နေပြည်တော်တွင်တည်ဆောက်နေသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများသို့ ရောင်းချပေးသည့် တိုက်ခန်းများအား အရည်အသွေးပြည့်မီအောင် ဆောက်လုပ်ပေးရန် ဒုတိယမြို့တော်ဝန်မှာကြား - Property News in Myanmar from iMyanmarHouse.com
1527 Views

နေပြည်တော်တွင်တည်ဆောက်နေသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများသို့ ရောင်းချပေးသည့် တိုက်ခန်းများအား အရည်အသွေးပြည့်မီအောင် ဆောက်လုပ်ပေးရန် ဒုတိယမြို့တော်ဝန်မှာကြား

[Unicode]

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးသည် ဒီဇင်ဘာ ၇ ရက်က အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေသည့် စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုပြီး နိုင်ငံတော်မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများသို့ ရောင်းချပေးသည့် တိုက်ခန်းများဖြစ်၍ အရည်အသွေးပြည့်မီအောင် ဆောက်လုပ်ပေးရန်မှာကြားခဲ့ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ လူမှုကွန်ရက်စာမျက်နှာမှသိရသည်။

အဆိုပါနိုင်ငံ့ဝန်ထမ်းအိမ်ရာသည် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး၊ မြို့မဈေးအနီးတွင် တည်ဆောက်နေသည့် စီမံကိန်းဖြစ်ပြီး တိုက် (၁၈၉) လုံး၊ အခန်းပေါင်း (၃၀၂၄)ခန်း ပါဝင်ကြောင်းသိရသည်။

ဒုတိယမြို့တော်ဝန်နှင့်အတူ ကော်မတီဝင်(၅) ဦးဆန်းနိုင်၊ ဌာနကြီးမှူး(အင်/ယာ) ဦးတင်အောင်ငွေ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူး ဦးဇော်ထွန်း၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ဌာနမှူး ဦးလှမိုးထွန်း၊ အင်ဂျင်နီယာဌာန (လမ်း/တံတား)ဌာနမှူး ဦးအောင်မိုးတို့သည် လုပ်ငန်းခွင်အတွင်း သွားရောက်စစ်ဆေးခဲ့ကြပြီး စီမံကိန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိသည့်အခြေအနေများအား လည်းကောင်း၊ လက်ရှိဆောက်လုပ်နေမှု အခြေအနေများအားလည်းကောင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းတိုက်များသို့ (၂၄)နာရီ ရေပေးဝေရေးစနစ်များ ဆောင်ရွက် ပြီးစီးမှု အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြကြောင်းသိရသည်။

တင်ပြချက်များအပေါ် ဒုတိယမြို့တော်ဝန်က ပထမအဆင့်တည်ဆောက် ပြီးစီးသည့် တိုက်(၃၉)လုံးရှိ အခန်းပေါင်း (၆၂၄) ခန်းအား ဒီဇင်ဘာလအကုန်တွင်အပ်နှံနိုင်ရေး ဆောင်ရွက်ကြရန်၊ ကျန်ရှိနေသည့် ဆောက်လုပ်ဆဲ အဆောက်အဦများကို ၂၀၂၁ ခုနှစ်၊ မတ်လတွင် အပ်နှံနိုင်ရေးအပြီး ဆောင်ရွက်ရန်၊ တာဝန်ယူတည်ဆောက်သည့် တာဝန်ရှိသူများအနေဖြင့် အဆောက်အဦများ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီအပ်နှံနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးကြရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်သည် ဆောက်လုပ်ပြီးတိုက်ခန်းများကို လှည့်လည်ကြည့်ရှုပြီး နိုင်ငံတော်မှ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများသို့ ရောင်းချပေးသည့် တိုက်ခန်းများဖြစ်၍ အရည်အသွေးပြည့်မီအောင် ဆောက်လုပ်ပေးရန်လိုကြောင်း၊ အဆောက်အဦများ အပ်နှံသည့်အခါတွင် အရည်အသွေးစစ်ဆေးရေးအဖွဲ့(QC) မှ စနစ်တကျစစ်ဆေးလက်ခံရန် မှာကြားခဲ့ ကြောင်းသိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေနျပည္ေတာ္တြင္တည္ေဆာက္ေနသည့္ အၿငိမ္းစားနိုင္ငံ့ဝန္ထမ္းမ်ားသို႔ ေရာင္းခ်ေပးသည့္ တိုက္ခန္းမ်ားအား အရည္အေသြးျပည့္မီေအာင္ ေဆာက္လုပ္ေပးရန္ ဒုတိယၿမိဳ့ေတာ္ဝန္မွာၾကား

ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ဒုတိယၿမိဳ႕ေတာ္ဝန္ဦးရဲမင္းဦးသည္ ဒီဇင္ဘာ ၇ ရက္က အၿငိမ္းစားနိုင္င့ံ ဝန္ထမ္းအိမ္ရာ ေဆာက္လုပ္ေနသည့္ စီမံကိန္းလုပ္ငန္းခြင္သို႔ သြားေရာက္ၾကည့္ရႈၿပီး နိုင္ငံေတာ္မွ အၿငိမ္းစားနိုင္ငံ့ဝန္ထမ္းမ်ားသို႔ ေရာင္းခ်ေပးသည့္ တိုက္ခန္းမ်ားျဖစ္၍ အရည္အေသြးျပည့္မီေအာင္ ေဆာက္လုပ္ေပးရန္မွာၾကားခဲ့ေၾကာင္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ လူမႈကြန္ရက္စာမ်က္ႏွာမွသိရသည္။

အဆိုပါႏိုင္ငံ႔ဝန္ထမ္းအိမ္ရာသည္ ဇမၺဴသီရိၿမိဳ႕နယ္၊ သုခသိဒၶိရပ္ကြက္၊ ပ်ဥ္းမနား-ေတာင္ညိဳလမ္းေဘး၊ ၿမိဳ႕မေဈးအနီးတြင္ တည္ေဆာက္ေနသည့္ စီမံကိန္းျဖစ္ၿပီး တိုက္ (၁၈၉) လုံး၊ အခန္းေပါင္း (၃၀၂၄)ခန္း ပါဝင္ေၾကာင္းသိရသည္။

ဒုတိယၿမိဳ့ေတာ္ဝန္ႏွင့္အတူ ေကာ္မတီဝင္(၅) ဦးဆန္းနိုင္၊ ဌာနႀကီးမႉး(အင္/ယာ) ဦးတင္ေအာင္ေငြ၊ အင္ဂ်င္နီယာဌာန (အေဆာက္အအုံ) ဌာနမႉး ဦးေဇာ္ထြန္း၊ အင္ဂ်င္နီယာဌာန (ေရႏွင့္သန႔္ရွင္းမႈ)ဌာနမႉး ဦးလွမိုးထြန္း၊ အင္ဂ်င္နီယာဌာန (လမ္း/တံတား)ဌာနမႉး ဦးေအာင္မိုးတို႔သည္ လုပ္ငန္းခြင္အတြင္း သြားေရာက္စစ္ေဆးခဲ့ၾကၿပီး စီမံကိန္းရွင္းလင္းေဆာင္တြင္ တာဝန္ရွိသူမ်ားက လုပ္ငန္းေဆာင္ရြက္ၿပီးစီးမႈႏွင့္ဆက္လက္ ေဆာင္ရြက္ရန္ က်န္ရွိသည့္အေျခအေနမ်ားအား လည္းေကာင္း၊ လက္ရွိေဆာက္လုပ္ေနမႈ အေျခအေနမ်ားအားလည္းေကာင္း၊ အၿငိမ္းစားနိုင္ငံ့ဝန္ထမ္းအိမ္ရာ စီမံကိန္းတိုက္မ်ားသို႔ (၂၄)နာရီ ေရေပးေဝေရးစနစ္မ်ား ေဆာင္ရြက္ ၿပီးစီးမႈ အေျခအေနမ်ားအားလည္းေကာင္း အသီးသီးရွင္းလင္း တင္ျပၾကေၾကာင္းသိရသည္။

တင္ျပခ်က္မ်ားအေပၚ ဒုတိယၿမိဳ႕ေတာ္ဝန္က ပထမအဆင့္တည္ေဆာက္ ၿပီးစီးသည့္ တိုက္(၃၉)လုံးရွိ အခန္းေပါင္း (၆၂၄) ခန္းအား ဒီဇင္ဘာလအကုန္တြင္အပ္ႏွံနိုင္ေရး ေဆာင္ရြက္ၾကရန္၊ က်န္ရွိေနသည့္ ေဆာက္လုပ္ဆဲ အေဆာက္အဦမ်ားကို ၂၀၂၁ ခုႏွစ္၊ မတ္လတြင္ အပ္ႏွံနိုင္ေရးအၿပီး ေဆာင္ရြက္ရန္၊ တာဝန္ယူတည္ေဆာက္သည့္ တာဝန္ရွိသူမ်ားအေနျဖင့္ အေဆာက္အဦမ်ား အရည္အေသြးျပည့္မီေစေရးႏွင့္ သတ္မွတ္ကာလအတြင္း လုပ္ငန္းမ်ား အခ်ိန္မီအပ္ႏွံနိုင္ေရး ႀကီးၾကပ္ေဆာင္ရြက္ေပးၾကရန္ မွာၾကားသည္။

ဆက္လက္၍ ဒုတိယၿမိဳ႕ေတာ္ဝန္သည္ ေဆာက္လုပ္ၿပီးတိုက္ခန္းမ်ားကို လွည့္လည္ၾကည့္ရႈၿပီး နိုင္ငံေတာ္မွ အၿငိမ္းစား နိုင္ငံ့ဝန္ထမ္းမ်ားသို႔ ေရာင္းခ်ေပးသည့္ တိုက္ခန္းမ်ားျဖစ္၍ အရည္အေသြးျပည့္မီေအာင္ ေဆာက္လုပ္ေပးရန္လိုေၾကာင္း၊ အေဆာက္အဦမ်ား အပ္ႏွံသည့္အခါတြင္ အရည္အေသြးစစ္ေဆးေရးအဖြဲ႕(QC) မွ စနစ္တက်စစ္ေဆးလက္ခံရန္ မွာၾကားခဲ့ ေၾကာင္းသိရသည္။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service