တစ်ယောက်တည်း အိမ်မှာနေတဲ့အခါ လုံခြုံမှုရှိစေဖို့ - Property Knowledge in Myanmar from iMyanmarHouse.com
1656 Views
တစ်ယောက်တည်း အိမ်မှာနေတဲ့အခါ လုံခြုံမှုရှိစေဖို့
Knowledge | Posted by Aye Myat Thu
[Unicode]
လက်ရှိခေတ်အနေအထားအရ တစ်ယောက်တည်း အိမ်မှာနေရတဲ့အခါ လုံခြုံမှုရှိဖို့ လိုအပ်ပါတယ်။ ဒီအတွက် ဒီဆောင်းပါးမှာ အိမ်မှာ တစ်ယောက်တည်း ရှိနေရတဲ့အခါ စိတ်ချလုံခြုံမှုရှိစေဖို့အတွက် ဒီဆောင်းပါးက အထောက်အကူတစ်ခုပြုမယ်လို့မျှော်လင့်ပါတယ်။
တစ်ယောက်တည်း အိမ်မှာနေတဲ့အခါ လုံခြုံမှု ရှိစေဖို့
တစ်ကိုယ်တည်း အိမ်မှာနေရတဲ့အခါ အောက်က အချက်လေးတွေကို ဂရုတစိုက်ရှိစေချင်ပါတယ်။
အ်ိမ်နီးနာချင်းတွေနဲ့ မိတ်ဆွေဖွဲ့ပါ
အ်ိမ်နီးနားချင်းတွေနဲ့ မိတ်ဆွေဖွဲ့ထားတာဟာ ကိုယ့်အတွက်ရော ကိုယ့်အိမ်အတွက်ပါ လုံခြုံမှုရှိစေပါတယ်ဆိုတာ မမေ့စေချင်ပါဘူး။ အရေးပေါ်အန္တရာယ်ကြုံရတဲ့ အိမ်နီးနားချင်းမိတ်ဆွေတွေက အရင် ကူညီနိုင်မှာ ဖြစ်ပါတယ်။
တံခါးကို သော့သေချာခတ်ပါ
အပြင်သွားသည် ဖြစ်စေ၊ အိမ်ထဲမှာ တစ်ယောက်တည်းနေသည် ဖြစ်စေ တံခါးသေချာသော့ခတ်ထားဖို့ လိုပါတယ်။ တံခါးသော့ခတ်ဖို့ မေ့သွားတာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကိုယ် ကိုယ်တိုင်လည်း ကြားဖူးမှာပါ။ ဒါ့အပြင် ကိုယ် အပြင်သွားနေတယ်ဆိုတာကလည်း အိမ်နီးနားချင်းတွေ သိရင် ကိုယ် ဘယ်အချိန်လောက် ပြန်ရောက်မလဲဆိုတာကိုပါ သူတို့တွေ သိဖို့လိုပါတယ်။
အရေးပေါ်အစီအစဉ် ချထားပါ
တကယ်လို့ မီးဘေး၊ငလျင်ဘေး အစရှိတာတွေနဲ့ ကြုံရတဲ့အခါ အသက်ရှင်နိုင်ဖို့အတွက် အခုကတည်းက အရေးပေါ်အစီအစဉ်တစ်ခု ကြိုဆွဲထားပါ။ ဖြစ်မှ စီစဉ်တာထက်စာရင် ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းပါတယ်။
အချက်ပေးစနစ်တွေ စစ်ဆေးပါ
မီးလောင်တဲ့အခါ ဒါမှမဟုတ် အိမ်ကို သူခိုးဝင်တဲ့အခါ ကိုယ်တိုင် သိရှိနိုင်ဖို့အတွက် အချက်ပေးဘဲလ်တွေ၊ စီစီတီဗီ ကင်မရာနဲ့ မှတ်တမ်းတွေ ရှိနေရင် အကောင်းဆုံး ဖြစ်ပါတယ်။ အဲ့ဒီ မှတ်တမ်းတွေကိုလည်း ကိုယ့်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေ တိုက်ရိုက်ကြည့်ရှုလို့ရရင် ပိုကောင်းပါတယ်။
ဒါ့အပြင် ညနေမှောင်ပြီဆိုတာနဲ့ အခန်းအပြင်ဘက် မီးချောင်းတွေ ဖွင့်ထားပေးပါ။ ရာဇဝတ်သားတွေက အလင်းရောင်ကို ရှောင်ကြဉ်လေ့ရှိပါတယ်။
အိမ်မွေးခွေး မွေးပါ
အိမ်လုံဖို့အတွက် ခွေးအကြီးကြီးတွေ မလိုအပ်ပါဘူး။ အဲ့ဒီအစား ဟောင်တတ်တဲ့ခွေးပဲ လိုတာပါ ။ အိမ်စောင့်ခွေးတွေက ကိုယ့်အတွက် လုံခြုံမှုရှိစေသလို အိမ်အတွင်း ဖောက်ထွင်းဝင်လာမယ့် သူကိုလည်း တားဆီးပေးနိုင်ပါတယ်။
အိမ်သော့အပို ဆောင်ထားပါ
အိမ်သော့အပိုတွေကို ခြံဝန်းထဲ ဖွက်ထားမယ့်အစား ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်းများကိုသာ ပေးထားပါ ။ အိမ်အတွင်း ဝင်မယ့်လူတွေက ခြံဝန်းထဲမှာ သော့အပိုများကို အရင်ရှာတတ်ပါတယ်။
ကိုယ်ခံပညာရပ်တွေ တတ်ထားရင် ကောင်းပါတယ်
ကိုယ်ခံပညာရပ်တစ်ခုခုတတ်မြောက်ထားတာဟာ ကိုယ့်ကိုယ်ကို ကာကွယ်မှု ရှိစေသလို ယုံကြည်စိတ်ချမှုလည်း ရှိစေပါတယ် ။ ဒါ့ကြောင့် ဗန်တို၊ ဗန်ရှည်၊ ကရာတေး အစရှိတဲ့ ကိုယ်ခံပညာရပ်တွေကို သင်ယူထားတာ လုံးဝအရှုံးမရှိပါဘူး။
ယုံကြည်ရမယ့် သူတွေဆီ ဖုန်းခေါ်ပါ
အရေးပေါ်အခြေအနေကြုံလာတဲ့အခါ ယုံကြည်အားကိုရမယ့် သူတွေဆီ ဖုန်းခေါ်လိုက်ပါ။ ဒီလို ဖုန်းခေါ်တဲ့အတွက် အားနာနေစရာ မလိုပါဘူး။ ကိုယ်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို သေချာပြောပြပြီး သူတို့ဆီက တတ်နိုင်သလောက် အကူအညီ ရယူနိုင်ပါတယ်။
ဒီအချက်တွေကတော့ အမျိုးသားတွေရော ၊ အမျိုးသမီးတွေအတွက်ပါ အိမ်မှာ တစ်ယောက်တည်းနေတဲ့အခါ လုံခြုံစိတ်ချမှုရစေမယ့် အကြံပြုချက်တွေပဲ ဖြစ်ပါတယ်။ ခေတ်ပျက်ကြီးဖြစ်တဲ့ အခုအခြေအနေမှာ ကိုယ့်ဘက်က လုံခြုံဖို့အတွက် ဂရုတစိုက်ရှိစေချင်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: KKMM
[Zawgyi]
အိမ်နီးနာချင်းတွေနဲ့ မိတ်ဆွေဖွဲ့ပါ
အိမ်မွေးခွေး မွေးပါ
Credit: KKMM
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
Upcoming Property Events
From 03 May To 04 May
Aung Theikdi Villa
From 03 May To 04 May
Shwe Wutt Hmone Housing
From 25 Apr To 09 May
Mingalardon Garden City
CarsDB
Aung Theikdi Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service