“သန်လျင်မြေနေရာ” ကြိုက်တာတစ်ခုဘဲသိတယ် တကယ်ဝယ်မှ သက်တမ်းကုန်ဂရန်မြေဖြစ်နေတယ် - Property Knowledge in Myanmar from iMyanmarHouse.com
1218 Views

“သန်လျင်မြေနေရာ” ကြိုက်တာတစ်ခုဘဲသိတယ် တကယ်ဝယ်မှ သက်တမ်းကုန်ဂရန်မြေဖြစ်နေတယ်

Knowledge | Posted by Zarni Kyaw

[Unicode]

လွန်ခဲ့သောနှစ်က အိမ်အဝယ်စာချုပ်ချုပ်ဆိုပေးခဲ့သော မိတ်ဆွေကောင်းထက်ဇော် ရဲ့ မိတ်ဆက်ပေးမှုကြောင့် ကျွန်ုပ်နှင့် ကိုဇော်လွင်ထွဋ် တို့ သိကျွမ်းခွင့်ရခဲ့ပါတယ်။ သူတို့နှစ်ယောက်ကလည်း သူငယ်ချင်းဖြစ်သလို၊ ဝါသနာတူ သင်္ဘောသားတွေ ဖြစ်ကြပါတယ်။ ဇော်လွင်ထွဋ် နိုင်ငံခြားမှ ရန်ကုန်ပြန်ရောက်တုန်း သန်လျင်အောင်ချမ်းသာမှာနေတဲ့ ကောင်းထက်ဇော် အိမ်သွားလည်ရင်းက သူနေတဲ့နေရာလေးကို သဘောကျပြီး အခုလို ခြံကွက်ဝယ်ဖို့ စိတ်ကူးပေါ်လာတယ်လို့ ဆိုပါတယ်။

လူဆိုတာ ကိုယ်ထင်ရင် ကုတင် ဟာ ရွှေနန်းတော်ဘဲ

“ ကောင်းထက်ဇော်” တို့နေထိုင်တဲ့ အောင်ချမ်းသာ (..) ရပ်ကွက်ကလည်း ရောက်ဖူးသူတိုင်း စ်ိတ်ဝင်စားကြပါတယ်။ တောင်ကြောလေးမှာ မြို့ကွက်ရိုက်ထားတာဖြစ်တဲ့အတွက် နေရာအနေအထားက တောင်ကြီးမြို့ရောက်နေသလိုကို ခံစားရပါတယ်။ တောင်စောင်းလေးဖြစ်နေတဲ့အတွက် ရေမအိုင်၊ ခြင်မခိုနိုင်တဲ့နေရာလေးပါ။ မြေကလည်း နီရဲနေပြီး မြေသြဇာကောင်းတာမို့ အဝေးမှကြည့်ရင် စိမ်းစိုနေတဲ့ ဥယျာဉ်ကြီးတစ်ခုနဲ့ တူနေပါတယ်။ VIP ရပ်ကွက်တစ်ခုလို့ လည်းဆိုနိုင်ပါတယ်။ လမ်းအမည်တွေကို စစ်ဗ်ိုလ်နာမည်တွေပေးထားတာကို က ထူးခြားချက်တစ်ခုလို့ဆိုနိုင်ပါတယ်။

ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ကိုနိုင်နိုင် နဲ့ဆက်သွယ်ကြည့်မိရာ အခုရောက်းမယ့်မြေကွက်ကို ပိုင်ရှင်ကလာအပ်ထားတာ (၃) ရက်လောက်ပဲရှိသေးတယ်လို့ဆိုပါတယ်။ နေရာကတော့ ဂုတ်ကွက်နေရာပါ အခြားနေရာ (၃) နေရာလောက်လ်ိုက်ပြပေမဲံ ဒီနေရာလေးကိုမှ ဇော်လွင်ထွဋ် က သဘောကျနေတာပါ။ မြေကွက်ရောင်းသူကတော့ မြေအကျယ် (၄၀ x ၇၅) ရှိတာမို့ သိန်း(၇၀၀) လောက်ဈေးခေါ်ပါတယ်။ ရောင်းတဲ့သူက ဟ်ိန္ဒူလူမျိုးဆိုတော့ အမြတ်မရရင် ရောင်းမှာမဟုတ်ဘူးဆိုတာသိနေတယ်။ ဒါကြောင့် ရောင်းသူ တစ်ဆယ်၊ ဝယ်သူ ငါးကျပ် ဈေးဆစ်ရပြန်တာပေါ့။ နောက်ဆုံး သိန်း (၅၀၀) ဈေးပြတ်ဖို့ဖြစ်ပေမဲ့ ပွဲစားခ တင်ရိုက်ထားလို့ အစွန်းထွက်ပါဝယ်သူက ပေးလိုက်ရသေးတယ်။

မသိသူကျော်သွား၊ သိသူဖော်စားရောင်းသူကဈေးတင်ထား

ပွဲမပျက်ဖို့စရန်ငွေ စတိ (၅)သိန်းလောက်ပေးမှ ရောင်းသူက မြေဂရန်တွေထုတ်ပြတယ်။ ဝယ်ထားတဲ့စာချုပ်ကိုထုတ်ပြတယ်။ အဲဒီမှာမှ ဝယ်ဈေးကို သိလိုက်ရတယ်။ သိန်း (၄၀၀) ကျော်နဲ့ ဝယ်ထားတယ်ဆိုတာ သိလိုက်ရတယ်။ အေးလေ အရောင်းအဝယ်လောကမှာတော့ မသိသူကျော်သွား၊ သိသူဖော်စား ဆိုရိုးအတိုင်းပါဘဲ။ ဝယ်သူကကြိုက်ပြီဆိုရင်ဒီလိုဘဲ ဈေးကတင်ရိုက်ကြတာဘဲ မူလဂရန်အမည်ပေါက်သူနဲ့မှ ကိုယ်က မဆုံခဲ့ရတာကိုး။

ဒါနဲ့ စရန်ကြီးချမယ့်နှေ့မှာတော့ ရှေ့နေခေါ်လို့ မောင်ကောင်းဖေ လိုက်သွားခဲ့ရတာပေါ့။ ထုံစံအတိုင်း ဂရန်မြေမှန်ကန်မှုရှိမရှိ သန်လျင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့မြေစာရင်မှာ ဂရန်မူရင်းပြပြီး စစ်ဆေးကြည့်ရတာပေါ့။ ဂရန်မြေစစ်ဆေးကြည့်တော့ (၁၀) နှစ်ဂရန်ဖြစ်နေတယ်။ ၁၉၉၈ ခုနှစ်က ထုတ်ပေးထားခဲ့တာ အခု ၂၀၂၀ ခုနှစ်ဆိုတော့ အနှစ် (၃၀) ကျော်နေပြီလေ။ ဂရန်သက်တမ်းကုန်နေပြီ။

ဒါဆိုရင် ဂရန်သက်တမ်းတိုးပြီးမှ စရန်ငွေပေးရင်မကောင်းဘူးလားဆိုတဲ့ အတွေးတစ်ခုဝင်လာတယ်။ ဂရန်ကလည်း တစ်ခြားသူရဲ့ အမည်ပေါက်မြေ ဝယ်ထားတာမကြာသေးတော့ ရောင်းသူလက်ထဲမှာ အရပ်ကတိအဝယ်စာချုပ်တစ်ခုဘဲရှိတယ်။ ဂရန်အမည်ပေါက်ထဲက Special Power ယူထားတာလည်းမရှိဘူးလေ။ အင်း…… ဒါဆိုရင်တော့ အရောင်းအဝယ်က ပွဲပျက်တော့မယ့် အခြေအနေဖြစ်လာတယ်။

ရောင်းသူရဲ့ လျှို့ဝှက်ချက်

ဒီတော့မှ ရောင်းသူက ပြာပြာသလဲ ဖြစ်ပြီး မြေစာရင်းဌာနက တာဝန်ရှိသူလူငယ်တစ်ယောက်ကို ခေါ်လာတယ်။ သူကိုရှင်းပြပေးဖို့ပေါ့။ အဲဒီတာဝန်ခံရှင်းပြချက်အရ အခုပြန်ရောင်းတဲ့ ရာဂျေး ကအမည်ပေါက်ထံက ဝယ်တယ်။ အမည်ပေါက်ပိုင်ရှင်က သူ့ကို SP ပါဝါမပေးနိုင်ဘူး။ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်တဲ့ နေ့မှလာပြီး လက်မှတ်ထိုးပေးမယ်လို့ ပြောထားတဲ့အတွက် အခု ရာဂျေး ကအရောင်းမြေပုံ ကူးနေတယ်။ မြေပုံရရင်အခွန်တင်မယ်။ အခွန်ဆောင်ပြီးရင် မှတ်ပုံတင်စာချုပ်ချုပ်ရမယ်။ အဲဒီလိုမှတ်ပုံတင်စာချုပ်ချုပ်ပြီးမှ သူကတဆင့်အခုဝယ်သူကိုဇော်လွင်ထွဋ် ကို Special Power ပြန်ပေးမယ်လို့ဆိုပါတယ်။

ဂရန်သက်တမ်းတိုးဖို့ ကိစ္စမေးကြည့်တော့ သန်လျင်ခရိုင်ထွေအုပ်ရုံးမှာ သက်တမ်းတိုးလို့ ရတယ်။ နိုင်ငံတော် သွင်းငွေက ကျပ်ငွေ သောင်းဂဏန်းဘဲရှိတယ်လို့ ပြောပါတယ်။ ဝယ်သူအမည်ပေါက်ဂရန်ဖြစ်လာဖို့ ခန့်မှန်ခြေ အချိန် (၃)လလောက်ပေးရတယ်လို့ သိရပါတယ်။ ဒီလိုရှင်းပြပေးဖို့ အဆင်သင့်ဖြစ်နေတာတွေရတဲ့အတွက် အရှုပ်အရှင်းကင်းတယ်ဆိုတာ ထင်ရှားသွားပါတယ်။

ဒီလိုဆိုရင်တော့ ရာဂျေး ကမှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို ဂရန်အမည်ပေါက်နဲ့ အရင်ချုပ်ဆိုမယ်။ သူတို့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ရရင် ဇော်လွင်ထွဋ် ကိုပြန်ရောင်းဖို့ အရောင်းမြေပုံပြန်ကူးမယ်။ မြေပုံရရင် ဇော်လွင်ထွဋ် တို့မှာ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ထပ်မံချုပ်မယ်။ မှတ်ပုံတင်စာချုပ်ရရင် ဇော်လွင်ထွဋ်အမည်နဲ့ နာမည်ပြောင်းမယ်။ ဂရန်သက်တမ်းတိုးလျှောက်မယ်။

ဒါဆိုရင် တစ်ခါတည်း ဇော်လွင်ထွဋ် ဂရန်အမည်ပေါက်ရမှာဖြစ်လို့ ရာဂျေးထံက SP ပါဝါလည်းယူစရာမလိုတော့ဘူးပေါ့။ ဒီလိုရှင်းရှင်းလင်းလင်းတာဝန်ခံထံက သိရတော့မှ ရောင်းသူဝယ်သူနှစ်ဘက်အဆင်ပြေသွားပြီး မြေကွက်အရောင်းအဝယ်စရန်ငွေပေး ကတိစာချုပ်ကို ချုပ်ဆိုလိုက်ကြပါတော့တယ်။ အော်.. ဒီလိုဆိုတော့လည်း အဆင်ပြေသားဘဲ ...

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

“သန္လ်င္ေျမေနရာ” ၾကိဳက္တာတစ္ခုဘဲသိတယ္ တကယ္ဝယ္မွ သက္တမ္းကုန္ဂရန္ေျမျဖစ္ေနတယ္

လြန္ခဲ့ေသာနွစ္က အိမ္အဝယ္စာခ်ဳပ္ခ်ဳပ္ဆိုေပးခဲ့ေသာ မိတ္ေဆြေကာင္းထက္ေဇာ္ ရဲ႕ မိတ္ဆက္ေပးမႈေၾကာင့္ ကၽြႏ္ုပ္နွင့္ ကိုေဇာ္လြင္ထြဋ္ တို႔ သိကၽြမ္းခြင့္ရခဲ့ပါတယ္။ သူတို႕နွစ္ေယာက္ကလည္း သူငယ္ခ်င္းျဖစ္သလို၊ ဝါသနာတူ သေဘၤာသားေတြ ျဖစ္ၾကပါတယ္။ ေဇာ္လြင္ထြဋ္ ႏိုင္ငံျခားမွ ရန္ကုန္ျပန္ေရာက္တုန္း သန္လ်င္ေအာင္ခ်မ္းသာမွာေနတဲ့ ေကာင္းထက္ေဇာ္ အိမ္သြားလည္ရင္းက သူေနတဲ့ေနရာေလးကို သေဘာက်ျပီး အခုလို ျခံကြက္ဝယ္ဖို႕ စိတ္ကူးေပၚလာတယ္လို႕ ဆိုပါတယ္။

လူဆိုတာ ကိုယ္ထင္ရင္ ကုတင္ ဟာ ေရႊနန္းေတာ္ဘဲ

“ ေကာင္းထက္ေဇာ္” တို႕ေနထိုင္တဲ့ ေအာင္ခ်မ္းသာ (..) ရပ္ကြက္ကလည္း ေရာက္ဖူးသူတိုင္း စိ္တ္ဝင္စားၾကပါတယ္။ ေတာင္ေၾကာေလးမွာ ျမိဳ႕ကြက္ရုိက္ထားတာျဖစ္တဲ့အတြက္ ေနရာအေနအထားက ေတာင္ၾကီးျမိဳ႕ေရာက္ေနသလိုကို ခံစားရပါတယ္။ ေတာင္ေစာင္းေလးျဖစ္ေနတဲ့အတြက္ ေရမအိုင္၊ ျခင္မခိုႏိုင္တဲ့ေနရာေလးပါ။ ေျမကလည္း နီရဲေနျပီး ေျမၾသဇာေကာင္းတာမို႕ အေဝးမွၾကည့္ရင္ စိမ္းစိုေနတဲ့ ဥယ်ာဥ္ၾကီးတစ္ခုနဲ႕ တူေနပါတယ္။ VIP ရပ္ကြက္တစ္ခုလို႕ လည္းဆိုႏိုင္ပါတယ္။ လမ္းအမည္ေတြကို စစ္ဗို္လ္နာမည္ေတြေပးထားတာကို က ထူးျခားခ်က္တစ္ခုလို႕ဆိုႏိုင္ပါတယ္။

ဒီအခ်ိန္မွာ တိုက္တိုက္ဆိုင္ဆိုင္ျမိဳ႕ခံ အိမ္ျခံေျမအက်ိဳးေဆာင္ ကိုႏိုင္ႏိုင္ နဲ႕ဆက္သြယ္ၾကည့္မိရာ အခုေရာက္းမယ့္ေျမကြက္ကို ပိုင္ရွင္ကလာအပ္ထားတာ (၃) ရက္ေလာက္ပဲရွိေသးတယ္လို႕ဆိုပါတယ္။ ေနရာကေတာ့ ဂုတ္ကြက္ေနရာပါ အျခားေနရာ (၃) ေနရာေလာက္လို္က္ျပေပမဲံ ဒီေနရာေလးကိုမွ ေဇာ္လြင္ထြဋ္ က သေဘာက်ေနတာပါ။ ေျမကြက္ေရာင္းသူကေတာ့ ေျမအက်ယ္ (၄၀ x ၇၅) ရွိတာမို႕ သိန္း(၇၀၀) ေလာက္ေဈးေခၚပါတယ္။ ေရာင္းတဲ့သူက ဟိ္ႏၵဴလူမ်ိဳးဆိုေတာ့ အျမတ္မရရင္ ေရာင္းမွာမဟုတ္ဘူးဆိုတာသိေနတယ္။ ဒါေၾကာင့္ ေရာင္းသူ တစ္ဆယ္၊ ဝယ္သူ ငါးက်ပ္ ေဈးဆစ္ရျပန္တာေပါ့။ ေနာက္ဆံုး သိန္း (၅၀၀) ေဈးျပတ္ဖို႕ျဖစ္ေပမဲ့ ပြဲစားခ တင္ရုိက္ထားလို႕ အစြန္းထြက္ပါဝယ္သူက ေပးလိုက္ရေသးတယ္။

မသိသူေက်ာ္သြား၊ သိသူေဖာ္စားေရာင္းသူကေဈးတင္ထား

ပြဲမပ်က္ဖို႕စရန္ေငြ စတိ (၅)သိန္းေလာက္ေပးမွ ေရာင္းသူက ေျမဂရန္ေတြထုတ္ျပတယ္။ ဝယ္ထားတဲ့စာခ်ဳပ္ကိုထုတ္ျပတယ္။ အဲဒီမွာမွ ဝယ္ေဈးကို သိလိုက္ရတယ္။ သိန္း (၄၀၀) ေက်ာ္နဲ႕ ဝယ္ထားတယ္ဆိုတာ သိလိုက္ရတယ္။ ေအးေလ အေရာင္းအဝယ္ေလာကမွာေတာ့ မသိသူေက်ာ္သြား၊ သိသူေဖာ္စား ဆိုရုိးအတိုင္းပါဘဲ။ ဝယ္သူကၾကိဳက္ျပီဆိုရင္ဒီလိုဘဲ ေဈးကတင္ရုိက္ၾကတာဘဲ မူလဂရန္အမည္ေပါက္သူနဲ႕မွ ကိုယ္က မဆံုခဲ့ရတာကိုး။

ဒါနဲ႕ စရန္ၾကီးခ်မယ့္ေနွ႕မွာေတာ့ ေရွ႕ေနေခၚလို႕ ေမာင္ေကာင္းေဖ လိုက္သြားခဲ့ရတာေပါ့။ ထံုစံအတိုင္း ဂရန္ေျမမွန္ကန္မႈရွိမရွိ သန္လ်င္ျမိဳ႕နယ္ လယ္ယာေျမစီမံခန္႕ခြဲေရးနွင့္ စာရင္းအင္းဦးစီးဌာန ျမိဳ႕ေျမစာရင္မွာ ဂရန္မူရင္းျပျပီး စစ္ေဆးၾကည့္ရတာေပါ့။ ဂရန္ေျမစစ္ေဆးၾကည့္ေတာ့ (၁၀) နွစ္ဂရန္ျဖစ္ေနတယ္။ ၁၉၉၈ ခုနွစ္က ထုတ္ေပးထားခဲ့တာ အခု ၂၀၂၀ ခုနွစ္ဆိုေတာ့ အနွစ္ (၃၀) ေက်ာ္ေနျပီေလ။ ဂရန္သက္တမ္းကုန္ေနျပီ။

ဒါဆိုရင္ ဂရန္သက္တမ္းတိုးျပီးမွ စရန္ေငြေပးရင္မေကာင္းဘူးလားဆိုတဲ့ အေတြးတစ္ခုဝင္လာတယ္။ ဂရန္ကလည္း တစ္ျခားသူရဲ႕ အမည္ေပါက္ေျမ ဝယ္ထားတာမၾကာေသးေတာ့ ေရာင္းသူလက္ထဲမွာ အရပ္ကတိအဝယ္စာခ်ဳပ္တစ္ခုဘဲရွိတယ္။ ဂရန္အမည္ေပါက္ထဲက Special Power ယူထားတာလည္းမရွိဘူးေလ။ အင္း…… ဒါဆိုရင္ေတာ့ အေရာင္းအဝယ္က ပြဲပ်က္ေတာ့မယ့္ အေျခအေနျဖစ္လာတယ္။

ေရာင္းသူရဲ႕ လွ်ိဳ႕ဝွက္ခ်က္

ဒီေတာ့မွ ေရာင္းသူက ျပာျပာသလဲ ျဖစ္ျပီး ေျမစာရင္းဌာနက တာဝန္ရွိသူလူငယ္တစ္ေယာက္ကို ေခၚလာတယ္။ သူကိုရွင္းျပေပးဖို႔ေပါ့။ အဲဒီတာဝန္ခံရွင္းျပခ်က္အရ အခုျပန္ေရာင္းတဲ့ ရာေဂ်း ကအမည္ေပါက္ထံက ဝယ္တယ္။ အမည္ေပါက္ပိုင္ရွင္က သူ႕ကို SP ပါဝါမေပးႏိုင္ဘူး။ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္တဲ့ ေန႕မွလာျပီး လက္မွတ္ထိုးေပးမယ္လို႕ ေျပာထားတဲ့အတြက္ အခု ရာေဂ်း ကအေရာင္းေျမပံု ကူးေနတယ္။ ေျမပံုရရင္အခြန္တင္မယ္။ အခြန္ေဆာင္ျပီးရင္ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ရမယ္။ အဲဒီလိုမွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ျပီးမွ သူကတဆင့္အခုဝယ္သူကိုေဇာ္လြင္ထြဋ္ ကို Special Power ျပန္ေပးမယ္လို႕ဆိုပါတယ္။

ဂရန္သက္တမ္းတိုးဖို႕ ကိစၥေမးၾကည့္ေတာ့ သန္လ်င္ခရုိင္ေထြအုပ္ရုံးမွာ သက္တမ္းတိုးလို႕ ရတယ္။ ႏိုင္ငံေတာ္ သြင္းေငြက က်ပ္ေငြ ေသာင္းဂဏန္းဘဲရွိတယ္လို႕ ေျပာပါတယ္။ ဝယ္သူအမည္ေပါက္ဂရန္ျဖစ္လာဖို႕ ခန္႕မွန္ေျခ အခ်ိန္ (၃)လေလာက္ေပးရတယ္လို႕ သိရပါတယ္။ ဒီလိုရွင္းျပေပးဖို႕ အဆင္သင့္ျဖစ္ေနတာေတြရတဲ့အတြက္ အရႈပ္အရွင္းကင္းတယ္ဆိုတာ ထင္ရွားသြားပါတယ္။

ဒီလိုဆိုရင္ေတာ့ ရာေဂ်း ကမွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ကို ဂရန္အမည္ေပါက္နဲ႕ အရင္ခ်ဳပ္ဆိုမယ္။ သူတို႕ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ရရင္ ေဇာ္လြင္ထြဋ္ ကိုျပန္ေရာင္းဖို႕ အေရာင္းေျမပံုျပန္ကူးမယ္။ ေျမပံုရရင္ ေဇာ္လြင္ထြဋ္ တို႕မွာ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ထပ္မံခ်ဳပ္မယ္။ မွတ္ပံုတင္စာခ်ဳပ္ရရင္ ေဇာ္လြင္ထြဋ္အမည္နဲ႕ နာမည္ေျပာင္းမယ္။ ဂရန္သက္တမ္းတိုးေလွ်ာက္မယ္။

ဒါဆိုရင္ တစ္ခါတည္း ေဇာ္လြင္ထြဋ္ ဂရန္အမည္ေပါက္ရမွာျဖစ္လို႕ ရာေဂ်းထံက SP ပါဝါလည္းယူစရာမလိုေတာ့ဘူးေပါ့။ ဒီလိုရွင္းရွင္းလင္းလင္းတာဝန္ခံထံက သိရေတာ့မွ ေရာင္းသူဝယ္သူနွစ္ဘက္အဆင္ေျပသြားျပီး ေျမကြက္အေရာင္းအဝယ္စရန္ေငြေပး ကတိစာခ်ဳပ္ကို ခ်ဳပ္ဆိုလိုက္ၾကပါေတာ့တယ္။ ေအာ္.. ဒီလိုဆိုေတာ့လည္း အဆင္ေျပသားဘဲ ...

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service