အိမ်ငှားကငှားရမ်းကာလကုန်ဆုံးပြီးနောက် အိမ်ပေါ်ကမဆင်းဘူး။ ငှားရမ်းခလည်းဆက်မပေးဘူး။ ကြိုက်တဲ့ နေရာတိုင် အိမ်ငှားခမပေးရဘဲဆက်နေလို့ရသည် ဆိုသည့်ပြသာနာကိုဥပဒေအရမည်သို့ဖြေရှင်းမလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
5067 Views

အိမ်ငှားကငှားရမ်းကာလကုန်ဆုံးပြီးနောက် အိမ်ပေါ်ကမဆင်းဘူး။ ငှားရမ်းခလည်းဆက်မပေးဘူး။ ကြိုက်တဲ့ နေရာတိုင် အိမ်ငှားခမပေးရဘဲဆက်နေလို့ရသည် ဆိုသည့်ပြသာနာကိုဥပဒေအရမည်သို့ဖြေရှင်းမလဲ။

Knowledge | Posted by Shwe Zin Win

[Unicode]

အိမ်ရှင်၊ အိမ်ငှား နှစ်ဦးသဘောတူညီချက်ဖြင့် အိမ်ရှင်ပိုင်ဆိုင်သည့် ဥပစာကိုအိမ်ငှားကိုငှားရမ်းခသတ်မှတ်ပြီးငှားရမ်းကာလဖြင့် အိမ်ငှားစာချုပ်ချုပ်ဆိုငှားရမ်းကြသည်။ ယခုတလော ကြားနေရသည့် ပြသာနာကအိမ်ငှားကငှားရမ်းကာလကုန်ဆုံးပြီးနောက် အိမ်ပေါ်ကမဆင်းဘူး။ ငှားရမ်းခလည်းဆက်မပေးဘူး။ ကြိုက်တဲ့နေရာတိုင်ဆိုပြီး ပြသာနာဖြစ်ကြတယ်။ အိမ်ရှင်တွေကမည်သို့ဆက်လုပ်ရမလဲအခက်အခဲတွေဖြစ်ကုန်ကြတယ်။

ငှားရမ်းခြင်းကို ရပ်စဲလိုပါက ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ ပုဒ်မ-၁၀၆အရ ငှားရမ်းသူကဖြစ်စေ၊ ငှားယူသူကဖြစ်စေ ငှားရမ်းကာလမကုန်ဆုံးမီ (၁၅)ရက် ကြိုတင်အကြောင်းကြားခြင်းဖြင့် ငှားရမ်းခြင်းကို အဆုံးသတ်နိုင်သည်။ အကြောင်းကြားစာကို စာဖြင့်ရေးသားလျက် ပေးပို့သူကလက်မှတ်ရေးထိုးပြီး အကြောင်းကြားစာကိုလိုက်နာရမည့်သူထံ စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးသို့ဖြစ်စေ၊ အငှားချထားသောပစ္စည်း၏ မြင်သာသောနေရာ၌ အကြောင်းကြားစာကိုကပ်ထားခြင်းဖြင့် ပေးပို့နိုင်သည်။

အိမ်ငှားသည် ငှားရမ်းကာလကုန်ဆုံးပြီးနောက် ဥပစာမှ ဖယ်ရှားမပေးဘဲ ဆက်လက်နေထိုင်ပါက ကျုးကျော်နေထိုင်သူဟု မသတ်မှတ်နိုင်ပါ။သက်ဆိုင်ရာတရားရုံးသို့ ပိုင်ဆိုင်မှုအထောက်အထားများဖြင့် အိမ်ငှားနှင့်ထုတ်ပေးစေလိုမှုနှင့် အိမ်လခကြွေးကျန်ရလိုမှု အဖြစ် တရားမမှုစွဲဆိုရမှာဖြစ်ပါသည်။ ဒီနေရာမှာသတိပြုရမည့် အချက်ရှိပါတယ်။ ကာလစည်းကမ်းသတ်ဥပဒေကိုမေ့ထားလို့မရပါဘူး။ အိမ်ရှင်၊ အိမ်ငှားသည် ငှားရမ်းကာလပြည့်သည့်အခါ ပတ်သတ်ဆက်နွယ်မှု ပျက်တောက်သွားပါသည်။

ထိုသို့ အိမ်ငှားအား ဖယ်ရှားပေးစေလိုမှုစွဲဆိုရာတွင် ကာလစည်းကမ်းသတ်ဥပဒေအရ အိမ်ရှင်၊ အိမ်ငှား ဆက်နွယ်မှုပြီးဆုံးသော ငှားရမ်းကာလစေ့လျှောက်သည့်အချိန်မှ (၁၂)နှစ်အတွင်းတရားစွဲဆိုရမည်။ (၁၂)နှစ် ကျော်လွန်ပါက တရားစွဲဆိုပိုင်ခွင့်မရှိတော့ပါ။ အိမ်ငှားခကြွေးကျန်တောင်းခံရာတွင်လည်းကာလစည်းကမ်းသတ်ဥပဒေအရ (၃)နှစ်စာအထိတရားရုံးတွင် တောင်းဆိုလို့ရပါတယ်။ (၃)နှစ်ထက်ကျော်သည့် ငှားရမ်းခကိုတော့ တောင်းဆိုလို့မရနိုင်ပါဘူး။ ဥပမာ- အိမ်ငှားခကြွေးကျန်သည် (၅)နှစ်ဖြစ်သည်ဆိုလျှင် တရားရုံးတွင် (၃)နှစ်စာအထိတောင်းလို့ရပါမည်။ ငှားရမ်းခ (၂)နှစ်စာဆုံးရှုံးမှာဖြစ်ပါသည်။ တရားစွဲဆိုသည့် ကုန့်ကျစရိတ်ကိုနစ်နာကြေးထည့်သွင်းတောင်းဆိုနိုင်ပါသည်။

ထို့ကြောင့် အရပ်ထဲပြောနေသလိုအိမ်ငှားကငှားရမ်းကာလကုန်ဆုံးပြီးနောက် အိမ်ပေါ်ကမဆင်းဘူး။ ငှားရမ်းခလည်းဆက်မပေးဘူး။ ကြိုက်တဲ့နေရာတိုင် အိမ်ငှားခမပေးရဘဲဆက်နေလို့ရသည်ဆိုလျှင် အိမ်ငှား၏ အပြောကိုအိမ်ရှင်များအနေဖြင့် စိုးရိမ်ပူပန်စရာမလိုပါဘူး။ အမှုလိုက်ရှေ့နေကိုဆွေးနွေးငှားရမ်းပြီးအကြောင်းကြားစာပေးပို့ခြင်းမှစ၍တရားစွဲဆိုဆောင်ရွက်ပါ။ တရားစွဲဆိုသည့်အတွက် အချိန်ကာလတစ်ခုတော့ ကြာမြင့်နိုင်သော်လည်းမိမိပိုင်ဆိုင်မှုအထောက်အထားခိုင်လုံပါကဆုံးရှုံးမှုမရှိဘဲမိမိပိုင်ဥပစာနှင့် အိမ်ငှားခပါ မကျန် ပြန်လည်ရရှိမှာဖြစ်ပါကြောင်းဥပဒေဗဟုသုတရရှိစေရန် ရေးသားဖောြ်ပအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ငွားကငွားရမ္းကာလကုန္ဆံုးၿပီးေနာက္ အိမ္ေပၚကမဆင္းဘူး။ ငွားရမ္းခလည္းဆက္မေပးဘူး။ ႀကိဳက္တဲ့ ေနရာတိုင္ အိမ္ငွားခမေပးရဘဲဆက္ေနလို႔ရသည္ ဆိုသည့္ျပသာနာကိုဥပေဒအရမည္သို႔ေျဖရွင္းမလဲ။

အိမ္ရွင္၊ အိမ္ငွား ႏွစ္ဦးသေဘာတူညီခ်က္ျဖင့္ အိမ္ရွင္ပိုင္ဆိုင္သည့္ ဥပစာကိုအိမ္ငွားကိုငွားရမ္းခသတ္မွတ္ၿပီးငွားရမ္းကာလျဖင့္ အိမ္ငွားစာခ်ဳပ္ခ်ဳပ္ဆိုငွားရမ္းၾကသည္။ ယခုတေလာ ၾကားေနရသည့္ ျပသာနာကအိမ္ငွားကငွားရမ္းကာလကုန္ဆံုးၿပီးေနာက္ အိမ္ေပၚကမဆင္းဘူး။ ငွားရမ္းခလည္းဆက္မေပးဘူး။ ႀကိဳက္တဲ့ေနရာတိုင္ဆိုၿပီး ျပသာနာျဖစ္ၾကတယ္။ အိမ္ရွင္ေတြကမည္သို႔ဆက္လုပ္ရမလဲအခက္အခဲေတြျဖစ္ကုန္ၾကတယ္။

ငွားရမ္းျခင္းကို ရပ္စဲလိုပါက ပစၥည္းလႊဲေျပာင္းျခင္းအက္ဥပေဒ ပုဒ္မ-၁၀၆အရ ငွားရမ္းသူကျဖစ္ေစ၊ ငွားယူသူကျဖစ္ေစ ငွားရမ္းကာလမကုန္ဆံုးမီ (၁၅)ရက္ ႀကိဳတင္အေၾကာင္းၾကားျခင္းျဖင့္ ငွားရမ္းျခင္းကို အဆံုးသတ္ႏိုင္သည္။ အေၾကာင္းၾကားစာကို စာျဖင့္ေရးသားလ်က္ ေပးပို႔သူကလက္မွတ္ေရးထိုးၿပီး အေၾကာင္းၾကားစာကိုလိုက္နာရမည့္သူထံ စာတိုက္မွျဖစ္ေစ၊ လူကိုယ္တုိင္ျဖစ္ေစ၊ မိသားစုဝင္တစ္ဦးဦးသို႔ျဖစ္ေစ၊ အငွားခ်ထားေသာပစၥည္း၏ ျမင္သာေသာေနရာ၌ အေၾကာင္းၾကားစာကိုကပ္ထားျခင္းျဖင့္ ေပးပို႔ႏိုင္သည္။

အိမ္ငွားသည္ ငွားရမ္းကာလကုန္ဆုံးၿပီးေနာက္ ဥပစာမွ ဖယ္ရွားမေပးဘဲ ဆက္လက္ေနထုိင္ပါက က်ဳးေက်ာ္ေနထုိင္သူဟု မသတ္မွတ္ႏုိင္ပါ။သက္ဆိုင္ရာတရားရံုးသို႔ ပိုင္ဆိုင္မႈအေထာက္အထားမ်ားျဖင့္ အိမ္ငွားႏွင့္ထုတ္ေပးေစလိုမႈႏွင့္ အိမ္လခေၾကြးက်န္ရလိုမႈ အျဖစ္ တရားမမႈစြဲဆိုရမွာျဖစ္ပါသည္။ ဒီေနရာမွာသတိျပဳရမည့္ အခ်က္ရွိပါတယ္။ ကာလစည္းကမ္းသတ္ဥပေဒကိုေမ့ထားလို႔မရပါဘူး။ အိမ္ရွင္၊ အိမ္ငွားသည္ ငွားရမ္းကာလျပည့္သည့္အခါ ပတ္သတ္ဆက္ႏြယ္မႈ ပ်က္ေတာက္သြားပါသည္။

ထိုသို႔ အိမ္ငွားအား ဖယ္ရွားေပးေစလိုမႈစြဲဆိုရာတြင္ ကာလစည္းကမ္းသတ္ဥပေဒအရ အိမ္ရွင္၊ အိမ္ငွား ဆက္ႏြယ္မႈၿပီးဆံုးေသာ ငွားရမ္းကာလေစ့ေလွ်ာက္သည့္အခ်ိန္မွ (၁၂)ႏွစ္အတြင္းတရားစြဲဆိုရမည္။ (၁၂)ႏွစ္ ေက်ာ္လြန္ပါက တရားစြဲဆိုပိုင္ခြင့္မရွိေတာ့ပါ။ အိမ္ငွားခေၾကြးက်န္ေတာင္းခံရာတြင္လည္းကာလစည္းကမ္းသတ္ဥပေဒအရ (၃)ႏွစ္စာအထိတရားရံုးတြင္ ေတာင္းဆိုလို႔ရပါတယ္။ (၃)ႏွစ္ထက္ေက်ာ္သည့္ ငွားရမ္းခကိုေတာ့ ေတာင္းဆိုလို႔မရႏိုင္ပါဘူး။ ဥပမာ- အိမ္ငွားခေၾကြးက်န္သည္ (၅)ႏွစ္ျဖစ္သည္ဆိုလွ်င္ တရားရံုးတြင္ (၃)ႏွစ္စာအထိေတာင္းလို႔ရပါမည္။ ငွားရမ္းခ (၂)ႏွစ္စာဆံုးရံႈးမွာျဖစ္ပါသည္။ တရားစြဲဆိုသည့္ ကုန္႔က်စရိတ္ကိုနစ္နာေၾကးထည့္သြင္းေတာင္းဆိုႏိုင္ပါသည္။

ထို႔ေၾကာင့္ အရပ္ထဲေျပာေနသလိုအိမ္ငွားကငွားရမ္းကာလကုန္ဆံုးၿပီးေနာက္ အိမ္ေပၚကမဆင္းဘူး။ ငွားရမ္းခလည္းဆက္မေပးဘူး။ ႀကိဳက္တဲ့ေနရာတိုင္ အိမ္ငွားခမေပးရဘဲဆက္ေနလို႔ရသည္ဆိုလွ်င္ အိမ္ငွား၏ အေျပာကိုအိမ္ရွင္မ်ားအေနျဖင့္ စိုးရိမ္ပူပန္စရာမလိုပါဘူး။ အမႈလိုက္ေရွ႕ေနကိုေဆြးေႏြးငွားရမ္းၿပီးအေၾကာင္းၾကားစာေပးပို႔ျခင္းမွစ၍တရားစြဲဆိုေဆာင္ရြက္ပါ။ တရားစြဲဆိုသည့္အတြက္ အခ်ိန္ကာလတစ္ခုေတာ့ ၾကာျမင့္ႏိုင္ေသာ္လည္းမိမိပိုင္ဆိုင္မႈအေထာက္အထားခိုင္လံုပါကဆံုးရႈံးမႈမရွိဘဲမိမိပိုင္ဥပစာႏွင့္ အိမ္ငွားခပါ မက်န္ ျပန္လည္ရရွိမွာျဖစ္ပါေၾကာင္းဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာျ္ပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service