အမွေဆိုင်အိမ်ခြံမြေကို တစ်ဦးတစ်ယောက်တည်းသဘောဆန္ဒအရရောင်းချလိုက်လျှင်အခြားအမွေဆိုင်များက မည်သို့ဆောင်ရွက်ရမည်နည်း။ - Property Knowledge in Myanmar from iMyanmarHouse.com
1715 Views

အမွေဆိုင်အိမ်ခြံမြေကို တစ်ဦးတစ်ယောက်တည်းသဘောဆန္ဒအရရောင်းချလိုက်လျှင်အခြားအမွေဆိုင်များက မည်သို့ဆောင်ရွက်ရမည်နည်း။

Knowledge | Posted by Shwe Zin Win

[Unicode]

အမွေဆိုင်များပိုင်ဆ်ိုင်သည့်အိမ်ခြံမြေကိုအမွေဆိုင်တစ်ဦးကအခြားအမွေဆိုင်များမသိအောင်ရောင်းချမည်ဆိုလျှင် အရောင်းအဝယ်မပြီးမြောက်သေးပါကအခြားအမွေဆိုင်များက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင်အချင်းဖြစ်မြေကွက်နှင့်ပတ်သက်ပြီး ကန့်ကွက်လွှာတင်ခြင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

ထိုသို့ရောင်းချသောအခါဝယ်ယူသူမှနိုင်ငံပိုင်သတင်းစာတွင်ကန့်ကွက်ရန်ရှိ/မရှိကြေညာချက်ထည့်သွင်းဆောင်ရွက်မည်ဖြစ်သည်။ ထိုသို့ကြေညာချက်ကိုတွေ့ရှိပြီးကန့်ကွက်မည်ဆိုလျှင်သတင်းစာကြော်ငြာတွင်ထည့်သွင်းဖော်ပြထားသည့်သတ်မှတ်ရက်မတိုင်မီပိုင်ဆိုင်မှုစာရွက်စာတမ်းမူရင်းများဖြင့် ဝယ်ယူသူထံသွားရောက်ကန့်ကွက်ခြင်း၊ကန့်ကွက်လွှာတင်သွင်းခြင်းများဆောင်ရွက်ရမည်ဖြစ်ပါသည်။

ထိုအခါ အရောင်းအဝယ်သည့်ရှေ့ဆက်ဆောင်ရွက်၍မရတော့ဘဲ အမွေဆိုင်များမသိဘဲတစ်ဦးတည်းရောင်းချသည့်ရောင်းသူမှဝယ်ယူသူအားစရန်ငွေ၏ (၂)ဆပြန်လည်ပေးလျော်ခြင်းဖြင့်အရောင်းအဝယ်ပျက်သွားမှာဖြစ်ပါသည်။

အရောင်းအဝယ်ပြီးမြောက်ပြီးနောက်မှကျန်အမွေဆိုင်များကသိရှိခြင်းဖြစ်ပါက အဆိုပါအရောင်းအဝယ်သည်ကျန်အမွေဆိုင်များမသိရှိဘဲရောင်းချခြင်းဖြစ်သည့်အတွက်အရောင်းအဝယ်ပြုလုပ်ထားသည့်စာချုပ်ကိုဖျက်သိမ်းပေးစေလိုမှုတရားမမှုစွဲဆိုရမှာဖြစ်ပါသည်။

တရားစွဲဆိုရာတွင်သတ်မှတ်ထားသည့်ကာလအပိုင်းအခြားမစေ့ရောက်မီတရားစွဲဆိုရန်လိုအပ်မည်ဖြစ်ပါသည်။စာချုပ်ဖျက်သိမ်းပေးစေလိုမှုသည် ကာလစည်းကမ်းသတ်ဥပဒေအရဝယ်ယူသူသတင်းစာကြေညာချက်ထည့်သွင်းသည့်နေ့ရက်မှ (၃)နှစ်အတွင်းတရားစွဲဆိုရမှာဖြစ်ပါသည်။

ထိုသို့ (၃)နှစ်အတွင်းတရားစွဲဆိုခဲ့ခြင်းမရှိဘဲကာလစည်းကမ်းသတ်ကျော်လွန်သွားခဲ့မည်ဆိုလျှင် အဆိုပါအချင်းဖြစ်အိမ်ခြံမြေအတွက်တရားစွဲဆိုဆောင်ရွက်လိုရမည်မဟုတ်တော့ပါ။အခြားအမွေဆိုင်များတွင်ဥပဒေအရဆုံးရှုံးမှုရှိမှာဖြစ်တဲ့အတွက် မိမိတွင်ပိုင်ဆိုင်မှု၊ဆက်ဆိုင်မှုများရှိပါကနိုင်ငံပိုင်သတင်းစာများကိုစောင့်ကြည့်ဖတ်ရှုခြင်း၊ဆက်ဆိုင်ပိုင်ဆိုင်သည့်အိမ်ခြံမြေ၏သတင်းအချက်အလက်ကို နားစွင့်ထားရန်လိုအပ်မည်ဖြစ်ပါသည်။သို့မှသာ မိမိပိုင်ဆိုင်မှုဆုံးရှုံးခြင်းကိုကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါကြောင်းဥပဒေဗဟုသုတရရှိစေရန်ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အေမြဆိုင္အိမ္ျခံေျမကို တစ္ဦးတစ္ေယာက္တည္းသေဘာဆႏၵအရေရာင္းခ်လိုက္လွ်င္အျခားအေမြဆိုင္မ်ားက မည္သို႔ေဆာင္ရြက္ရမည္နည္း။

အေမြဆိုင္မ်ားပိုင္ဆို္င္သည့္အိမ္ျခံေျမကိုအေမြဆိုင္တစ္ဦးကအျခားအေမြဆိုင္မ်ားမသိေအာင္ေရာင္းခ်မည္ဆိုလွ်င္ အေရာင္းအဝယ္မၿပီးေျမာက္ေသးပါကအျခားအေမြဆိုင္မ်ားက ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲမႈဌာနတြင္အခ်င္းျဖစ္ေျမကြက္ႏွင့္ပတ္သက္ၿပီး ကန္႔ကြက္လႊာတင္ျခင္းေဆာင္ရြက္ရမည္ျဖစ္ပါသည္။

ထိုသို႔ေရာင္းခ်ေသာအခါဝယ္ယူသူမွႏုိင္ငံပိုင္သတင္းစာတြင္ကန္႔ကြက္ရန္ရွိ/မရွိေၾကညာခ်က္ထည့္သြင္းေဆာင္ရြက္မည္ျဖစ္သည္။ ထုိသုိ႔ေၾကညာခ်က္ကိုေတြ႔ရွိၿပီးကန္႔ကြက္မည္ဆိုလွ်င္သတင္းစာေၾကာ္ျငာတြင္ထည့္သြင္းေဖာ္ျပထားသည့္သတ္မွတ္ရက္မတိုင္မီပိုင္ဆိုင္မႈစာရြက္စာတမ္းမူရင္းမ်ားျဖင့္ ဝယ္ယူသူထံသြားေရာက္ကန္႔ကြက္ျခင္း၊ကန္႔ကြက္လႊာတင္သြင္းျခင္းမ်ားေဆာင္ရြက္ရမည္ျဖစ္ပါသည္။

ထိုအခါ အေရာင္းအဝယ္သည့္ေရွ႕ဆက္ေဆာင္ရြက္၍မရေတာ့ဘဲ အေမြဆိုင္မ်ားမသိဘဲတစ္ဦးတည္းေရာင္းခ်သည့္ေရာင္းသူမွဝယ္ယူသူအားစရန္ေငြ၏ (၂)ဆျပန္လည္ေပးေလ်ာ္ျခင္းျဖင့္အေရာင္းအဝယ္ပ်က္သြားမွာျဖစ္ပါသည္။

အေရာင္းအဝယ္ၿပီးေျမာက္ၿပီးေနာက္မွက်န္အေမြဆိုင္မ်ားကသိရွိျခင္းျဖစ္ပါက အဆိုပါအေရာင္းအဝယ္သည္က်န္အေမြဆိုင္မ်ားမသိရွိဘဲေရာင္းခ်ျခင္းျဖစ္သည့္အတြက္အေရာင္းအဝယ္ျပဳလုပ္ထားသည့္စာခ်ဳပ္ကိုဖ်က္သိမ္းေပးေစလိုမႈတရားမမႈစြဲဆိုရမွာျဖစ္ပါသည္။

တရားစြဲဆိုရာတြင္သတ္မွတ္္ထားသည့္ကာလအပိုင္းအျခားမေစ့ေရာက္မီတရားစြဲဆိုရန္လိုအပ္မည္ျဖစ္ပါသည္။စာခ်ဳပ္ဖ်က္သိမ္းေပးေစလိုမႈသည္ ကာလစည္းကမ္းသတ္ဥပေဒအရဝယ္ယူသူသတင္းစာေၾကညာခ်က္ထည့္သြင္းသည့္ေန႔ရက္မွ (၃)ႏွစ္အတြင္းတရားစြဲဆိုရမွာျဖစ္ပါသည္။

ထိုသုိ႔ (၃)ႏွစ္အတြင္းတရားစြဲဆိုခဲ့ျခင္းမရွိဘဲကာလစည္းကမ္းသတ္ေက်ာ္လြန္သြားခဲ့မည္ဆိုလွ်င္ အဆိုပါအခ်င္းျဖစ္အိမ္ျခံေျမအတြက္တရားစြဲဆုိေဆာင္ရြက္လိုရမည္မဟုတ္ေတာ့ပါ။အျခားအေမြဆိုင္မ်ားတြင္ဥပေဒအရဆံုးရံွုးမႈရွိမွာျဖစ္တဲ့အတြက္ မိမိတြင္ပိုင္ဆိုင္မႈ၊ဆက္ဆိုင္မႈမ်ားရွိပါကႏိုင္ငံပိုင္သတင္းစာမ်ားကိုေစာင့္ၾကည့္ဖတ္ရႈျခင္း၊ဆက္ဆိုင္ပိုင္ဆိုင္သည့္အိမ္ျခံေျမ၏သတင္းအခ်က္အလက္ကို နားစြင့္ထားရန္လိုအပ္မည္ျဖစ္ပါသည္။သို႔မွသာ မိမိပိုင္ဆိုင္မႈဆံုးရံႈးျခင္းကိုႀကိဳတင္ကာကြယ္ႏိုင္မည္ျဖစ္ပါေၾကာင္းဥပေဒဗဟုသုတရရွိေစရန္ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

Upcoming Property Events

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service