ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
7036 Views

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

Knowledge | Posted by Hnin Ei Khin

[Unicode]

မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ဆောင်းရာသီအချိန်ကာလတွေကလွဲပြီး အချိန်အတော်များများဟာ ပူပြင်းတာကြောင့် ညဘက်အိပ်တဲ့အခါ ပန်ကာကိုအများအပြား အသုံးပြုကြတာကို တွေ့ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ညဘက် လေအေးလေးရအောင် အနီးနားမှာ ပန်ကာလေးဖွင့်ပြီး အိပ်လေ့ရှိတဲ့သူတွေအတွက် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးလေးတွေနဲ့ ပန်ကာဖွင့်ပြီး အိပ်မယ့်အစား အေးအေးချမ်းချမ်းအိပ်နိုင်အောင် အခြားလုပ်ဆောင်နိုင်မယ့် နည်းလမ်းတချို့ကို ဝေမျှပေးသွားချင်ပါတယ်။

ညဘက်ပန်ကာလေခံပြီး အိပ်တဲ့အခါ

၁။ နှာစေး၊ နှာပိတ်စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာတွေကို ဖြစ်စေပါတယ်။

ပန်ကာကလာတဲ့လေဟာ သင့်ရဲ့ ပါးစပ်၊ နှာခေါင်းနဲ့ လည်ချောင်းတွေတစ်လျှောက်မှာ ရှိတဲ့ အရေပြားကို ခြောက်သွေ့စေပါတယ်။ အဲဒီလို အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ ခြောက်သွေ့သွားတဲ့အတွက် mucus လို့ခေါ်တဲ့ အချွဲတွေထွက်လာပြီး နှာပိတ်၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဟောက်ခြင်း စတဲ့ပြသနာတွေကို ဖြစ်လာစေပါတယ်။ ပန်ကာဖွင့်အိပ်ပြီး ဒီလိုပြသနာတွေ ဖြစ်လာပြီဆိုရင်တော့ အခန်းထဲမှာ humidifier လေးကိုပါ ဖွင့်ထားသင့်ပြီး၊ ရေများများသောက်၊ ရေဓာတ်ပြည့်ဝအောင်နေသင့်ပါတယ်။

၂။ ဓာတ်မတည့်ခြင်းပြဿနာ (allergies) ဖြစ်နိုင်ခြင်း။

ပန်ကာမှာ ကပ်တွယ်နေနိုင်တဲ့ ဖုန်မှုန့်၊ အညစ်အကြေးတွေ အပြင် လေထုထဲမှာရှိနေတဲ့ အမှုန်အမွှားတွေဟာ ပန်ကာလေနဲ့အတူ ပါလာနိုင်ပြီး နှာရည်ယိုခြင်း၊ လည်ချောင်းယားခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မျက်လုံးနီစပ်လာခြင်း စတဲ့ ဓာတ်မတည့်တဲ့ ရောဂါလက္ခဏာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ပန်းနာရင်ကြပ်ရောဂါအခံ ရှိပြီးသားသူတွေအနေနဲ့ ပန်ကာနဲ့ အိပ်မယ်ဆိုရင် ပိုပြီး ဂရုစိုက်သင့်ပါတယ်။

၃။ မျက်လုံးနဲ့ အသားအရေခြောက်သွေ့လာခြင်း။

ပန်ကာကလာတဲ့ လေဟာ အသားအရေကို ရေဓာတ်ခမ်းခြောက်စေပြီး ကြာလာတဲ့အခါ အသားအရေကို မွဲခြောက်ခြောက်ဖြစ်လာစေတာကြောင့် moisturizer သေချာပြန်လိမ်းပေးဖို့ လိုအပ်ပါတယ်။ မျက်လုံးကိုလည်း ခြောက်သွေ့စေတာကြောင့် မျက်လုံးနီလာခြင်း၊ စပ်ခြင်း၊ ယားခြင်း စတဲ့ပြသနာတွေ မဖြစ်အောင် eye drop (သို့) မျက်စဉ်းဆေးရည်လေးတွေ အသုံးပြုပေးသင့်ပါတယ်။

၄။ ကြွက်သားများနာကျင်ခြင်း။

ပုံမှန်အတိုင်းတိုက်တဲ့ လေမဟုတ်ဘဲ ပန်ကာကလာတဲ့ ပြင်းထန်တဲ့လေဟာ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိတွေ့မယ်ဆိုရင် ကြွက်သားတွေကို တင်းစေပြီး ကြွက်တက်ခြင်း၊ ကြွက်သားနာကျင်ခြင်းတွေကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ပန်ကာနဲ့ အိပ်မယ်ဆိုရင်တောင် ဒီလို ပြဿနာတွေ မဖြစ်စေဖို့ ပန်ကာကို ကိုယ့်ဆီတိုက်ရိုက်အနေအထားမှာ မထားဖို့ နဲ့ အဝေးမှာထားဖို့ ဂရုစိုက်ပေးရပါမယ်။

ဒါ့ကြောင့် အိပ်တဲ့အချိန်မှာ ပန်ကာကို အသုံးပြုမှဖြစ်မယ်ဆိုရင် အရှေ့မှာ ဖော်ပြခဲ့သလိုမျိုး ဆိုးကျိုးတွေမဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။ ဒါ့အပြင် ပန်ကာအစား ပူပြင်းတဲ့ရာသီကို အန်တုပြီး အေးအေးချမ်းချမ်းအိပ်ပျော်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

၁။ cooling mattress မျိုးနဲ့ အိပ်ပါ။

အိပ်ရာ၊ မွေ့ရာတွေကို ရွေးချယ်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ အပူတွေကိုဖယ်ရှားပေးနိုင်ပြီး လေဝင်လေထွက်ကောင်းစေတဲ့ charcoal, gel infusion, copper စတဲ့နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ cooling mattress မျိုးကို အသုံးပြုနိုင်ပါတယ်။

၂။ သင့်တော်တဲ့ ညအိပ်ဝတ်တွေကို ရွေးချယ်ပါ။

ပေါ့ပေါ့ပါးပါးနဲ့ နူးညံ့တဲ့ cotton ၊ ချည် စတဲ့ အသားတွေနဲ့ ချုပ်ထားတဲ့ ညဝတ်မျိုးက သင့်ကို ညဘက်မှာ အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

၃။ နေ့ဘက်မှာ အခန်းကို လေဝင်လေထွက်ကောင်းအောင် တံခါးဖွင့်ထားပါ။

၄။ မအိပ်ခင် ရေချိုးပါ။

ရေချိုးခြင်းဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အပူတွေကို ကျဆင်းစေတာကြောင့် မအိပ်ခင်မှာ ရေချိုးတာကလည်း အိပ်တဲ့အချိန်မှာ အေးအေးချမ်းချမ်းအိပ်နိုင်ဖို့အတွက် အကူညီပေးနိုင်ပါလိမ့်မယ်။

မွေးကင်းစကလေးငယ်လေးတွေအတွက်တော့ အခန်းထဲမှာ ပန်ကာအသုံးပြုခြင်းဟာ လေဝင်လေထွက်မကောင်းတဲ့ အလုံပိတ် အခန်းတွေထဲမှာ နေရတဲ့ လေးငယ်တွေထက် SIDS (sudden infant death syndrome) လို့ခေါ်တဲ့ မွေးကင်းစကလေးငယ် ရုတ်တရက်သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေအရတွေ့ရှိရပါတယ်။ ကလေးငယ်ကို ပန်ကာလေတိုက်ရိုက် မရောက်ဖို့တော့ လိုပါတယ်။ လေသိပ်မပြင်းဖို့လည်း လိုပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Khine Phoo Ngon

 

[Zawgyi]

ညဘက္ ပန္ကာဖြင့္ၿပီး အိပ္မယ္ဆိုရင္

ျမန္မာႏိုင္ငံရဲ႕ ရာသီဥတုဟာ ေဆာင္းရာသီအခ်ိန္ကာလေတြကလြဲၿပီး အခ်ိန္အေတာ္မ်ားမ်ားဟာ ပူျပင္းတာေၾကာင့္ ညဘက္အိပ္တဲ့အခါ ပန္ကာကိုအမ်ားအျပား အသုံးျပဳၾကတာကို ေတြ႕ရပါတယ္။ ဒီေဆာင္းပါးေလးမွာေတာ့ ညဘက္ ေလေအးေလးရေအာင္ အနီးနားမွာ ပန္ကာေလးဖြင့္ၿပီး အိပ္ေလ့႐ွိတဲ့သူေတြအတြက္ ျဖစ္လာႏိုင္တဲ့ က်န္းမာေရးဆိုးက်ိဳးေလးေတြနဲ႔ ပန္ကာဖြင့္ၿပီး အိပ္မယ့္အစား ေအးေအးခ်မ္းခ်မ္းအိပ္ႏိုင္ေအာင္ အျခားလုပ္ေဆာင္ႏိုင္မယ့္ နည္းလမ္းတခ်ိဳ႕ကို ေဝမွ်ေပးသြားခ်င္ပါတယ္။

ညဘက္ပန္ကာေလခံၿပီး အိပ္တဲ့အခါ

၁။ ႏွာေစး၊ ႏွာပိတ္စတဲ့ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ျပသနာေတြကို ျဖစ္ေစပါတယ္။

ပန္ကာကလာတဲ့ေလဟာ သင့္ရဲ႕ ပါးစပ္၊ ႏွာေခါင္းနဲ႔ လည္ေခ်ာင္းေတြတစ္ေလွ်ာက္မွာ ႐ွိတဲ့ အေရျပားကို ေျခာက္ေသြ႕ေစပါတယ္။ အဲဒီလို အသက္႐ွဴလမ္းေၾကာင္းတစ္ေလွ်ာက္မွာ ေျခာက္ေသြ႕သြားတဲ့အတြက္ mucus လို႔ေခၚတဲ့ အခြၽဲေတြထြက္လာၿပီး ႏွာပိတ္၊ ႏွာေစးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခါင္းကိုက္ျခင္း၊ ေဟာက္ျခင္း စတဲ့ျပသနာေတြကို ျဖစ္လာေစပါတယ္။ ပန္ကာဖြင့္အိပ္ၿပီး ဒီလိုျပသနာေတြ ျဖစ္လာၿပီဆိုရင္ေတာ့ အခန္းထဲမွာ humidifier ေလးကိုပါ ဖြင့္ထားသင့္ၿပီး၊ ေရမ်ားမ်ားေသာက္၊ ေရဓာတ္ျပည့္ဝေအာင္ေနသင့္ပါတယ္။

၂။ ဓာတ္မတည့္ျခင္းျပႆနာ (allergies) ျဖစ္ႏိုင္ျခင္း။

ပန္ကာမွာ ကပ္တြယ္ေနႏိုင္တဲ့ ဖုန္မႈန္႔၊ အညစ္အေၾကးေတြ အျပင္ ေလထုထဲမွာ႐ွိေနတဲ့ အမႈန္အမႊားေတြဟာ ပန္ကာေလနဲ႔အတူ ပါလာႏိုင္ၿပီး ႏွာရည္ယိုျခင္း၊ လည္ေခ်ာင္းယားျခင္း၊ အသက္႐ွဴရခက္ခဲျခင္း၊ မ်က္လုံးနီစပ္လာျခင္း စတဲ့ ဓာတ္မတည့္တဲ့ ေရာဂါလကၡဏာေတြကို ျဖစ္လာေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ပန္းနာရင္ၾကပ္ေရာဂါအခံ ႐ွိၿပီးသားသူေတြအေနနဲ႔ ပန္ကာနဲ႔ အိပ္မယ္ဆိုရင္ ပိုၿပီး ဂ႐ုစိုက္သင့္ပါတယ္။

၃။ မ်က္လုံးနဲ႔ အသားအေရေျခာက္ေသြ႕လာျခင္း။

ပန္ကာကလာတဲ့ ေလဟာ အသားအေရကို ေရဓာတ္ခမ္းေျခာက္ေစၿပီး ၾကာလာတဲ့အခါ အသားအေရကို မြဲေျခာက္ေျခာက္ျဖစ္လာေစတာေၾကာင့္ moisturizer ေသခ်ာျပန္လိမ္းေပးဖို႔ လိုအပ္ပါတယ္။ မ်က္လုံးကိုလည္း ေျခာက္ေသြ႕ေစတာေၾကာင့္ မ်က္လုံးနီလာျခင္း၊ စပ္ျခင္း၊ ယားျခင္း စတဲ့ျပသနာေတြ မျဖစ္ေအာင္ eye drop (သို႔) မ်က္စဥ္းေဆးရည္ေလးေတြ အသုံးျပဳေပးသင့္ပါတယ္။

၄။ ႂကြက္သားမ်ားနာက်င္ျခင္း။

ပုံမွန္အတိုင္းတိုက္တဲ့ ေလမဟုတ္ဘဲ ပန္ကာကလာတဲ့ ျပင္းထန္တဲ့ေလဟာ ခႏၶာကိုယ္ကို တိုက္႐ိုက္ထိေတြ႕မယ္ဆိုရင္ ႂကြက္သားေတြကို တင္းေစၿပီး ႂကြက္တက္ျခင္း၊ ႂကြက္သားနာက်င္ျခင္းေတြကို ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ပန္ကာနဲ႔ အိပ္မယ္ဆိုရင္ေတာင္ ဒီလို ျပႆနာေတြ မျဖစ္ေစဖို႔ ပန္ကာကို ကိုယ့္ဆီတိုက္႐ိုက္အေနအထားမွာ မထားဖို႔ နဲ႔ အေဝးမွာထားဖို႔ ဂ႐ုစိုက္ေပးရပါမယ္။

ဒါ့ေၾကာင့္ အိပ္တဲ့အခ်ိန္မွာ ပန္ကာကို အသုံးျပဳမွျဖစ္မယ္ဆိုရင္ အေ႐ွ႕မွာ ေဖာ္ျပခဲ့သလိုမ်ိဳး ဆိုးက်ိဳးေတြမျဖစ္ေအာင္ ဂ႐ုစိုက္သင့္ပါတယ္။ ဒါ့အျပင္ ပန္ကာအစား ပူျပင္းတဲ့ရာသီကို အန္တုၿပီး ေအးေအးခ်မ္းခ်မ္းအိပ္ေပ်ာ္ႏိုင္ဖို႔ ေအာက္ပါနည္းလမ္းေတြကိုလည္း အသုံးျပဳႏိုင္ပါတယ္။

၁။ cooling mattress မ်ိဳးနဲ႔ အိပ္ပါ။

အိပ္ရာ၊ ေမြ႕ရာေတြကို ေ႐ြးခ်ယ္တဲ့အခါမွာ ခႏၶာကိုယ္ရဲ႕ အပူေတြကိုဖယ္႐ွားေပးႏိုင္ၿပီး ေလဝင္ေလထြက္ေကာင္းေစတဲ့ charcoal, gel infusion, copper စတဲ့နည္းပညာေတြနဲ႔ ထုတ္လုပ္ထားတဲ့ cooling mattress မ်ိဳးကို အသုံးျပဳႏိုင္ပါတယ္။

၂။ သင့္ေတာ္တဲ့ ညအိပ္ဝတ္ေတြကို ေ႐ြးခ်ယ္ပါ။

ေပါ့ေပါ့ပါးပါးနဲ႔ ႏူးညံ့တဲ့ cotton ၊ ခ်ည္ စတဲ့ အသားေတြနဲ႔ ခ်ဳပ္ထားတဲ့ ညဝတ္မ်ိဳးက သင့္ကို ညဘက္မွာ အပူဒဏ္ကို ၾကံ့ၾကံ့ခံႏိုင္ဖို႔ ကူညီေပးႏိုင္ပါတယ္။

၃။ ေန႔ဘက္မွာ အခန္းကို ေလဝင္ေလထြက္ေကာင္းေအာင္ တံခါးဖြင့္ထားပါ။

၄။ မအိပ္ခင္ ေရခ်ိဳးပါ။

ေရခ်ိဳးျခင္းဟာ ခႏၶာကိုယ္ထဲမွာ႐ွိတဲ့ အပူေတြကို က်ဆင္းေစတာေၾကာင့္ မအိပ္ခင္မွာ ေရခ်ိဳးတာကလည္း အိပ္တဲ့အခ်ိန္မွာ ေအးေအးခ်မ္းခ်မ္းအိပ္ႏိုင္ဖို႔အတြက္ အကူညီေပးႏိုင္ပါလိမ့္မယ္။

ေမြးကင္းစကေလးငယ္ေလးေတြအတြက္ေတာ့ အခန္းထဲမွာ ပန္ကာအသုံးျပဳျခင္းဟာ ေလဝင္ေလထြက္မေကာင္းတဲ့ အလုံပိတ္ အခန္းေတြထဲမွာ ေနရတဲ့ ေလးငယ္ေတြထက္ SIDS (sudden infant death syndrome) လို႔ေခၚတဲ့ ေမြးကင္းစကေလးငယ္ ႐ုတ္တရက္ေသဆုံးႏိုင္ေျခကို ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ ေလ့လာခ်က္ေတြအရေတြ႕႐ွိရပါတယ္။ ကေလးငယ္ကို ပန္ကာေလတိုက္႐ိုက္ မေရာက္ဖို႔ေတာ့ လိုပါတယ္။ ေလသိပ္မျပင္းဖို႔လည္း လိုပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Khine Phoo Ngon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service