ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ ခရမ်းရောင်ပြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
6238 Views

ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ ခရမ်းရောင်ပြောင်း

Knowledge | Posted by Zarni Kyaw

[Unicode]

သာမန်ထက် ထူးခြားတဲ့ အရောင်အသွေး၊ သွင်ပြင်သဏ္ဍာန်ရှိရင် ဆေးဖက်ဝင်တယ်လို့ ပြောကြတာများပါတယ်နော်။ ဥပမာပြောပြရရင် ဟင်းနုနွယ်အနီရောင်က ဆေးဖက်ဝင်တယ်၊ ဆလတ်ရွက်အနီရောင်က စားပေးရတယ် ခန္ဓာကိုယ်အတွက်ကောင်းတယ်၊ ကြက်အမဲရောင် အသားကလည်း စားရတယ်ဆေးဖက်ဝင်တယ်ဆိုတာမျိုးပေါ့။

ဒီတစ်ခေါက်တော့ အရောင်အသွေးထူးခြားမှုကြောင့် ဆေးဖက်ဝင်တယ်ဆိုတာက တကယ်မှန်တယ်ဆိုတာလေးကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေနာ်။ ခရမ်းရောင်ပြောင်းဖူးလေးက ဆေးဖက်ဝင်ပါတယ်။

ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ ဓာတ်တွေက ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို ကျဆင်းစေနိုင်သလို အင်ဆူလင်မတိုးတာကိုလည်း သက်သာစေနိုင်တဲ့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ ဒီတော့ သေချာတာတစ်ခုက ခရမ်းရောင်ပြောင်းဖူးလေးတွေကို အမျိုးအစား -၂ ဆီးချိုရှိသူတွေ စားသုံးလို့ရတယ်ဆိုတာပါ။

ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးမှုက အမျိုးအစား -၂ ဆီးချိုရောဂါကို ကာကွယ်ဖို့နဲ့ အကောင်းဆုံးထိန်းချုပ်ဖို့အတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ ဆီးချိုရှိသူတစ်ဦးအနေနဲ့ စားသုံးဖို့သင့်တော်တာတွေကတော့ သစ်သီးတွေ၊ ကစီဓာတ်နည်းတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ကောက်နှံတွေ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေနဲ့ ပဲတောင့်ရှည်တွေပေါ့။ ဒီလိုစားသုံးဖို့သင့်တော်တယ်ဆိုတဲ့ စာရင်းထဲမှာ ကစီဓာတ်များတဲ့ ပြောင်းဖူးကတော့ မပါတာအမှန်ပါပဲ။

၂၀၁၇ ခုနှစ်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရတော့ ခရမ်းရောင်ပြောင်းဖူးစားသုံးတဲ့ ကြွက်ကလေးတွေဟာ ဗိုက်အဆီကျသလို၊ သွေးတွင်းကိုလက်စထရောပမာဏလည်းကောင်းမွန်ပြီး၊ သွေးပေါင်လည်းကျစေနိုင်တယ်လို့လည်း တွေ့ရှိခဲ့ရပါတယ်။ အဝလွန်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

လေ့လာမှုတွေအရတော့ ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ ဓာတ်ပစ္စည်းတစ်ခုက အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို တိုးတက်စေနိုင်သလို နာကျင်ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီဓာတ်က ဆဲလ်တွေတွင်းက oxidative stress တွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

ဒါကြောင့် ခရမ်းရောင်ပြောင်းဖူးလေးကို ဆီးချိုရှိနေသူတွေရော၊ ဆီးချိုမဖြစ်အောင် ကာကွယ်ချင်သူတွေပါစားသုံးလို့ရပါတယ်နော်။ အဝလွန်တာကိုလည်း ကာကွယ်ပေးတယ်ဆိုတော့ အိုကေပေါ့။ ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေဖြစ်နေမယ်ဆိုရင်လည်း ခရမး်ရောင်ပြောင်းဖူးလေးကို စားသုံးမယ်ဆိုရင် သက်သာစေမှာပါ။

ကစီဓာတ်များလို့ မစားရဘူးဆိုပြီး ပြောင်းဖူးမစားရလို့ စိတ်ညစ်နေတဲ့ ဆီးချိုရောဂါရှင်တွေအတွက်တော့ ပြောင်းဖူးလည်း စားရ ကျန်းမာရေးအတွက်လည်း ကောင်းတယ်ဆိုတော့ အဆင်ပြေတာပေါ့နော်။ ဒါကြောင့် အရောင်အသွေးထူးခြားမှုက ဆေးဖက်ဝင်တယ်ဆိုတာ တကယ်ပါနော်။

ဆီးချိုရှိတဲ့သူတွေအတွက်ရော အဝလွန်မှာစိုးနေသူတွေအတွက်ပါ အဆင်ပြေတယ်ဆိုတော့ ဆေးဖြစ်ဝါးဖြစ်လေးဖြစ်ဖြစ် ခရမ်းရောင်ပြောင်းဖူးလေးကို စားလို့ရပါကြောင်း……..

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

ဆီးခ်ိဳသမားေတြအတြက္ သင့္ေတာ္တဲ့ ခရမ္းေရာင္ေျပာင္း

သာမန္ထက္ ထူးျခားတဲ့ အေရာင္အေသြး၊ သြင္ျပင္သ႑ာန္ရွိရင္ ေဆးဖက္ဝင္တယ္လို႔ ေျပာၾကတာမ်ားပါတယ္ေနာ္။ ဥပမာေျပာျပရရင္ ဟင္းႏုႏြယ္အနီေရာင္က ေဆးဖက္ဝင္တယ္၊ ဆလတ္ရြက္အနီေရာင္က စားေပးရတယ္ ခႏၶာကိုယ္အတြက္ေကာင္းတယ္၊ ၾကက္အမဲေရာင္ အသားကလည္း စားရတယ္ေဆးဖက္ဝင္တယ္ဆိုတာမ်ိဳးေပါ့။

ဒီတစ္ေခါက္ေတာ့ အေရာင္အေသြးထူးျခားမႈေၾကာင့္ ေဆးဖက္ဝင္တယ္ဆိုတာက တကယ္မွန္တယ္ဆိုတာေလးကို ဒီေဆာင္းပါးေလးကေနတဆင့္ ေျပာျပေပးပါရေစနာ္။ ခရမ္းေရာင္ေျပာင္းဖူးေလးက ေဆးဖက္ဝင္ပါတယ္

ခရမ္းေရာင္ေျပာင္းဖူးမွာပါတဲ့ ဓာတ္ေတြက ခႏၶာကိုယ္မွာျဖစ္တဲ့ ေရာင္ရမ္းမႈေတြကို က်ဆင္းေစႏိုင္သလို အင္ဆူလင္မတိုးတာကိုလည္း သက္သာေစႏိုင္တဲ့ ေလ့လာမႈအသစ္တစ္ရပ္အရ သိရပါတယ္။ ဒီေတာ့ ေသခ်ာတာတစ္ခုက ခရမ္းေရာင္ေျပာင္းဖူးေလးေတြကို အမ်ိဳးအစား -၂ ဆီးခ်ိဳရွိသူေတြ စားသံုးလို႔ရတယ္ဆိုတာပါ။

က်န္းမာေရးနဲ႔ညီညြတ္ေအာင္ စားသံုးမႈက အမ်ိဳးအစား -၂ ဆီးခ်ိဳေရာဂါကို ကာကြယ္ဖို႔နဲ႔ အေကာင္းဆံုးထိန္းခ်ဳပ္ဖို႔အတြက္ အေရးပါတဲ့ အခ်က္တစ္ခုပါ။ ဆီးခ်ိဳရွိသူတစ္ဦးအေနနဲ႔ စားသံုးဖို႔သင့္ေတာ္တာေတြကေတာ့ သစ္သီးေတြ၊ ကစီဓာတ္နည္းတဲ့ ဟင္းသီးဟင္းရြက္ေတြ၊ ေကာက္ႏွံေတြ၊ အခြံမာသီးေတြ၊ အေစ့အဆန္ေတြနဲ႔ ပဲေတာင့္ရွည္ေတြေပါ့။ ဒီလိုစားသံုးဖို႔သင့္ေတာ္တယ္ဆိုတဲ့ စာရင္းထဲမွာ ကစီဓာတ္မ်ားတဲ့ ေျပာင္းဖူးကေတာ့ မပါတာအမွန္ပါပဲ။

၂၀၁၇ ခုႏွစ္က လုပ္ခဲ့တဲ့ေလ့လာမႈတစ္ခုအရေတာ့ ခရမ္းေရာင္ေျပာင္းဖူးစားသံုးတဲ့ ၾကြက္ကေလးေတြဟာ ဗိုက္အဆီက်သလို၊ ေသြးတြင္းကိုလက္စထေရာပမာဏလည္းေကာင္းမြန္ျပီး၊ ေသြးေပါင္လည္းက်ေစႏုိင္တယ္လို႔လည္း ေတြ႔ရွိခဲ့ရပါတယ္။ အဝလြန္တာမ်ိဳးမျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္စြမ္းရွိပါတယ္။

ေလ့လာမႈေတြအရေတာ့ ခရမ္းေရာင္ေျပာင္းဖူးမွာပါတဲ့ ဓာတ္ပစၥည္းတစ္ခုက အင္ဆူလင္တုံ႔ျပန္ႏိုင္စြမ္းကို တိုးတက္ေစႏိုင္သလို နာက်င္ေရာင္ရမ္းမႈေတြကိုလည္း သက္သာေစႏိုင္ပါတယ္။ ဒီဓာတ္က ဆဲလ္ေတြတြင္းက oxidative stress ေတြကိုလည္း ေလ်ာ႔က်ေစႏိုင္ပါတယ္။

ဒါေၾကာင့္ ခရမ္းေရာင္ေျပာင္းဖူးေလးကို ဆီးခ်ိဳရွိေနသူေတြေရာ၊ ဆီးခ်ိဳမျဖစ္ေအာင္ ကာကြယ္ခ်င္သူေတြပါစားသံုးလို႔ရပါတယ္ေနာ္။ အဝလြန္တာကိုလည္း ကာကြယ္ေပးတယ္ဆုိေတာ့ အိုေကေပါ့။ ခႏၶာကိုယ္မွာ ေရာင္ရမ္းမႈေတြျဖစ္ေနမယ္ဆိုရင္လည္း ခရမး္ေရာင္ေျပာင္းဖူးေလးကို စားသံုးမယ္ဆိုရင္ သက္သာေစမွာပါ။

ကစီဓာတ္မ်ားလို႔ မစားရဘူးဆိုျပီး ေျပာင္းဖူးမစားရလို႔ စိတ္ညစ္ေနတဲ့ ဆီးခ်ိဳေရာဂါရွင္ေတြအတြက္ေတာ့ ေျပာင္းဖူးလည္း စားရ က်န္းမာေရးအတြက္လည္း ေကာင္းတယ္ဆိုေတာ့ အဆင္ေျပတာေပါ့ေနာ္။ ဒါေၾကာင့္ အေရာင္အေသြးထူးျခားမႈက ေဆးဖက္ဝင္တယ္ဆိုတာ တကယ္ပါေနာ္။

ဆီးခ်ိဳရွိတဲ့သူေတြအတြက္ေရာ အဝလြန္မွာစိုးေနသူေတြအတြက္ပါ အဆင္ေျပတယ္ဆိုေတာ့ ေဆးျဖစ္ဝါးျဖစ္ေလးျဖစ္ျဖစ္ ခရမ္းေရာင္ေျပာင္းဖူးေလးကို စားလို႔ရပါေၾကာင္း……..

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service