မြန်မာ့ဓလေ့နည်းနာထုံးတမ်းအရ နေအိမ်၌ မပြု-မထားသင့်သော ရှောင်သင့်သော အရာများ - Property Knowledge in Myanmar from iMyanmarHouse.com
18030 Views

မြန်မာ့ဓလေ့နည်းနာထုံးတမ်းအရ နေအိမ်၌ မပြု-မထားသင့်သော ရှောင်သင့်သော အရာများ

Knowledge | Posted by Aye Myat Thu

[Unicode]

ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့ ဆိုတဲ့ ရှေးမြန်မာလူမျိုးတွေရဲ့ စကားပုံတွေက လက်တွေ့ဘဝတွေရဲ့ကြေးမုံပြင်အလား ပြန်လည်ထင်ဟပ်စေပါတယ်။ ခေတ်စနစ်ကြီးက တစ်ခေတ်ပြီးတစ်ခေတ်သို့ ဘယ်လောက်ပဲပြောင်းလဲသွားပါစေ မြန်မာလူမျိုး တွေအတွက်ကတော့ အစွဲလမ်းကြီး အယူသီးတယ်လို့ပဲဆိုချင်ဆိုချင် ကိုယ်ယုံကြည်စွာ ကိုယ်စွဲလမ်းရာဓလေ့ကို ယနေ့ထိတိုင်ဆက်လက်ထိန်းသိမ်း ပြီးနေထိုင်လာကြပါတယ်။

ဒါ့ကြောင့်မို့လို့ မြန်မာလူမျိုးတွေရဲ့ နေအိမ်နဲ့ပတ်သက်ပြီး စွဲလမ်းနေထိုင်လာခဲ့ကြတဲ့ အချို့လည်းသိပြီးသားဖြစ်ပြီး အချို့လည်းမသိရသေးတဲ့ အယူအဆလေးတွေကို ဗဟုသုတအနေနဲ့တင်ပြပေးလိုက်ပါတယ်။

၁။ အိမ်ရှေ့၌ ဌက်ပျောပင်မစိုက်ကောင်း။

၂။ ကိုယ်ဝန်ဆောင်များသည် အပြောအဆိုမကြမ်းကောင်း။

၃။ လက်ဖက်သုပ်စားပြီးနောက် ကလေးငယ်၏ပါးကို မနမ်းကောင်း။

၄။ ကတ်ကြေး၊ကွမ်းညှပ်၊ဓား စသည်တို့ကို ဖြတ်စရာ ညှပ်စရာ မပါပဲမညှပ်ကောင်း။

၅။ သစ်ပင်နှစ်ပင်ကြားတွင် အဝတ်လှန်းရန် ဝါးမညှပ်ကောင်း။

၆။ အိမ်တွင် ဇယ်မခုတ်ကောင်း။

၇။ အိမ်သားတစ်ဦးဦး ဖျားနာနေစဉ် ခေါင်းမလျှော်ကောင်း။

၈။ ယောက်မနှင့်ထမင်းအိုးကို မရိုက်ကောင်း။

၉။ စလောင်းဖုံးကို မီးဖိုပေါ်မအုပ်ကောင်း။

၁၀။ မီးဖိုမှာ လူနှစ်ယောက်ပြိုင်တူမီးမမှုတ်ကောင်း။

၁၁။ ညောင်သားကိုထင်းမစိုက်ကောင်း။

၁၂။ ကျောက်နီလက်စွပ်ကို နှစ်ကွင်းထပ်၍ မစွပ်ကောင်း။

၁၃။ ဖိနပ်ချွတ်သောနေရာတွင် ထီးမထားကောင်း။

၁၄။ ဖိနပ်ပေါ်သို့ထီးအချွန်မထောက်ကောင်း။

၁၅။ ဖျာကိုလိပ်ပြီး အမြှင့်၌ မတင်ကောင်း။

၁၆။ နာရီကို ခြေရင်းဘက်တွင် မချိတ်ကောင်း။

၁၇။ မိဘ ကြီးကဲသူတို့၏ ဖိနပ်ကိုမနင်းကောင်း။

၁၈။ ဓာတ်ခဲအဟောင်းများကို အိမ်တွင်မထားကောင်း။

၁၉။ အိမ်၏မျက်နှာစာတွင် ထမင်းဟင်းချက်ပြုတ်၍ မစားကောင်း။

၂၀။ ကွဲအက်နေသော မှန်များ အိမ်တွင်မထားကောင်း။ စသဖြင့် ရှေးလူကြီးစကားများ ကို မှတ်မှတ်သားသား မှတ်ယူကာနေထိုင်လေ့ရှိကြတာပဲဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

ျမန္မာ့ဓေလ့နည္းနာထံုးတမ္းအရ ေနအိမ္၌ မျပဳ-မထားသင့္ေသာ ေရွာင္သင့္ေသာ အရာမ်ား

ေရွးထံုးလည္း မပယ္နဲ႔ ေစ်းသံုးလည္း မလြယ္နဲ႔ ဆုိတဲ့ ေရွးျမန္မာလူမ်ိဳးေတြရဲ႕ စကားပံုေတြက လက္ေတြ႕ဘဝေတြရဲ႕ေၾကးမုံျပင္အလား ျပန္လည္ထင္ဟပ္ေစပါတယ္။ ေခတ္စနစ္ႀကီးက တစ္ေခတ္ၿပီးတစ္ေခတ္သုိ႕ ဘယ္ေလာက္ပဲေျပာင္းလဲသြားပါေစ ျမန္မာလူမ်ိဳး ေတြအတြက္ကေတာ့ အစြဲလမ္းႀကီး အယူသီးတယ္လုိ႕ပဲဆုိခ်င္ဆုိခ်င္ ကုိယ္ယံုၾကည္စြာ ကုိယ္စြဲလမ္းရာဓေလ့ကုိ ယေန႕ထိတုိင္ဆက္လက္ထိန္းသိမ္း ၿပီးေနထုိင္လာၾကပါတယ္။

ဒါ့ေၾကာင့္မုိ႕လုိ႕ ျမန္မာလူမ်ိဳးေတြရဲ႕ ေနအိမ္နဲ႔ပတ္သက္ၿပီး စြဲလမ္းေနထုိင္လာခဲ့ၾကတဲ့ အခ်ိဳ႕လည္းသိၿပီးသားျဖစ္ၿပီး အခ်ိဳ႕လည္းမသိရေသးတဲ့ အယူအဆေလးေတြကုိ ဗဟုသုတအေနနဲ႔တင္ျပေပးလုိက္ပါတယ္။

၁။ အိမ္ေရွ႕၌ ဌက္ေပ်ာပင္မစုိက္ေကာင္း။

၂။ ကုိယ္၀န္ေဆာင္မ်ားသည္ အေျပာအဆုိမၾကမ္းေကာင္း။

၃။ လက္ဖက္သုပ္စားၿပီးေနာက္ ကေလးငယ္၏ပါးကုိ မနမ္းေကာင္း။

၄။ ကတ္ေၾကး၊ကြမ္းညွပ္၊ဓား စသည္တုိ႔ကုိ ျဖတ္စရာ ညွပ္စရာ မပါပဲမညွပ္ေကာင္း။

၅။ သစ္ပင္ႏွစ္ပင္ၾကားတြင္ အ၀တ္လွန္းရန္ ၀ါးမညွပ္ေကာင္း။

၆။ အိမ္တြင္ ဇယ္မခုတ္ေကာင္း။

၇။ အိမ္သားတစ္ဦးဦး ဖ်ားနာေနစဥ္ ေခါင္းမေလွ်ာ္ေကာင္း။

၈။ ေယာက္မႏွင့္ထမင္းအုိးကုိ မရုိက္ေကာင္း။

၉။ စေလာင္းဖုံးကုိ မီးဖုိေပၚမအုပ္ေကာင္း။

၁၀။ မီးဖုိမွာ လူႏွစ္ေယာက္ၿပိဳင္တူမီးမမႈတ္ေကာင္း။

၁၁။ ေညာင္သားကုိထင္းမစုိက္ေကာင္း။

၁၂။ ေက်ာက္နီလက္စြပ္ကုိ ႏွစ္ကြင္းထပ္၍ မစြပ္ေကာင္း။

၁၃။ ဖိနပ္ခၽြတ္ေသာေနရာတြင္ ထီးမထားေကာင္း။

၁၄။ ဖိနပ္ေပၚသုိ႔ထီးအခၽြန္မေထာက္ေကာင္း။

၁၅။ ဖ်ာကုိလိပ္ၿပီး အျမွင့္၌ မတင္ေကာင္း။

၁၆။ နာရီကုိ ေျခရင္းဘက္တြင္ မခ်ိတ္ေကာင္း။

၁၇။ မိဘ ႀကီးကဲသူတုိ႔၏ ဖိနပ္ကုိမနင္းေကာင္း။

၁၈။ ဓာတ္ခဲအေဟာင္းမ်ားကုိ အိမ္တြင္မထားေကာင္း။

၁၉။ အိမ္၏မ်က္ႏွာစာတြင္ ထမင္းဟင္းခ်က္ျပဳတ္၍ မစားေကာင္း။

၂၀။ ကြဲအက္ေနေသာ မွန္မ်ား အိမ္တြင္မထားေကာင္း။ စသျဖင့္ ေရွးလူႀကီးစကားမ်ား ကုိ မွတ္မွတ္သားသား မွတ္ယူကာေနထုိင္ေလ့ရွိၾကတာပဲျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service