ဟိုတယ် စီမံကိန်းသတင်းကြောင့် ရွာမြေတွေအဝယ်လိုက်နေတဲ့လက်ခုပ်ကုန်း - Property News in Myanmar from iMyanmarHouse.com
1795 Views

ဟိုတယ် စီမံကိန်းသတင်းကြောင့် ရွာမြေတွေအဝယ်လိုက်နေတဲ့လက်ခုပ်ကုန်း

[Unicode]

ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းဒေသက ကမြေ၂၈ ဧကပေါ်မှာ ငါးဘီလီယံကျော် ရင်းနှီးမြှပ်နှံမယ့်ဟိုတယ်စီမံကိန်းကြောင့် ရက်ပိုင်းအတွင်း အဲ့ဒီဒေသသထဲက ရွာမြေတွေ အဝယ်လိုက်နေ တယ်လို့ဒေသခံ အိမ်ခြံမြေအကျိူးဆောင်တွေက ပြောပါတယ်။

Yangon Wanyuan International Island ကုမ္ပဏီကဟို တယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနပိုင်မြေ နေရာ ဖြစ်တဲ့ လက်ခုပ်ကုန်းမှာ စီမံကိန်းလုပ်ဖို့ အဆိုပြုလွှာတင်သွင်းလာပြီးတဲ့နောက် အဲဒီဒေသမှာ လာရောက်ရင်း နှီးမြှုပ်နှံဖို့မြေဝယ်သူတွေများပြားလာတာပါ။

ရွာမြေ နဲ့လယ်မြေတွေ ဖြစ်တာကြောင့်လက်ရှိ တစ်ဧကလျှင် ၁၀ သိန်းမှ သိန်း၂၀ အထိ ပင်လယ်ဘက်မျက်နှာမူသောရွာများတွင် ပေါက်ဈေးရှိ‌နေပြီး ကိုဗစ်ကာလမှာ အလွန်ပိုမိုပြီးဈေးကောင်းရဖို့ဒေသခံတွေကမျှော်လင့်နေတာဖြစ်ပါတယ်။

တင်ဒါတင်သွင်းထားတဲ့ကုမ္ပဏီက လက်ခုပ်ကုန်းဒေသမှာ နိုင်ငံတကာအဆင့်မီ နှစ်ထပ်အဆောက်အအုံ ဟိုတယ် အလုံး ၂၀ ဆောက်လုပ်မှာဖြစ်ပြီးစီမံကိန်းအတွက် နှစ် ၃၀ နဲ့ နောက်ထပ်နှစ်တိုး ၁၀ နှစ်၊ နှစ် ကြိမ်နဲ့ သက်တမ်း တိုးငှားရမ်းဖို့ အဆိုပြုထားတာပဲဖြစ်ပါတယ်။

အရင်က လက်ခုပ်ကုန်းဒေသဟာ ရန်ကုန်မြစ်ဝ ပင်လယ်ထွက်ပေါက်အဖြစ်အပန်းဖြေလုပ်ငန်းတစ်ချို့ကို ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကလုပ်ဆောင်ခဲ့ဖူးပေမယ့်အောင်မြင်ခြင်းမရှိခဲ့ပါဘူး။

လက်ရှိမှာ လက်ခုပ်ကုန်းဒေသကို ရန်ကုန်မြို့နဲ့ အနီးဆုံးအပန်းဖြေခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည် ဖော်ဖို့ ပြန်လည်ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

ဒေသဖွံ့ဖြိုးလာစေရန် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် သန့်ရှင်းသောရေ ကောင်းရေသန့်ရရှိရန် ဦးစွာဖြည့်ဆည်းရမှာလည်းဖြစ်ပါတယ်။

‘‘အင်ဖရာ (အခြေခံလိုအပ် ချက်) ကိုနောက်ဘတ်ဂျက်ထဲမှာ ပါနိုင်အောင် လွှတ်တော်ကိုယ် စားလှယ်တွေနဲ့ တိုင်ပင်ပြီးကြိုးစားနေတယ်။ အခြေခံရရင် ခရီးသွားက ဖွံ့ဖြိုးလာမှာပါ’’ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန(ရန်ကုန်တိုင်း)လက်ထောက်ညွှန်ကြားရေးမှူးဟု ဦးမင်းမောင်စိုးကပြောသည်။

လက်ရှိတွင် လက်ခုပ်ကုန်း ကမ်းခြေသို့ ပြည်တွင်းခရီးသွား အချို့သွားရောက်လည်ပတ်နေ သော်လည်း ခရီးသွားဒေသတစ်ခုအဖြစ် စီမံခန့်ခွဲမှုမရှိသေးကြောင်း ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရာတွင် တနင်္ဂနွေ ဈေးဖွင့်လှစ်ရန်နှင့် လက်ခုပ်ကုန်းကမ်းခြေကို ဖွံ့ဖြိုး တိုးတက်လာစေရန် တိုင်းဒေသ ကြီးအစိုးရက လုပ်ဆောင်နေသည်။

တနင်္ဂနွေဈေးကို ပြည် ထောင်စုနေ့မတိုင်မီဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေပြီးနေရာနှင့် စည်း ကမ်းချက်များ အတည်ပြုနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းနေကြောင်း ဦးမင်းမောင်စိုးက ပြောသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းဒေသက ကမြေ၂၈ ဧကပေါ်မှာ ငါးဘီလီယံကျော် ရင်းနှီးမြှပ်နှံမယ့်ဟိုတယ်စီမံကိန်းကြောင့် ရက်ပိုင်းအတွင်း အဲ့ဒီဒေသသထဲက ရွာမြေတွေ အဝယ်လိုက်နေ တယ်လို့ဒေသခံ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service