စာချုပ်ချုပ်မည်ဆိုလျှင် စာချုပ်တွင် လက်မှတ်ရေးထိုးရန် ပဋိညာဉ်ပြုလုပ်ခွင့်အရည်အချင်းမရှိသူများ - Property Knowledge in Myanmar from iMyanmarHouse.com
1269 Views

စာချုပ်ချုပ်မည်ဆိုလျှင် စာချုပ်တွင် လက်မှတ်ရေးထိုးရန် ပဋိညာဉ်ပြုလုပ်ခွင့်အရည်အချင်းမရှိသူများ

Knowledge | Posted by Si Thu Aung

[Unicode]

သဘောတူစာချုပ်တစ်ခုတွင် နှစ်ဦးနှစ်ဖက်သဘောတူလျှင် မည်သူမဆို လက်မှတ်ရေးထိုးစာချုပ် ပြုလုပ်ခွင့်ရှိသည်ဟုဆိုနိုင်သော်လည်း ထိုသို့ပြုလုပ်ခွင့်နှင့်ပတ်သက်၍ ပဋိညာဉ်အက်ဥပဒေတွင် ပဋိညာဉ် ပြုလုပ်ခွင့်အရည်အချင်းမရှိသူများကို အတိအလင်း ဖော်ပြတားမြစ်သတ်မှတ်ချက်များရှိပါသည်။

တစ်နည်းဖြင့်ဆိုသော အောက်ဖော်ပြပါပုဂ္ဂိုလ်များကို အရည်အချင်း ပျက်ယွင်မှုဖြင့် ဥပဒေကသတ်မှတ် ပေးထားခြင်းဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်များ သဘောတူစာချုပ် ပြုလုပ်ခွင့်မရှိပါ။ အကယ်၍ ပြုလုပ်ခဲ့သော် ထိုသဘောတူစာချုပ်သည် ပျက်ပြယ်သည်ပင်ဖြစ်ပါသည်။

(က) မိမိနှင့်သက်ဆိုင်သော ဥပဒေအရ အရွယ်ရောက်ပြီးသူ ဖြစ်ရမည်။ (ပဋိညာဉ်အက်ဥပဒေ ပုဒ်မ-၁၁) မြန်မာနိုင်ငံတွင် အမြဲနေထိုင်သူများအတွက် အရွယ်ရောက်ခြင်းအက်ဥပဒေ ပုဒ်မ-၃ အရ အသက် (၁၈)နှစ်ပြည့်လျှင် အရွယ်ရောက်သည်။ သို့သော် တရားရုံးကခန့်ထားသော အုပ်ထိန်းသူရှိပါက အသက် (၂၁) နှစ်ပြည့်မှ အရွယ်ရောက်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် သာမန်အားဖြင့် အသက် (၁၈)နှစ် ပြည့်သူသာလျှင် အရွယ်ရောက်သူဖြစ်ပြီး ပဋိညာဉ်ပြုပိုင်ခွင့်အရည်အချင်းရှိသည်။

(ခ) ပဋိညာဉ်ဖွဲ့ရန်အလို့ငှာ စိတ်ကောင်းခြင်း။ (ပဋိညာဉ်အက်ဥပဒေ ပုဒ်မ-၁၂)

ပဋိညာဉ်ပြုသော အချိန်တွင် ၎င်းပဋိညာဉ်ကို နားလည်နိုင်စွမ်းရှိသည့်အပြင် ပဋိညာဉ်သည် မိမိအပေါ်မည်သို့ အကျိုးသက်ရောက်မည်ကို စဉ်းစားဆင်ခြင်နိုင်စွမ်းရှိလျှင် ထိုသူသည် ပဋိညာဉ်ပြုလုပ်ရန် စိတ်ကောင်းလျက်ရှိသည်။

ထို့ကြောင့် စိတ်ဖောက်ပြန်ရူးသွပ်သူတစ်ယောက်သည် သာမန်အားဖြင့် တရားဝင်ပဋိညာဉ် ပြုလုပ်နိုင်စွမ်းမရှိ။ သို့ရာတွင် စိတ်ဖောက်ပြန်ရူးသွပ်နေသော်လည်း တစ်ခါတစ်ရံ စိတ်တည်ငြိမ်နေတတ်သူဖြစ်လျှင် စိတ်တည်ငြိမ်နေချိန်တွင် ပဋိညာဉ်ပြုလုပ်နိုင်သည်။

လူတစ်ယောက်သည် စိတ်ကောင်းသော်လည်း တစ်ခါတစ်ရံ စိတ်ဖောက်ပြန်ရူးသွပ်တတ်သူဖြစ်လျှင် စိတ်ဖောက်ပြန်ရူးသွပ်နေချိန်တွင် ပဋိညာဉ်ပြုလုပ်ခွင့်မရှိပါ။

(ဂ) မိမိနှင့် သက်ဆိုင်သော ဥပဒေအရ ပဋိညာဉ်ပြုပိုင်ခွင့်အရည်အချင်း ပျက်ယွင်းသူ မဖြစ်စေရ။

ပဋိညာဉ် အက်ဥပဒေအပြင် အခြားဥပဒေ တစ်စုံတစ်ရာက ပဋိညာဉ်ပြုပိုင်ခွင့်မရှိဟု တားမြစ်ထားသူသည် ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်း ပျက်ယွင်းသူပင်ဖြစ်ပါသည်။

ထို့ကြောင့် အရွယ်မရောက်သေးသူဖြစ်ခြင်း၊ စိတ်ဖောက်ပြန်ရူးသွပ်သူ၊ မူးယစ်သူ၊ ကျပ်မပြည့်သူများသည်လည်း အရည်အချင်း ပျက်ယွင်းမှုဖြစ်၍ အထက်ပါအတိုင်း သဘောတူစာချုပ် ပြုလုပ်ခွင့်မရှိဟု ဆိုရပါ မည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

















 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service