ရောင်းသူနဲ့ ဝယ်သူကြား မှားယွင်းတတ်သည့်စရန်ငွေ (၂) ဆပြသာနာ - Property Knowledge in Myanmar from iMyanmarHouse.com
836 Views

ရောင်းသူနဲ့ ဝယ်သူကြား မှားယွင်းတတ်သည့်စရန်ငွေ (၂) ဆပြသာနာ

Knowledge | Posted by Hnin Ei Khin

[Unicode]

ပထမအချက်အနေဖြင့်အရောင်းအဝယ်ဖြစ်တဲ့အခါ ပထစဆုံးချုပ်ဆိုတဲ့ စရန်စာချုပ်မှာ ရောင်းသူ၊ ဝယ်သူကြား မှားလေ့မှားထရှိတဲ့အချက်က ရောင်းသူဘက်က ပေးလျော်ရမယ့် စရန်ငွေ၏ နှစ်ဆဆိုတဲ့အချက်ကို ရှင်းလင်းအောင် ရေးသားသင့်တယ်ပါသည်။

အများစုကတော့ အလွယ်တကူ စာချုပ်ထဲမှာ ရောင်းသူဘက်ကပျက်ကွက်ရင် စရန်ငွေ၏ နှစ်ဆကို ပေးလျော်ရမယ်၊ ဝယ်သူဘက်က ပျက်ကွက်ရင် စရန်ငွေ အဆုံးဆိုပြီး ရေးသားကြပါတယ်။ ရောင်းသူဘက်က ပေးလျော်ရမယ့် စရန်ငွေ၏ နှစ်ဆဆိုတဲ့ အသုံးအနှုန်းက စရန်ငွေ၏ နှစ်ဆကိုလား၊ စရန်ငွေ၏ အပါအဝင် နှစ်ဆဆိုတဲ့ သဘောတရားကို အငြင်းပွားမှုဖြစ်စေတတ်တာမျိုးရှိပါသည်။

ဥပမာ - အရောင်းအဝယ်တစ်ခုကို စရန်ငွေကျပ် ငါးသိန်း ချထားတယ်။ ပွဲပျက်သွားတော့ ဝယ်သူက စရန်ငွေ၏နှစ်ဆကို တောင်းတယ်။ ရောင်းသူက ကျပ်ဆယ်သိန်းပေးတယ်။ ဒါပေမဲ့ ဝယ်သူက မဟုတ်ဘူး။ ဆယ့်ငါးသိန်းပေးရမယ်ပြောသည်။ စရန်ငွေ၏ နှစ်ဆချင်းတူပေမဲ့ သတ်မှတ်ယူဆထားမှုတွေ ကွဲလွဲမှုဖြစ်ကြတာပါ။ ဒါတွေက သတိပြုစရာအချက်ဖြစ်ပါသည်။ စာချုပ်စတင်ချုပ်ဆိုကတည်းက ရှင်းလင်းလွယ်ကူအောင် တစ်ခါတည်းအတိအကျ ထည့်သွင်းချုပ်ဆိုသင့်ပါသည်။အပေါ်က ဥပမာလို အဖြစ်မျိုးဆိုရင် စကားအသုံးအနှုန်းချင်းတူပေမဲ့ မှားလေ့မှားထရှိကြတဲ့ အဖြစ်အပျက်တွေပါ။

စာချုပ်ထဲမှာ အရောင်းအဝယ်ကို ရောင်းသူဘက်က ပျက်ကွက်ရင် ရယူထားတဲ့ စရန်ငွေရဲ့နှစ်ဆဖြစ်တဲ့ ငွေကျပ်ဘယ်လောက် အပါအဝင် စုစုပေါင်းငွေကျပ် ဘယ်လောက်ကိုပါ ပေးလျော်ရမယ်ဆိုတဲ့ အချက်ကို အတိအကျ ရေးသားတာ အကောင်းဆုံးဖြစ်ပါသည်။

ဒုတိယအချက်ကအရပ်ထဲကမိတ္တူဆိုင်ကစာချုပ်တွေကိုအလွယ်ဝယ်ပြီးစရန်ပေးတဲ့အခါအရောင်းအဝယ်ပျက်ကွက်လျှင်မည့်မျှပေးလျော်ရမည်ဆိုသည့်အချက်အလက်မပါဝင်ဘူး။အကယ်၍ရောင်းသူဘက်ကပျက်ကွက်မှုဖြစ်ပြီးဆိုစရန်ငွေ (၂)ဆတောင်းတဲ့အခါစရန်ပေးစာချုပ်မှာထည့်သွင်းချုပ်ဆိုထားခြင်းမရှိလျှင်စရန်ငွေ (၂)ဆပြန်လျော်ရန်တောင်းဆိုလို့ရမည်မဟုတ်ပါ။ဝယ်ယူဘက်ကပျက်ကွက်လျှင်လည်းစရန်ငွေအဆုံးရှုံးခံရမည်ကိုထည့်သွင်းချုပ်ဆိုမထားသည့်အတွက်ဝယ်ယူကစရန်ငွေပြန်တောင်းတာမျိုးအငြင်းပွားမှုတွေဖြစ်လာပါသည်။ထို့ကြောင့်စရန်ပေးစာချုပ်တွင်အသေးစိတ်ရေးသားချုပ်ဆိုရန်လိုအပ်ပါသည်။

အထက်ပါအချက်(၂)ချက်သည်စရန်စာချုပ်တွင်အရေးပါသောအချက်အလက်များပြီးထည့်သွင်းချုပ်ဆိုထားမှစိတ်ချရမည့်အချက်များဖြစ်ပါကြောင်းဥပဒေဗဟုသုတရရှိစေရန်ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

 

ေရာင္းသူနဲ႔ ဝယ္သူၾကား မွားယြင္းတတ္သည့္စရန္ေငြ (၂) ဆျပသာနာ

ပထမအခ်က္အေနျဖင့္အေရာင္းအဝယ္ျဖစ္တဲ့အခါ ပထစဆံုးခ်ဳပ္ဆိုတဲ့ စရန္စာခ်ဳပ္မွာ ေရာင္းသူ၊ ဝယ္သူၾကား မွားေလ့မွားထရွိတဲ့အခ်က္က ေရာင္းသူဘက္က ေပးေလ်ာ္ရမယ့္ စရန္ေငြ၏ ႏွစ္ဆဆိုတဲ့အခ်က္ကို ရွင္းလင္းေအာင္ ေရးသားသင့္တယ္ပါသည္။

အမ်ားစုကေတာ့ အလြယ္တကူ စာခ်ဳပ္ထဲမွာ ေရာင္းသူဘက္ကပ်က္ကြက္ရင္ စရန္ေငြ၏ ႏွစ္ဆကိို ေပးေလ်ာ္ရမယ္၊ ဝယ္သူဘက္က ပ်က္ကြက္ရင္ စရန္ေငြ အဆံုးဆိုၿပီး ေရးသားၾကပါတယ္။ ေရာင္းသူဘက္က ေပးေလ်ာ္ရမယ့္ စရန္ေငြ၏ ႏွစ္ဆဆိုတဲ့ အသံုးအႏႈန္းက စရန္ေငြ၏ ႏွစ္ဆကိုလား၊ စရန္ေငြ၏ အပါအဝင္ ႏွစ္ဆဆိုတဲ့ သေဘာတရားကို အျငင္းပြားမႈျဖစ္ေစတတ္တာမ်ိဳးရွိပါသည္။

ဥပမာ - အေရာင္းအဝယ္တစ္ခုကို စရန္ေငြက်ပ္ ငါးသိန္း ခ်ထားတယ္။ ပြဲပ်က္သြားေတာ့ ဝယ္သူက စရန္ေငြ၏ႏွစ္ဆကို ေတာင္းတယ္။ ေရာင္းသူက က်ပ္ဆယ္သိန္းေပးတယ္။ ဒါေပမဲ့ ဝယ္သူက မဟုတ္ဘူး။ ဆယ့္ငါးသိန္းေပးရမယ္ေျပာသည္။ စရန္ေငြ၏ ႏွစ္ဆခ်င္းတူေပမဲ့ သတ္မွတ္ယူဆထားမႈေတြ ကြဲလြဲမႈျဖစ္ၾကတာပါ။ ဒါေတြက သတိျပဳစရာအခ်က္ျဖစ္ပါသည္။ စာခ်ဳပ္စတင္ခ်ဳပ္ဆိုကတည္းက ရွင္းလင္းလြယ္ကူေအာင္ တစ္ခါတည္းအတိအက် ထည့္သြင္းခ်ဳပ္ဆိုသင့္ပါသည္။အေပၚက ဥပမာလို အျဖစ္မ်ိဳးဆိုရင္ စကားအသံုးအႏႈန္းခ်င္းတူေပမဲ့ မွားေလ့မွားထရွိၾကတဲ့ အျဖစ္အပ်က္ေတြပါ။

စာခ်ဳပ္ထဲမွာ အေရာင္းအဝယ္ကို ေရာင္းသူဘက္က ပ်က္ကြက္ရင္ ရယူထားတဲ့ စရန္ေငြရဲ႕ႏွစ္ဆျဖစ္တဲ့ ေငြက်ပ္ဘယ္ေလာက္ အပါအဝင္ စုစုေပါင္းေငြက်ပ္ ဘယ္ေလာက္ကိုပါ ေပးေလ်ာ္ရမယ္ဆိုတဲ့ အခ်က္ကို အတိအက် ေရးသားတာ အေကာင္းဆံုးျဖစ္ပါသည္။

ဒုတိယအခ်က္ကအရပ္ထဲကမိတၱဴဆိုင္ကစာခ်ဳပ္ေတြကိုအလြယ္ဝယ္ၿပီးစရန္ေပးတဲ့အခါအေရာင္းအဝယ္ပ်က္ကြက္လွ်င္မည့္မွ်ေပးေလ်ာ္ရမည္ဆိုသည့္အခ်က္အလက္မပါဝင္ဘူး။အကယ္၍ေရာင္းသူဘက္ကပ်က္ကြက္မႈျဖစ္ၿပီးဆိုစရန္ေငြ (၂)ဆေတာင္းတဲ့အခါစရန္ေပးစာခ်ဳပ္မွာထည့္သြင္းခ်ဳပ္ဆိုထားျခင္းမရွိလွ်င္စရန္ေငြ (၂)ဆျပန္ေလ်ာ္ရန္ေတာင္းဆိုလို႔ရမည္မဟုတ္ပါ။ဝယ္ယူဘက္ကပ်က္ကြက္လွ်င္လည္းစရန္ေငြအဆံုးရႈံးခံရမည္ကိုထည့္သြင္းခ်ဳပ္ဆိုမထားသည့္အတြက္ဝယ္ယူကစရန္ေငြျပန္ေတာင္းတာမ်ိဳးအျငင္းပြားမႈေတြျဖစ္လာပါသည္။ထုိ႔ေၾကာင့္စရန္ေပးစာခ်ဳပ္တြင္အေသးစိတ္ေရးသားခ်ဳပ္ဆုိရန္လိုအပ္ပါသည္။

အထက္ပါအခ်က္(၂)ခ်က္သည္စရန္စာခ်ဳပ္တြင္အေရးပါေသာအခ်က္အလက္မ်ားၿပီးထည့္သြင္းခ်ဳပ္ဆိုထားမွစိတ္ခ်ရမည့္အခ်က္မ်ားျဖစ္ပါေၾကာင္းဥပေဒဗဟုသုတရရွိေစရန္ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service