ဆေးဖက်ဝင် ကြက်သဟင်းပင် - Property Knowledge in Myanmar from iMyanmarHouse.com
8554 Views

ဆေးဖက်ဝင် ကြက်သဟင်းပင်

Knowledge | Posted by Shwe Zin Win

[Unicode]

ကြက်သဟင်းပင်၏ ဆေးဖက်ဝင်မှုများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသော လက်တွေ့အသုံးချဆေးဖက်ဝင်အပင်များပေါင်းချုပ်စာအုပ်တွင်အောက်ပါအတိုင်းဖော်ပြထားပါသည်။

ကြက်သဟင်းပင်သည် ပင်မတ်ချုံပင်အမျိုးအစား ဖြစ်ပါသည်။ ၁-၇ ပေအထိမြင့်သည်။ အရွက်မှာ ရွက်လွှဲထွက်သည်။ အရွက်မှာ ဌက်မွှေးရွက်ပေါင်း ဖြစ်သည်။ အပွင့်မှာသေးငယ်သည်။ အပွင့်ရောင်မှာ လိမ္မော်ရောင်ဖြစ်ပြီး ရိုးတံကပ်ပြီးအပွင့် ပွင့်သည်။ အသီးမှာ ညှာတံမဲ့သည်။

ပေါက်ရောက်ပုံ

စားသုံးပင်အဖြစ် နေအိမ်ခြံဝင်းများတွင် တပိုင်တနိုင်စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ မရှော့ရွက်ပင်နှင့် မျိုးရင်းတူသောကြောင့် အပင်ပုံစံ ဆင်တူရိုးမှားဖြစ်တတ်ပါသည်။

အကျိုးအာနိသင်

အရွက်မှာ အေး၏။ ချိုသော အရသာရှိ၏။ လေလမ်းကိုဖြောင့်၍ ဝမ်းမီးကိုတောက်စေ၏။

ပိုးနာ၊ အဆိပ်နာကို နိုင်၏။ ကိုယ်ပူနာနှင့်သင့်၏။ အသည်းရောဂါများနှင့် အထူးသင့်လျော်၏။

အသုံးပြုပုံ

ကြက်သဟင်းရွက်အား ဟင်းချိုချက်၍လည်းကောင်း၊ ကြော်ချက်စားခြင်း၊ အတို့အမြုပ် အဖြစ် လည်းကောင်း၊ အရွက်ကိုကြက်ဥဖြင့်ကြော်စာခြင်းဖြင့်လည်းကောင်း အလွန်ပင်စားကောင်းပါသည်။

ကြက်သဟင်းမြစ်ကို သွေးသောက်ခြင်း၊ ပြုတ်သောက်ခြင်းဖြင့် သွေးတိုးရောဂါ ကျစေနိုင်ပါသည်။

နှလုံးတုန်၊ ရင်တုန်ခြင်းကို သက်သာစေနိုင်ပါသည်။

အဆိပ်ရှိသော ပိုးမွှားများ ကိုက်ခံရပါက ကြက်သဟင်းမြစ်ကို သွေးလိမ်းနိုင်ပါသည်။

ကြက်သဟင်းမြစ်ကို ဆန်ဆေးရည်နှင့် သွေးလိမ်းပါက ကြပ်သမာနှင့် အဖုအကျိတ်၊ အနာပေါက်ရောဂါများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။

ကြက်သဟင်းရွက်ကို ဟင်းခါးချက်သောက်၍လည်းကောင်း သုံးပုံတစ်ပုံ ကြွင်းပြုတ်သောက်ခြင်းအားဖြင့်လည်းကောင်း အဖျားရောဂါကို သက်သာစေပါသည်။ အဖျားကျစေပါသည်။

ကြက်သဟင်းပဉ္စငါးပါးကို သုံးပုံတစ်ပုံကြွင်းကျန်အောင်ပြုတ်သောက်ခြင်းအားဖြင့် အသည်းရောင် အသားဝါရောဂါများကို သက်သာစေနိုင်ပါသည်။ ကြက်သဟင်းရွက်ဟင်းချိုအဖြစ်လည်း စားသုံးနိုင်ပါသည်။

ကြက်သဟင်းကို လက်တွေ့စမ်းသပ်သုတေသနပြုမှုများအရ

၁။ ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းကို စမ်းသပ်ချက်

ဆီးလမ်းကြောင်းတွင် ကျောက်တည်မှု အဖြစ်အများဆုံးသည် ကယ်စီယမ်အောက်ဆီလိတ် ကျောက်တည်ခြင်းဖြစ်သည်။ ကြက်သဟင်းဖြင့် ဆီးအိမ်ထဲရှိ ကယ်စီယမ်အောက်ဆီလိတ် ကျောက်များ ရှိသော ကြွက်သားများကို စမ်းသပ်ခဲ့ပါသည်။ ကြက်သဟင်း အဆီအနှစ် ၅ မီလီဂရမ်ကို ၃၀ ရက်တိုက်ကျွေးခဲ့ရာ ကြီးသောကျာက်များသေးငယ်၍ သေးငယ်သောကျောက်များ အရည်ပျော်ကျစေကြောင်း ၂၀၀၆ ခုနှစ်တွင် ဘရာဇီးနိုင်ငံတွင် စမ်းသပ်ခဲ့ခြင်း ဖြစ်ပါသည်။

• ကျောက်ကပ်ကျောက်နှင့် သည်းခြေကျောက်များကို ပျော်ကျစေခြင်း၊ ကျောက်များထပ်မတည်ရန် ကာကွယ်ပေးခြင်း (expelsstones)

• ဆီရွှင်စေခြင်း၊ ယူရစ်အက်ဆစ်ကိုလျော့နည်းသွားစေနိုင်သည့်အပြင် ဆီးပိုသွားစေ၏။

• ကိုက်ခဲနာကျင်မှု ပျောက်စေခြင်း၊

• အသည်းသန်မာစေ၏၊ အရည်များကိုအချိုးမျှတစေခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း၊ (အသည်းအင်ဇိုင်းဇီဝဓာတ်ကူပစ္စည်းများ မျှတမှုဖြစ်စေခြင်း၊)

• တက်ခြင်းကို လျော့နည်းစေခြင်း။

• ရောင်ရမ်းခြင်းကို လျော့နည်းစေခြင်း

• ရေယုန်ရောဂါနှင့် ခုခံမှုအားကျဆင်းစေခြင်း၊ ဗိုင်းရပ်စ်ပိုးများကို သေစေခြင်း။

• အစာကြေလွယ်ခြင်း၊

• သွေးထဲတွင် သကြားဓာတ်လျော့နည်းစေခြင်း၊

• ဌက်ဖျားကာကွယ်ပေးခြင်း

ဒီလိုဆေးဖက်ဝင်ပုံများကြောင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင် ကြက်သဟင်းပင်ကို အသုံးပြုနေကြပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

[Zawgyi]

ေဆးဖက္ဝင္ ၾကက္သဟင္းပင္

ၾကက္သဟင္းပင္၏ ေဆးဖက္ဝင္မႈမ်ားကို က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ေဝထားေသာ လက္ေတြ႕အသုံးခ်ေဆးဖက္ဝင္အပင္မ်ားေပါင္းခ်ဳပ္စာအုပ္တြင္ေအာက္ပါအတိုင္းေဖာ္ျပထားပါသည္။

ၾကက္သဟင္းပင္သည္ ပင္မတ္ခ်ံဳပင္အမ်ိဳးအစား ျဖစ္ပါသည္။ ၁-၇ ေပအထိျမင့္သည္။ အ႐ြက္မွာ ႐ြက္လႊဲထြက္သည္။ အ႐ြက္မွာ ဌက္ေမႊး႐ြက္ေပါင္း ျဖစ္သည္။ အပြင့္မွာေသးငယ္သည္။ အပြင့္ေရာင္မွာ လိေမၼာ္ေရာင္ျဖစ္ၿပီး ႐ိုးတံကပ္ၿပီးအပြင့္ ပြင့္သည္။ အသီးမွာ ညႇာတံမဲ့သည္။

ေပါက္ေရာက္ပုံ

စားသုံးပင္အျဖစ္ ေနအိမ္ျခံဝင္းမ်ားတြင္ တပိုင္တႏိုင္စိုက္ပ်ိဳးၾကသည္။ ျမန္မာႏိုင္ငံအႏွံ႔အျပားတြင္ စိုက္ပ်ိဳးၾကပါသည္။ မေ႐ွာ့႐ြက္ပင္ႏွင့္ မ်ိဳးရင္းတူေသာေၾကာင့္ အပင္ပုံစံ ဆင္တူ႐ိုးမွားျဖစ္တတ္ပါသည္။

အက်ိဳးအာနိသင္

အ႐ြက္မွာ ေအး၏။ ခ်ိဳေသာ အရသာ႐ွိ၏။ ေလလမ္းကိုေျဖာင့္၍ ဝမ္းမီးကိုေတာက္ေစ၏။

ပိုးနာ၊ အဆိပ္နာကို ႏိုင္၏။ ကိုယ္ပူနာႏွင့္သင့္၏။ အသည္းေရာဂါမ်ားႏွင့္ အထူးသင့္ေလ်ာ္၏။

အသုံးျပဳပုံ

ၾကက္သဟင္း႐ြက္အား ဟင္းခ်ိဳခ်က္၍လည္းေကာင္း၊ ေၾကာ္ခ်က္စားျခင္း၊ အတို႔အျမဳပ္ အျဖစ္ လည္းေကာင္း၊ အ႐ြက္ကိုၾကက္ဥျဖင့္ေၾကာ္စာျခင္းျဖင့္လည္းေကာင္း အလြန္ပင္စားေကာင္းပါသည္။

ၾကက္သဟင္းျမစ္ကို ေသြးေသာက္ျခင္း၊ ျပဳတ္ေသာက္ျခင္းျဖင့္ ေသြးတိုးေရာဂါ က်ေစႏိုင္ပါသည္။

ႏွလုံးတုန္၊ ရင္တုန္ျခင္းကို သက္သာေစႏိုင္ပါသည္။

အဆိပ္႐ွိေသာ ပိုးမႊားမ်ား ကိုက္ခံရပါက ၾကက္သဟင္းျမစ္ကို ေသြးလိမ္းႏိုင္ပါသည္။

ၾကက္သဟင္းျမစ္ကို ဆန္ေဆးရည္ႏွင့္ ေသြးလိမ္းပါက ၾကပ္သမာႏွင့္ အဖုအက်ိတ္၊ အနာေပါက္ေရာဂါမ်ားကို သက္သာေပ်ာက္ကင္းေစႏိုင္ပါသည္။

ၾကက္သဟင္း႐ြက္ကို ဟင္းခါးခ်က္ေသာက္၍လည္းေကာင္း သုံးပုံတစ္ပုံ ႂကြင္းျပဳတ္ေသာက္ျခင္းအားျဖင့္လည္းေကာင္း အဖ်ားေရာဂါကို သက္သာေစပါသည္။ အဖ်ားက်ေစပါသည္။

ၾကက္သဟင္းပၪၥငါးပါးကို သုံးပုံတစ္ပုံႂကြင္းက်န္ေအာင္ျပဳတ္ေသာက္ျခင္းအားျဖင့္ အသည္းေရာင္ အသားဝါေရာဂါမ်ားကို သက္သာေစႏိုင္ပါသည္။ ၾကက္သဟင္း႐ြက္ဟင္းခ်ိဳအျဖစ္လည္း စားသုံးႏိုင္ပါသည္။

ၾကက္သဟင္းကို လက္ေတြ႕စမ္းသပ္သုေတသနျပဳမႈမ်ားအရ

၁။ ဆီးလမ္းေၾကာင္းတြင္ ေက်ာက္တည္ျခင္းကို စမ္းသပ္ခ်က္

ဆီးလမ္းေၾကာင္းတြင္ ေက်ာက္တည္မႈ အျဖစ္အမ်ားဆုံးသည္ ကယ္စီယမ္ေအာက္ဆီလိတ္ ေက်ာက္တည္ျခင္းျဖစ္သည္။ ၾကက္သဟင္းျဖင့္ ဆီးအိမ္ထဲ႐ွိ ကယ္စီယမ္ေအာက္ဆီလိတ္ ေက်ာက္မ်ား ႐ွိေသာ ႂကြက္သားမ်ားကို စမ္းသပ္ခဲ့ပါသည္။ ၾကက္သဟင္း အဆီအႏွစ္ ၅ မီလီဂရမ္ကို ၃၀ ရက္တိုက္ေကြၽးခဲ့ရာ ႀကီးေသာက်ာက္မ်ားေသးငယ္၍ ေသးငယ္ေသာေက်ာက္မ်ား အရည္ေပ်ာ္က်ေစေၾကာင္း ၂၀၀၆ ခုႏွစ္တြင္ ဘရာဇီးႏိုင္ငံတြင္ စမ္းသပ္ခဲ့ျခင္း ျဖစ္ပါသည္။

• ေက်ာက္ကပ္ေက်ာက္ႏွင့္ သည္းေျခေက်ာက္မ်ားကို ေပ်ာ္က်ေစျခင္း၊ ေက်ာက္မ်ားထပ္မတည္ရန္ ကာကြယ္ေပးျခင္း (expelsstones)

• ဆီ႐ႊင္ေစျခင္း၊ ယူရစ္အက္ဆစ္ကိုေလ်ာ့နည္းသြားေစႏိုင္သည့္အျပင္ ဆီးပိုသြားေစ၏။

• ကိုက္ခဲနာက်င္မႈ ေပ်ာက္ေစျခင္း၊

• အသည္းသန္မာေစ၏၊ အရည္မ်ားကိုအခ်ိဳးမွ်တေစျခင္း၊ အရည္အေသြးေကာင္းမြန္ျခင္း၊ (အသည္းအင္ဇိုင္းဇီဝဓာတ္ကူပစၥည္းမ်ား မွ်တမႈျဖစ္ေစျခင္း၊)

• တက္ျခင္းကို ေလ်ာ့နည္းေစျခင္း။

• ေရာင္ရမ္းျခင္းကို ေလ်ာ့နည္းေစျခင္း

• ေရယုန္ေရာဂါႏွင့္ ခုခံမႈအားက်ဆင္းေစျခင္း၊ ဗိုင္းရပ္စ္ပိုးမ်ားကို ေသေစျခင္း။

• အစာေၾကလြယ္ျခင္း၊

• ေသြးထဲတြင္ သၾကားဓာတ္ေလ်ာ့နည္းေစျခင္း၊

• ဌက္ဖ်ားကာကြယ္ေပးျခင္း

ဒီလိုေဆးဖက္ဝင္ပုံမ်ားေၾကာင့္ ျမန္မာႏိုင္ငံတြင္သာမက ကမ႓ာတစ္ဝန္းတြင္ ၾကက္သဟင္းပင္ကို အသုံးျပဳေနၾကပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Aung Theikdi Villa
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service