ရေချိုးခန်းထဲက အလှပြုပြင်နည်း အမှားများ - Property Knowledge in Myanmar from iMyanmarHouse.com
1848 Views

ရေချိုးခန်းထဲက အလှပြုပြင်နည်း အမှားများ

Knowledge | Posted by Shwe Zin Win

[Unicode]

တစ်ကိုယ်ရည် သန့်ရှင်းစင်ကြယ်ဖို့အတွက် တော်တော်များများ ထိန်းသိမ်းမှုတွေကို ရေချိုးနေစဉ်အတွင်းမှာပဲ ပြုလုပ်ကြတာလေ။ ဥပမာ အမွေးအမှင်ရိတ်တာနဲ့ ချေးတိုက်၊ ချေးတွန်းတာတွေ အပါအဝင်ပေါ့။

ဒီလိုဆို ကိုယ်မမျှော်လင့်ထားဘဲ မှားယွင်းစွာ လုပ်နေမိတဲ့ အလှအပ ပြုပြင်နည်းတွေက ဘာတွေဖြစ်မယ်ဆိုတာ ဆက်ကြည့်လိုက်ကြရအောင်ပါ။

ခေါင်းလျှော်ရည်ကို အရင်သုံးပြီး ပျော့ဆေးကိုနောက်မှသုံးတာ

သင့်ရဲ့ဆံသားက ခြောက်သွေ့တဲ့ ဆံသားမျိုးဆိုရင် ပျော့ဆေးနဲ့ အရင် (၅-၁၀) မိနစ်လောက် နှပ်ထားပြီးမှ ခေါင်းလျှော်ရည်သုံးပြီး ရေဆေးချတာက ပိုကောင်းပါတယ်။ ခေါင်းလျှော်တိုင်း ခေါင်းလျှော်ရည် အရင်သုံးပြီး ပျော့ဆေး နောက်မှသုံးတာထက် ပျော့ဆေးနဲ့ အရင်နှပ်ပြီးမှ ရေဆေးချတာက ဆံသား ခြောက်သွေ့တတ်သူတွေအတွက် ပိုအဆင်ပြေပါတယ်လို့ ဆံသားပညာရှင်တွေက ဆိုပါတယ်။

မကြာခဏအမွေးအမှင်ရိတ်တာ

သွားခါနီးလာခါနီး ဘာမှမပြင်မဆင်ဘဲ မကြာခဏ ရေချိုးရင်း အမွေးရိတ်တတ်တာက ရေရှည်အတွက် မကောင်းပါဘူး။ အမွေးလေးတွေ ပြန်ပေါက်တဲ့အခါ ကြမ်းကြမ်းတမ်းတမ်းကြီး ဖြစ်မနေဖို့အတွက် ရိတ်ပြီးတဲ့အခါတိုင်း ရေနွေးငွေ့နဲ့ ပေါင်းတင်တာမျိုးတွေ၊ ခရင်မ် တစ်ခုခု လိမ်းပေးတာမျိုးတွေကိုလည်း ပြန်ပြုလုပ်ပေးဖို့ လိုပါသေးတယ်။ နောက်ထပ် exfoliate (သို့) scrub တွေကိုလည်း အမွေးရိတ်ပြီးတိုင်း ဆဲလ်သေတွေကို ကွာကျစေဖို့အတွက် ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှ နူးညံ့တဲ့ အသားအရေမျိုးကို ပိုင်ဆိုင်နိုင်မှာပါ။

မိတ်ကပ်မဖျက်ဘဲ မျက်နှာသစ်တာ

အိုင်းလိုင်နာတွေ၊ အိုင်းရှဲဒိုးတွေ၊ နှုတ်ခမ်းနီတွေ ဘာဆိုဘာမှ မဖျက်ဘဲ ရေချိုးခန်းထဲဝင် မျက်နှာသစ်တာက သင့်ရဲ့ အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ဘယ်မျက်နှာသစ်ဆေးကမှ အညစ်အကြေးတွေကို (၁၀၀%) မသန့်စင်ပေးနိုင်ပါဘူး။ ဒါကြောင့်မို့ မျက်နှာသစ်ဆေးနဲ့ မသစ်မီ မိတ်ကပ်ဖျက်ဆေးနဲ့ အရင် ဖျက်ပေးသင့်ပါတယ်။

အလှကုန်ပစ္စည်းတွေ အများကြီးအသုံးပြုတာ

ဆပ်ပြာများများတိုက်လေ ခန္ဓာကိုယ်က အဆီဓာတ်တွေ များများကုန်ဆုံးလေပါ။ ဘုယျအားဖြင့် ဆပ်ပြာခဲတွေက ဆပ်ပြာရည်ထက် သင့်အသားအရေကို ပိုပြီး ခြောက်သွေ့လွယ်စေပါတယ်။ နို့ရည်၊ ပျားရည်နဲ့ ရှားစောင်လက်ပပ်ပါတဲ့ ဆပ်ပြာရည်တွေကို ဦးစားပေး အသုံးပြုပေးပါ။

ရေပူနဲ့ချိုးတာ

ရေနွေးနဲ့ချိုးရင် အသားအရေလှတယ်ထင်ပြီး အယူအဆ လွဲမှားနေတဲ့သူတွေ ရှိပါတယ်။ သွေးလည်ပတ်မှုကို ကောင်မွန်စေပြီး ကြွက်သားတွေကို ပြေလျော့စေတဲ့အပြင် စိတ်ဖိစီးမှုတွေကိုပါ လျော့ကျစေနိုင်တဲ့အတွက် အေးတဲ့ရာသီတွေမှာ ရေနွေးနဲ့ချိုးတာလောက် ကောင်းတာမရှိပါဘူး။ သို့ပေမဲ့ ရေနွေးနဲ့ချိုးပြီးတိုင်း ရေအေးနဲ့ တစ်ခါ ပြန်လောင်းပေးဖို့ မမေ့ပါနဲ့။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: yoyarlay

 

[Zawgyi]












ရေပူနဲ့ချိုးတာ





Credit: yoyarlay

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service