင်တယ်ဆိုရင် ပန်းသစ်တော်သီးစားပေးလို့ရပါတယ်။
အခုပြောခဲ့တဲ့အသီးလေးတွေကိုစားရင်း ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာရရှိအောင်လုပ်ဆောင်လို့ ဆောင်းအေးအေးလေးကို ကျန်းမာပျော်ရွှင်စွာ ကျော်ဖြတ်လိုက်ပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: hellosayarwon
[Zawgyi]
ငှက်ပျောသီး
လိမ္မော်သီး
Grapefruit
သလဲသီး
ပန်းသီး
တည်သီး
ကီဝီသီး
ပန်းသစ်တော်သီး
Credit: hellosayarwon
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
Upcoming Property Events
From 26 Apr To 27 Apr
Mingalar Market
From 03 May To 04 May
Aung Theikdhi Villa
Mingalar Market
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service