တည်ဆောက်မယ့်အဌားအိမ်ရာ ဌားရမ်းခ တွက်ချက်ပြင်ဆင်နေဆဲဟုဆို - Property News in Myanmar from iMyanmarHouse.com
836 Views

တည်ဆောက်မယ့်အဌားအိမ်ရာ ဌားရမ်းခ တွက်ချက်ပြင်ဆင်နေဆဲဟုဆို

[Unicode]

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ စတင်ဆောက်လုပ်မယ့် အဌားအိမ်ရာစီမံကိန်းကနေ အခန်းပေါင်း၁၀၀၀ကျော်လောက် ၃နှစ်အတွင်းပေါ်ထွက်လာဖို့ရည်ရွယ်ထားတယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာနထံကသိရပါ တယ်။

နေအိမ်မရှိတဲ့ပြည်သူတွေကို ငှားရမ်းဖို့အတွက်ရည်ရွယ်ပြီး ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို မြို့ကြီး သုံးမြို့မှာ တည်ဆောက်ဖို့ကနဦးလေ့လာပြင်ဆင်မှုတွေရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ပါတယ်။

ဒါ့ကြောင့်တည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၂၁နှစ်ဆန်းပိုင်းမှာစတင်တော့မှာလည်းဖြစ်ပါတယ်။

အဲဒီအိမ်ရာစီမံကိန်းကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့တို့မှာတည်ဆောက်သွားမှာဖြစ်ပြီး အခန်းပေါင်း တစ်သောင်း ပါရှိမှာပါ။ ရန်ကုန်အတွက် အခန်းပေါင်း၆၃၀၀ ၊မန္တလေးအတွက်အခန်းပေါင်း၃၀၀၀နဲ့နေပြည်တော်အတွက်အခန်း ၇၀၀ကျော်ပါဝင်တည်ဆောက်ဖို့ကနဦးစီမံကိန်းရေးဆွဲထားပြီးဖြစ်ပါတယ်။

စတုရန်းပေ ၆၅၀ လောက်ရှိတဲ့ တိုက်ခန်း တစ်ခန်းမှာအိပ်ခန်း၂ခန်းပါဝင်တည်ဆောက်မှာဖြစ်ပါတယ်လို့ ဌားရမ်းသွားမယ့်နှုန်းထားကိုတော့ကာလပေါက်ဈေးထက်သက်သာစေဖို့ရည်ရွယ်ထားပြီးတွက်ချက်နေဆဲလို့သိရပါတယ်။

အဲဒီစီမံကိန်းကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာလမှာ အပြီးတည်ဆောက်မယ်ဖို့ ရည်မှန်းထားပြီး ရန်ကုန် မှာတည်ဆောက်သွားဖို့ အသင့်ဖြစ်နေပြိလို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်ဦးမျိုးမြင့်ကပြောပါတယ်။

“ကျွန်တော်တို့ပထမ First Build မှာတော့ စုစုပေါင်း ၁၉၄ လုံးဖြစ်ပါတယ်။ Second Build နဲ့ပေါင်း ရင်စုစုပေါင်းရန်ကုန်မှာ ၃၉၃ လုံးဖြစ်ပါတယ်။ ၄ ခန်းတွဲ ၅ ထပ် ဒါပေမယ့်လည်း ၄ ခန်းတွဲ ၅ ထပ် ဆိုပေမယ့် အခန်းကကျတော့ ၁၆ ခန်းပဲဖြစ်ပါမယ်။ အောက်မှာ ခြေတံရှည်ဖြစ်ပါတယ်ခင်ဗျ။ အဲ တော့ တိုက် ၁ တိုက်ကို ၁၆ ခန်းရှိမှာပါ။ အားလုံးတိုက်ပေါင်း ၃၉၃ လုံးပါ။ ၃၉၃ လုံးတော့ဒီမှာ မရ ပါဘူး။ ဒီမှာ ၂၇၆ လုံးပဲရမှာပါ။ ကျန်တဲ့ ၁၀၀ ကျော်လိုတာကတော့ ဒီ့ပြင်နေရာမှာ တိုင်းအစိုးရ အစီအစဉ်နဲ့ ကျွန်တော်တို့ဆက်လက်ပြီးတော့ဖော်ဆောင်သွားမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

အဲဒီအိမ်ရာတွေတည်ဆောက်ပြီးစီးပါက နေစရာမရှိတဲ့ပြည်သူတွေကို ငှားရမ်းနေထိုင်ခွင့်ပြုဖို့ရည်ရွယ် ထားတာဖြစ်ပြီး ငှားရမ်းတာနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနတို့ကပူးပေါင်းသွားမယ်လို့သိရပါတယ်

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တည္ေဆာက္မယ့္အဌားအိမ္ရာ ဌားရမ္းခ တြက္ခ်က္ျပင္ဆင္ေနဆဲဟုဆို

ရန္ကုန္၊ မႏၲေလးနဲ႔ ေနျပည္ေတာ္မွာ စတင္ေဆာက္လုပ္မယ့္ အဌားအိမ္ရာစီမံကိန္းကေန အခန္းေပါင္း၁၀၀၀ေက်ာ္ေလာက္ ၃ႏွစ္အတြင္းေပၚထြက္လာဖို႔ရည္႐ြယ္ထားတယ္လို႔ေဆာက္လုပ္ေရးဝန္ႀကီးဌာနထံကသိရပါ တယ္။

ေနအိမ္မ႐ွိတဲ့ျပည္သူေတြကို ငွားရမ္းဖို႔အတြက္ရည္႐ြယ္ၿပီး ျပည္သူ႕အငွားအိမ္ရာစီမံကိန္းကို ၿမိဳ႕ႀကီး သုံးၿမိဳ႕မွာ တည္ေဆာက္ဖို႔ကနဦးေလ့လာျပင္ဆင္မႈေတြရာႏႈန္းျပည့္ၿပီးစီးေနၿပီျဖစ္ပါတယ္။

ဒါ့ေၾကာင့္တည္ေဆာက္ေရးလုပ္ငန္းေတြကို ၂၀၂၁ႏွစ္ဆန္းပိုင္းမွာစတင္ေတာ့မွာလည္းျဖစ္ပါတယ္။

အဲဒီအိမ္ရာစီမံကိန္းကို ရန္ကုန္၊ မႏၲေလးနဲ႔ ေနျပည္ေတာ္ၿမိဳ႕တို႔မွာတည္ေဆာက္သြားမွာျဖစ္ၿပီး အခန္းေပါင္း တစ္ေသာင္း ပါ႐ွိမွာပါ။ ရန္ကုန္အတြက္ အခန္းေပါင္း၆၃၀၀ ၊မႏၲေလးအတြက္အခန္းေပါင္း၃၀၀၀နဲ႔ေနျပည္ေတာ္အတြက္အခန္း ၇၀၀ေက်ာ္ပါဝင္တည္ေဆာက္ဖို႔ကနဦးစီမံကိန္းေရးဆြဲထားၿပီးျဖစ္ပါတယ္။

စတုရန္းေပ ၆၅၀ ေလာက္႐ွိတဲ့ တိုက္ခန္း တစ္ခန္းမွာအိပ္ခန္း၂ခန္းပါဝင္တည္ေဆာက္မွာျဖစ္ပါတယ္လို႔ ဌားရမ္းသြားမယ့္ႏႈန္းထားကိုေတာ့ကာလေပါက္ေဈးထက္သက္သာေစဖို႔ရည္႐ြယ္ထားၿပီးတြက္ခ်က္ေနဆဲလို႔သိရပါတယ္။

အဲဒီစီမံကိန္းကို ၂၀၂၁ခုႏွစ္၊ စက္တင္ဘာလမွာ အၿပီးတည္ေဆာက္မယ္ဖို႔ ရည္မွန္းထားၿပီး ရန္ကုန္ မွာတည္ေဆာက္သြားဖို႔ အသင့္ျဖစ္ေနၿပိလို႔ ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ဦးမ်ိဳးျမင့္ကေျပာပါတယ္။

“ကြၽန္ေတာ္တို႔ပထမ First Build မွာေတာ့ စုစုေပါင္း ၁၉၄ လုံးျဖစ္ပါတယ္။ Second Build နဲ႔ေပါင္း ရင္စုစုေပါင္းရန္ကုန္မွာ ၃၉၃ လုံးျဖစ္ပါတယ္။ ၄ ခန္းတြဲ ၅ ထပ္ ဒါေပမယ့္လည္း ၄ ခန္းတြဲ ၅ ထပ္ ဆိုေပမယ့္ အခန္းကက်ေတာ့ ၁၆ ခန္းပဲျဖစ္ပါမယ္။ ေအာက္မွာ ေျခတံ႐ွည္ျဖစ္ပါတယ္ခင္ဗ်။ အဲ ေတာ့ တိုက္ ၁ တိုက္ကို ၁၆ ခန္း႐ွိမွာပါ။ အားလုံးတိုက္ေပါင္း ၃၉၃ လုံးပါ။ ၃၉၃ လုံးေတာ့ဒီမွာ မရ ပါဘူး။ ဒီမွာ ၂၇၆ လုံးပဲရမွာပါ။ က်န္တဲ့ ၁၀၀ ေက်ာ္လိုတာကေတာ့ ဒီ့ျပင္ေနရာမွာ တိုင္းအစိုးရ အစီအစဥ္နဲ႔ ကြၽန္ေတာ္တို႔ဆက္လက္ၿပီးေတာ့ေဖာ္ေဆာင္သြားမွာျဖစ္ပါတယ္”လို႔ ေျပာပါတယ္။

အဲဒီအိမ္ရာေတြတည္ေဆာက္ၿပီးစီးပါက ေနစရာမ႐ွိတဲ့ျပည္သူေတြကို ငွားရမ္းေနထိုင္ခြင့္ျပဳဖို႔ရည္႐ြယ္ ထားတာျဖစ္ၿပီး ငွားရမ္းတာနဲ႔ပတ္သက္လို႔ ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႕နဲ႔ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံံ႕ၿဖိဳးမႈဦးစီးဌာနတို႔ကပူးေပါင္းသြားမယ္လို႔သိရပါတယ္

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service