ကျွန်ုတော်တို့မသိသေးတဲ့ ရေ (လုံးဝ) မသောက်သင့်ဆုံး အချိန် …! - Property Knowledge in Myanmar from iMyanmarHouse.com
8223 Views

ကျွန်ုတော်တို့မသိသေးတဲ့ ရေ (လုံးဝ) မသောက်သင့်ဆုံး အချိန် …!

Knowledge | Posted by Hnin Ei Khin

[Unicode]

ထမင်း အသက် ခုနစ်ရက်၊ ရေ အသက် တစ်မနက် ဆိုတဲ့ ရှေးစကား ရှိပါတယ်။

လူသားတွေ အတွက် ရေက ဘာ့ကြောင့် မရှိမဖြစ် လိုအပ်ပါသလဲ……

(၁) ဦးနှောက် ရဲ့ ၇၅ ရာခိုင်နှုန်းကို ရေဓာတ်နဲ့ ဖွဲ့စည်း တည်ဆောက်ထားပါတယ်။

(၂) ခန္ဓာကိုယ်တွင်း အပူချိန်ကို မျှတစေပါတယ်။

(၃) သွေး ရဲ့ ၈၃ ရာခိုင်နှုန်းက အရည် ဓာတ်များဖြစ်ပါတယ်။

(၄) ကြွက်သားကို ရေဓာတ် ၇၅ ရာခိုင်နှုန်း နဲ့ ပြုလုပ်ထားပါတယ်။

(၅) အရိုး ထဲမှာ ရေဓာတ် ၂၂ ရာခိုင်နှုန်း ပါရှိပါတယ်။

(၆) ခန္ဓာကိုယ်ထဲသို့ရောက်ရှိလာတဲ့ အစားအစာတွေ ကို ခွန်အား အဖြစ်ပြောင်းလဲပေးပါတယ်။

(၇) ခန္ဓာကိုယ် ထဲမှာ ပိုလျှံပြီး မလိုလားအပ်တဲ့ အ ရည်တွေနဲ့ အဆိပ်အတောက်တွေကို ဆီး၊ ဝမ်း၊ သွေး ၊ ချွေး၊ ချွဲ သလိပ် အဖြစ် စွန့်ထုတ်ပေးပါတယ်။

(၈) ခန္ဓာကိုယ် အတွက် အာဟာရဖြစ်အောင် ကူညီပေးပါတယ်။

(၉) အသက်ရှူခြင်းကို အထောက်အပံ့ဖြစ်စေပါတယ်။

(၁ဝ) အရိုး အဆက်များ ပွန်းတိုက်စားခြင်း မှ သက်သာစေပါတယ်။

(၁၁) ခန္ဓာကိုယ်တွင်း ဆဲလ်များကို အောက်ဆီဂျင် မပြတ်လပ်စေတော့ပါဘူး။

(၁၂) သက်လုံကောင်းစေပါတယ်။

(၁၃) ခေါင်းကိုက် သက်သာစေပါတယ်။

(၁၄) ပင်ပန်းနွမ်းနယ်မှုကိုပြေပျောက်စေ ကာ စိတ်ကြည်လင် လန်းဆန်းစေပါတယ်။

(၁၅) ကင်ဆာဖြစ်နိုင်ခြေအလားအလာကို လျော့ပါး သွားစေပါတယ်။

(၁၆) အမောအပန်းခံနိုင်ပြီး လေ့ကျင့်ခန်း ကြာကြာလုပ်နိုင်လာပါတယ်။

READ တစ်နေ့လျှင် ငါးမိနစ်မျှ အပြေးလေ့ကျင့်ခြင်းဖြင့် အရွယ်မတိုင်မီ သေဆုံးမှုအန္တရာယ်ကို လျှော့ချနိုင်

(၁၇) အသားအရေကောင်း ပြီး အရွယ်တင်နုပျိုစေပါတယ်။

(၁၈) ဝက်ရူးပြန်၊ တီဘီ၊ ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ဝမ်းချုပ်၊ လိပ်ခေါင်းရောဂါ တို့ကို သက်သာစေပါတယ်။

(၁၉) အမြင် အာရုံတိုးတက်ကောင်းမွန်စေပါတယ်။

ဘယ်အချိန်များက ရေသောက်ရန် အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ

ရေခဲရေ နဲ့ ရေနွေးတွေကို မဆိုလိုပါ။ (ရိုးရိုးသောက် ရေသန့် ကိုသာ သောက်ပါ)

(၁) တစ်ညတာလုံး ငြိမ်သက်နေတဲ့ ခန္ဓာကိုယ်တွင်း ကလီစာ များကို ပြန်လည် တက်ကြွလာအောင် လှုံ့ဆော် ပေးဖို့ နံနက် အိပ်ရာထတာနဲ့ သောက်ရေနှစ်ခွက်သောက် ပေးရပါမယ်။

(၂) အစာကြေညက်စေဖို့ ထမင်း မစားခင် နာရီဝက်ကြိုတင် ၍ ရေတစ်ခွက် သောက်ပေးရပါမယ်။

(၃) သွေးခုန်နှုန်း မှန်စေရန် နဲ့ သွေးကျစေဖို့ ရေ မချိုးခင် ရေတစ် ခွက် သောက်ပေးရပါမယ်။

(၄) လေဖြတ်/နှလုံးရောဂါ တွေ မဖြစ်အောင် ညမ အိပ်ခင် ရေတစ်ခွက် သောက်ပေးရပါမယ်။

(၅) အိပ်ပျော်နေ့စဉ် ခြေသလုံး ကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက် တစ်ရေးနိုး တဲ့ အခါ ရေ ထသောက်ပေးပါ။

ရေ (လုံးဝ) မသောက် သင့်ဆုံး အချိန်က ဘယ်အချိန် ဖြစ်ပါသလဲ..

အမေရိကန် ကျန်းမာရေး သုတေသီတွေ ရဲ့စစ်တမ်းများ အ ရ ကမ္ဘာပေါ်မှာ တရုတ် နဲ့ ဂျပန် လူ မျိုးတွေ မှာ အူကင်ဆာရောဂါ ဖိစီးခံရမှု အနည်းဆုံးဖြစ်ကြပါတယ် တဲ့။

အကြောင်းရင်းကတော့ ထို လူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ / ရိုးရိုးရေ အေး မသောက်ကြ ဘဲ ရေနွေးဖြူ (သို့မဟုတ်) လက်ဖက် ရည်ကြမ်း ပူပူ ကိုသာ သောက်သုံးလေ့ ရှိလို့ပါပဲ။

အထူးသဖြင့် ထမင်းစားရင်း ရေခဲရေအေးအေးသောက်တဲ့ အခါ ဟင်းလျာထဲမှာပါရှိတဲ့ အဆီအနှစ်တွေက (ဥပမာ ပြရရင် ရေခဲရေ နဲ့တွေ့တဲ့ အခါ ဟင်း အဆီတွေက ) အစာအိမ် နဲ့ အူ လမ်းကြောင်း မှာ ရွှံ့စေး အနည်အနှစ်များသဖွယ် ခဲပျစ် သွားတတ်ကြပြီး အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ် လာစေပါတယ်။

ဒါ့အပြင် ထမင်းဟင်းပူပူ စားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့ အခါများမှာလည်း အပူ အအေး တစ်ပြိုင်နက်တည်း တွေ့လိုက်တာ ကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ် စေပါတယ်။

အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်စစ်ထွက်ရှိမှုကို ကမောက်ကမဖြစ်လာပြီး ဗိုက်နာ ဗိုက်အောင့်စေပါ တော့တယ်။

ဒါကြောင့် ထမင်းစားနေစဉ် မှာ ရေခဲရေ/သောက်ရေအေး တို့ဖြင့် မျှောမချဘဲ ဟင်းချို ပူပူ (သို့မဟုတ်)ရေနွေးဖြူ (သို့မဟုတ်)ရေနွေးကြမ်း တို့ဖြင့်သာ ထမင်းလုပ် မနင်အောင် မျှောချကြပါရန် နဲ့ ထမင်း စားပြီး အနည်းဆုံး နာရီဝက်ကျော် ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျန်းမာရေး သုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်း မှာ အကြံပေးဖော်ပြသွားခဲ့ပါတယ်။

သို့ပါ၍ ဤ ကျန်းမာရေးဆောင်းပါးကို ဖတ်ရှုပြီးနောက် မိမိကိုယ်ကိုဆင်ခြင် ကြပြီး မိသားစု ၊ ဆွေမျိုး၊ မိတ်ဆွေများအားလုံးကိုလည်း ကျန်းမာရေး အသိပေးမျှဝေပေးခြင်း ဖြင့် လူ ၁ဝယောက်မှာ အနည်းဆုံး တစ်ယောက်ကို အသက်ကင်တင်နိုင်မှာဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ပေါက်ပေါက်

 

 

[Zawgyi]

ကၽြႏ္ုေတာ္တုုိ ့မသိေသးတဲ့ ေရ (လံုးဝ) မေသာက္သင့္ဆံုး အခ်ိန္ …!

ထမင္း အသက္ ခုနစ္ရက္၊ ေရ အသက္ တစ္မနက္ ဆိုတဲ့ ေရွးစကား ရွိပါတယ္။

လူသားေတြ အတြက္ ေရက ဘာ့ေၾကာင့္ မရွိမျဖစ္ လိုအပ္ပါသလဲ……

(၁) ဦးေႏွာက္ ရဲ႕ ၇၅ ရာခိုင္ႏႈန္းကို ေရဓာတ္နဲ႔ ဖြဲ႕စည္း တည္ေဆာက္ထားပါတယ္။

(၂) ခႏၶာကိုယ္တြင္း အပူခ်ိန္ကို မွ်တေစပါတယ္။

(၃) ေသြး ရဲ႕ ၈၃ ရာခိုင္ႏႈန္းက အရည္ ဓာတ္မ်ားျဖစ္ပါတယ္။

(၄) ၾကြက္သားကို ေရဓာတ္ ၇၅ ရာခုိင္ႏႈန္း နဲ႔ ျပဳလုပ္ထားပါတယ္။

(၅) အ႐ိုး ထဲမွာ ေရဓာတ္ ၂၂ ရာခိုင္ႏႈန္း ပါရွိပါတယ္။

(၆) ခႏၶာကိုယ္ထဲသို႔ေရာက္ရွိလာတဲ့ အစားအစာေတြ ကို ခြန္အား အျဖစ္ေျပာင္းလဲေပးပါတယ္။

(၇) ခႏၶာကိုယ္ ထဲမွာ ပိုလွ်ံၿပီး မလိုလားအပ္တဲ့ အ ရည္ေတြနဲ႔ အဆိပ္အေတာက္ေတြကို ဆီး၊ ဝမ္း၊ ေသြး ၊ ေခြၽး၊ ခြၽဲ သလိပ္ အျဖစ္ စြန္႔ထုတ္ေပးပါတယ္။

(၈) ခႏၶာကိုယ္ အတြက္ အာဟာရျဖစ္ေအာင္ ကူညီေပးပါတယ္။

(၉) အသက္႐ွဴျခင္းကို အေထာက္အပ့ံျဖစ္ေစပါတယ္။

(၁ဝ) အ႐ိုး အဆက္မ်ား ပြန္းတိုက္စားျခင္း မွ သက္သာေစပါတယ္။

(၁၁) ခႏၶာကိုယ္တြင္း ဆဲလ္မ်ားကို ေအာက္ဆီဂ်င္ မျပတ္လပ္ေစေတာ့ပါဘူး။

(၁၂) သက္လံုေကာင္းေစပါတယ္။

(၁၃) ေခါင္းကိုက္ သက္သာေစပါတယ္။

(၁၄) ပင္ပန္းႏြမ္းနယ္မႈကိုေျပေပ်ာက္ေစ ကာ စိတ္ၾကည္လင္ လန္းဆန္းေစပါတယ္။

(၁၅) ကင္ဆာျဖစ္ႏိုင္ေျခအလားအလာကို ေလ်ာ့ပါး သြားေစပါတယ္။

(၁၆) အေမာအပန္းခံႏိုင္ၿပီး ေလ့က်င့္ခန္း ၾကာၾကာလုပ္ႏိုင္လာပါတယ္။

READ တစ္ေန႔လွ်င္ ငါးမိနစ္မွ် အေျပးေလ့က်င့္ျခင္းျဖင့္ အရြယ္မတုိင္မီ ေသဆုံးမႈအႏၲရာယ္ကို ေလွ်ာ့ခ်ႏုိင္

(၁၇) အသားအေရေကာင္း ၿပီး အရြယ္တင္ႏုပ်ဳိေစပါတယ္။

(၁၈) ဝက္႐ူးျပန္၊ တီဘီ၊ ပန္းနာရင္က်ပ္၊ ေက်ာက္ကပ္၊ လည္ေခ်ာင္းနာ၊ ႏွာေခါင္း၊ ဝမ္းခ်ဳပ္၊ လိပ္ေခါင္းေရာဂါ တို႔ကို သက္သာေစပါတယ္။

(၁၉) အျမင္ အာ႐ံုတိုးတက္ေကာင္းမြန္ေစပါတယ္။

ဘယ္အခ်ိန္မ်ားက ေရေသာက္ရန္ အသင့္ေတာ္ဆံုး အခ်ိန္မ်ားျဖစ္ပါသလဲ

ေရခဲေရ နဲ႔ ေရေႏြးေတြကို မဆိုလိုပါ။ (႐ိုး႐ိုးေသာက္ ေရသန႔္ ကိုသာ ေသာက္ပါ)

(၁) တစ္ညတာလံုး ၿငိမ္သက္ေနတဲ့ ခႏၶာကိုယ္တြင္း ကလီစာ မ်ားကို ျပန္လည္ တက္ၾကြလာေအာင္ လံႈ႔ေဆာ္ ေပးဖို႔ နံနက္ အိပ္ရာထတာနဲ႔ ေသာက္ေရႏွစ္ခြက္ေသာက္ ေပးရပါမယ္။

(၂) အစာေၾကညက္ေစဖို႔ ထမင္း မစားခင္ နာရီဝက္ႀကိဳတင္ ၍ ေရတစ္ခြက္ ေသာက္ေပးရပါမယ္။

(၃) ေသြးခုန္ႏႈန္း မွန္ေစရန္ နဲ႔ ေသြးက်ေစဖို႔ ေရ မခ်ဳိးခင္ ေရတစ္ ခြက္ ေသာက္ေပးရပါမယ္။

(၄) ေလျဖတ္/ႏွလံုးေရာဂါ ေတြ မျဖစ္ေအာင္ ညမ အိပ္ခင္ ေရတစ္ခြက္ ေသာက္ေပးရပါမယ္။

(၅) အိပ္ေပ်ာ္ေန႕စဥ္ ေျခသလံုး ၾကြက္သားေတြ ၾကြက္တက္ျခင္း မျဖစ္ရေလေအာင္ ညဘက္ တစ္ေရးႏိုး တဲ့ အခါ ေရ ထေသာက္ေပးပါ။

ေရ (လံုးဝ) မေသာက္ သင့္ဆံုး အခ်ိန္က ဘယ္အခ်ိန္ ျဖစ္ပါသလဲ..

အေမရိကန္ က်န္းမာေရး သုေတသီေတြ ရဲ႕စစ္တမ္းမ်ား အ ရ ကမၻာေပၚမွာ တ႐ုတ္ နဲ႔ ဂ်ပန္ လူ မ်ဳိးေတြ မွာ အူကင္ဆာေရာဂါ ဖိစီးခံရမႈ အနည္းဆံုးျဖစ္ၾကပါတယ္ တဲ့။

အေၾကာင္းရင္းကေတာ့ ထို လူမ်ဳိးေတြက ထမင္းစားေနစဥ္မွာ ေရခဲေရ / ႐ိုး႐ိုးေရ ေအး မေသာက္ၾက ဘဲ ေရေႏြးျဖဴ (သို႔မဟုတ္) လက္ဖက္ ရည္ၾကမ္း ပူပူ ကိုသာ ေသာက္သံုးေလ့ ရွိလို႔ပါပဲ။

အထူးသျဖင့္ ထမင္းစားရင္း ေရခဲေရေအးေအးေသာက္တဲ့ အခါ ဟင္းလ်ာထဲမွာပါရွိတဲ့ အဆီအႏွစ္ေတြက (ဥပမာ ၿပရရင္ ေရခဲေရ နဲ႔ေတြ႕တဲ့ အခါ ဟင္း အဆီေတြက ) အစာအိမ္ နဲ႔ အူ လမ္းေၾကာင္း မွာ ရႊံ႕ေစး အနည္အႏွစ္မ်ားသဖြယ္ ခဲပ်စ္ သြားတတ္ၾကၿပီး အစာေကာင္းစြာ မခ်က္ျပဳတ္ႏိုင္ေတာ့ဘဲ အူကင္ဆာျဖစ္ လာေစပါတယ္။

ဒါ့အျပင္ ထမင္းဟင္းပူပူ စားရင္း ေရခဲေရေအးေအးေသာက္လိုက္တဲ့ အခါမ်ားမွာလည္း အပူ အေအး တစ္ၿပိဳင္နက္တည္း ေတြ႕လိုက္တာ ေၾကာင့္ အစာအိမ္ကို ကသိကေအာက္ျဖစ္ ေစပါတယ္။

အပူအေအး တန္ျပန္သက္ေရာက္မႈက အစာအိမ္ အက္စစ္ထြက္ရွိမႈကို ကေမာက္ကမျဖစ္လာၿပီး ဗိုက္နာ ဗိုက္ေအာင့္ေစပါ ေတာ့တယ္။

ဒါေၾကာင့္ ထမင္းစားေနစဥ္ မွာ ေရခဲေရ/ေသာက္ေရေအး တို႔ျဖင့္ ေမွ်ာမခ်ဘဲ ဟင္းခ်ဳိ ပူပူ (သို႔မဟုတ္)ေရေႏြးျဖဴ (သို႔မဟုတ္)ေရေႏြးၾကမ္း တို႔ျဖင့္သာ ထမင္းလုပ္ မနင္ေအာင္ ေမွ်ာခ်ၾကပါရန္ နဲ႔ ထမင္း စားၿပီး အနည္းဆံုး နာရီဝက္ေက်ာ္ ၾကာမွသာ ေသာက္ေရေအးေသာက္ၾကပါရန္ အေမရိကန္ရွိ က်န္းမာေရး သုေတသီမ်ားက Daily Health Tips (ေခၚ) အင္တာနက္သတင္း မွာ အႀကံေပးေဖာ္ျပသြားခဲ့ပါတယ္။

သုိ႔ပါ၍ ဤ က်န္းမာေရးေဆာင္းပါးကို ဖတ္႐ႈၿပီးေနာက္ မိမိကိုယ္ကိုဆင္ျခင္ ၾကၿပီး မိသားစု ၊ ေဆြမ်ဳိး၊ မိတ္ေဆြမ်ားအားလံုးကိုလည္း က်န္းမာေရး အသိေပးမွ်ေဝေပးျခင္း ျဖင့္ လူ ၁ဝေယာက္မွာ အနည္းဆံုး တစ္ေယာက္ကို အသက္ကင္တင္ႏိုင္မွာျဖစ္ပါေၾကာင္း အသိေပးႏႈိးေဆာ္လိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ေပါက္ေပါက္

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

Upcoming Property Events

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service