တရားဝင်မြေကွက်ခွဲစိတ်ခြင်းအတွက် ဆောင်ရွက်ချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
1046 Views

တရားဝင်မြေကွက်ခွဲစိတ်ခြင်းအတွက် ဆောင်ရွက်ချက်များ

Knowledge | Posted by Hnin Ei Khin

[Unicode]

၁။ ဘိုးဘပိုင်မြေ(မြေပိုင်မြေ)နှင့် ဂရန်မြေများကို အောက်ပါအချက်များနှင့် အညီ ခွဲစိတ်နိုင်ပါသည်။

(က)ခွဲစိတ်ပြီးသော မြေကွက်အတိုင်းအတာသည် မျက်နှာစာဘက်တွင် အနည်းဆုံး(၂)ပေရှိရမည်။

(ခ) ခွဲစိတ်ပြီးသော မြေကွက်ဧရိယာသည် အနည်းဆုံးစတုရန်းပေ (၁၂၀၀)ရှိရမည်။

(ဂ) ခွဲစိတ်ပြီးသော မြေကွက်များအားလုံးသို့ ဝင်ထွက်သွားလာနိုင်ရန် လမ်းရှိရပါမည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လမ်းမရှိပါက ပုဂ္ဂလိကလမ်း လျာထားရန်ဖြစ်သည်။

၂။ မြေကွက်ခွဲစိတ်ရာတွင် အောက်ဖော်ပြပါ လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည်။

(က) မြေကွက်ခွဲရန် မြေပုံနှင့် မြေရာဇဝင်လျောက်ထားခြင်း (အပိုင်း ၂၀ နှင့် ၂၁ )

(ခ) မြေတိုင်းလျှောက်ထားခြင်း (အပိုင်း ၁၆ မှ ၁၉)

(ဂ) ပြင်ပမှ လိုင်စင်ရ အင်ဂျင်နီယာနှင့် မိမိနှစ်သက်သည့်အတိုင်း အဆိုပြုခွဲစိတ်မြေပုံ ရေးဆွဲခြင်း။

(ဃ) အဆိုပြုခွဲစိတ်မြေပုံအား (၁)ဂရန်မြေဖြစ်ပါက ဌာနသို့ တင်ပြအတည်ပြုချက် လျှောက်ထားခြင်းနှင့် (၂)မြေပိုင်မြေဖြစ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) သို့ တင်ပြအတည်ပြုချက် လျှောက်ထားရပါမည်။

(င) မြေတိုင်းလျှောက်ထားခြင်း (အပိုင်း ၁၆ မှ ၁၉)

(စ) အမှားပြင်မြေပုံနှင့် မြေရာဇဝင်လျှောက်ထားခြင်း (အပိုဒ် ၂၀ နှင့် ၂၁)

(ဆ) စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် အမှားပြင်စာချုပ် ချုပ်ဆိုခြင်း

(ဇ) ဂရန်မြေဖြစ်ပါက မြေစာရင်းတွင် ဂရန်စာချုပ် ခွဲစိတ်ပေးရန်နှင့် မြေပိုင်မြေဖြစ်ပါက မြေကွက်ခွဲခြင်းအား မှတ်သားပေးရန် လျှောက်ထားခြင်း။

လျှောက်ထားတင်ပြချက်များကို စိစစ်ပြီး ပြည့်စုံမှန်ကန်ပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်းတာပြီး မြေစာရင်းတွင် တရားဝင်ခွဲစိတ်ခွင့်ပြုပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

တရား၀င္ေျမကြက္ခြဲစိတ္ျခင္းအတြက္ ေဆာင္ရြက္ခ်က္မ်ား

၁။ ဘိုးဘပိုင္ေျမ(ေျမပိုင္ေျမ)ႏွင့္ ဂရန္ေျမမ်ားကို ေအာက္ပါအခ်က္မ်ားႏွင့္ အညီ ခြဲစိတ္ႏိုင္ပါသည္။

(က)ခြဲစိတ္ၿပီးေသာ ေျမကြက္အတိုင္းအတာသည္ မ်က္ႏွာစာဘက္တြင္ အနည္းဆုံး(၂)ေပရွိရမည္။

(ခ) ခြဲစိတ္ၿပီးေသာ ေျမကြက္ဧရိယာသည္ အနည္းဆုံးစတုရန္းေပ (၁၂၀၀)ရွိရမည္။

(ဂ) ခြဲစိတ္ၿပီးေသာ ေျမကြက္မ်ားအားလုံးသို႔ ၀င္ထြက္သြားလာႏိုင္ရန္ လမ္းရွိရပါမည္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၏ လမ္းမရွိပါက ပုဂၢလိကလမ္း လ်ာထားရန္ျဖစ္သည္။

၂။ ေျမကြက္ခြဲစိတ္ရာတြင္ ေအာက္ေဖာ္ျပပါ လုပ္ငန္းမ်ားေဆာင္ရြက္ရန္ လိုအပ္သည္။

(က) ေျမကြက္ခြဲရန္ ေျမပုံႏွင့္ ေျမရာဇ၀င္ေလ်ာက္ထားျခင္း (အပိုင္း ၂၀ ႏွင့္ ၂၁ )

(ခ) ေျမတိုင္းေလွ်ာက္ထားျခင္း (အပိုင္း ၁၆ မွ ၁၉)

(ဂ) ျပင္ပမွ လိုင္စင္ရ အင္ဂ်င္နီယာႏွင့္ မိမိႏွစ္သက္သည့္အတိုင္း အဆိုျပဳခြဲစိတ္ေျမပုံ ေရးဆြဲျခင္း။

(ဃ) အဆိုျပဳခြဲစိတ္ေျမပုံအား (၁)ဂရန္ေျမျဖစ္ပါက ဌာနသို႔ တင္ျပအတည္ျပဳခ်က္ ေလွ်ာက္ထားျခင္းႏွင့္ (၂)ေျမပိုင္ေျမျဖစ္ပါက ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန (အေဆာက္အအုံ) သို႔ တင္ျပအတည္ျပဳခ်က္ ေလွ်ာက္ထားရပါမည္။

(င) ေျမတိုင္းေလွ်ာက္ထားျခင္း (အပိုင္း ၁၆ မွ ၁၉)

(စ) အမွားျပင္ေျမပုံႏွင့္ ေျမရာဇ၀င္ေလွ်ာက္ထားျခင္း (အပိုဒ္ ၂၀ ႏွင့္ ၂၁)

(ဆ) စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ရုံးတြင္ အမွားျပင္စာခ်ဳပ္ ခ်ဳပ္ဆိုျခင္း

(ဇ) ဂရန္ေျမျဖစ္ပါက ေျမစာရင္းတြင္ ဂရန္စာခ်ဳပ္ ခြဲစိတ္ေပးရန္ႏွင့္ ေျမပိုင္ေျမျဖစ္ပါက ေျမကြက္ခြဲျခင္းအား မွတ္သားေပးရန္ ေလွ်ာက္ထားျခင္း။

ေလွ်ာက္ထားတင္ျပခ်က္မ်ားကို စိစစ္ၿပီး ျပည့္စုံမွန္ကန္ပါက လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ တိုင္းတာၿပီး ေျမစာရင္းတြင္ တရား၀င္ခြဲစိတ္ခြင့္ျပဳပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Shwe Wutt Hmone
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service