ဖန်ကွဲစရှတဲ့အခါ ဘယ်လိုပြုစုရမလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
1975 Views

ဖန်ကွဲစရှတဲ့အခါ ဘယ်လိုပြုစုရမလဲ။

Knowledge | Posted by Shwe Zin Win

[Unicode]

အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ ဖန်ခွက်တွေ၊ မှန်တွေ၊ ပုလင်းတွေ တိုက်မိမယ်၊ ကွဲသွားတဲ့အပိုင်းအစတွေကို ပြန်ရှင်းရင်းနဲ့ ခြေတွေ လက်တွေ ထိခိုက်မိဖူးမယ်ထင်ပါတယ်။ မှန်ကွဲစတွေကြောင့် ထိမိ၊ ခိုက်မိတဲ့ ဒဏ်ရာတွေဟာ တခြားပွန်းပဲ့ဒဏ်ရာတွေထက် ပိုပြင်းထန်နိုင်တဲ့အတွက် အနာကို ပိုပြီးတောင် ဂရုစိုက်ရပါတယ်။ ကိုယ်တိုင်ဖြစ်စေ၊ တခြားသူကိုဖြစ်စေ ဒီလို ထိခိုက်ဒဏ်ရာတွေ ကြုံလာရတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်ပေးသင့်လဲ ဆိုတာကို ပြောပြပေးမယ်နော်။

၁။ သွေးအရင်တိတ်အောင် လုပ်ပါ။

ပုလင်းကွဲရှမိတဲ့အခါမှာ တခြားဒဏ်ရာတွေထက် ပိုပြီး သွေးထွက်နိုင်၊ ဒဏ်ရာနက်နိုင်တဲ့အတွက် အရင်ဆုံး လုပ်ရမှာက သွေးတိတ်အောင် လုပ်ဖို့ပါ။ သန့်ရှင်းတဲ့ အဝတ်၊ တစ်သျှူး၊ ဂွမ်းနဲ့ ဒဏ်ရာပေါ်မှာ ၁၀မိနစ်ခန့် ဖိထားပေးပါ။ အဝတ်က သွေးတွေစုပ်ပြီး စိုရွှဲနေပြီဆိုရင် မဖယ်လိုက်ပါနဲ့။ သူ့အပေါ်ကနေ နောက်ထပ် အဝတ်တစ်ထပ် ခံပြီး ဖိထားပေးပါ။

ဒဏ်ရာက လက်မောင်း ဒါမှမဟုတ် ခြေထောက်မှာ ဖြစ်တာဆိုရင် သွေးထွက်နှေးစေဖို့အတွက် နှလုံးအပေါ်ဘက်ရောက်အောင် မြှောက်ထားပေးတာ ပိုကောင်းပါတယ်။ ဥပမာ – လက်မောင်းမှာ ဖြစ်တာဆိုရင် နှလုံးရှိမယ့်နေရာနဲ့ အပေါ်ဘက်ရောက်အောင် မြှောက်ပါ။ ခြေထောက်မှာ ထိခိုက်မိရင်တော့ ကြမ်းပြင်မှာ လှဲချပြီး ခြေထောက်ကို မြှောက်ပေးထားတာ ပိုအဆင်ပြေပါတယ်။ ဒဏ်ရာကို မသန့်ရှင်းခင်မှာ လက်ကို သေချာဆေးဖို့ အရေးကြီးပါတယ်။

၂။ အနာကို သန့်ရှင်းပေးပါ။

ဒဏ်ရာဖြစ်နေတဲ့နေရာကို ဆပ်ပြာနဲ့ ရေနွေးလေးနဲ့ ညင်ညင်သာသာလေး ဆေးကြောပေးပါ။ ယားယံတာတွေ မဖြစ်အောင် ဆပ်ပြာကို သေချာပြောင်စင်အောင် ဆေးဖို့ လိုအပ်ပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ ကလိုရင်းပါတဲ့ အပြင်းစားဆေးရည်တွေဟာ ဒဏ်ရာကို ပိုဆိုးသွားစေနိုင်တာကြောင့် အသုံးမပြုရပါဘူး။

၃။ အနာကို ပိုးမဝင်အောင် ကာကွယ်ပါ။

အနာမရင်းအောင် Antibiotic cream တစ်မျိုးမျိုး ဒဏ်ရာကို အရင်လိမ်းပေးပါ။ ပြီးသွားမှ ပိုးသတ်ထားတဲ့ ပတ်တီး၊ ပလာစတာ ကပ်ပေးပါ။ အနာသေးရင် ပလာစတာနဲ့ ကပ်ပါ။ အနာကြီးရင်တော့ ပတ်တီးစည်းထားတာ ပိုအဆင်ပြေပါတယ်။ ဒဏ်ရာကို သန့်ရှင်းပြီး ခြောက်သွေ့နေစေဖို့ ပလာစတာကို နေ့စဉ်လဲပေးဖို့ အရေးကြီးပါတယ်။

၄။ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပါ။

ပုလင်းကွဲ၊ မှန်ကွဲရှမိတဲ့ဒဏ်ရာတွေဟာ သာမန်ပွန်းပဲ့ဒဏ်ရာတွေထက် ပိုကြီးတာကြောင့် ပျောက်တာလည်း ပိုကြာသလို ပိုးဝင်နိုင်တဲ့အခြေအနေတွေလည်း ပိုများပါတယ်။

ဒဏ်ရာ နက်နေတာ၊ ဘေးအစွန်းတွေက ဟပြဲနေတာ

ကိုယ်ခန္ဓာမဟုတ်ပဲ မျက်နှာပေါ်မှာ ထိခိုက်မိတာ

ရေဆေးတဲ့အချိန်မှာ အညစ်အကြေး၊ ဖုန် ဒါမှမဟုတ် ဖန်ကွဲစတွေ ထွက်မလာတာ၊ စိုက်နေတာ

နီရဲတာ၊ ဒဏ်ရာတစ်ဝိုက်က ပျော့တိပျော့တွဲဖြစ်တာ၊ အဖျားတက်တာ စတဲ့ ပိုးဝင်တဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင်

ဒဏ်ရာတစ်ဝိုက် ထုံကျဉ်နေတာ

မေးခိုင်ကာကွယ်ဆေး မထိုးထားဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူဖို့ လိုအပ်လာပါပြီ။

၅။ ဆိုးရွားတဲ့အခြေအနေတွေမှာဆိုရင် ဘာလုပ်သင့်လဲ။

သွေးထွက်လွန်နေတဲ့ အခြေအနေမှာ၊ ကိုယ်တွင်းသွေးယိုစိမ့်တယ်လို့ သံသယရှိရင်၊ ဝမ်းဗိုက် ဒါမှမဟုတ် ရင်ဘတ်မှာ ထိခိုက်မိတာဆိုရင်၊ ၁၀မိနစ်လောက် ဒဏ်ရာကို ဖိထားတဲ့တိုင်အောင် သွေးမတိတ်သွားရင်၊ ဒဏ်ရာထဲက သွေးတွေ ပန်းထွက်လာရင် နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံးသွားပြီး အရေးပေါ်ကုသမှု ခံယူရပါမယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ဖန္ကြဲစ႐ွတဲ့အခါ ဘယ္လိုျပဳစုရမလဲ။

အိမ္သန္႔႐ွင္းေရးလုပ္ရင္းနဲ႔ ဖန္ခြက္ေတြ၊ မွန္ေတြ၊ ပုလင္းေတြ တိုက္မိမယ္၊ ကြဲသြားတဲ့အပိုင္းအစေတြကို ျပန္႐ွင္းရင္းနဲ႔ ေျခေတြ လက္ေတြ ထိခိုက္မိဖူးမယ္ထင္ပါတယ္။ မွန္ကြဲစေတြေၾကာင့္ ထိမိ၊ ခိုက္မိတဲ့ ဒဏ္ရာေတြဟာ တျခားပြန္းပဲ့ဒဏ္ရာေတြထက္ ပိုျပင္းထန္ႏိုင္တဲ့အတြက္ အနာကို ပိုၿပီးေတာင္ ဂ႐ုစိုက္ရပါတယ္။ ကိုယ္တိုင္ျဖစ္ေစ၊ တျခားသူကိုျဖစ္ေစ ဒီလို ထိခိုက္ဒဏ္ရာေတြ ၾကဳံလာရတဲ့အခါ ဘယ္လိုျပဳစုေစာင့္ေ႐ွာက္ေပးသင့္လဲ ဆိုတာကို ေျပာျပေပးမယ္ေနာ္။

၁။ ေသြးအရင္တိတ္ေအာင္ လုပ္ပါ။

ပုလင္းကြဲ႐ွမိတဲ့အခါမွာ တျခားဒဏ္ရာေတြထက္ ပိုၿပီး ေသြးထြက္ႏိုင္၊ ဒဏ္ရာနက္ႏိုင္တဲ့အတြက္ အရင္ဆုံး လုပ္ရမွာက ေသြးတိတ္ေအာင္ လုပ္ဖို႔ပါ။ သန္႔႐ွင္းတဲ့ အဝတ္၊ တစ္သွ်ဴး၊ ဂြမ္းနဲ႔ ဒဏ္ရာေပၚမွာ ၁၀မိနစ္ခန္႔ ဖိထားေပးပါ။ အဝတ္က ေသြးေတြစုပ္ၿပီး စို႐ႊဲေနၿပီဆိုရင္ မဖယ္လိုက္ပါနဲ႔။ သူ႕အေပၚကေန ေနာက္ထပ္ အဝတ္တစ္ထပ္ ခံၿပီး ဖိထားေပးပါ။

ဒဏ္ရာက လက္ေမာင္း ဒါမွမဟုတ္ ေျခေထာက္မွာ ျဖစ္တာဆိုရင္ ေသြးထြက္ေႏွးေစဖို႔အတြက္ ႏွလုံးအေပၚဘက္ေရာက္ေအာင္ ေျမႇာက္ထားေပးတာ ပိုေကာင္းပါတယ္။ ဥပမာ – လက္ေမာင္းမွာ ျဖစ္တာဆိုရင္ ႏွလုံး႐ွိမယ့္ေနရာနဲ႔ အေပၚဘက္ေရာက္ေအာင္ ေျမႇာက္ပါ။ ေျခေထာက္မွာ ထိခိုက္မိရင္ေတာ့ ၾကမ္းျပင္မွာ လွဲခ်ၿပီး ေျခေထာက္ကို ေျမႇာက္ေပးထားတာ ပိုအဆင္ေျပပါတယ္။ ဒဏ္ရာကို မသန္႔႐ွင္းခင္မွာ လက္ကို ေသခ်ာေဆးဖို႔ အေရးႀကီးပါတယ္။

၂။ အနာကို သန္႔႐ွင္းေပးပါ။

ဒဏ္ရာျဖစ္ေနတဲ့ေနရာကို ဆပ္ျပာနဲ႔ ေရေႏြးေလးနဲ႔ ညင္ညင္သာသာေလး ေဆးေၾကာေပးပါ။ ယားယံတာေတြ မျဖစ္ေအာင္ ဆပ္ျပာကို ေသခ်ာေျပာင္စင္ေအာင္ ေဆးဖို႔ လိုအပ္ပါတယ္။ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုဒ္၊ ကလိုရင္းပါတဲ့ အျပင္းစားေဆးရည္ေတြဟာ ဒဏ္ရာကို ပိုဆိုးသြားေစႏိုင္တာေၾကာင့္ အသုံးမျပဳရပါဘူး။

၃။ အနာကို ပိုးမဝင္ေအာင္ ကာကြယ္ပါ။

အနာမရင္းေအာင္ Antibiotic cream တစ္မ်ိဳးမ်ိဳး ဒဏ္ရာကို အရင္လိမ္းေပးပါ။ ၿပီးသြားမွ ပိုးသတ္ထားတဲ့ ပတ္တီး၊ ပလာစတာ ကပ္ေပးပါ။ အနာေသးရင္ ပလာစတာနဲ႔ ကပ္ပါ။ အနာႀကီးရင္ေတာ့ ပတ္တီးစည္းထားတာ ပိုအဆင္ေျပပါတယ္။ ဒဏ္ရာကို သန္႔႐ွင္းၿပီး ေျခာက္ေသြ႕ေနေစဖို႔ ပလာစတာကို ေန႔စဥ္လဲေပးဖို႔ အေရးႀကီးပါတယ္။

၄။ မသက္သာဘူးဆိုရင္ ဆရာဝန္နဲ႔ ေသခ်ာျပသပါ။

ပုလင္းကြဲ၊ မွန္ကြဲ႐ွမိတဲ့ဒဏ္ရာေတြဟာ သာမန္ပြန္းပဲ့ဒဏ္ရာေတြထက္ ပိုႀကီးတာေၾကာင့္ ေပ်ာက္တာလည္း ပိုၾကာသလို ပိုးဝင္ႏိုင္တဲ့အေျခအေနေတြလည္း ပိုမ်ားပါတယ္။

ဒဏ္ရာ နက္ေနတာ၊ ေဘးအစြန္းေတြက ဟၿပဲေနတာ

ကိုယ္ခႏၶာမဟုတ္ပဲ မ်က္ႏွာေပၚမွာ ထိခိုက္မိတာ

ေရေဆးတဲ့အခ်ိန္မွာ အညစ္အေၾကး၊ ဖုန္ ဒါမွမဟုတ္ ဖန္ကြဲစေတြ ထြက္မလာတာ၊ စိုက္ေ

နတာနီရဲတာ၊ ဒဏ္ရာတစ္ဝိုက္က ေပ်ာ့တိေပ်ာ့တြဲျဖစ္တာ၊ အဖ်ားတက္တာ စတဲ့ ပိုးဝင္တဲ့ လကၡဏာေတြ ေတြ႕ရၿပီဆိုရင္

ဒဏ္ရာတစ္ဝိုက္ ထုံက်ဥ္ေနတာ

ေမးခိုင္ကာကြယ္ေဆး မထိုးထားဘူးဆိုရင္ ဆရာဝန္နဲ႔ ေသခ်ာျပသၿပီး ကုသမႈခံယူဖို႔ လိုအပ္လာပါၿပီ။

၅။ ဆိုး႐ြားတဲ့အေျခအေနေတြမွာဆိုရင္ ဘာလုပ္သင့္လဲ။

ေသြးထြက္လြန္ေနတဲ့ အေျခအေနမွာ၊ ကိုယ္တြင္းေသြးယိုစိမ့္တယ္လို႔ သံသယ႐ွိရင္၊ ဝမ္းဗိုက္ ဒါမွမဟုတ္ ရင္ဘတ္မွာ ထိခိုက္မိတာဆိုရင္၊ ၁၀မိနစ္ေလာက္ ဒဏ္ရာကို ဖိထားတဲ့တိုင္ေအာင္ ေသြးမတိတ္သြားရင္၊ ဒဏ္ရာထဲက ေသြးေတြ ပန္းထြက္လာရင္ နီးစပ္ရာ ေဆး႐ုံသို႔ အျမန္ဆုံးသြားၿပီး အေရးေပၚကုသမႈ ခံယူရပါမယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service