Air con သုံးသူတိုင်း မဖြစ်မနေသိထားရမယ့်အရေးကြီးအချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
4533 Views

Air con သုံးသူတိုင်း မဖြစ်မနေသိထားရမယ့်အရေးကြီးအချက်များ

Knowledge | Posted by Si Thu Aung

[Unicode]

ကျုပ်တို့ဆီမှာ Air con တွေကို အသုံးပြုကြတဲ့အခါ အိမ်တွေမှာပဲဖြစ်ဖြစ် ကားတွေပေါ်မှာပဲဖြစ်ဖြစ် အများဆုံးတွေ့ရတာက Air con temperature setting မှာပါတဲ့ အနိမ့်ဆုံးအပူချိန်ကို ထားကြတယ် အမြင့်ဆုံး Fan speed မှာထားကြတယ် ဒါဟာ အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းပဲအရာရာတိုင်းမှာ စည်းနဲ့စနစ်နဲ့ Theory တွေပုံသေနည်းတွေ အစစအရာရာ တွက်ချက်ပြီးတီထွင်ခဲ့ကြတဲ့သူတွေက အရူးတွေမဟုတ်ပါဘူး အများတကာထက် ပိုတတ်ပိုသိပိုနားလည်လို့ အများတကာအတွက် အကောင်းဆုံးတွေကို စုစည်းညီညွတ်မှုအားနဲ့ တီထွင်ဖန်တီးမှုတွေကိုပြုလုပ်ရင်း ဘဝကိုရင်းနှီးမြှပ်နှံကြတာပါ။

သူတို့တွေလို ဘဝနဲ့ရင်းပြီးဒီနယ်ပယ်တွေမှာလေ့လာဖို့မလိုဘူးဆိုရင်တောင် သူတို့တွေတီထွင်ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကိုသုံးမယ်ဆိုရင် အသုံးပြု ပုံလေးတော့ လိုက်နာသင့်တယ်မဟုတ်လား ဒါမှ ဘေးဥပါဒ် အန္တရာယ်တွေက ကင်းမယ်လေTemperature setting နဲ့ပတ်သတ်လို့ သတ်မှတ်ထားတဲ့အပူချိန် (လူအတွက်) ထားရှိရမယ့်အပူချိန်ဆိုတာရှိပါတယ်။စက်တွေအတွက်ကတော့ သူ့ Specification နဲ့သူပေါ့။

Air con မှာထားရှိရမယ့်အပူချိန်တွက်နည်းလေးရှိပါတယ်။ ဒါပေမယ့် လိုက်ပါလုပ်ဆောင်ကြသူတွေကတော့ အင်မတန်နည်းပါးပါတယ်။

ဒါကို ဆရာကြီးတွေ ပညာရှင်တွေလည်း အလျဉ်းသင့်သလိုရေးသားနေတာတွေ ဖတ်ရသလို အခုလည်း တပည့်က ဒါကိုထပ်ဖော်ပြပေးလိုက်ပါတယ်။

ဒီတွက်ချက်နည်းကတော့....

{ (ပြင်ပအပူချိန် – ၄)÷၂ } + ၁၀ = Air con တွင် ထားရှိရမယ့်အပူချိန် (တစ်နည်း) အခန်းတွင်း အပူချိန် ပဲ ဖြစ်ပါတယ်။

(Tout – 4) Tin =

+ 10

2

Tin = မိမိအခန်းအတွင်းအပူချိန် Tout= ပြင်ပပတ်ဝန်းကျင်အပူချိန်

ဥပမာ။ ။ ပြင်ပ ပတ်ဝန်းကျင် အပူချိန်က ၄၀° ရှိတယ်ဆိုပါတော့ ဒါဆိုရင်....

၄၀- ၄ = ၃၆

အဲ့ဒီ ၃၆ ကို ၂ နဲ့ စား၊

ရတဲ့အဖြေက ၁၈

အဲ့ဒီအဖြေကို ၁၀ ပေါင်းတော့ ၂၈ ရပါတယ်။

အဲတော့ ၄၀ ဒီဂရီ အပူချိန်ရှိတဲ့ အပြင်ကပြန်လာတဲ့သူအဖို့ အခန်းထဲက အပူချိန် (Air con မှာ ထားရမယ့်အပူချိန်) ကို ၂၈ ဒီဂရီ နဲ့ တွေ့ကာမှ တော်ကာကျပါမယ်။ ၄၀ ဒီဂရီ အပူချိန်ရှိနေတဲ့ပြင်ပကနေ ၁၈° တို ၁၆° တို့ ရှိတဲ့ အခန်းထဲဝင်ရင် ဘာဖြစ်မလဲ ၁၈° တို့ ၁၆° တို့ အပူချိန်ရှိတဲ့ အခန်း(သို့) ကား ထဲကနေ ကိစ္စရှိလို့ ၄၀° တို့ ၄၁° တို့ ရှိတဲ့ ပြင်ပ ပတ်ဝန်းကျင်ကို ရုတ်တရက် ထွက်ရင် ဘာဖြစ်မလဲ …..

ကိုယ်ခံအားကောင်းနေရင်တော့ ခုခံမှုစနစ် အပူထိန်းချုပ်မှုစနစ်တွေကို ဦးနှောက် နဲ့ ခန္ဓာ ချိတ်ဆက်ပြီး သူ့ဖာသာလုပ်သွားမယ်။ အဲ့လိုမှမဟုတ်ရင်တော့ ရုတ်တရက် လဲကျသေဆုံးတာတွေထိဖြစ်နိုင်ပါတယ်။

မိုးလင်းမိုးချုပ် Air con ခန်းထဲကမထွက်ဘူးဆိုတဲ့ လူတွေအတွက်တော့မသိဘူးပေါ့ဗျာ Air con ခန်းထဲအကြာကြီးနေလိုက် ခဏနေ အပြင်ထွက်ထမင်းစား လက်ဘက်ရည်သောက်ဘာညာ လုပ်နေတဲ့သူတွေဆို နွေရာသီမှာ အခန့်မသင့်ရင် လေဖြတ်တာတွေ ဦးနှောက်သွေးကြောပြတ် သေဆုံးတာတွေ ဖြစ်နိုင်ပါတယ် ဒီတွက်နည်းလေးဟာ အင်မတန်ရိုးရှင်းလွယ်ကူပါတယ်နောက်ပြီး အပူပိုင်းဒေသတွေမှာ နေထိုင်တဲ့သူတွေဟာ Air con အသုံးပြု တဲ့အခါ အပူချိန်ကို ၂၅ ဒီဂရီအောက် လျော့နည်းပြီး မထားသင့်ဘူးလို့လည်း စာတွေမှာ လေ့လာဖူးပါတယ်

နောက်တစ်နည်းကတော့ လျှပ်စစ်သုံးစွဲမှုကို လျော့ကျစေတဲ့နည်းလေးပါ အဲ့ဒါကတော့....

% saving ကို လိုချင်ရင် မိမိထားရှိမယ့်အပူချိန် ထဲက Air con မှာ ထားထားတဲ့ အပူချိန်ကို နှုတ် ရလာဒ်ကိုတည်ပြီး ပြင်ပအပူချိန် ထဲက Air con မှာ ထားထားတဲ့ အပူချိန်ကိုနှုတ်လို့ရလာတဲ့ ရလာဒ်နဲ့စား ထွက်လာတဲ့အဖြေကို ၁၀၀ နဲ့မြှောက် ပေးရင် ကိုယ်ဘယ်လောက်လျှော့ချလိုက်သလဲဆိုတာထွက်လာမှာပါ

(New T – Old T) % Saving =

__ x 100 (Tout – Old T)

New T = မိမိထားရှိမည့်အပူချိန်

Old T = Air con ဖွင့်ကတည်းကရှိနေသော အပူချိန်

Tout = ပြင်ပပတ်ဝန်းကျင်အပူချိန်

ဥပမာ။ ။ Air con ဖွင့်ကတည်းကရှိနေတဲ့အပူချိန်က ၂၀ ဒီဂရီ စင်တီဂရိတ်၊ မိမိထားလိုတဲ့အပူချိန်က ၂၅ ဒီဂရီ နဲ့ ပြင်ပ အပူချိန်က ၄၅ ဒီဂရီ ဆိုပါတော့

ဒါဆို ၂၅ – ၂၀ = ၅ ဒါက ပိုင်းဝေ ၄၅ – ၂၀ = ၂၅ ဒါကပိုင်းခြေ စားလိုက်တော့ ၀.၂ ရတယ် ရတဲ့ ၀.၂ ကို ၁၀၀ နဲ့ မြှောက်တော့ ၂၀ ရမယ် ဒီ ၂၀ ရာခိုင်နှုန်းဟာ မိမိ လျှော့ချလိုက်တဲ့ % saving of electicity ပဲ ဖြစ်ပါတယ် မှတ်ချက်။ ။ အပူချိန်ကို ဒီဂရီစင်တီဂရိတ်( °C) နဲ့သာ အသုံးပြုထားသည်။

 

စာရှု့သူအပေါင်းကို ကျေးဇူးတင်ပါတယ်ကြိုးစားလျှက်

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဝေဇင်ကျော်ထွန်း

 

[Zawgyi]

Air con သံုးသူတိုင္း မျဖစ္မေနသိထားရမယ့္အေရးၾကီးအခ်က္မ်ား

က်ဳပ္တို႔ဆီမွာ Air con ေတြကို အသံုးျပဳၾကတဲ့အခါ အိမ္ေတြမွာပဲျဖစ္ျဖစ္ ကားေတြေပၚမွာပဲျဖစ္ျဖစ္ အမ်ားဆံုးေတြ႔ရတာက Air con temperature setting မွာပါတဲ့ အနိမ့္ဆံုးအပူခ်ိန္ကို ထားၾကတယ္ အျမင့္ဆံုး Fan speed မွာထားၾကတယ္ ဒါဟာ အႏၱရာယ္ကို ဖိတ္ေခၚေနျခင္းပဲအရာရာတိုင္းမွာ စည္းနဲ႔စနစ္နဲ႔ Theory ေတြပံုေသနည္းေတြ အစစအရာရာ တြက္ခ်က္ၿပီးတီထြင္ခဲ့ၾကတဲ့သူေတြက အ႐ူးေတြမဟုတ္ပါဘူး အမ်ားတကာထက္ ပိုတတ္ပိုသိပုိနားလည္လို႔ အမ်ားတကာအတြက္ အေကာင္းဆံုးေတြကို စုစည္းညီၫြတ္မႈအားနဲ႔ တီထြင္ဖန္တီးမႈေတြကိုျပဳလုပ္ရင္း ဘဝကိုရင္းႏွီးျမႇပ္ႏွံၾကတာပါ။

သူတို႔ေတြလို ဘဝနဲ႔ရင္းၿပီးဒီနယ္ပယ္ေတြမွာေလ့လာဖို႔မလိုဘူးဆိုရင္ေတာင္ သူတို႔ေတြတီထြင္ထုတ္လုပ္ထားတဲ့ ပစၥည္းေတြကိုသံုးမယ္ဆိုရင္ အသံုးျပဳ ပံုေလးေတာ့ လိုက္နာသင့္တယ္မဟုတ္လား ဒါမွ ေဘးဥပါဒ္ အႏၱရာယ္ေတြက ကင္းမယ္ေလTemperature setting နဲ႔ပတ္သတ္လို႔ သတ္မွတ္ထားတဲ့အပူခ်ိန္ (လူအတြက္) ထား႐ွိရမယ့္အပူခ်ိန္ဆိုတာ႐ွိပါတယ္။စက္ေတြအတြက္ကေတာ့ သူ႔ Specification နဲ႔သူေပါ့။

Air con မွာထား႐ွိရမယ့္အပူခ်ိန္တြက္နည္းေလး႐ွိပါတယ္။ ဒါေပမယ့္ လိုက္ပါလုပ္ေဆာင္ၾကသူေတြကေတာ့ အင္မတန္နည္းပါးပါတယ္။

ဒါကို ဆရာႀကီးေတြ ပညာ႐ွင္ေတြလည္း အလ်ဥ္းသင့္သလိုေရးသားေနတာေတြ ဖတ္ရသလို အခုလည္း တပည့္က ဒါကိုထပ္ေဖာ္ျပေပးလိုက္ပါတယ္။

ဒီတြက္ခ်က္နည္းကေတာ့....

{ (ျပင္ပအပူခ်ိန္ – ၄)÷၂ } + ၁၀ = Air con တြင္ ထား႐ွိရမယ့္အပူခ်ိန္ (တစ္နည္း) အခန္းတြင္း အပူခ်ိန္ ပဲ ျဖစ္ပါတယ္။

(Tout – 4) Tin =

+ 10

2

Tin = မိမိအခန္းအတြင္းအပူခ်ိန္ Tout= ျပင္ပပတ္ဝန္းက်င္အပူခ်ိန္

ဥပမာ။ ။ ျပင္ပ ပတ္ဝန္းက်င္ အပူခ်ိန္က ၄၀° ရိွတယ္ဆိုပါေတာ့ ဒါဆိုရင္....

၄၀- ၄ = ၃၆

အဲ့ဒီ ၃၆ ကို ၂ နဲ႔ စား၊

ရတဲ့အေျဖက ၁၈

အဲ့ဒီအေျဖကို ၁၀ ေပါင္းေတာ့ ၂၈ ရပါတယ္။

အဲေတာ့ ၄၀ ဒီဂရီ အပူခ်ိန္႐ွိတဲ့ အျပင္ကျပန္လာတဲ့သူအဖို႔ အခန္းထဲက အပူခ်ိန္ (Air con မွာ ထားရမယ့္အပူခ်ိန္) ကို ၂၈ ဒီဂရီ နဲ႔ ေတြ႔ကာမွ ေတာ္ကာက်ပါမယ္။ ၄၀ ဒီဂရီ အပူခ်ိန္႐ွိေနတဲ့ျပင္ပကေန ၁၈° တို ၁၆° တို႔ ႐ွိတဲ့ အခန္းထဲဝင္ရင္ ဘာျဖစ္မလဲ ၁၈° တို႔ ၁၆° တို႔ အပူခ်ိန္ရွိတဲ့ အခန္း(သို႔) ကား ထဲကေန ကိစၥ႐ွိလို႔ ၄၀° တို႔ ၄၁° တို႔ ႐ွိတဲ့ ျပင္ပ ပတ္ဝန္းက်င္ကို ႐ုတ္တရက္ ထြက္ရင္ ဘာျဖစ္မလဲ …..

ကိုယ္ခံအားေကာင္းေနရင္ေတာ့ ခုခံမႈစနစ္ အပူထိန္းခ်ဳပ္မႈစနစ္ေတြကို ဦးေႏွာက္ နဲ႔ ခႏၶာ ခ်ိတ္ဆက္ၿပီး သူ႔ဖာသာလုပ္သြားမယ္။ အဲ့လိုမွမဟုတ္ရင္ေတာ့ ႐ုတ္တရက္ လဲက်ေသဆံုးတာေတြထိျဖစ္ႏိုင္ပါတယ္။

မိုးလင္းမိုးခ်ဳပ္ Air con ခန္းထဲကမထြက္ဘူးဆိုတဲ့ လူေတြအတြက္ေတာ့မသိဘူးေပါ့ဗ်ာ Air con ခန္းထဲအၾကာႀကီးေနလိုက္ ခဏေန အျပင္ထြက္ထမင္းစား လက္ဘက္ရည္ေသာက္ဘာညာ လုပ္ေနတဲ့သူေတြဆို ေႏြရာသီမွာ အခန္႔မသင့္ရင္ ေလျဖတ္တာေတြ ဦးေႏွာက္ေသြးေၾကာျပတ္ ေသဆံုးတာေတြ ျဖစ္ႏိုင္ပါတယ္ ဒီတြက္နည္းေလးဟာ အင္မတန္႐ိုး႐ွင္းလြယ္ကူပါတယ္ေနာက္ၿပီး အပူပိုင္းေဒသေတြမွာ ေနထိုင္တဲ့သူေတြဟာ Air con အသံုးျပဳ တဲ့အခါ အပူခ်ိန္ကို ၂၅ ဒီဂရီေအာက္ ေလ်ာ့နည္းၿပီး မထားသင့္ဘူးလို႔လည္း စာေတြမွာ ေလ့လာဖူးပါတယ္

ေနာက္တစ္နည္းကေတာ့ လွ်ပ္စစ္သံုးစြဲမႈကို ေလ်ာ့က်ေစတဲ့နည္းေလးပါ အဲ့ဒါကေတာ့....

% saving ကို လိုခ်င္ရင္ မိမိထား႐ွိမယ့္အပူခ်ိန္ ထဲက Air con မွာ ထားထားတဲ့ အပူခ်ိန္ကို နႈတ္ ရလာဒ္ကိုတည္ၿပီး ျပင္ပအပူခ်ိန္ ထဲက Air con မွာ ထားထားတဲ့ အပူခ်ိန္ကိုနႈတ္လို႔ရလာတဲ့ ရလာဒ္နဲ႔စား ထြက္လာတဲ့အေျဖကို ၁၀၀ နဲ႔ေျမႇာက္ ေပးရင္ ကိုယ္ဘယ္ေလာက္ေလွ်ာ့ခ်လိုက္သလဲဆိုတာထြက္လာမွာပါ

(New T – Old T) % Saving =

__ x 100 (Tout – Old T)

New T = မိမိထား႐ွိမည့္အပူခ်ိန္

Old T = Air con ဖြင့္ကတည္းက႐ွိေနေသာ အပူခ်ိန္

Tout = ျပင္ပပတ္ဝန္းက်င္အပူခ်ိန္

ဥပမာ။ ။ Air con ဖြင့္ကတည္းက႐ွိေနတဲ့အပူခ်ိန္က ၂၀ ဒီဂရီ စင္တီဂရိတ္၊ မိမိထားလိုတဲ့အပူခ်ိန္က ၂၅ ဒီဂရီ နဲ႔ ျပင္ပ အပူခ်ိန္က ၄၅ ဒီဂရီ ဆိုပါေတာ့

ဒါဆို ၂၅ – ၂၀ = ၅ ဒါက ပိုင္းေဝ ၄၅ – ၂၀ = ၂၅ ဒါကပိုင္းေျခ စားလိုက္ေတာ့ ၀.၂ ရတယ္ ရတဲ့ ၀.၂ ကို ၁၀၀ နဲ႔ ေျမႇာက္ေတာ့ ၂၀ ရမယ္ ဒီ ၂၀ ရာခိုင္နႈန္းဟာ မိမိ ေလွ်ာ့ခ်လိုက္တဲ့ % saving of electicity ပဲ ျဖစ္ပါတယ္ မွတ္ခ်က္။ ။ အပူခ်ိန္ကို ဒီဂရီစင္တီဂရိတ္( °C) နဲ႔သာ အသံုးျပဳထားသည္။

စာရႈ႕သူအေပါင္းကို ေက်းဇူးတင္ပါတယ္ႀကိဳးစားလွ်က္

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ေဝဇင္ေက်ာ္ထြန္း

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service