မြေလွတ်၊ မြေလတ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်ကို ဥပဒေအရ ရောင်းချခွင့်ရှိသလား။ - Property Knowledge in Myanmar from iMyanmarHouse.com
883 Views

မြေလွတ်၊ မြေလတ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်ကို ဥပဒေအရ ရောင်းချခွင့်ရှိသလား။

Knowledge | Posted by Si Thu Aung

[Unicode]

မြေလွတ်မြေလတ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေး ဗဟိုကော်မတီက တရားဝင်လုပ်ပိုင်ခွင့်ချထာပေးတာ ဖြစ်ပါသည်။ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ-၁၆ ပုဒ်မခွဲ (ဂ)အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ တစ်နည်းနည်းဖြင့်လွှဲပြောင်းခြင်း သို့မဟုတ် ခွဲစိတ်ခြင်းမပြုရဟု တားမြစ်ကန့်သတ်ထားပါသည်။

ထို့အတွက်ကြောင့် ဗဟိုကော်မတီကနေပြီးတော့ တရားဝင်ချထားတဲ့ မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများကို လုပ်ပိုင်ခွင့်ရတဲ့ပုဂ္ဂိုလ်က ကိုယ်တိုင်မလုပ်ဘဲနဲ့ အခြားသူကို ခွဲစိတ်ရောင်းချခြင်းသည် တရားမဝင်ပါဘူး။ တရားမဝင်တော့ ဥပဒေအေရ လုပ်ပိုင်ခွင့် ချထားပေးတာကို ပြန်လည်ရုပ်သိမ်းမယ်။ မြေပေါ်က ဖယ်ရှားမည်၊ အာမခံပေးသွင်းထားခြင်းကို သိမ်းပါမည်။ အာမခံတင်ထားတာ သိမ်းပြီး မြေပေါ်က ဖယ်ရှားတာကို လိုက်နာခြင်းမရှိဘူးဆိုလျှင် ပုဒ်မ-၂၉ အရ အရေးယူလို့ရပါတယ်။ ထောင်ချတာတွေကအစ မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဆောင်ရွက်သွားမှာဖြစ်ပါသည်။

အထက်ပါကန့်သတ်ချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် မြေလွတ်၊ မြေလတ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ-၂၉ (က) အရ နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက် မပိုသောငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်း ခံရနိုင်ပါသည်။

နောက်တစ်ခုက ဗဟိုကော်မတီက ချထားပေးတာ မရှိဘဲနဲ့ သူဘာသာသူ ရှိနေတဲ့ မြေလွတ်၊ မြေလတ် နှင့် မြေရိုင်းများကို အာဏာနဲ့ဘဲဖြစ်ဖြစ် လက်ဦးမှုယူပြီးတော့ လူတစ်ယောက်က နေပြီးတော့ ယူလိုက်တယ်၊ ယူပြီးတော့ နောက်လူကို ရောင်းစားတယ်ဆိုရင် အစိုးရပိုင်တဲ့ မြေလွတ်၊ မြေလတ်နှင့်မြေရိုင်းများကို ခွင့်ပြုမိန့် မရဘဲနဲ့ သူဘာသာသူ ဝင်ရောက်အသုံးချတယ်။ သူများကို ရောင်းချတာတွေ လုပ်တဲ့အတွက် ၂၀၁၅ခုနှစ်တွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ် (၆) မှာ အစိုးရပိုင်တဲ့ မြေလွတ်၊ မြေလတ်နှင့်မြေရိုင်းများမှာ ဝင်ရောက် ကျုးကျော်တဲ့ ပုဂ္ဂိုလ်တွေကို တားဆီးရမည်။ မြို့နယ်မြေစာရင်းဦးစီးမှူးက တားဆီးမည်။ တားဆီး ပြီးရင် ဆက်မလုပ်ဖို့ (၁၄) ရက်အတွင်း ဖယ်ရှားဖို့ အမိန့်ထုတ်မည်။ မလိုက်နာရင် တရားစွဲဆို အရေးယူမယ်ဆိုပြီး အကြောင်းကြားစာချမှတ်ရမည်။ (၇) ရက်ပြည့်လို့မှ မရရင်၊ စုစုပေါင်း ၂၁ ရက်ပေါ့။ အကြောင်းကြားစာအရ (၇) ရက်၊ မူလတုန်းက တာဆီးတာက (၁၄) ရက်၊ အဲဒါကို မလိုက်နာဘူးဆိုရင် ဖယ်ရှားဖို့ တရားစွဲဆို အရေးယူခံရမည် ဖြစ်သည်။ တရားစွဲဆိုခံရမည်ဆိုလျှင် မြေလွတ်၊ မြေလတ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ-၂၇အရ နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခြင်း ခံရနိုင်ပါသည်။

ဒါကြောင့် မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများ မှန်လို့ရှိရင် အစိုးရက တရားဝင်ချထားသည်ဖြစ်စေ၊ မချထားသည်ဖြစ်စေ ချထားပေးခံရသည့် ပုဂ္ဂိုလ်က သူများကို လွှဲပြောင်း ရောင်းချထားတာတွေ၊ ရယူတာတွေ လုပ်လို့မရပါဘူး။ တရားဝင် ချထားပေးခြင်းခံရသူသည်သာ မိမိကိုယ်တိုင်ဘဲ လုပ်လို့ရမှာဖြစ်ပါသည်။ တရားဝင် ရောင်းချခွင့်မပြုထားတာကို ဝယ်ယူမည်ဆိုလျှင်လည်း ဆုံးရှုံးမှှုသာဖြစ်ပွားမှာဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမလြတ္၊ ေျမလတ္ႏွင့္ေျမရိုင္းမ်ား လုပ္ပိုင္ခြင့္ကို ဥပေဒအရ ေရာင္းခ်ခြင့္ရွိသလား။

ေျမလြတ္ေျမလတ္ႏွင့္ေျမရိုင္းမ်ား လုပ္ပိုင္ခြင့္၊ အသံုးျပဳခြင့္ကို ေျမလြတ္၊ ေျမလတ္ႏွင့္ ေျမ႐ိုင္းမ်ား စီမံခန္႔ခြဲေရး ဗဟိုေကာ္မတီက တရားဝင္လုပ္ပိုင္ခြင့္ခ်ထာာေပးတာ ျဖစ္ပါသည္။ ေျမလြတ္၊ ေျမလတ္၊ ေျမရိုင္းမ်ား စီမံခန္႔ခြဲေရးဥပေဒ ပုဒ္မ-၁၆ ပုဒ္မခြဲ (ဂ)အရ ျပည္ေထာင္စုအစိုးရအဖြဲ႔၏ ခြင့္ျပဳခ်က္မရွိဘဲ ေပါင္ႏွံျခင္း၊ ေပးကမ္းျခင္း၊ ေရာင္းခ်ျခင္း၊ အငွားခ်ထားျခင္း၊ တစ္နည္းနည္းျဖင့္လႊဲေျပာင္းျခင္း သို႔မဟုတ္ ခြဲစိတ္ျခင္းမျပဳရဟု တားျမစ္ကန္႔သတ္ထားပါသည္။

ထို႔အတြက္ေၾကာင့္ ဗဟိုေကာ္မတီကေနၿပီးေတာ့ တရားဝင္ခ်ထားတဲ့ ေျမလြတ္၊ ေျမလတ္ႏွင့္ ေျမ႐ိုင္းမ်ားကို လုပ္ပိုင္ခြင့္ရတဲ့ပုဂၢိဳလ္က ကိုယ္တိုင္မလုပ္ဘဲနဲ႔ အျခားသူကို ခြဲစိတ္ေရာင္းခ်ျခင္းသည္ တရားမဝင္ပါဘူး။ တရားမဝင္ေတာ့ ဥပေဒေအရ လုပ္ပိုင္ခြင့္ ခ်ထားေပးတာကို ျပန္လည္႐ုပ္သိမ္းမယ္။ ေျမေပၚက ဖယ္႐ွားမည္၊ အာမခံေပးသြင္းထားျခင္းကို သိမ္းပါမည္။ အာမခံတင္ထားတာသိမ္းၿပီး ေျမေပၚက ဖယ္႐ွားတာကို လုိက္နာျခင္းမရွိဘူးဆိုလွ်င္ ပုဒ္မ-၂၉ အရ အေရးယူလို႔ရပါတယ္။ ေထာင္ခ်တာေတြကအစ ေျမလြတ္၊ ေျမလတ္ႏွင့္ ေျမ႐ိုင္းမ်ား စီမံခန္႔ခြဲေရး ဗဟိုေကာ္မတီက ေဆာင္႐ြက္သြားမွာျဖစ္ပါသည္။

အထက္ပါကန္႔သတ္ခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္လွ်င္ ေျမလြတ္၊ ေျမလတ္ႏွင့္ေျမရိုင္းမ်ား စီမံခန္႔ခြဲေရး ဥပေဒ ပုဒ္မ-၂၉ (က) အရ ႏွစ္ႏွစ္ထက္မပိုေသာေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္ဆယ္သိန္းထက္ မပိုေသာေငြဒဏ္ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ျခင္းခံရႏိုင္ပါသည္။

ေနာက္တစ္ခုက ဗဟိုေကာ္မတီက ခ်ထားေပးတာ မ႐ွိဘဲနဲ႔ သူဘာသာသူ႐ွိေနတဲ့ ေျမလြတ္၊ ေျမလတ္ ႏွင့္ ေျမ႐ိုင္းမ်ားကို အာဏာနဲ႔ဘဲျဖစ္ျဖစ္ လက္ဦးမႈယူၿပီးေတာ့ လူတစ္ေယာက္က ေနၿပီးေတာ့ ယူလိုက္တယ္၊ ယူၿပီးေတာ့ ေနာက္လူကို ေရာင္းစားတယ္ဆိုရင္ အစိုးရပိုင္တဲ့ ေျမလြတ္၊ ေျမလတ္ႏွင့္ေျမ႐ိုင္းမ်ားကို ခြင့္ျပဳမိန္႔ မရဘဲနဲ႔ သူဘာသာသူ ဝင္ေရာက္အသုံးခ်တယ္။ သူမ်ားကို ေရာင္းခ်တာေတြ လုပ္တဲ့အတြက္ ၂၀၁၅ခုႏွစ္တြင္ ထုတ္ျပန္ထားသည့္ ၫႊန္ၾကားခ်က္ အမွတ္ (၆) မွာ အစိုးရပိုင္တဲ့ ေျမလြတ္၊ ေျမလတ္ႏွင့္ေျမ႐ိုင္းမ်ားမွာ ဝင္ေရာက္ က်ဳးေက်ာ္တဲ့ ပုဂၢိဳလ္ေတြကို တားဆီးရမည္။ ၿမိဳ႕နယ္ေျမစာရင္းဦးစီးမႉးက တားဆီးမည္။ တားဆီး ၿပီးရင္ ဆက္မလုပ္ဖို႔ (၁၄) ရက္အတြင္း ဖယ္႐ွားဖို႔ အမိန္႔ထုတ္မည္။ မလိုက္နာရင္ တရားစြဲဆို အေရးယူမယ္ဆိုၿပီး အေၾကာင္းၾကားစာခ်မွတ္ရမည္။ (၇) ရက္ျပည့္လို႔မွ မရရင္၊ စုစုေပါင္း ၂၁ ရက္ေပါ့။ အေၾကာင္းၾကားစာအရ (၇) ရက္၊ မူလတုန္းက တာဆီးတာက (၁၄) ရက္၊ အဲဒါကို မလိုက္နာဘူးဆိုရင္ ဖယ္႐ွားဖို႔ တရားစြဲဆို အေရးယူခံရမည္ ျဖစ္သည္။ တရားစြဲဆိုခံရမည္ဆိုလွ်င္ ေျမလြတ္၊ ေျမလတ္ႏွင့္ေျမရိုင္းမ်ား စီမံခန္႔ခြဲေရးဥပေဒ ပုဒ္မ-၂၇အရ ႏွစ္ႏွစ္ထက္မပိုေသာေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္ငါးသိန္းထက္မပိုေသာေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစခ်မွတ္ျခင္း ခံရႏိုင္ပါသည္။

ဒါေၾကာင့္ ေျမလြတ္၊ ေျမလတ္ႏွင့္ ေျမ႐ိုင္းမ်ား မွန္လို႔႐ွိရင္ အစိုးရက တရားဝင္ခ်ထားသည္ျဖစ္ေစ၊ မခ်ထားသည္ျဖစ္ေစ ခ်ထားေပးခံရသည့္ ပုဂၢိဳလ္က သူမ်ားကို လႊဲေျပာင္း ေရာင္းခ်ထားတာေတြ၊ ရယူတာေတြ လုပ္လို႔မရပါဘူး။ တရားဝင္ ခ်ထားေပးျခင္းခံရသူသည္သာ မိမိကိုယ္တိုင္ဘဲ လုပ္လို႔ရမွာျဖစ္ပါသည္။ တရားဝင္ ေရာင္းခ်ခြင့္မျပဳထားတာကို ဝယ္ယူမည္ဆိုလွ်င္လည္း ဆံုးရႈံးမွႈသာျဖစ္ပြားမွာျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Aung Theikdi Villa
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service