ကြက်ဥ အကာ ရဲ့ စူပါ အစွမ်းများ ။ ။ - Property Knowledge in Myanmar from iMyanmarHouse.com
4598 Views

ကြက်ဥ အကာ ရဲ့ စူပါ အစွမ်းများ ။ ။

Knowledge | Posted by Si Thu Aung

[Unicode]

ကြက်ဥတစ်လုံးမှာ ကြက်ဥအကာနဲ့ အနှစ်ဆိုပြီး ၂ မျိုးရှိကြတာ သိကြမှာပါ။ နှစ်မျိုးလုံးက အာဟာရကိုယ်စီရှိကြပြီး ကျန်းမာရေးနဲ့ ညီညွတ်တာချည်းပါပဲ။ ပါဝင်တဲ့ ပစ္စည်းပေါ်မူတည်ပြီးတော့သာ ကွဲသွားကြတာပါ။

ကြက်ဥ အကာမှာက ပရိုတင်း တွေ ပိုပါပြီး ကြက်ဥ အနှစ်မှာကျ အဆီတွေ ပိုပါပါတယ်။ ဒီနေ့ပြောချင်တဲ့ ဆောင်းပါးလေးကတော့ ကြက်ဥ အကာရဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ ဒီကြည်ကြည် အရည်လေးထဲမှာ ဘယ်လို စူပါ စွမ်းအားတွေ ရှိတာပါလိမ့် ။ ။

ကိုလက်စရော ( အဆီဓါတ် ) လုံးဝကို မပါပါဘူး ။ ။

ကြက်ဥထဲက အနှစ်ကိုဖယ်လိုက်ပြီဆိုတာနဲ့ ကျန်ခဲ့တဲ့ အကာမှာ ကိုလက်စရော အဆီဓါတ်လုံးဝကို မရှိတော့ပါဘူး. ဒါကြောင့် သွေးတွင်း အဆီ များရင် ဖြစ်တတ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ၊ နှလုံးရောဂါတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။

ပရိုတင်း ဓါတ်ကြွယ်ဝတယ် ။ ။

အနှစ်ထက်စာရင် အကာမှာ ပရိုတင်းတွေ ကြွယ်ဝစွာပါတာကြောင့် ကြွက်သားတည်ဆောက်နေတဲ့သူတွေ တကယ်ကိုစားသင့်တဲ့ အစားအစာတစ်ခုပါ။ ဒါ့အပြင် ကိုယ်အလေးချိန် ကျအောင် ကြိုးစားနေတဲ့သူတွေ လည်း အဆီတွေ ပါတဲ့ အနှစ်မစားဘဲ ပရိုတင်းတွေ သာပါတဲ့ ကြက်ဥအကာကိုစားပေးရင် ကိုယ်အလေးချိန် လျော့ကျသွားမယ့်အပြင် တစ်နေ့လုံးအတွက်လည်း အဆာခံစေပါတယ်။

ကယ်လိုရီ နည်းနည်းပဲပါပါတယ်။ ။

ကြက်ဥ အကာမှာ ကယ်လိုရီ ၂၅ လောက်သာပါတာကြောင့် ဝိတ်တက်မှာစိုးတဲ့မမတွေ အတွက် ရွေးချယ်သင့်တဲ့ အစားအစာတစ်ခုနော်။

သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။ ။

ကြက်ဥ အကာမှာပါတဲ့ ပိုတက်ဆီယမ် ကြောင့် တက်နေတဲ့ သွေးပေါင်ချိန်တွေ ပြန်ကျသွားမယ့်အပြင် သွေးပေါင်ချိန်ကို လည်း ပုံမှန် အတိုင်းပဲ ရှိနေအောင် ထိန်းညှိပေးပါတယ်။ ကြက်ဥ အကာထဲမှာပါတဲ့ RVPSL လို့ခေါ်တဲ့ peptide ကလည်း သင့်သွေးပေါင်ချိန်ကို ပုံမှန် အတွင်းမှာရှိနေအောင် ထိန်းပေးထားဦးမှာပါ။

နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ ။

သွေးကြောတွေ ကို ပြေလျော့စေတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့အပြင် သွေးလည်ပတ်မှုပါကောင်းစေတာကြောင့် သွေးခဲခြင်းကိုပါ ကာကွယ်ပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

ဗီတာမင် တွေ ကြွယ်ဝစွာပါပါတယ်။

ဗီတာမင် A, ဗီတာမင် B 12 , ဗီတာမင် D နဲ့ အသက်ကြီးရင် ဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းတတ်တာကို ထိပ်ဆုံးက ကာကွယ်ပေးတဲ့ ဗီတာမင် B2 တို့ပါတဲ့အပြင် အသက်ရွယ်ကြီးလာတာကြောင့် ဖြစ်တဲ့ အမြင်အာရုံ ဆုံးရှုံးခြင်း၊ နှင့် မျက်လုံး တိမ်စွဲတာတွေကိုလည်း ကြက်ဥအကာက ကာကွယ်ပေးပါတယ်။

ဒီတော့ ကြက်ဥ အကာစားလိုက်တာနဲ့တင် လိုအပ်တဲ့ ဗီတာမင် တွေ ၊သတ္တု ဓါတ်တွေ အကုန်ရမှာနော်။ ကယ်လိုရီနည်းတဲ့အပြင် အဆီမပါဘဲ ပရိုတင်းတွေ ပဲ ပါတာကြောင့် လှပကျစ်လစ်တဲ့ ကိုယ်ခန္ဓါတည်ဆောက်နေတဲ့ သူတွေ အတွက် ကြက်ဥအကာက တကယ်ကို အားထားသင့်တဲ့ စားစရာတစ်ခုပါ။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ၾကက္ဥ အကာ ရဲ႕ စူပါ အစြမ္းမ်ား ။ ။

ၾကက္ဥတစ္လုံးမွာ ၾကက္ဥအကာနဲ႔ အႏွစ္ဆိုၿပီး ၂ မ်ိဳး႐ွိၾကတာ သိၾကမွာပါ။ ႏွစ္မ်ိဳးလုံးက အာဟာရကိုယ္စီ႐ွိၾကၿပီး က်န္းမာေရးနဲ႔ ညီၫြတ္တာခ်ည္းပါပဲ။ ပါဝင္တဲ့ ပစၥည္းေပၚမူတည္ၿပီးေတာ့သာ ကြဲသြားၾကတာပါ။

ၾကက္ဥ အကာမွာက ပ႐ိုတင္း ေတြ ပိုပါၿပီး ၾကက္ဥ အႏွစ္မွာက် အဆီေတြ ပိုပါပါတယ္။ ဒီေန႔ေျပာခ်င္တဲ့ ေဆာင္းပါးေလးကေတာ့ ၾကက္ဥ အကာရဲ႕ အေၾကာင္းေလးပဲျဖစ္ပါတယ္။ ဒီၾကည္ၾကည္ အရည္ေလးထဲမွာ ဘယ္လို စူပါ စြမ္းအားေတြ ႐ွိတာပါလိမ့္ ။ ။

ကိုလက္စေရာ ( အဆီဓါတ္ ) လုံးဝကို မပါပါဘူး ။ ။

ၾကက္ဥထဲက အႏွစ္ကိုဖယ္လိုက္ၿပီဆိုတာနဲ႔ က်န္ခဲ့တဲ့ အကာမွာ ကိုလက္စေရာ အဆီဓါတ္လုံးဝကို မ႐ွိေတာ့ပါဘူး. ဒါေၾကာင့္ ေသြးတြင္း အဆီ မ်ားရင္ ျဖစ္တတ္တဲ့ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါ၊ ႏွလုံးေရာဂါေတြကို ကာကြယ္ၿပီးသားျဖစ္မွာပါ။

ပ႐ိုတင္း ဓါတ္ႂကြယ္ဝတယ္ ။ ။

အႏွစ္ထက္စာရင္ အကာမွာ ပ႐ိုတင္းေတြ ႂကြယ္ဝစြာပါတာေၾကာင့္ ႂကြက္သားတည္ေဆာက္ေနတဲ့သူေတြ တကယ္ကိုစားသင့္တဲ့ အစားအစာတစ္ခုပါ။ ဒါ့အျပင္ ကိုယ္အေလးခ်ိန္ က်ေအာင္ ႀကိဳးစားေနတဲ့သူေတြ လည္း အဆီေတြ ပါတဲ့ အႏွစ္မစားဘဲ ပ႐ိုတင္းေတြ သာပါတဲ့ ၾကက္ဥအကာကိုစားေပးရင္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်သြားမယ့္အျပင္ တစ္ေန႔လုံးအတြက္လည္း အဆာခံေစပါတယ္။

ကယ္လိုရီ နည္းနည္းပဲပါပါတယ္။ ။

ၾကက္ဥ အကာမွာ ကယ္လိုရီ ၂၅ ေလာက္သာပါတာေၾကာင့္ ဝိတ္တက္မွာစိုးတဲ့မမေတြ အတြက္ ေ႐ြးခ်ယ္သင့္တဲ့ အစားအစာတစ္ခုေနာ္။

ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးတယ္။ ။

ၾကက္ဥ အကာမွာပါတဲ့ ပိုတက္ဆီယမ္ ေၾကာင့္ တက္ေနတဲ့ ေသြးေပါင္ခ်ိန္ေတြ ျပန္က်သြားမယ့္အျပင္ ေသြးေပါင္ခ်ိန္ကို လည္း ပုံမွန္ အတိုင္းပဲ ႐ွိေနေအာင္ ထိန္းညႇိေပးပါတယ္။ ၾကက္ဥ အကာထဲမွာပါတဲ့ RVPSL လို႔ေခၚတဲ့ peptide ကလည္း သင့္ေသြးေပါင္ခ်ိန္ကို ပုံမွန္ အတြင္းမွာ႐ွိေနေအာင္ ထိန္းေပးထားဦးမွာပါ။

ႏွလုံးေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးပါတယ္။ ။

ေသြးေၾကာေတြ ကို ေျပေလ်ာ့ေစတဲ့အတြက္ ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးတဲ့အျပင္ ေသြးလည္ပတ္မႈပါေကာင္းေစတာေၾကာင့္ ေသြးခဲျခင္းကိုပါ ကာကြယ္ေပးၿပီး ႏွလုံးေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးပါတယ္။

ဗီတာမင္ ေတြ ႂကြယ္ဝစြာပါပါတယ္။

ဗီတာမင္ A, ဗီတာမင္ B 12 , ဗီတာမင္ D နဲ႔ အသက္ႀကီးရင္ ျဖစ္တတ္တဲ့ မွတ္ဉာဏ္ခ်ိဳ႕ယြင္းတတ္တာကို ထိပ္ဆုံးက ကာကြယ္ေပးတဲ့ ဗီတာမင္ B2 တို႔ပါတဲ့အျပင္ အသက္႐ြယ္ႀကီးလာတာေၾကာင့္ ျဖစ္တဲ့ အျမင္အာ႐ုံ ဆုံး႐ႈံးျခင္း၊ ႏွင့္ မ်က္လုံး တိမ္စြဲတာေတြကိုလည္း ၾကက္ဥအကာက ကာကြယ္ေပးပါတယ္။

ဒီေတာ့ ၾကက္ဥ အကာစားလိုက္တာနဲ႔တင္ လိုအပ္တဲ့ ဗီတာမင္ ေတြ ၊သတၱဳ ဓါတ္ေတြ အကုန္ရမွာေနာ္။ ကယ္လိုရီနည္းတဲ့အျပင္ အဆီမပါဘဲ ပ႐ိုတင္းေတြ ပဲ ပါတာေၾကာင့္ လွပက်စ္လစ္တဲ့ ကိုယ္ခႏၶါတည္ေဆာက္ေနတဲ့ သူေတြ အတြက္ ၾကက္ဥအကာက တကယ္ကို အားထားသင့္တဲ့ စားစရာတစ္ခုပါ။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service