အသားစိမ်းတွေကိုတာရှည်ခံအောင် ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ - Property Knowledge in Myanmar from iMyanmarHouse.com
6772 Views

အသားစိမ်းတွေကိုတာရှည်ခံအောင် ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ

Knowledge | Posted by Zarni Kyaw

[Unicode]

ခုခေတ် အိမ်ရှင်မတွေထဲမှာ နေ့တိုင်းဈေးသွားပြီး ချက်ပြုတ်စားသောက်တဲ့သူ အတော်ကိုနည်းသွားပါပြီ။ အိမ်အလုပ်ကတစ်ဖက်၊ အခြားအပြင်အလုပ်ကတစ်ဖက် တွဲပြီးလုပ်လာကြတဲ့သူ များလာတာကြောင့် ရေခဲသေတ္တာဆိုတာ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက် အဆင်အပြေဆုံး ပစ္စည်းသိမ်းဆည်းစရာ နေရာဖြစ်လာပါပြီ။

ဒါပေမယ့် ရေခဲသေတ္တာထဲမှာ စားစရာတွေကို သေချာမသိမ်းထားတတ်ရင် ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ အများကြီးသက်ရောက်နိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ အသားစိမ်းတွေပေါ့။ အသားစိမ်း၊ ငါးစိမ်းဆိုတာ ဘက်တီးရီးယားတွေ အပြည့်ဖြစ်နေတတ်လို့ သေချာမသိမ်းထားရင် ရေခဲသေတ္တာဆိုတာ ဘက်တီးရီးယားတို့ ပေါက်ဖွားရာ အသိုက်အမြုံကြီး ဖြစ်သွားနိုင်ပါတယ်။

ရေခဲသေတ္တာထဲ ထည့်ထားလို့ အသားငါးတွေ လုံးဝပုပ်မသွားနိုင်ဘူးဆိုတဲ့ အယူအဆကလည်း မှားနေတဲ့အရာတစ်ခုပါ။ ရေခဲသေတ္တာထဲ ဘယ်လောက်ထည့်ထည့် အသားတွေမှာလည်း သက်တမ်းကုန်ဆုံးရက်ရှိပါတယ်။ ဒီတော့ အသားငါးတွေကို ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းဆည်းမလဲ၊ ဘယ်လောက်တာရှည်ခံနိုင်မလဲဆိုတာ အိမ်တစ်အိမ်ရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးတာဝန်ယူထားတဲ့ အိမ်ရှင်မတိုင်း သိထားဖို့ လိုတယ်နော်။

ရေခဲသေတ္တာရဲ့ အစိတ်အပိုင်းတွေကို အရင်လေ့လာကြည့်ရအောင်။

အသားတွေ သိမ်းဆည်းတဲ့အကြောင်း မပြောခင် ရေခဲသေတ္တာအကြောင်း အရင်သိဖို့လိုပါတယ်။ ရေခဲသေတ္တာဆိုတာ အေးခဲနေတဲ့ နေရာတစ်ခုဖြစ်ပေမယ့် သူ့ကိုအကြမ်းအားဖြဖင့် အကန့် ၂ကန့် ခွဲထားတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ရေခဲ​စေတဲ့ အပေါ်ကန့်နဲ့ ဒီအတိုင်း အအေးဓာတ်ပေးတဲ့ အောက်အကန့်အကျယ်ကြီး ၂ခုပေါ့။ အသားတွေကို ထုတ်ပိုးသိမ်းဆည်းတဲ့နေရာမှာ ဒီအကန့်တွေကလည်း အလွန်အရေးကြီးပါတယ်။

အနီရောင်ရှိတဲ့ အသားတွေ

အမဲသား၊ ဝက်သားတို့ဆိုတာ ရေခဲသေတ္တာ အောက်အကန့်မှာဆိုရင် ၅ရက်လောက် အထားခံပြီး အပေါ်ကန့် အခဲခန်းထဲမှာဆိုရင် ၁နှစ်လောက်ထိ ပျမ်းမျှအားဖြင့် သိမ်းဆည်းထားနိုင်ပါတယ်။ အေးခဲပြီး အနုတ်ပြနေတဲ့ အပူချိန်မျိုးတော့ ဖြစ်ဖို့လိုပါတယ်။

ကြိတ်ထားတဲ့ အသားများ

ကြက်သား၊ အမဲသား၊ ဝက်သားစသဖြင့် အသားတွေကို ဓားနဲ့ နုတ်နုတ်စဉ်းထားတာ၊ သေချာကြိတ်ထားတာမျိုးဆိုရင် ရေခဲသေတ္တာအောက်အကန့်ထဲမှာ ၂ရက်လောက်ပဲ အထားခံပြီး အပေါ်ကန့်မှာဆိုရင်တော့ ၄လလောက်ထိ အခဲခံထားလို့ရပါတယ်။ ငါးတွေဆိုရင်လည်း ဒီအချိန်လောက်ပဲ အထားခံပါတယ်။

ဝက်အူချောင်း၊ ကြက်အူချောင်းတွေ

ကိုရီးယားကင်လို့လည်း လူသိများတဲ့ အသားချောင်းတွေအပြင် တခြား အေးခဲထားလို့ရတဲ့ အသင့်ကြော်စားရုံ အစားအစာတွေဆိုရင် အထုပ်မဖွင့်ခင် ရေခဲသေတ္တာ အောက်အကန့်ထဲမှာ အနည်းဆုံး ၂ပတ်လောက်ခံပြီး ဖွင့်ပြီးသားအထုပ်ကိုတော့ ၅ရက်အတွင်း ကုန်အောင်စားပေးရပါမယ်။ ရေခဲတဲ့ အကန့်ထဲမှာ သိမ်းထားမယ်ဆိုရင်တော့ ၁လ ကနေ ၂လလောက်ထိ ခံပါတယ်။

ဝက်ပေါင်ခြောက်

ဝက်ပေါင်ခြောက်ကတော့ ရေခဲသေတ္တာ အောက်အကန့်မှာဆိုရင် ၁ပတ်လောက်ပဲ အထားခံပြီး ရေခဲသေတ္တာ အပေါ်ကန့် အခဲခန်းထဲမှာ သိမ်းရင်တော့ ၁လလောက်ထိ အထားခံပါတယ်။

ကြက်ဥ

ကြက်ဥအစိမ်းကိုတော့ အပေါ်ကန့် အခဲခန်းထဲမှာ သိမ်းလို့မရဘဲ အောက်အကန့်မှာသာ သိမ်းဆည်းလို့ရပါတယ်။ ပုံမှန်အားဖြင့် ကြက်ဥအစိမ်းသည် ၁လလောက်အထိ ရေခဲသေတ္တာထဲ အထားခံပြီး ပြုတ်ပြီးသားကြက်ဥဆိုရင်တော့ တစ်ပတ်ထက် ပိုမခံပါဘူး။

အသားတွေ စနစ်တကျ သိမ်းဆည်းတော့မယ်ဆိုရင်

အသားတွေကို ရေခဲသေတ္တာထဲ ဘယ်လောက်တာရှည်ခံမလဲဆိုတာ ပြောပြပြီးပြီဆိုတော့ စနစ်တကျ ဘယ်လိုသိမ်းဆည်းသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

အရင်ဆုံး အသားငါးတွေကို ဈေးကဝယ်လာပြီးတာနဲ့ ရေစင်အောင် သေချာဆေးကြောပေးရပါမယ်။

အသားတွေကို သေချာဆေးပြီးပြီဆိုတာနဲ့ ရေခဲသေတ္တာထဲ ထည့်ဖို့၊ ထုပ်ပိုးပေးဖို့ ပြင်ဆင်ရပါမယ်။

ဘူးထဲမှာ လေအလုံပိတ်ထည့်ထားတာမျိုးဖြစ်စေ၊ Zip Lock ပလတ်စတစ် ဇစ်ပိတ် လေလုံအိတ်တွေထဲ သိမ်းထားတာမျိုးဖြစ်ဖြစ် သေချာထုပ်ပိုးပြီးမှသာ ရေခဲသေတ္တာထဲ ထည့်သိမ်းပေးပါ။

အသားငါးတွေကို သပ်သပ်နေရာဖယ်ထားပြီး သိမ်းပါ။ အသီးအရွက်တွေနဲ့ လုံးဝမရောပါနဲ့။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

အသားစိမ္းေတြကိုတာ႐ွည္ခံေအာင္ ေရခဲေသတၱာထဲ ဘယ္လိုသိမ္းထားသင့္လဲ

ခုေခတ္ အိမ္႐ွင္မေတြထဲမွာ ေန႔တိုင္းေစ်းသြားၿပီး ခ်က္ျပဳတ္စားေသာက္တဲ့သူ အေတာ္ကိုနည္းသြားပါၿပီ။ အိမ္အလုပ္ကတစ္ဖက္၊ အျခားအျပင္အလုပ္ကတစ္ဖက္ တြဲၿပီးလုပ္လာၾကတဲ့သူ မ်ားလာတာေၾကာင့္ ေရခဲေသတၱာဆိုတာ အိမ္ေထာင္႐ွင္ အမ်ိဳးသမီးေတြအတြက္ အဆင္အေျပဆုံး ပစၥည္းသိမ္းဆည္းစရာ ေနရာျဖစ္လာပါၿပီ။

ဒါေပမယ့္ ေရခဲေသတၱာထဲမွာ စားစရာေတြကို ေသခ်ာမသိမ္းထားတတ္ရင္ က်န္းမာေရးအေပၚ ဆိုးက်ိဳးေတြ အမ်ားႀကီးသက္ေရာက္ႏိုင္ပါတယ္။ အေရးအႀကီးဆုံးကေတာ့ အသားစိမ္းေတြေပါ့။ အသားစိမ္း၊ ငါးစိမ္းဆိုတာ ဘက္တီးရီးယားေတြ အျပည့္ျဖစ္ေနတတ္လို႔ ေသခ်ာမသိမ္းထားရင္ ေရခဲေသတၱာဆိုတာ ဘက္တီးရီးယားတို႔ ေပါက္ဖြားရာ အသိုက္အျမဳံႀကီး ျဖစ္သြားႏိုင္ပါတယ္။

ေရခဲေသတၱာထဲ ထည့္ထားလို႔ အသားငါးေတြ လုံးဝပုပ္မသြားႏိုင္ဘူးဆိုတဲ့ အယူအဆကလည္း မွားေနတဲ့အရာတစ္ခုပါ။ ေရခဲေသတၱာထဲ ဘယ္ေလာက္ထည့္ထည့္ အသားေတြမွာလည္း သက္တမ္းကုန္ဆုံးရက္႐ွိပါတယ္။ ဒီေတာ့ အသားငါးေတြကို ေရခဲေသတၱာထဲ ဘယ္လိုသိမ္းဆည္းမလဲ၊ ဘယ္ေလာက္တာ႐ွည္ခံႏိုင္မလဲဆိုတာ အိမ္တစ္အိမ္ရဲ႕ စားဝတ္ေနေရးနဲ႔ က်န္းမာေရးတာဝန္ယူထားတဲ့ အိမ္႐ွင္မတိုင္း သိထားဖို႔ လိုတယ္ေနာ္။

ေရခဲေသတၱာရဲ႕ အစိတ္အပိုင္းေတြကို အရင္ေလ့လာၾကည့္ရေအာင္။

အသားေတြ သိမ္းဆည္းတဲ့အေၾကာင္း မေျပာခင္ ေရခဲေသတၱာအေၾကာင္း အရင္သိဖို႔လိုပါတယ္။ ေရခဲေသတၱာဆိုတာ ေအးခဲေနတဲ့ ေနရာတစ္ခုျဖစ္ေပမယ့္ သူ႕ကိုအၾကမ္းအားျဖဖင့္ အကန္႔ ၂ကန္႔ ခြဲထားတယ္ဆိုတာ လူတိုင္းသိၾကမွာပါ။ ေရခဲ​ေစတဲ့ အေပၚကန္႔နဲ႔ ဒီအတိုင္း အေအးဓာတ္ေပးတဲ့ ေအာက္အကန္႔အက်ယ္ႀကီး ၂ခုေပါ့။ အသားေတြကို ထုတ္ပိုးသိမ္းဆည္းတဲ့ေနရာမွာ ဒီအကန္႔ေတြကလည္း အလြန္အေရးႀကီးပါတယ္။

အနီေရာင္႐ွိတဲ့ အသားေတြ

အမဲသား၊ ဝက္သားတို႔ဆိုတာ ေရခဲေသတၱာ ေအာက္အကန္႔မွာဆိုရင္ ၅ရက္ေလာက္ အထားခံၿပီး အေပၚကန္႔ အခဲခန္းထဲမွာဆိုရင္ ၁ႏွစ္ေလာက္ထိ ပ်မ္းမွ်အားျဖင့္ သိမ္းဆည္းထားႏိုင္ပါတယ္။ ေအးခဲၿပီး အႏုတ္ျပေနတဲ့ အပူခ်ိန္မ်ိဳးေတာ့ ျဖစ္ဖို႔လိုပါတယ္။

ႀကိတ္ထားတဲ့ အသားမ်ား

ၾကက္သား၊ အမဲသား၊ ဝက္သားစသျဖင့္ အသားေတြကို ဓားနဲ႔ ႏုတ္ႏုတ္စဥ္းထားတာ၊ ေသခ်ာႀကိတ္ထားတာမ်ိဳးဆိုရင္ ေရခဲေသတၱာေအာက္အကန္႔ထဲမွာ ၂ရက္ေလာက္ပဲ အထားခံၿပီး အေပၚကန္႔မွာဆိုရင္ေတာ့ ၄လေလာက္ထိ အခဲခံထားလို႔ရပါတယ္။ ငါးေတြဆိုရင္လည္း ဒီအခ်ိန္ေလာက္ပဲ အထားခံပါတယ္။

ဝက္အူေခ်ာင္း၊ ၾကက္အူေခ်ာင္းေတြ

ကိုရီးယားကင္လို႔လည္း လူသိမ်ားတဲ့ အသားေခ်ာင္းေတြအျပင္ တျခား ေအးခဲထားလို႔ရတဲ့ အသင့္ေၾကာ္စား႐ုံ အစားအစာေတြဆိုရင္ အထုပ္မဖြင့္ခင္ ေရခဲေသတၱာ ေအာက္အကန္႔ထဲမွာ အနည္းဆုံး ၂ပတ္ေလာက္ခံၿပီး ဖြင့္ၿပီးသားအထုပ္ကိုေတာ့ ၅ရက္အတြင္း ကုန္ေအာင္စားေပးရပါမယ္။ ေရခဲတဲ့ အကန္႔ထဲမွာ သိမ္းထားမယ္ဆိုရင္ေတာ့ ၁လ ကေန ၂လေလာက္ထိ ခံပါတယ္။

ဝက္ေပါင္ေျခာက္

ဝက္ေပါင္ေျခာက္ကေတာ့ ေရခဲေသတၱာ ေအာက္အကန္႔မွာဆိုရင္ ၁ပတ္ေလာက္ပဲ အထားခံၿပီး ေရခဲေသတၱာ အေပၚကန္႔ အခဲခန္းထဲမွာ သိမ္းရင္ေတာ့ ၁လေလာက္ထိ အထားခံပါတယ္။

ၾကက္ဥ

ၾကက္ဥအစိမ္းကိုေတာ့ အေပၚကန္႔ အခဲခန္းထဲမွာ သိမ္းလို႔မရဘဲ ေအာက္အကန္႔မွာသာ သိမ္းဆည္းလို႔ရပါတယ္။ ပုံမွန္အားျဖင့္ ၾကက္ဥအစိမ္းသည္ ၁လေလာက္အထိ ေရခဲေသတၱာထဲ အထားခံၿပီး ျပဳတ္ၿပီးသားၾကက္ဥဆိုရင္ေတာ့ တစ္ပတ္ထက္ ပိုမခံပါဘူး။

အသားေတြ စနစ္တက် သိမ္းဆည္းေတာ့မယ္ဆိုရင္

အသားေတြကို ေရခဲေသတၱာထဲ ဘယ္ေလာက္တာ႐ွည္ခံမလဲဆိုတာ ေျပာျပၿပီးၿပီဆိုေတာ့ စနစ္တက် ဘယ္လိုသိမ္းဆည္းသင့္လဲဆိုတာနဲ႔ ပတ္သက္ၿပီး ေျပာျပေပးခ်င္ပါတယ္။

အရင္ဆုံး အသားငါးေတြကို ေစ်းကဝယ္လာၿပီးတာနဲ႔ ေရစင္ေအာင္ ေသခ်ာေဆးေၾကာေပးရပါမယ္။

အသားေတြကို ေသခ်ာေဆးၿပီးၿပီဆိုတာနဲ႔ ေရခဲေသတၱာထဲ ထည့္ဖို႔၊ ထုပ္ပိုးေပးဖို႔ ျပင္ဆင္ရပါမယ္။

ဘူးထဲမွာ ေလအလုံပိတ္ထည့္ထားတာမ်ိဳးျဖစ္ေစ၊ Zip Lock ပလတ္စတစ္ ဇစ္ပိတ္ ေလလုံအိတ္ေတြထဲ သိမ္းထားတာမ်ိဳးျဖစ္ျဖစ္ ေသခ်ာထုပ္ပိုးၿပီးမွသာ ေရခဲေသတၱာထဲ ထည့္သိမ္းေပးပါ။

အသားငါးေတြကို သပ္သပ္ေနရာဖယ္ထားၿပီး သိမ္းပါ။ အသီးအ႐ြက္ေတြနဲ႔ လုံးဝမေရာပါနဲ႔။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

Upcoming Property Events

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service