သင့်အိမ်ထဲကို ကံကောင်းခြင်း အငွေ့အသက်တွေ ရောက်ရှိလာစေမယ့် နည်း (၅)နည်း - Property Knowledge in Myanmar from iMyanmarHouse.com
8892 Views

သင့်အိမ်ထဲကို ကံကောင်းခြင်း အငွေ့အသက်တွေ ရောက်ရှိလာစေမယ့် နည်း (၅)နည်း

Knowledge | Posted by Zarni Kyaw

[Unicode]

တခါတလေ အိမ်ထဲမှာထိုင်နေရင်းနဲ့ အလိုလိုနေရင်း နေလို့ထိုင်လို့ မကောင်းတာ၊ စိတ်ညစ်ညူးလာတာ၊ မကောင်းတဲ့အငွေ့အသက် တစ်ခုခုရှိနေသလို ခံစားနေရတာမျိုး ဖြစ်တတ်ကြပါတယ်။

အဲ့လိုဖြစ်နေတာဟာ အိမ်အပြင်အဆင်နဲ့ ပတ်သက်ပြီး ပြဿနာရှိနေလို့ပါ။ အဲ့ဒီ မကောင်းတဲ့ အငွေ့အသက်တွေကို နှင်ထုတ်ဖို့ ဒီနည်းလေးတွေကို သုံးလိုက်ပါ။

(၁) အိမ်ထဲကပစ္စည်းအဟောင်းတွေကိုလဲပါ

အိမ်ထဲမှာ ကောင်းတဲ့အငွေ့အသက်တွေ ရှိနေစေချင်ရင် အမြဲတမ်းသန့်ရှင်းရေး လုပ်ဖို့လိုပါတယ်။ ဒါ့အပြင် မသုံးတာကြာနေတဲ့ ပစ္စည်းအဟောင်းတွေ၊ အသုံးမဝင်တော့တဲ့ ပစ္စည်းတွေ၊ ပစ်သင့်တာတွေကို ပစ်ပြီး အသစ်လဲသင့်တာတွေကိုလဲရပါမယ်။ ပြီးရင် အိပ်ရာခင်းစွပ်၊ ခေါင်းအုံးစွပ်၊ ဆိုဖာအဖုံး၊ ခန်းဆီး၊ လိုက်ကာတွေကို အသစ်လဲလိုက်ပါ။

(၂) ပရိဘောဂတွေကို နေရာရွှေ့ပါ

နှစ်ရှည်လများ အသားသေနေတဲ့ ပုံစံကနေ အသစ်တစ်မျိုး ပြောင်းကြည့်လိုက်ပါ။ ကျဉ်းကျပ်နေတဲ့ နေရာမှာ ကျယ်ဝန်းသလို ထင်ရအောင်၊ သင့်ရဲ့စိတ်ကိုသက်တောင့်သက်သာရှိတဲ့ အခင်းအကျင်းမျိုးဖြစ်အောင် ပြောင်းလိုက်မယ်ဆိုရင် ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။

(၃) အမွှေးနံ့လေးတွေသုံးပါ

ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ အမွှေးနံ့လေးတွေ လွှမ်းခြုံနေမယ်ဆိုရင် ကောင်းတဲ့အရိပ်အငွေ့လေးတွေလည်း သူ့အလိုလိုရောက်ရှိလာမှာပါ။ ဒါကြောင့် မနက်စောစောနဲ့ ညအိပ်ခါနီးတွေမှာ မွှေးရနံ့ပါတဲ့ ဖယောင်းတိုင်ထွန်းတာမျိုး၊ ခန်းဆီး၊ လိုက်ကာတွေကိုရေမွေးဆွတ်ပေးတာမျိုး ပုံမှန်လုပ်ပေးပါ။

(၄) အိမ်အတွင်းမှာ အပင်လေးတွေစိုက်ထားပါ

အရွယ်အစားသေးငယ်တဲ့အပင်လေးတွေတောင်မှ အိမ်ထဲကညစ်ညမ်းတဲ့လေထုကို အထောက်အလျောက်သန့်စင်ပေးနိုင်ပါတယ်။ အိမ်ထဲမှာ မျက်စိအမြင်လည်းအေး၊ လေထုကိုလည်းသန့်စင်ပေးနိုင်တာကြောင့် ကောင်းမွန်တဲ့အရိပ်အငွေ့လေးတွေဖြစ်စေနိုင်ပါတယ်။

(၅) သင့်ရဲ့မကောင်းတဲ့ အတွေးအမြင်တွေကို ရပ်တန့်ပါ

မကောင်းတဲ့အဖြစ်တွေကြုံရတဲ့၊ မကောင်းတဲ့အရိပ်အငွေ့လေးတွေခံစားနေရတဲ့အဓိကအကြောင်းရင်းက စိတ်ထဲကမကောင်းတဲ့အတွေးအမြင်၊ ခံစားချက်တွေကြောင့်ပါ။ အတတ်နိုင်ဆုံးကိုယ့်စိတ်ထဲမှာ အဆိုးမြင်အတွေးတွေမဖြစ်လာအောင်၊ စိတ်ရှင်းအောင်ကြိုးစားလိုက်မယ်ဆို သင့်ဘေးနားက မကောင်းတာတွေအကုန်ထွက်ခွာသွားပါလိမ့်မယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Auntymay

 

[Zawgyi]
















Credit: Auntymay

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service