လူတကိုယ် စိတ်တစ်မျိုး ဂရန်မြေရောင်းသူ အမျိုးမျိုး - Property Knowledge in Myanmar from iMyanmarHouse.com
752 Views

လူတကိုယ် စိတ်တစ်မျိုး ဂရန်မြေရောင်းသူ အမျိုးမျိုး

Knowledge | Posted by Aye Myat Thu

[Unicode]

“တစ်နေ့တစ်လံ ပုဂံဘယ်ရွှေ့မလဲ” ဆိုရိုးစကားက မပြုံး အတွက်များဖြစ်နေလေသလား မသိပါ။ သူမရဲ့ ဇွဲကတော့ စံနမူနာယူစရာကောင်းပါတယ်။ ကြည့်လေ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘက်မှာ မြေနဲ့အိမ်ဝယ်ချင်ပါတယ်ဆိုတဲ့ “ကိုရဲကျော်သူ” ရဲ့ တိုက်တွန်းမှုကြောင့်၊ အကျိုးဆောင် “မပြုံး” တစ်ယောက်ကိုယ်တိုင်လည်းရှာ ပွဲစားအချင်းချင်းလည်းချိတ်ဆက် ကာ မြေနဲ့အိမ်ရောင်းမယ့် သူကိုရှာလိုက်တာ ပထမဆုံးတွေ့ရတာက၊ ရပ်ကွက်လမ်းအတွင်း ဈေးတန်းနဲ့ မနီးမဝေးမှာ မြေနဲ့အိမ်ကိုရောင်းမယ့်သူကိုတွေ့ရပါတယ်။

ရောင်းမယ်ဆိုလို့ စာရွက်စာတမ်းတွေတောင်းယူကြည့်လိုက်တဲ့အခါ ဂရန်မြေဖြစ်နေတယ် ကြားထဲမှာ စာချုပ်အဆက် (၂) ဦးလောက် ပြောင်းထားပြီး ရောင်းမယ့်သူက (၃) ဦး မြောက်ဝယ်ထားတာတွေ့ရတယ်။ ဝယ်ထားတာလည်း လွန်ခဲ့တဲ့ (၅)လလောက်ကမှ ဝယ်ထားတာဖြစ်တယ်။ ရန်ကုန်သားတွေလည်း မဟုတ်ကြဘူး၊ ရခိုင်ပြည်နယ်က ပြောင်းလာတာလို့ပြောတယ်။ ဒီနေရာမှာ နေရတာမပျော်လို့ ပြန်ရောင်းလိုတာ ပြောတာဘဲ။ နယ်ကလာတာဆိုတော့လည်း ဒီလိုဘဲဖြစ်တတ်ပါတယ်လေ။

သူတို့ကိုလည်း ရန်ကုန်ကမိတ်ဆွေတစ်ယောက်က ဦးဆောင်ပြီးဝယ်ပေးတာလို့ပြောပါတယ်။ မြေနဲ့ပတ်သက်လို့တော့ အရမ်းနားလည်ကြပုံမရဘူး။ ဂရန်မြေနဲ့အိမ်ဆိုရင် ခိုင်မာတယ်။ ပါမစ်မြေလို အရှုပ်အရှင်းမရှိဘူးလို့ပြောတာနဲ့ ဝယ်ယူနေထိုင်ကာ လျှပ်စစ်ပစ္စည်းအမျိုးမျိုးနဲ့ အဝတ်အထည်ဆိုင်ဖွင့်ထားတာတွေ့ရတယ်။

သူတို့ယုံကြည်ရတဲ့ ဂရန်မြေ ဆိုတာက မှန်ပါရဲ့ ဒါပေမယ့် ဂရန်အမည်ပေါက်ထံက GP/SP ကိုယ်စာလှယ်လွှဲစာယူထားတာမတွေ့ရဘူး။ အဲဒါကြောင့် ရဲကျော် သူတို့ဝယ်ရင် ဂရန်အမည်ပေါက်ထံက Special Power (အထူးကိုယ်စားလှယ်လွှဲစာ) ယူပေးမယ်လို့တော့ပြောပါတယ်။ ဒါဆိုရင် ဝယ်သူအတွက် အဆင်ပြေတာပေါ့။

ဒါနဲ့ အရောင်းအဝယ်ဖြစ်ပြီဆိုပါတော့ အရောင်းအဝယ်ဖြစ်ရင်လည်း ချက်ခြင်းတော့ ပြောင်းလို့မဖြစ်သေးဘူးလေ။ ဝါတွင်းကာလ ဖြစ်နေတာမဟုတ်လား။ ဒီလိုဆိုရင် သီတင်းကျွတ်ရင် ပြောင်းပေးမယ်လို့ရောင်းသူတွေက ကတိပြုတာနဲ့ ဝယ်သူရဲ့လိုအပ်ချက်ဖြစ်တဲ့ အရောင်းမြေပုံ/မြေရာဇဝင် ကူးပေးဖို့ပြောတယ်။ သူတို့လုပ်ပေးမယ်လို့ ကတိပြုရတယ်။ ဒါပေမယ့် အခုစရန်ငွေသိန်း (၃၀၀) ၊ စရန်ချခဲ့ ပါတဲ့ ကျန်ငွေ သိန်း ၃၀၀ ကိုတစ်လပြည့်တဲ့နေ့မှာ အပြီးချေပါလို့ပြောတယ်။

“ ဟုတ်ပြီလေ အမတို့ဘက်ကတစ်လအတွင်းမှာ အရောင်းမြေပုံကူးပေးရမယ် အကျေချေပြီးတာနဲ့ မြေနဲ့အိမ်ကိုလက်ရောက်ပေးရမယ်။ ဒါဆိုရင် ဝါတွင်းကြီးဖြစ်နေမယ်လို့ ပြောတော့ လူကတော့ သီတင်းကျွတ်အိမ်ပြန်ဝယ်ပြီးမှ ပြောင်းပေးနိုင်မယ် တဲ့ လေ အပြီးဆင်းတဲ့နေ့ရောက်မှ အရောင်းမြေပုံ အပါအဝင် မြေနဲ့အိမ်ကိုလွှဲပြောင်းပေးနိုင်မယ်လို့ ပြောပါတယ်။ ဒီတော့ စာရေးသူလည်း ရောင်းသူတွေကိုကြည့်ပြီး မျက်လုံးပြူးသွားတယ် ဘယ်နှယ်ဗြာ… ရောင်းဖို့ငွေတော့ အကုန်တောင်းတယ်။ မြေနဲ့အိမ်လက်ရောက်အပ်ဖို့ရယ်။ အရောင်းမြေပုံပေးဖို့ရယ်ကိုတော့ သူတို့အိမ်ဝယ်ပြီးလို့ပြောင်းတဲ့နေ့မှ လက်ရောက်အပ်မယ်ဆိုတော့ မဖြစ်နိုင်တဲ့ စကားကိုပြောတာဘဲ။အစဉ်အလာလည်း မရှိပါဘူး။

ရောင်းဖို့ငွေတော့ အကုန်တောင်းပြီး မြေနဲ့အိမ်လက်ရောက်ပေးဖို့ကျတော့ သီတင်းကျွတ်ပြီးမှ ပေးအပ်နိုင်မယ်လို့ပြောတာနဲ့ ဒါဆိုရင်တော့ အဆင်မပြေနိုင်ဘူး ဆိုပြီး နှုတ်ဆက်ပြီး ပြန်ခဲ့ရပါတယ်။ သုဝဏ္ဏအဆင်မပြေတာနဲ့ သင်္ဃန်းကျွန်း၊ စံပြဈေးဘက်လှည့်ရှာပြန်တယ်။ ဟော့.. စံပြဈေးမှာလည်း ရောင်းမယ့်သူက အနှစ် (၆၀) ဂရန်မြေ ဖြစ်နေပြန်တယ်။ ဂရန်အမည်ပေါက်သူကိုယ်တိုင် ရောင်းတာမဟုတ်ပြန်ဘူး လွန်ခဲ့သော (၁၀) နှစ်ကတည်းက ဂရန်အမည်ပေါက်ထံက Special Power (အထူးကိုယ်စာလှယ်လွှဲစာ) ယူထားသူက ပြန်ရောင်းတာဖြစ်နေတယ်။ ဒါဆိုရင် ဝယ်သူအမည်ပေါက်ပြောင်းန်ိုင်တာဖြစ်လို့ ဝယ်ယူဖို့နှစ်ဘက်ဈေးညှိကြတယ်။ အဆင်ပြေသွားလို့ စရန်ငွေ သိန်း ၁၀၀ ချခဲ့တယ်။

မှတ်ပုံတင် အထူးကိုယ်စာလှယ်လွှဲစာကိုင်ထားသူကရောင်းသူကိုယ်တိုင်ဖြစ်နေလို့ တစ်လခွဲအတွင်းအရောင်းမြေပုံကူးပေးတယ်။ မြေပုံအပ်တဲ့နေ့မှာ ဒုတိယ အရစ်ပေးတယ်။ သိန်း (၅၀)လောက်ပေးဖို့ ချန်ထားတယ်။ ဘာကြောင့်လဲဆိုတော့ အရောင်းပြေပုံ ရတာနဲ့ ကာလတန်ဖိုးစိစစ်သက်မှတ်ရေးအဖွဲ့ထံမှာ အခွန်ပေးဖို့တင်ပြရတယ်။ အဲဒီအခွန်ရုံးကဖြတ်တဲ့ တန်ဖိုးကို မြို့နယ်အခွန်ရုံးမှာသွားပြီး ပေးဆောင်ရသေးတယ်။

မြို့နယ်အခွန်ရုံးက ဝယ်ခွန်ပြေစာနဲ့ တံဆိပ်ခေါင်းတွေ ထုတ်ပေးတယ်။ အဲဒီအခွန်ရုံးက တံဆိပ်ခေါင်းပေါ်မှာ နှစ်ဦးသဘောတူမြေနဲ့အိမ်အရောင်းအဝယ်ပစ္စည်းစာရင်းနဲ့ သက်သေ(၂)ဦး တို့ကို ကွန်ပျူတာနဲ့ စာစီရတယ်။ ရန်ကုန်မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ စာချုပ်တဲ့အခါမှာ ဂရန်အမည်ပေါက်သူကိုယ်စား Special Power ရသူက ရောင်းသူအဖြစ် လက်မှတ်ရေးထိုးပေးပါတယ်။ အဲဒီလို အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ပြီးမှသာ ဝယ်သူကရောင်းသူကို ကျန်ငွေ သိန်း (၅၀) ပေးလိုက်ပါတယ်။

ဒါဆိုရင်တော့ မြေနဲ့အိမ်အရောင်းအဝယ်စာချုပ်အောင်မြင်ပြီပေါ့၊ မှတ်ပုံတင်ပြီးတာနဲ့ ပါဝါရသူ မလိုတော့ပါဘူး ။ ဝယ်သူပိုင်သွားပြီဖြစ်လို့ မှတ်ပုံတင်စာချုပ်ရတဲ့အခါ ဝယ်သူတစ်ဦးတည်း မြို့တော်စည်ပင်သွားပြီး အမည်ပြောင်းလို့ ရပြီဖြစ်ပါတယ်။ ဒါကြောင့် ..... ဂရန်မြေဖြစ်ရင် စိတ်ရှည်သည်းခံရတယ်ဆိုတဲ့ သင်ခန်းစာ တစ်ခုရလိုက်ပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လူတစ္ကို္ စိတ္တစ္မ်ိဳး ဂရန္ေျမေရာင္းသူ အမ်ိဳးမ်ိဳး

“တစ္ေန႕တစ္လံ ပုဂံဘယ္ေရႊ႕မလဲ” ဆိုရုိးစကားက မျပံဳး အတြက္မ်ားျဖစ္ေနေလသလား မသိပါ။ သူမရဲ႕ ဇြဲကေတာ့ စံနမူနာယူစရာေကာင္းပါတယ္။ ၾကည့္ေလ သဃၤန္းကၽြန္းျမိဳ႕နယ္၊ သုဝဏၰဘက္မွာ ေျမနဲ႕အိမ္ဝယ္ခ်င္ပါတယ္ဆိုတဲ့ “ကိုရဲေက်ာ္သူ” ရဲ႕ တိုက္တြန္းမႈႈေၾကာင့္၊ အက်ိဳးေဆာင္ “မျပံဳး” တစ္ေယာက္ကိုယ္တိုင္လည္းရွာ ပြဲစားအခ်င္းခ်င္းလည္းခ်ိတ္ဆက္ ကာ ေျမနဲ႕အိမ္ေရာင္းမယ့္ သူကိုရွာလိုက္တာ ပထမဆံုးေတြ႕ရတာက၊ ရပ္ကြက္လမ္းအတြင္း ေဈးတန္းနဲ႕ မနီးမေဝးမွာ ေျမနဲ႕အိမ္ကိုေရာင္းမယ့္သူကိုေတြ႕ရပါတယ္။

ေရာင္းမယ္ဆိုလို႕ စာရြက္စာတမ္းေတြေတာင္းယူၾကည့္လိုက္တဲ့အခါ ဂရန္ေျမျဖစ္ေနတယ္ ၾကားထဲမွာ စာခ်ဳပ္အဆက္ (၂) ဦးေလာက္ ေျပာင္းထားျပီး ေရာင္းမယ့္သူက (၃) ဦး ေျမာက္ဝယ္ထားတာေတြ႕ရတယ္။ ဝယ္ထားတာလည္း လြန္ခဲ့တဲ့ (၅)လေလာက္ကမွ ဝယ္ထားတာျဖစ္တယ္။ ရန္ကုန္သားေတြလည္း မဟုတ္ၾကဘူး၊ ရခိုင္ျပည္နယ္က ေျပာင္းလာတာလို႕ေျပာတယ္။ ဒီေနရာမွာ ေနရတာမေပ်ာ္လို႕ ျပန္ေရာင္းလိုတာ ေျပာတာဘဲ။ နယ္ကလာတာဆိုေတာ့လည္း ဒီလိုဘဲျဖစ္တတ္ပါတယ္ေလ။

သူတို႕ကိုလည္း ရန္ကုန္ကမိတ္ေဆြတစ္ေယာက္က ဦးေဆာင္ျပီးဝယ္ေပးတာလုိ႕ေျပာပါတယ္။ ေျမနဲ႕ပတ္သက္လို႕ေတာ့ အရမ္းနားလည္ၾကပံုမရဘူး။ ဂရန္ေျမနဲ႕အိမ္ဆုိရင္ ခုိင္မာတယ္။ ပါမစ္ေျမလို အရႈပ္အရွင္းမရွိဘူးလို႕ေျပာတာနဲ႕ ဝယ္ယူေနထိုင္ကာ လွ်ပ္စစ္ပစၥည္းအမ်ိဳးမ်ိဳးနဲ႕ အဝတ္အထည္ဆိုင္ဖြင့္ထားတာေတြ႕ရတယ္။

သူတို႕ယံုၾကည္ရတဲ့ ဂရန္ေျမ ဆိုတာက မွန္ပါရဲ႕ ဒါေပမယ့္ ဂရန္အမည္ေပါက္ထံက GP/SP ကိုယ္စာလွယ္လႊဲစာယူထားတာမေတြ႕ရဘူး။ အဲဒါေၾကာင့္ ရဲေက်ာ္ သူတို႕ဝယ္ရင္ ဂရန္အမည္ေပါက္ထံက Special Power (အထူးကိုယ္စားလွယ္လႊဲစာ) ယူေပးမယ္လို႕ေတာ့ေျပာပါတယ္။ ဒါဆိုရင္ ဝယ္သူအတြက္ အဆင္ေျပတာေပါ့။

ဒါနဲ႕ အေရာင္းအ၀ယ္ျဖစ္ျပီဆိုပါေတာ့ အေရာင္းအဝယ္ျဖစ္ရင္လည္း ခ်က္ျခင္းေတာ့ ေျပာင္းလို႕မျဖစ္ေသးဘူးေလ။ ဝါတြင္းကာလ ျဖစ္ေနတာမဟုတ္လား။ ဒီလိုဆိုရင္ သီတင္းကၽြတ္ရင္ ေျပာင္းေပးမယ္လို႕ေရာင္းသူေတြက ကတိျပဳတာနဲ႕ ဝယ္သူရဲ႕လိုအပ္ခ်က္ျဖစ္တဲ့ အေရာင္းေျမပံု/ေျမရာဇဝင္ ကူးေပးဖို႕ေျပာတယ္။ သူတို႕လုပ္ေပးမယ္လို႕ ကတိျပဳရတယ္။ ဒါေပမယ့္ အခုစရန္ေငြသိန္း (၃၀၀) ၊ စရန္ခ်ခဲ့ ပါတဲ့ က်န္ေငြ သိန္း ၃၀၀ ကိုတစ္လျပည့္တဲ့ေန႕မွာ အျပီးေခ်ပါလို႕ေျပာတယ္။

“ ဟုတ္ျပီေလ အမတို႕ဘက္ကတစ္လအတြင္းမွာ အေရာင္းေျမပံုကူးေပးရမယ္ အေက်ေခ်ျပီးတာနဲ႕ ေျမနဲ႕အိမ္ကိုလက္ေရာက္ေပးရမယ္။ ဒါဆိုရင္ ဝါတြင္းၾကီးျဖစ္ေနမယ္လို႕ ေျပာေတာ့ လူကေတာ့ သီတင္းကၽြတ္အိမ္ျပန္ဝယ္ျပီးမွ ေျပာင္းေပးႏိုင္မယ္ တဲ့ ေလ အျပီးဆင္းတဲ့ေန႕ေရာက္မွ အေရာင္းေျမပံု အပါအ၀င္ ေျမနဲ႕အိမ္ကိုလႊဲေျပာင္းေပးႏိုင္မယ္လို႕ ေျပာပါတယ္။ ဒီေတာ့ စာေရးသူလည္း ေရာင္းသူေတြကိုၾကည့္ျပီး မ်က္လံုးျပဴးသြားတယ္ ဘယ္နွယ္ဗျာ… ေရာင္းဖို႕ေငြေတာ့ အကုန္ေတာင္းတယ္။ ေျမနဲ႕အိမ္လက္ေရာက္အပ္ဖို႕ရယ္။ အေရာင္းေျမပံုေပးဖို႕ရယ္ကိုေတာ့ သူတို႕အိမ္ဝယ္ျပီးလို႔ေျပာင္းတဲ့ေန႕မွ လက္ေရာက္အပ္မယ္ဆိုေတာ့ မျဖစ္ႏိုင္တဲ့ စကားကိုေျပာတာဘဲ။အစဥ္အလာလည္း မရွိပါဘူး။

ေရာင္းဖို႕ေငြေတာ့ အကုန္ေတာင္းျပီး ေျမနဲ႕အိမ္လက္ေရာက္ေပးဖို႕က်ေတာ့ သီတင္းကၽြတ္ျပီးမွ ေပးအပ္ႏိုင္မယ္လို႕ေျပာတာနဲ႕ ဒါဆိုရင္ေတာ့ အဆင္မေျပႏိုင္ဘူး ဆိုျပီး ႏႈတ္ဆက္ျပီး ျပန္ခဲ့ရပါတယ္။ သုဝဏၰအဆင္မေျပတာနဲ႕ သဃၤန္းကၽြန္း၊ စံျပေဈးဘက္လွည့္ရွာျပန္တယ္။ ေဟာ့.. စံျပေဈးမွာလည္း ေရာင္းမယ့္သူက အနွစ္ (၆၀) ဂရန္ေျမ ျဖစ္ေနျပန္တယ္။ ဂရန္အမည္ေပါက္သူကိုယ္တိုင္ ေရာင္းတာမဟုတ္ျပန္ဘူး လြန္ခဲ့ေသာ (၁၀) နွစ္ကတည္းက ဂရန္အမည္ေပါက္ထံက Special Power (အထူးကိုယ္စာလွယ္လႊဲစာ) ယူထားသူက ျပန္ေရာင္းတာျဖစ္ေနတယ္။ ဒါဆိုရင္ ဝယ္သူအမည္ေပါက္ေျပာင္းႏို္င္တာျဖစ္လို႕ ဝယ္ယူဖို႕နွစ္ဘက္ေဈးညွိၾကတယ္။ အဆင္ေျပသြားလို႕ စရန္ေငြ သိန္း ၁၀၀ ခ်ခဲ့တယ္။

မွတ္ပံုတင္ အထူးကိုယ္စာလွယ္လႊဲစာကိုင္ထားသူကေရာင္းသူကိုယ္တိုင္ျဖစ္ေနလို႕ တစ္လခြဲအတြင္းအေရာင္းေျမပံုကူးေပးတယ္။ ေျမပံုအပ္တဲ့ေန႕မွာ ဒုတိယ အရစ္ေပးတယ္။ သိန္း (၅၀)ေလာက္ေပးဖို႕ ခ်န္ထားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အေရာင္းေျပပံု ရတာနဲ႕ ကာလတန္ဖိုးစိစစ္သက္မွတ္ေရးအဖြဲ႕ထံမွာ အခြန္ေပးဖို႕တင္ျပရတယ္။ အဲဒီအခြန္ရုံးကျဖတ္တဲ့ တန္ဖိုးကို ျမိဳ႕နယ္အခြန္ရုံးမွာသြားျပီး ေပးေဆာင္ရေသးတယ္။

ျမိဳ႕နယ္အခြန္ရုံးက ဝယ္ခြန္ေျပစာနဲ႕ တံဆိပ္ေခါင္းေတြ ထုတ္ေပးတယ္။ အဲဒီအခြန္ရုံးက တံဆိပ္ေခါင္းေပၚမွာ နွစ္ဦးသေဘာတူေျမနဲ႕အိမ္အေရာင္းအဝယ္ပစၥည္းစာရင္းနဲ႕ သက္ေသ(၂)ဦး တို႕ကို ကြန္ပ်ဴတာနဲ႕ စာစီရတယ္။ ရန္ကုန္ျမိဳ႕ေတာ္စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရုံးမွာ စာခ်ဳပ္တဲ့အခါမွာ ဂရန္အမည္ေပါက္သူကိုယ္စား Special Power ရသူက ေရာင္းသူအျဖစ္ လက္မွတ္ေရးထိုးေပးပါတယ္။ အဲဒီလို အေရာင္းအဝယ္စာခ်ဳပ္ကို မွတ္ပံုတင္ျပီးမွသာ ဝယ္သူကေရာင္းသူကို က်န္ေငြ သိန္း (၅၀) ေပးလိုက္ပါတယ္။

ဒါဆိုရင္ေတာ့ ေျမနဲ႕အိမ္အေရာင္းအဝယ္စာခ်ဳပ္ေအာင္ျမင္ျပီေပါ့၊ မွတ္ပံုတင္ျပီးတာနဲ႕ ပါဝါရသူ မလိုေတာ့ပါဘူး ။ ဝယ္သူပိုင္သြားျပီျဖစ္လို႕ မွတ္ပံုတင္စာခ်ဳပ္ရတဲ့အခါ ဝယ္သူတစ္ဦးတည္း ျမိဳ႕ေတာ္စည္ပင္သြားျပီး အမည္ေျပာင္းလို႕ ရျပီျဖစ္ပါတယ္။ ဒါေၾကာင့္ ..... ဂရန္ေျမျဖစ္ရင္ စိတ္ရွည္သည္းခံရတယ္ဆိုတဲ့ သင္ခန္းစာ တစ္ခုရလိုက္ပါေတ့ာတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service