Corona မကူးစက်စေဖို့ နေအိမ်လေးကို သန့်ရှင်းစို့ - Property Knowledge in Myanmar from iMyanmarHouse.com
829 Views
Corona မကူးစက်စေဖို့ နေအိမ်လေးကို သန့်ရှင်းစို့
Knowledge | Posted by Hnin Ei Khin
[Unicode]
လက်ရှိမှာ လူတိုင်းစိုးရိမ်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေဖို့ ကာကွယ်ရေးကို စတင်ရမယ့်သူက ကိုယ်တိုင်ပါ။ ကိုယ်တိုင်မှာရော မိသားစုဝင်တွေကိုပါ ရောဂါမကူးစက်စေဖို့ဆိုရင် နေအိမ်လေးကို သေချာ သန့်ရှင်းဖို့လိုပါမယ်။
အခုကာလ အလုပ်တော်တော်များများက အိမ်ကနေလုပ်နေကြတဲ့အခြေအနေ (Work from Home)ဆိုတော့ နေအိမ်လေးကို သေချာ သန့်ရှင်းရင်ကို ရောဂါပိုးတွေကို ကာကွယ်နိုင်မှာပါ။ ဒီတော့ ဘယ်လိုတွေများ သန့်ရှင်းကြမလဲ…..
နေအိမ်လေးကို အခုလို ပိုးသတ်သန့်စင်ပါ
နေအိမ်လေးမှာ ကိုရိုနာအပါအဝင် ရောဂါပိုးတွေကင်းစေဖို့ဆိုရင်
သန့်ရှင်းပါ
နေအိမ်ကို နေ့တိုင်း သန့်ရှင်းရေးလုပ်ပါ။ အရင်က ရေသန့်သန့် တဘက်စသန့်သန့်လေးသုံးတယ်ဆိုရင်တောင် အခုလိုအချိန်မှာ လိုအပ်ရင် ပိုးသေစေနိုင်တဲ့ Dettol လိုအမျိုး ပိုးသတ်ဆေးကို သုံးပြီး သန့်စင်ပေးပါ။ ဆပ်ပြာရည်ကို သုံးပေးလို့လည်း ရပါတယ်။
သန်ရှင်းတဲ့အခါတိုင်း လက်အိတ်ဝတ်ပြီးလုပ်ပေးပါ။ ဒါမှ လက်ကို ရောဂါပိုးတွေ မကပ်တွယ်တော့မှာပါ။
ဘယ်နေရာတွေကို သန့်ရှင်းရမလဲ….
နေအိမ်ရဲ့ ကြမ်းပြင်၊ တံခါး၊ တံခါးလက်ကိုင်၊ မီးခလုတ်တွေ၊ လက်ရန်းတွေ၊ ဖုန်း၊ အိမ်သာ၊ အိမ်သာတံခါးလက်ကိုင်၊ ရေချိုးခန်း၊ အိပ်ခန်း၊ မီးဖိုခန်းပါ မကျန် အကုန်ကို သေချာလေးသန့်စင်ဖို့လိုပါမယ်။ ဒါ့အပြင်နေ့စဉ် ကိုင်တွယ်ထိတွေ့ အသုံးပြုနေတဲ့ ကားသော့၊ ပိုက်ဆံအိတ်၊ ဖုန်း၊ လက်ပ်တော့၊ ကီးဘုတ်စ်၊ မျက်မှန်၊remote control စတာတွေကိုပါ သန့်စင်ပါ။
ပိုးသတ်ပါ
အရင်က ပုံမှန် သန့်ရှင်းရင်လုံလောက်ပေမယ့် ဒီအချိန်မှာတော့ ပိုးသတ်ရမှာပါ။ ပိုးသတ်ဖို့ဆိုရင် ပိုးသေစေနိုင်တဲ့ Dettol လိုအမျိုး ပိုးသတ်ဆေးကို သုံးပြီး သန့်စင်ပေးတာ ဆပ်ပြာရည်ကို သုံးပြီး သန့်စင်တာမျိုးတွေလုပ်လို့လည်း ရပါတယ်။
ရက်လွန်တာမဟုတ်တဲ့ အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတိုင်းကို အသုံးပြုပြီး ပိုးသတ်ပေးလို့လည်း ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က အရာဝတ္ထုတွေပေါ်မှာ အသက်ရှင်နိုင်တယ်ဆိုတာကြောင့် နေ့စဉ် အသုံးပြုနေကျ ပစ္စည်းတွေကို သေချာလေး ပိုးသတ်သန့်စင်ပါ။
အိမ်သုံးပစ္စည်းတွေကို သန့်စင်ပါ
ဆိုဖာ၊ ခေါင်းအုံး၊ အိပ်ရာခင်းတွေကို နေ့စဉ် သန့်စင်ပေးပါ။ ဆပ်ပြာရည်လေးကို ဗူးထဲထည့်ပြီး ဖြန်းလို့ သန့်စင်ပေးလည်း ရပါတယ်။ အိပ်ရာခင်းတွေ ခေါင်းအုံးစွပ်တွေကိုတော့ ၂ ရက်ခြားတစ်ခါလောက် ပုံမှန် လဲလှယ်ပါ။
လျှော်ဖွတ်သန့်စင်အခါ ရေနွေးနွေးလေးကို ဆပ်ပြာမှုန့်နဲ့ ရောစပ်သန့်စင်ပေးလို့ရပါတယ်။
လျှော်ဖွတ်ပါ
အဝတ်လျှော် တဲ့အခါတိုင်းမှာလည်း လက်အိတ်သုံးပေးပါ။ ပြီးရင် ဆပ်ပြာမှုန့်ကို ရေနွေးနွေးနဲ့ ဖျော်လို့ မိနစ် ၂၀ကြာစိမ်ထားပြီးမှာ လျှော်ဖွတ်ပါ။ အဝတ်လျှော် ပြီးတဲ့အခါမှာလည်း လက်အိတ်ကို သေချာချွတ်ပြီး စွန့်ပစ်ပါ။ ပြီးရင် လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်ပေးပါ။
ဖျားနေသူရှိမယ်ဆိုရင် ဖျားနေသူရဲ့ အသုံးအဆောင်တွေကို သီးသန့်လျှော်ဖွတ်ပါ။ ပိုးသတ်ဆေးထည့်ပြီးလျှော်တာမျိုး လုပ်ပေးပါ။
လက်ဆေးပါ
မကြာခဏဆိုသလို လက်ကို ဆပ်ပြာနဲ့ရေအသုံးပြုလို့ စက္ကန့် ၂၀ ကြာအောင်ဆေးကြောပေးပါ။
ရေမလိုလက်သန့်ဆေးရည် အသုံးပြူမယ်ဆိုရင်လည်း အယ်လ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါတာကို ရွေးချယ်ပါ။ လက်သန့်ဆေးရည်ခြောက်သွားမှ ပစ္စည်းတွေကို ကိုယ်တွယ်ပါ။ ဒါမှ ပိုးသေမှာပါ။
ဘယ်လို အခြေအနေတွေမှာ လက်ဆေးမလဲ……….
လက်ကို မကြာခဏဆေးကြောပါ ဆိုပေမယ့်
• ချောင်းဆိုး၊ နှာချေပြီးချိန်
• အိမ်သာကဆင်းလာတဲ့အခါ
• အစားမစားခင်
• စားစရာတွေ မပြင်ဆင်ခင်
• တိရစ္ဆာန်တွေကို ကိုယ်တွယ်ထိတွေ့ပြီးတိုင်း
• တစ်ယောက်ယောက်ကို မကိုင်တွယ်ခင်
• အပြင်က ပြန်လာတိုင်း
• မျက်လုံး၊ နှာခေါင်း၊ မျက်နှာကို မထိတွေ့ခင်
• ညစ်ပေတဲ့အရာတွေကို ကိုယ်တွယ်ပြီးတိုင်း နဲ့
• ဖျားနာနေသူကို ထိတွေ့မိပြီးတိုင်းမှာ လက်ကို သေချာလေးသန့်စင်ဆေးကြောဖို့လိုပါမယ်။
အမှိုက် သေချာစွန့်ပစ်ပါ
အမှိုက် စွန့်ပစ်တော့မယ်ဆိုရင် တစ်ခါသုံးလက်အိတ် အရင်စွတ်ပါ။ ပြီးရင် အမှိုက်တွေကို သေချာထည့်လို့ အိတ်ကို လုံအောင်ပိတ်ပါ။ ပြီးရင် အမှိုက်ပုံးဆီ သွားပြီး သေချာစွန့်ပစ်ပါ။ ပြီးရင် လက်အိတ်ကိုပါ တစ်ခါတည်းချွတ်ပြီး စွန့်ပစ်ပါ။
ပြီးရင်တော့ လက်ကို ရေနဲ့ဆပ်ပြာသုံးလို့ သေချာလေး သန့်စင်ဆေးကြောပါ။
ကဲ..နေအိမ်လေးကို အကောင်းဆုံး ပိုးသတ်သန့်စင်လို့ ကိုယ်တိုင်ကိုရော မိသားစုကို ကိုရိုနာဘေးကနေ ကာကွယ်လိုက်ကြ စို့လား………….
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
Credit: hellosayarwon
[Zawgyi]
သန့်ရှင်းပါ
ပိုးသတ်ပါ
လျှော်ဖွတ်ပါ
လက်ဆေးပါ
• အိမ်သာကဆင်းလာတဲ့အခါ
• အစားမစားခင်
• အပြင်က ပြန်လာတိုင်း
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Credit: hellosayarwon
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
Upcoming Property Events
From 03 May To 04 May
Aung Theikdi Villa
From 03 May To 04 May
Shwe Wutt Hmone Housing
From 25 Apr To 09 May
Mingalardon Garden City
imyanmarmarket
MIngalardon Garden City
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service