ပေးကမ်းခြင်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
3009 Views

ပေးကမ်းခြင်းအကြောင်း

Knowledge | Posted by Hnin Ei Khin

[Unicode]

ပေးကမ်းခြင်းဆိုသည်မှာ တည်ရှိသည့် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း(သို့မဟုတ်) မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း တစ်စုံတစ်ရာကို ပေးသူက လက်ခံယူသူသို့ အဖိုးစားနားမပါဘဲ မေတ္တာဖြင့် အလိုအလျောက် လွှဲပြောင်းပေး၍ လက်ခံယူသူက (သို့မဟုတ်) ၎င်း၏ကိုယ်စားလှယ်က လက်ခံရယူလျှင် ထိုသို့လွှဲပြောင်းပေးခြင်းကို ပေးကမ်းခြင်းဟုခေါ်သည်။

ထိုသို့ပေးကမ်းခြင်းကို ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ-၁၂၂ အရလက်ခံယူမည့်သူ အသက်ရှိနေစဉ် လက်ခံယူခြင်းဖြစ်ရမည်။ လက်ခံယူခြင်းမပြုမီ လက်ခံမည့်သူ သေဆုံးလျှင် ပေးကမ်းခြင်းပျက်ပြယ်သည်။

၁၉၂၂ ခုနှစ်၊ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေအရ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်စုံတစ်ရာကို ပေးကမ်း လိုလျှင် ပုဒ်မ-၁၂၂ အရ ပေးကမ်းခြင်းအထမြောက်ရန်အလို့ငှာ -

- ပေးကမ်းသူနှင့်လက်ခံသူရှိရမည်။

- ပေးကမ်းသည့်ပစ္စည်းသည်ပေးကမ်းသူ၏လက်ရှိပစ္စည်းဖြစ်ရမည်။

- ပေးကမ်းသူကအဖိုးစားနားမရှိဘဲပေးကမ်းခြင်းဖြစ်ရမည်။

- ပေးကမ်းသူက မိမိပိုင်ပစ္စည်းကို လွှဲပြောင်းပေးရမည်။

- ပေးကမ်းသောပစ္စည်းကိုလက်ခံသူကပေးသူသက်ရှိထင်ရှားရှိချိန်ပေးနိုင်သည့်အခြေအနေရှိစဉ်ကလက်ခံရမည်။

- ပေးကမ်းခြင်းကိုမှတ်ပုံတင်စာချုပ်ဖြင့်ပြုလုပ်၍အသိသက်သေနှစ်ဦးလက်မှတ်ရေးထိုးရပါမည်။

ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းဖြစ်သည့် စိန်၊ ရွှေ စသည်တို့ကို ပေးကမ်းလျှင် စာချုပ်ပြုလုပ်၍ဖြစ်စေ၊ လက် ရောက်ဖြစ်စေ ပေးပါက ခိုင်မာတည်မြဲပါသည်။

မှတ်ပုံတင်စာချုပ်စာတမ်းပြုလုပ်၍ ပစ္စည်းလွှဲပြောင်းခြင်းအက် ဥပဒေနှင့်အညီ ပေးကမ်းသော်လည်း အမွေခံ အမွေစားများ၏ အခွင့်အရေးဆုံးရှုံးလောက်အောင် ရှိသမျှပစ္စည်းအားလုံးကိုမူကား မပေးကမ်းနိင်။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်ခုခုကို မှတ်ပုံတင်စာချုပ်မပြုလုပ်ဘဲ ပေးကမ်းလျှင် တရားမဝင်၊ လက်ခံရရှိသူသည် မှတ်ပုံတင်စာချုပ်မရှိဘဲ ပစ္စည်းကို တောင်းဆိုပိုင်ခွင့်မရှိပေ။

ပေးကမ်းခြင်းနှင့် လှူဒါန်းခြင်းမှာ အတူတူဖြစ်၍ လှူဒါန်းခြင်းကိုလည်း ပေးကမ်းခြင်းအတိုင်း ဆောင်ရွက် ရပါမည်။ ပေးကမ်းခြင်းကို အောက်ပါကိစ္စများပေါ်ပေါက်က ရပ်ဆိုင်း/ဖျက်သိမ်းနိုင်သည်။

- ပေးကမ်းသူ၏ဆန္ဒအရမဟုတ်ဘဲအကြောင်းတစ်စုံတစ်ရာပေါ်ပေါက်ကပေးကမ်းခြင်းကိုရုပ်သိမ်းနိုင်သည်ဟုသဘောတူညီထားခြင်း။

- ပေးကမ်းသူတစ်ဦးတည်း၏ဆန္ဒအရအားလုံးသော်လည်းကောင်း၊တစ်ချို့တစ်ဝက်သော်လည်းကောင်းပျက်ပြယ်စေရန်သဘောတူညီချက်ဖြင့် ပေးကမ်းခြင်း။

- ပျက်ပြယ်စေနိုင်သောပဋိညာဉ်ပါအကြောင်းတစ်ရပ်ရပ်ကြောင့်ပြုလုပ်ခဲ့ရလျှင် ( ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ-၁၂၆ ) အထက်တွင်ဖော်ပြထားသည့် ကိစ္စရပ်များမှအပပေးကမ်းခြင်းကို ပြန်လည်ဖျက်သိမ်းခြင်းမပြုနိုင်။

တံဆိပ်ခေါင်းဥပဒေအရမေတ္တာဖြင့်ပေးကမ်းသည့်စာချုပ်စာတမ်းသည်တန်ဖိုးငွေအလိုက် ၂ရာခိုင်နှုန်းထမ်းဆောင်ရမည်။မှတ်ပုံတင်ခမှာ စာချုပ်တန်ဖိုးငွေ၏ ၀.၅ ရာခိုင်နှုန်းဖြင့် ပေးဆောင်ရပါမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေပးကမ္းျခင္းအေၾကာင္း

ေပးကမ္းျခင္းဆိုသည္မွာ တည္ရွိသည့္ ေ႐ႊ႕ေျပာင္းႏိုင္သည့္ပစၥည္း(သို႔မဟုတ္) မေ႐ႊ႕မေျပာင္းႏိုင္သည့္ ပစၥည္း တစ္စုံတစ္ရာကို ေပးသူက လက္ခံယူသူသို႔ အဖိုးစားနားမပါဘဲ ေမတၱာျဖင့္ အလိုအေလ်ာက္ လႊဲေျပာင္းေပး၍ လက္ခံယူသူက (သို႔မဟုတ္) ၎၏ကိုယ္စားလွယ္က လက္ခံရယူလွ်င္ ထိုသို႔လႊဲေျပာင္းေပးျခင္းကို ေပးကမ္းျခင္းဟုေခၚသည္။

ထိုသို႔ေပးကမ္းျခင္းကို ပစၥည္းလႊဲေျပာင္းျခင္းဥပေဒ ပုဒ္မ-၁၂၂ အရလက္ခံယူမည့္သူ အသက္ရွိေနစဥ္ လက္ခံယူျခင္းျဖစ္ရမည္။ လက္ခံယူျခင္းမျပဳမီ လက္ခံမည့္သူ ေသဆုံးလွ်င္ ေပးကမ္းျခင္းပ်က္ျပယ္သည္။

၁၉၂၂ ခုႏွစ္၊ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒအရ မေ႐ႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းတစ္စုံတစ္ရာကို ေပးကမ္း လိုလွ်င္ ပုဒ္မ-၁၂၂ အရ ေပးကမ္းျခင္းအထေျမာက္ရန္အလို႔ငွာ -

- ေပးကမ္းသူႏွင့္လက္ခံသူရွိရမည္။

- ေပးကမ္းသည့္ပစၥည္းသည္ေပးကမ္းသူ၏လက္ရွိပစၥည္းျဖစ္ရမည္။

- ေပးကမ္းသူကအဖိုးစားနားမရွိဘဲေပးကမ္းျခင္းျဖစ္ရမည္။

- ေပးကမ္းသူက မိမိပိုင္ပစၥည္းကို လႊဲေျပာင္းေပးရမည္။

- ေပးကမ္းေသာပစၥည္းကိုလက္ခံသူကေပးသူသက္ရွိထင္ရွားရွိခ်ိန္ေပးႏိုင္သည့္အေျခအေနရွိစဥ္ကလက္ခံရမည္။

- ေပးကမ္းျခင္းကိုမွတ္ပုံတင္စာခ်ဳပ္ျဖင့္ျပဳလုပ္၍အသိသက္ေသႏွစ္ဦးလက္မွတ္ေရးထိုးရပါမည္။

ေ႐ႊ႕ေျပာင္းႏိုင္သည့္ပစၥည္းျဖစ္သည့္ စိန္၊ ေ႐ႊ စသည္တို႔ကို ေပးကမ္းလွ်င္ စာခ်ဳပ္ျပဳလုပ္၍ျဖစ္ေစ၊ လက္ ေရာက္ျဖစ္ေစ ေပးပါက ခိုင္မာတည္ၿမဲပါသည္။

မွတ္ပုံတင္စာခ်ဳပ္စာတမ္းျပဳလုပ္၍ ပစၥည္းလႊဲေျပာင္းျခင္းအက္ ဥပေဒႏွင့္အညီ ေပးကမ္းေသာ္လည္း အေမြခံ အေမြစားမ်ား၏ အခြင့္အေရးဆုံးရႈံးေလာက္ေအာင္ ရွိသမွ်ပစၥည္းအားလုံးကိုမူကား မေပးကမ္းနိင္။

မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းတစ္ခုခုကို မွတ္ပုံတင္စာခ်ဳပ္မျပဳလုပ္ဘဲ ေပးကမ္းလွ်င္ တရားမဝင္၊ လက္ခံရရွိသူသည္ မွတ္ပုံတင္စာခ်ဳပ္မရွိဘဲ ပစၥည္းကို ေတာင္းဆိုပိုင္ခြင့္မရွိေပ။

ေပးကမ္းျခင္းႏွင့္ လႉဒါန္းျခင္းမွာ အတူတူျဖစ္၍ လႉဒါန္းျခင္းကိုလည္း ေပးကမ္းျခင္းအတိုင္း ေဆာင္႐ြက္ ရပါမည္။ ေပးကမ္းျခင္းကို ေအာက္ပါကိစၥမ်ားေပၚေပါက္က ရပ္ဆိုင္း/ဖ်က္သိမ္းႏိုင္သည္။

- ေပးကမ္းသူ၏ဆႏၵအရမဟုတ္ဘဲအေၾကာင္းတစ္စုံတစ္ရာေပၚေပါက္ကေပးကမ္းျခင္းကို႐ုပ္သိမ္းႏိုင္သည္ဟုသေဘာတူညီထားျခင္း။

- ေပးကမ္းသူတစ္ဦးတည္း၏ဆႏၵအရအားလုံးေသာ္လည္းေကာင္း၊တစ္ခ်ိဳ႕တစ္ဝက္ေသာ္လည္းေကာင္းပ်က္ျပယ္ေစရန္သေဘာတူညီခ်က္ျဖင့္ ေပးကမ္းျခင္း။

- ပ်က္ျပယ္ေစႏိုင္ေသာပဋိညာဥ္ပါအေၾကာင္းတစ္ရပ္ရပ္ေၾကာင့္ျပဳလုပ္ခဲ့ရလွ်င္ ( ပစၥည္းလႊဲေျပာင္းျခင္းအက္ဥပေဒပုဒ္မ-၁၂၆ ) အထက္တြင္ေဖာ္ျပထားသည့္ ကိစၥရပ္မ်ားမွအပေပးကမ္းျခင္းကို ျပန္လည္ဖ်က္သိမ္းျခင္းမျပဳႏိုင္။

တံဆိပ္ေခါင္းဥပေဒအရေမတၱာျဖင့္ေပးကမ္းသည့္စာခ်ဳပ္စာတမ္းသည္တန္ဖိုးေငြအလိုက္ ၂ရာခိုင္ႏႈန္းထမ္းေဆာင္ရမည္။မွတ္ပုံတင္ခမွာ စာခ်ဳပ္တန္ဖိုးေငြ၏ ၀.၅ ရာခိုင္ႏႈန္းျဖင့္ ေပးေဆာင္ရပါမည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service