ဂရန် လျှောက်ထားခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
2562 Views

ဂရန် လျှောက်ထားခြင်း

Knowledge | Posted by Shwe Zin Win

[Unicode]

ဆရာရှင့် ကျွန်မ မနီနီပါ။ ဒီနှစ်ထဲမှာ အကျိုးဆောင်ဖို့ အလုပ်တစ်မျိုး ရခဲ့ပါတယ်။ တောင်ဒဂုံ အမှတ်(၂၄) ရပ်ကွက်ထဲက မြေကွက် နှစ်ကွက်ကို ဂရန်လောက်ပေးခဲ့ရပါတယ်။ ပိုင်ရှင်က တစ်ယောက်တည်းပါ။ သူဝယ်ထားတာ ကတော့ တစ်နေရာစီကပါ။ ဆက်စပ်စာချုပ်တွေလည်း ပြည့်စုံပါတယ်၊ ပါမစ်တွေကလည်း မှန်ကန်တယ်လို့ ကျွန်မ သိရပါတယ်။ ဒါကတော့ ကျွန်မ သိသလောက် ပြောရတာပါ။

ဂရန်တွေလည်း ကျလာတော့ တစ်ကွက်က အေးအေးဆေးဆေးနဲ့ အဆင်ပြေသွားပြီး ကျန်တဲ့ တစ်ကွက်ကတော့ ဘာကြောင့်ရယ် မသိပါဘူး၊ ဂရန် ကျမ လာဘူးလို့ပဲ ပြောရမယ်။ မြို့တော်စည်ပင် ကိစ္စတွေကို ဆောင်ရွက်ပေးတာကလည်း ကျွန်မတို့သူငယ်ချင်းတွေ ပါပဲ။ သူ့ကို မေးတော့လည်း ရမှာလို့ ပြောပါတယ်။ ဒီလိုမျိုးရော ဖြစ်တတ်ပါသလား ဆရာ။ ရှင်းအောင် ပြောပြပါဦး။ ကျွန်မတို့ နားလည်လောက်အောင်ပေါ့ ဆရာ။

မနီနီ မေးတဲ့ ကိစ္စက အရေးကြီးတဲ့ ကိစ္စတွေပါ။ အကျိုးဆောင်တွေအတွက် အရေးကြီးသလို မြေဝယ်ရောင်းလုပ်တဲ့သူတွေလည်း သတိကြီးစွာ ထားရမယ့် ကိစ္စတစ်ခု ဖြစ်နေပါတယ်။

လွယ်လွယ်ပြောတတ်တဲ့ ပွဲစားအချို့ကလည်း ရပါတယ် ဆရာရယ်၊ ကိုယ့်ဘက်က ဒီလောက် ခိုင်လုံတာပဲ၊ ဘာလိုသေးလဲလို့ ပြေကြမှာပါ။ ဝယ်သူနဲ့ အကျိုးဆောင်ကြီးတို့ နားလည်သဘောပေါက်ရင်တော့ အကောင်းဆုံးပါပဲ ။

ပါမစ်

ပါမစ်ရဲ့ အနက်အဓိပ္ဗာယ်ကို သေချာ မသိကြရင် ရှေ့ဆက်ပြောလို့ မလွယ်တာမို့ ပါမစ်ကို ဆရာ နားလည်သလို ရှင်းပါမယ်။ လယ်မြေ၊ ယာမြေ၊ ရွာမြေ က စလို့ ဘာမြေမျိုးပဲ ဖြစ်ပါစေ နိုင်ငံတော်ရဲ့ မြေယာဥပဒေ တစ်ခုခုရဲ့ လုပ်ပိုင်ခွင့်အရ “လူနေမြေ (မြို့မြေ)” အဖြစ်ကို ပြောင်းလဲခွင့်လည်းရှိပြီး ဖြစ်ရမယ်၊ ဂရန်ကိုလည်း မလျှောက်ထားကြရသေးတဲ့ မြေ အားလုံးကို “ပါမစ်မြေ” လို့ ဆရာ နားလည်သလို ပြောလိုက်ပါမယ်။

ဒါဆိုရင် “ဂရန်” ထွက်နိုင်စရာ အလားအလာ ရှိတဲ့ မြေတွေအားလုံးဟာ “ပါ မစ်” တွေနဲ့ နေကြရတာပါ။ တရားဝင် ခွင့်ပြုထားခြင်း မရှိပေမဲ့လည်း အဲဒီ ပါမစ် တွေကို ရောင်းဝယ်နေကြတာပဲ။

အဲဒီ “ပါမစ်” ရယ်၊ ဆက်စပ် စာချုပ်တွေရယ်က ကိုက်ညီမှု မရှိကြရင် ဂရန် ဆိုတာ ဖြစ်လာမှာ မဟုတ်သေးဘူးပေါ့။

ဥပမာ-၁ ။ ခိုင်လုံတဲ့ ဆက်စပ်စာချုပ်တွေ အပြည်အစုံရှိပါစေ။ လျှောက်ထား သူကလည်း အကြောင်း ခိုင်လုံပါတယ်၊ ဒါပေမဲ့ ပါမစ် မူရင်း ပျောက်ဆုံးနေပါ တယ်ဆိုရင်လည်း ကြန့်ကြာမယ့် ကိစ္စတစ်ခုပါပဲ။

ဥပမာ-၂ ။ ပါမစ်လည်း မှန်တယ်၊ အရောင်းအဝယ် ဆက်စပ်စာချုပ်တွေက လည်း မှန်ကြပေမဲ့ အရောင်းအဝယ် ဆက်စပ် စာချုပ်တွေမှာက ဝယ်သူ နှစ်ဦး ဖြစ်နေပြီး ဂရန် လျှောက်ထားရာမှတော့ တစ်ဦးတည်းကသာ လျှောက် ထားရင် ဂရန်ကျလာမယ် မဟုတ်ဘူးလို့ သိထားပါတယ်။

ဥပမာ-၃ ။ ဥပမာ ၂ ရဲ့ အလားတူပဲ အစစ အရာရာ မှန်ကန်ကြပေမဲ့ ဆက် စပ် စာချုပ်မှာက ရောင်းသူ ဝယ်သူ တစ်ဦးတည်း ရှိပြီး ဂရန်လျှောက်တေ့မှ နှစ်ဦး နာမည်နဲ့ လျှောက်ထားလာမယ် ဆိုရင်လည်းကြန့်ကြာနေမှာပါ။

ဥပမာ-၄ ။ ပေ ၂၀ X ၆၀ တစ်ကွက်ကို လူတစ်ဦးက ဝယ်ပါတယ်။ နောက်ပေ ၂၀ X ၆၀ ကိုပဲ ထိုသူနဲ့ အခြားသူတစ်ဦးက ပေါင်းပြီး ဝယ်ပါတယ်။ ပြီးတော့ ထိုပေ ၂၀ X ၆၀ နှစ်ကွက်ကို ပေါင်းပြီး ပေ ၄၀ X ၆၀ ဂရန်လျှောက်တဲ့ အခါ မှာ တစ်ဦးတည်း နာမည်နဲ့ လျှောက်ထားရင်လည်း ကြန့်ကြာသွားမယ့် ကိစ္စ မျိုးပါပဲ။

ဥပမာ-၅ ။ ကိုယ်ဝယ်စဉ်တုန်းကတော့ ပေ ၃၀ X ၆၀ မြေကွက် လှလှပ ပခြံလေး ခတ်ပြီးရောင်းတာ။ ဂရန် တင်မယ်လို့ ပါမစ်ကို သေချာကြည့်လိုက်တေ့ ပေ ၂၀ X ၆၀ ဖြစ်နေတယ် ၊ ပေ ၁၀ X ၆၀ က ပထမ ပိုင်ရှင်က နား လည်မှု ယူထားတဲ့ ကျုးကျော်မြေ ဖြစ်နေရင်လည်း ဂရန် လျှောက်တော့ ခက်ရမှာပါပဲ။

ဥပမာ-၆ ။ ပါမစ်မြေက ပေ ၂၀ X ၆၀ ကို နှစ်ဦးစပ် ဝယ်ကြတယ်။ တစ်ဦးဦး က ပေ ၁၀ X ၆၀ စီ ဂရန်လျှောက်ကြတာမျိုးတွေမှာလည်း ဂရန်ချထားမပေး ဘူးလို့ သိဖူးပါတယ်။

ဥပမာ-၇ ။ ပါမစ်မှာက ပေ ၄၀ X ၆၀ ။ မူလပိုင်ရှင်က ပေ ၁၀ X ၆၀ ပေါ်မှာ အိမ်ဆောက်နေပြီး ကျန်ပေ ၃၀ X ၆၀ ကို သပ်သပ်ရပ်ရပ် ခြံခတ် ရောင်းလို့ ဝယ်ခဲ့ပြီး ဂရန်လျှောက်တော့မှ ပိုင်ရှင်က သူ့ပေ ၁၀ X ၆၀ ကို ထည့်မလောက်ချင်ဘူးတဲ့ ။ ပါမစ် ဆိုတော့ ရောင်းချရင် လွယ်လို့တဲ့ ။ ဒါမျိုးမှာ ကိုယ် ဝယ်တဲ့ ပေ ၃၀ X ၆၀ ကိုပဲ ဂရန်လျှောက်လိုက်လို့လည်း မရပါဘူးခင်ဗျာ ။

ဥပမာ- ၈ ။ အမွေဆက်ခံလွှာ ၊ကျမ်းကျိန်လွှာတို့နဲ့လည်း ဂရန်ကိုဆက်စပ် ၍ လျှောက်ထားနိုင်ပါတယ်။ သို့သော်လည်း အဲဒီ အမွေဆက်ခံလွှာနဲ့ ကျမ်း ကျိန်လွှာတို့က ခိုင်လုံခြင်း ရှိဖို့တော့ လိုပါတယ်။

ဥပမာ-၉ ။ ဂရန် လျှောက်ထားတဲ့ “ပါမစ်မြေ” နဲ့ ပတ်သက်ပြီး အမှုအခင်း တစ်စုံတစ်ရာ ရှိနေတာမျိုးနဲ့ အကြောင်းကြောင်းကြောင့် ကန့်ကွက်စာ တင်သွင်းထားခြင်းတို့ ရှိနေပြီဆိုရင် အဲဒီ “ပါမစ်” က ဂရန် ဖြစ်လာနိုင်မှာ မဟုတ်သေးပါဘူး။

အဲဒီ အချက်တွေကို သေချာ ဖတ်ကြည့်လိုက်ရင်တော့ လျှောက်ထားမယ့် ဂရန်အတွက် မှန်ကန်တဲ့ ပါမစ် ဖြစ်ရမယ်၊ ဆက်စပ်စာချုပ်များ ခိုင်မာရမယ် ဆိုတာနဲ့ လျှောက်ထားသူတို့ရဲ့ ဆက်စပ်မှုများလည်း ခိုင်မာဖို့ လိုတယ် ဆိုတာ သိသာစေပါတယ်။

ဒါကြောင့် ဂရန် မထွက်သေးဘဲ ပါမစ်ကို ဝယ်ပြီး ဂရန်လျှောက်ထားကြမယ့် ပုဂ္ဂိုလ်များ၊ ဝယ်ရောင်းများနဲ့ မနီနီ တို့လို အိမ်ခြံမြေ အကျိုးဆောင်ကြီးများ က သေချာ လေ့လာ မှတ်သားကြပါလို့ တိုက်တွန်းရင်းနဲ့ အကြောင်းပြန်စာ ရေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : winningland

 

[Zawgyi]

ဂရန္ ေလွ်ာက္ထားျခင္း

ဆရာရွင့္ ကြ်န္မ မနီနီပါ။ ဒီႏွစ္ထဲမွာ အက်ိဳးေဆာင္ဖို႔ အလုပ္တစ္မိ်ဳး ရခဲ့ပါတယ္။ ေတာင္ဒဂံု အမွတ္(၂၄) ရပ္ကြက္ထဲက ေျမကြက္ ႏွစ္ကြက္ကို ဂရန္ေ လွ်ာက္ေပးခဲ့ရပါတယ္။ ပိုင္ရွင္က တစ္ေယာက္တည္းပါ။ သူဝယ္ထားတာ ကေတာ့ တစ္ေနရာစီကပါ။ ဆက္စပ္စာခ်ဳပ္ေတြလည္း ျပည့္စံုပါတယ္၊ ပါမစ္ေတြကလည္း မွန္ကန္တယ္လို႔ ကြ်န္မ သိရပါတယ္။ ဒါကေတာ့ ကြ်န္မ သိသေလာက္ ေျပာရတာပါ။

ဂရန္ေတြလည္း က်လာေတာ့ တစ္ကြက္က ေအးေအးေဆးေဆးနဲ႔ အဆင္ေျပသြားၿပီး က်န္တဲ့ တစ္ကြက္ကေတာ့ ဘာေၾကာင့္ရယ္ မသိပါဘူး၊ ဂရန္ က်မ လာဘူးလို႔ပဲ ေျပာရမယ္။ ၿမိဳ႕ေတာ္စည္ပင္ ကိစၥေတြကို ေဆာင္ရြက္ေပးတာကလည္း ကြ်န္မတို႔သူငယ္ခ်င္းေတြ ပါပဲ။ သူ႔ကို ေမးေတာ့လည္း ရမွာလို႔ ေျပာပါတယ္။ ဒီလိုမ်ိဳးေရာ ျဖစ္တတ္ပါသလား ဆရာ။ ရွင္းေအာင္ ေျပာျပပါဦး။ ကြ်န္မတို႔ နားလည္ေလာက္ေအာင္ေပါ့ ဆရာ။

မနီနီ ေမးတဲ့ ကိစၥက အေရးႀကီးတဲ့ ကိစၥေတြပါ။ အကိ်ဳးေဆာင္ေတြအတြက္ အေရးႀကီးသလို ေျမဝယ္ေရာင္းလုပ္တဲ့သူေတြလည္း သတိႀကီးစြာ ထားရမယ့္ ကိစၥတစ္ခု ျဖစ္ေနပါတယ္။

လြယ္လြယ္ေျပာတတ္တဲ့ ပဲြစားအခ်ိဳ႕ကလည္း ရပါတယ္ ဆရာရယ္၊ ကိုယ့္ဘက္က ဒီေလာက္ ခိုင္လံုတာပဲ၊ ဘာလိုေသးလဲလို႔ ေျပၾကမွာပါ။ ဝယ္သူနဲ႔ အကိ်ဳးေဆာင္ႀကီးတို႔ နားလည္သေဘာေပါက္ရင္ေတာ့ အေကာင္းဆံုးပါပဲ ။

ပါမစ္

ပါမစ္ရဲ႕ အနက္အဓိပၺာယ္ကို ေသခ်ာ မသိၾကရင္ ေရွ႕ဆက္ေျပာလို႔ မလြယ္တာမို႔ ပါမစ္ကို ဆရာ နားလည္သလို ႐ွင္းပါမယ္။ လယ္ေျမ၊ ယာေျမ၊ ရြာေျမ က စလို႔ ဘာေျမမိ်ဳးပဲ ျဖစ္ပါေစ ႏိုင္ငံေတာ္ရဲ႕ ေျမယာဥပေဒ တစ္ခုခုရဲ႕ လုပ္ပိုင္ခြင့္အရ “လူေနေျမ (ၿမိဳ႕ေျမ)” အျဖစ္ကို ေျပာင္းလဲခြင့္လည္းရိွၿပီး ျဖစ္ရမယ္၊ ဂရန္ကိုလည္း မေလွ်ာက္ထားၾကရေသးတဲ့ ေျမ အားလံုးကို “ပါမစ္ေျမ” လို႔ ဆရာ နားလည္သလို ေျပာလိုက္ပါမယ္။

ဒါဆိုရင္ “ဂရန္” ထြက္ႏိုင္စရာ အလားအလာ ရွိတဲ့ ေျမေတြအားလံုးဟာ “ပါ မစ္” ေတြနဲ႔ ေနၾကရတာပါ။ တရားဝင္ ခြင့္ျပဳထားျခင္း မရိွေပမဲ့လည္း အဲဒီ ပါမစ္ ေတြကို ေရာင္းဝယ္ေနၾကတာပဲ။

အဲဒီ “ပါမစ္” ရယ္၊ ဆက္စပ္ စာခ်ဳပ္ေတြရယ္က ကိုက္ညီမႈ မရိွၾကရင္ ဂရန္ ဆိုတာ ျဖစ္လာမွာ မဟုတ္ေသးဘူးေပါ့။

ဥပမာ-၁ ။ ခိုင္လံုတဲ့ ဆက္စပ္စာခ်ဳပ္ေတြ အျပည္အစံုရိွပါေစ။ ေလွ်ာက္ထား သူကလည္း အေၾကာင္း ခိုင္လံုပါတယ္၊ ဒါေပမဲ့ ပါမစ္ မူရင္း ေပ်ာက္ဆံုးေနပါ တယ္ဆိုရင္လည္း ၾကန္႔ၾကာမယ့္ ကိစၥတစ္ခုပါပဲ။

ဥပမာ-၂ ။ ပါမစ္လည္း မွန္တယ္၊ အေရာင္းအဝယ္ ဆက္စပ္စာခ်ဳပ္ေတြက လည္း မွန္ၾကေပမဲ့ အေရာင္းအဝယ္ ဆက္စပ္ စာခ်ဳပ္ေတြမွာက ဝယ္သူ ႏွစ္ဦး ျဖစ္ေနၿပီး ဂရန္ ေလွ်ာက္ထားရာမွေတာ့ တစ္ဦးတည္းကသာ ေလွ်ာက္ ထားရင္ ဂရန္က်လာမယ္ မဟုတ္ဘူးလို႔ သိထားပါတယ္။

ဥပမာ-၃ ။ ဥပမာ ၂ ရဲ႕ အလားတူပဲ အစစ အရာရာ မွန္ကန္ၾကေပမဲ့ ဆက္ စပ္ စာခ်ဳပ္မွာက ေရာင္းသူ ဝယ္သူ တစ္ဦးတည္း ရိွၿပီး ဂရန္ေလွ်ာက္ေ တာ့မွ ႏွစ္ဦး နာမည္နဲ႔ ေလွ်ာက္ထားလာမယ္ ဆုိရင္လည္းၾကန္႔ၾကာေနမွာပါ။

ဥပမာ-၄ ။ ေပ ၂၀ X ၆၀ တစ္ကြက္ကို လူတစ္ဦးက ဝယ္ပါတယ္။ ေနာက္ေပ ၂၀ X ၆၀ ကိုပဲ ထိုသူနဲ႔ အျခားသူတစ္ဦးက ေပါင္းၿပီး ဝယ္ပါတယ္။ ၿပီးေတာ့ ထိုေပ ၂၀ X ၆၀ ႏွစ္ကြက္ကို ေပါင္းၿပီး ေပ ၄၀ X ၆၀ ဂရန္ေလွ်ာက္တဲ့ အခါ မွာ တစ္ဦးတည္း နာမည္နဲ႔ ေလွ်ာက္ထားရင္လည္း ၾကန္႔ၾကာသြားမယ့္ ကိစၥ မိ်ဳးပါပဲ။

ဥပမာ-၅ ။ ကိုယ္ဝယ္စဥ္တုန္းကေတာ့ ေပ ၃၀ X ၆၀ ေျမကြက္ လွလွပ ပၿခံေလး ခတ္ၿပီးေရာင္းတာ။ ဂရန္ တင္မယ္လို႔ ပါမစ္ကို ေသခ်ာၾကည့္လိုက္ေ တာ့ ေပ ၂၀ X ၆၀ ျဖစ္ေနတယ္ ၊ ေပ ၁၀ X ၆၀ က ပထမ ပိုင္ရွင္က နား လည္မႈ ယူထားတဲ့ က်ဳးေက်ာ္ေျမ ျဖစ္ေနရင္လည္း ဂရန္ ေလွ်ာက္ေတာ့ ခက္ရမွာပါပဲ။

ဥပမာ-၆ ။ ပါမစ္ေျမက ေပ ၂၀ X ၆၀ ကို ႏွစ္ဦးစပ္ ဝယ္ၾကတယ္။ တစ္ဦးဦး က ေပ ၁၀ X ၆၀ စီ ဂရန္ေလွ်ာက္ၾကတာမ်ိဳးေတြမွာလည္း ဂရန္ခ်ထားမေပး ဘူးလို႔ သိဖူးပါတယ္။

ဥပမာ-၇ ။ ပါမစ္မွာက ေပ ၄၀ X ၆၀ ။ မူလပိုင္ရွင္က ေပ ၁၀ X ၆၀ ေပၚမွာ အိမ္ေဆာက္ေနၿပီး က်န္ေပ ၃၀ X ၆၀ ကို သပ္သပ္ရပ္ရပ္ ၿခံခတ္ ေရာင္းလို႔ ဝယ္ခဲ့ၿပီး ဂရန္ေလွ်ာက္ေတာ့မွ ပိုင္ရွင္က သူ႔ေပ ၁၀ X ၆၀ ကို ထည့္မေ လွ်ာက္ခ်င္ဘူးတဲ့ ။ ပါမစ္ ဆိုေတာ့ ေရာင္းခ်ရင္ လြယ္လို႔တဲ့ ။ ဒါမိ်ဳးမွာ ကိုယ္ ဝယ္တဲ့ ေပ ၃၀ X ၆၀ ကိုပဲ ဂရန္ေလွ်ာက္လိုက္လို႔လည္း မရပါဘူးခင္ဗ်ာ ။

ဥပမာ- ၈ ။ အေမြဆက္ခံလႊာ ၊က်မ္းကိ်န္လႊာတို႔နဲ႔လည္း ဂရန္ကိုဆက္စပ္ ၍ ေလွ်ာက္ထားႏိုင္ပါတယ္။ သို႔ေသာ္လည္း အဲဒီ အေမြဆက္ခံလႊာနဲ႔ က်မ္း က်ိန္လႊာတို႔က ခုိင္လံုျခင္း ရိွဖို႔ေတာ့ လိုပါတယ္။

ဥပမာ-၉ ။ ဂရန္ ေလွ်ာက္ထားတဲ့ “ပါမစ္ေျမ” နဲ႔ ပတ္သက္ၿပီး အမႈအခင္း တစ္စံုတစ္ရာ ရိွေနတာမ်ိဳးနဲ႔ အေၾကာင္းေၾကာင္းေၾကာင့္ ကန္႔ကြက္စာ တင္သြင္းထားျခင္းတို႔ ႐ိွေနၿပီဆိုရင္ အဲဒီ “ပါမစ္” က ဂရန္ ျဖစ္လာႏိုင္မွာ မဟုတ္ေသးပါဘူး။

အဲဒီ အခ်က္ေတြကို ေသခ်ာ ဖတ္ၾကည့္လိုက္ရင္ေတာ့ ေလွ်ာက္ထားမယ့္ ဂရန္အတြက္ မွန္ကန္တဲ့ ပါမစ္ ျဖစ္ရမယ္၊ ဆက္စပ္စာခ်ဳပ္မ်ား ခိုင္မာရမယ္ ဆိုတာနဲ႔ ေလွ်ာက္ထားသူတို႔ရဲ႕ ဆက္စပ္မႈမ်ားလည္း ခိုင္မာဖို႔ လိုတယ္ ဆိုတာ သိသာေစပါတယ္။

ဒါေၾကာင့္ ဂရန္ မထြက္ေသးဘဲ ပါမစ္ကို ဝယ္ၿပီး ဂရန္ေလွ်ာက္ထားၾကမယ့္ ပုဂၢိဳလ္မ်ား၊ ဝယ္ေရာင္းမ်ားနဲ႔ မနီနီ တို႔လို အိမ္ၿခံေျမ အကိ်ဳးေဆာင္ႀကီးမ်ား က ေသခ်ာ ေလ့လာ မွတ္သားၾကပါလို႔ တိုက္တြန္းရင္းနဲ႔ အေၾကာင္းျပန္စာ ေရးလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit : winningland

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service