ရဟန်းသံဃာတို့အား အိမ်၊ မြေ စသည်တို့ကို စာချုပ်စာတမ်းချုပ်ဆိုမှတ်ပုံတင်လှူဒါန်းမှသာတရားဝင် အတည်ဖြစ်ခြင်း။ - Property Knowledge in Myanmar from iMyanmarHouse.com
3527 Views

ရဟန်းသံဃာတို့အား အိမ်၊ မြေ စသည်တို့ကို စာချုပ်စာတမ်းချုပ်ဆိုမှတ်ပုံတင်လှူဒါန်းမှသာတရားဝင် အတည်ဖြစ်ခြင်း။

Knowledge | Posted by Zarni Kyaw

[Unicode] မြန်မာဗုဒ္ဓဘာသာများသည် တိုက်တာအိမ်ယာမြေအစရှိသည်တို့ကို ဿသနာတော်အတွက် ရည်စူး၍ ပုဂ္ဂလိက ပစ္စည်းအဖြစ်သော်လည်းကောင်း၊ သံဃိကပစ္စည်းအဖြစ်သော်လည်းကောင်း လှူဒါန်းလေ့ရှိကြသည်။

လှူဒါန်းရာတွင် အချို့လည်းမှတ်ပုံတင်ရုံး၌ မှတ်ပုံမတင်ဘဲ ရေစက်သွန်းချ၍ လှူဒါန်းတတ်ကြသည်။ ဖျက်သိမ်းပြီးဖြစ်သော ၁၃၁၁ ခုနှစ်၊ ဝိနိစ္ဆရဌာနနှင့်ဝိနိစ္ဆရခုံအက်ဥပဒေ ပုဒ်မ-၃၁ အရ မှတ်ပုံတင်အက်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်စုံတစ်ရာကို လှူဒါန်းသည့်အခါ သက်ဆိုင်ရာမြို့နယ် ဝိနိစ္ဆယ ဌာနတွင် လှူဒါန်းသည့်စာချုပ်ကို မှတ်ပုံတင်နိုင်ပေသည်။ ယင်းသို့ဝိနိစ္ဆယဌာန၌ မှတ်ပုံတင်ရာတွင် စာချုပ်စာ တမ်းအတွက် ကျသင့်သော တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ခကြေးငွေ တစ်စုံတစ်ရာကို ပေးဆောင်ရန်မလိုပါ ဟု ပြဋ္ဌာန်းခဲ့ဖူးသည်။

သို့ရာတွင် ၁၉၈၀ ပြည့်နှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ်-၃ ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ (ပြင်ဆင်ဖြည့်စွက်ချက်) အခန်း ၉၊ အပိုဒ် ၆၀ အရ၊ ဿသနာမြေအပ ၌ရှိသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်ရပ်ကို လှူဒါန်းရာ၌ တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ စာချုပ်စာတမ်းချုပ်ဆို၍ မှတ်ပုံတင်ရမည်ဟူ၍လည်းကောင်း၊ ယင်းသို့မှတ်ပုံတင်ထားမှသာလျှင် ပိုင်ဆိုင်ခွင့်အငြင်းပွားလျှင်သံဃဝိနိစ္ဆယအဖွဲ့ဖြင့်စစ်ဆေးဆုံးဖြတ်ခွင့်ရှိသည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါသည်။

ဝိနည်းဓမ္မကံ အဓိကရုဏ်မှုခင်းများဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (ပြင်ဆင်ဖြည့်စွက်ချက်) အပိုဒ် ၆၀ တွင် အောက်ပါအတိုင်းပြဌာန်းထားသည် -

ဿသနာမြေအပ၌ရှိသောမရွှေ့မပြောင်းနိုင်သောပစ္စည်းဘဏ္ဍာများကို ရဟန်း၊ သာမဏေ၊ ဂိုဏ်း၊ သံဃာ၊ စေတီ၊ ကျောင်း၊ ကျောင်းတိုက်၊ နဝကမ္မ၊ ဗုဒ္ဓဘာသာ၊ ဿသနာရေးဆိုင်ရာ အသင်းအဖွဲ့များအား လှူဒါန်းရာ၌ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်းချုပ်ဆို၍မှတ်ပုံတင်ခြင်း၊ ဦးပိုင်အမည် ပြောင်းခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ရမည်။

ယင်းသို့ဆောင်ရွက်ထားသည့် ဿသနာမြေအပရှိ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း ဘဏ္ဍာများကိုသာ ပိုင်ဆိုင်ခွင့်အငြင်းပွားလျှင် သံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ်ဆေးဆုံး ဖြတ်ခွင့်ရှိသည်။

ထို့ကြောင့်ရဟန်းသံဃာတို့အား အိမ်၊ မြေ စသည်တို့ကို ရေစက်သွန်းချလှူဒါန်းခြင်းသည် အတည်မဖြစ်ပါ။အထက်ပါပြဌာန်းချက်တွင် အကျုံးဝင်ရန်အလို့ငှာ၊ ဿသနာမြေအပရှိသော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကိုလှူဒါန်းရာ၌ တည်ဆဲဥပဒေပြဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်းချုပ်ဆို၍ မှတ်ပုံတင်ခြင်း၊ ဦးပိုင်အမည်ပြောင်းခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပါကြောင်းဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ် ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ရဟန္းသံဃာတို႔အား အိမ္၊ ေျမ စသည္တို႔ကို စာခ်ဳပ္စာတမ္းခ်ဳပ္ဆိုမွတ္ပံုတင္လွဴဒါန္းမွသာတရားဝင္ အတည္ျဖစ္ျခင္း။

ျမန္မာဗုဒၶဘာသာမ်ားသည္ တိုက္တာအိမ္ယာေျမအစ႐ွိသည္တို႔ကို ႆသနာေတာ္အတြက္ ရည္စူး၍ ပုဂၢလိကပစၥည္းအျဖစ္ေသာ္လည္းေကာင္း၊ သံဃိကပစၥည္းအျဖစ္ေသာ္လည္းေကာင္း လႉဒါန္းေလ့႐ွိၾကသည္။

လႉဒါန္းရာတြင္ အခ်ိဳ႕လည္းမွတ္ပုံတင္႐ုံး၌ မွတ္ပုံမတင္ဘဲ ေရစက္သြန္းခ်၍ လႉဒါန္းတတ္ၾကသည္။ ဖ်က္သိမ္းၿပီးျဖစ္ေသာ ၁၃၁၁ ခုႏွစ္၊ ဝိနိစၧရဌာနႏွင့္ဝိနိစၧရခုံအက္ဥပေဒ ပုဒ္မ-၃၁ အရ မွတ္ပုံတင္အက္ဥပေဒတြင္ မည္သို႔ပင္ပါ႐ွိေစကာမူ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းတစ္စုံတစ္ရာကို လႉဒါန္းသည့္အခါ သက္ဆိုင္ရာၿမိဳ႕နယ္ ဝိနိစၧယ ဌာနတြင္ လႉဒါန္းသည့္စာခ်ဳပ္ကို မွတ္ပုံတင္ႏိုင္ေပသည္။ ယင္းသို႔ဝိနိစၧယဌာန၌ မွတ္ပုံတင္ရာတြင္ စာခ်ဳပ္စာ တမ္းအတြက္ က်သင့္ေသာ တံဆိပ္ေခါင္းခြန္ႏွင့္ မွတ္ပုံတင္ခေၾကးေငြ တစ္စုံတစ္ရာကို ေပးေဆာင္ရန္မလိုပါ ဟု ျပ႒ာန္းခဲ့ဖူးသည္။

သို႔ရာတြင္ ၁၉၈၀ ျပည့္ႏွစ္၊ ျပည္သူ႕လႊတ္ေတာ္ ဥပေဒအမွတ္-၃ ၊ ဝိနည္းဓမၼကံ အဓိက႐ုဏ္းမႈခင္းမ်ား ေျဖ႐ွင္းေရးဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ား (ျပင္ဆင္ျဖည့္စြက္ခ်က္) အခန္း ၉၊ အပိုဒ္ ၆၀ အရ၊ ႆသနာေျမအပ ၌႐ွိေသာ မေ႐ႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းတစ္ရပ္ရပ္ကို လႉဒါန္းရာ၌ တည္ဆဲ ဥပေဒျပ႒ာန္းခ်က္မ်ားႏွင့္ အညီ စာခ်ဳပ္စာတမ္းခ်ဳပ္ဆို၍ မွတ္ပုံတင္ရမည္ဟူ၍လည္းေကာင္း၊ ယင္းသို႔မွတ္ပုံတင္ထားမွသာလွ်င္ ပိုင္ဆိုင္ခြင့္အျငင္းပြားလွ်င္သံဃဝိနိစၧယအဖြဲ႕ျဖင့္စစ္ေဆးဆုံးျဖတ္ခြင့္႐ွိသည္ဟူ၍လည္းေကာင္း ျပ႒ာန္းထားပါသည္။

ဝိနည္းဓမၼကံ အဓိက႐ုဏ္မႈခင္းမ်ားဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ား (ျပင္ဆင္ျဖည့္စြက္ခ်က္) အပိုဒ္ ၆၀ တြင္ ေအာက္ပါအတိုင္းျပဌာန္းထားသည္ -

ႆသနာေျမအပ၌႐ွိေသာမေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းဘ႑ာမ်ားကို ရဟန္း၊ သာမေဏ၊ ဂိုဏ္း၊ သံဃာ၊ ေစတီ၊ ေက်ာင္း၊ ေက်ာင္းတိုက္၊ နဝကမၼ၊ ဗုဒၶဘာသာ၊ ႆသနာေရးဆိုင္ရာ အသင္းအဖြဲ႕မ်ားအား လႉဒါန္းရာ၌ တည္ဆဲဥပေဒ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ စာခ်ဳပ္စာတမ္းခ်ဳပ္ဆို၍မွတ္ပုံတင္ျခင္း၊ ဦးပိုင္အမည္ ေျပာင္းျခင္းတို႔ကို ျပဳလုပ္ေဆာင္႐ြက္ရမည္။

ယင္းသို႔ေဆာင္႐ြက္ထားသည့္ ႆသနာေျမအပ႐ွိ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္း ဘ႑ာမ်ားကိုသာ ပိုင္ဆိုင္ခြင့္အျငင္းပြားလွ်င္ သံဃဝိနိစၧယအဖြဲ႕ျဖင့္ စစ္ေဆးဆုံး ျဖတ္ခြင့္႐ွိသည္။

ထို႔ေၾကာင့္ရဟန္းသံဃာတို႔အား အိမ္၊ ေျမ စသည္တို႔ကို ေရစက္သြန္းခ်လႉဒါန္းျခင္းသည္ အတည္မျဖစ္ပါ။အထက္ပါျပဌာန္းခ်က္တြင္ အက်ံဳးဝင္ရန္အလို႔ငွာ၊ ႆသနာေျမအပ႐ွိေသာ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကိုလႉဒါန္းရာ၌ တည္ဆဲဥပေဒျပဌာန္းခ်က္မ်ားႏွင့္အညီ စာခ်ဳပ္စာတမ္းခ်ဳပ္ဆို၍ မွတ္ပုံတင္ျခင္း၊ ဦးပိုင္အမည္ေျပာင္းျခင္းတို႔ကို ျပဳလုပ္ရမည္ျဖစ္ပါေၾကာင္းဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service