မြေကွက်ဝယ်ယူရာ၌ ပေ၂၀×၆၀ ဝယ်ယူခြင်းဖြစ်လျှင် ဂရန်မိတ္တူသာရရှိခြင်းသည် ပိုင်ဆိုင်မှုခိုင်မာသလား။ - Property Knowledge in Myanmar from iMyanmarHouse.com
1022 Views

မြေကွက်ဝယ်ယူရာ၌ ပေ၂၀×၆၀ ဝယ်ယူခြင်းဖြစ်လျှင် ဂရန်မိတ္တူသာရရှိခြင်းသည် ပိုင်ဆိုင်မှုခိုင်မာသလား။

Knowledge | Posted by Si Thu Aung

[Unicode]

မြေငှားဂရန်များကို မြို့ပြဆိုင်ရာစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဌာနမှ ချထားပေးရာတွင် ပေ ၄၀×၆၀ မြေကွက်အဖြစ် မြေငှားချထားပေးခြင်းဖြစ်ပါသည်။ အဆိုပါ ပေ ၄၀×၆၀ မြေကွက်များကို ယခုအခါ တစ်ဝက် ဖြစ်သည့် ပေ ၂၀×၆၀ ခွဲစိတ်ရောင်းချခြင်းများ လွန်စွာများပြားလာသည်ကို တွေ့ရပါသည်။

ထိုသို့ရောင်းချရာတွင် ဝယ်ယူသူများကို ရောင်းသူမှ ပိုင်ဆိုင်အထောက်အထားပေးအပ်သည့်အခါ မြေငှားဂရန်စာချုပ်မိတ္တူနှင့် ဂရန်အမည်ပေါက်သူဖြစ်သော ရောင်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူကိုသာ ပေးအပ်တာကို တွေ့ရပါတယ်။

မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ဥပဒေနှင့်အညီပိုင်ဆိုင်မှုဆိုင်မာအောင် ဆောင်ရွက်မှသာ တရားဝင်ပိုင်ဆိုင်မှုခိုင်မာမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရန်အတွက် နိုင်ငံတော်သို့ ဝယ်ယူငွေအပေါ်တွင် ငွေဖြူပြသရမည်ဖြစ်ပြီး ငွေဖြူပြသန်ိုင်ခြင်းမရှိပါက ပစ္စည်းတန်ဖိုးအပေါ် အခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝယ်ယူသည့် တန်ဖိုးအပေါ် အခွန်ပေးဆောင်ခြင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်မှသာ တရားဝင်ပိုင်ဆိုင်မှု အထောက်အထားရမှာဖြစ်ပါသည်။

အဆိုပါ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ဖြင့် ပေ ၄၀×၆၀ အနက်မှ မိမိဝယ်ယူထားသည့် ပေ ၂၀×၆၀ ကို မြို့ပြဆိုင်ရာစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဌာနတွင် ဂရန်ခွဲလျှောက်ထားရမှာဖြစ်ပါသည်။ ထိုသို့ လျှောက်ထားသည့်အခါ မြေကွက်တစ်ခုလုံးအားမြေတိုင်းလျှောက်ထားခြင်း၊ ဝယ်ယူထားသည့်ဧရိယာအား အတည်ပြုတိုင်းခွဲလျှောက်ထားခြင်း၊ ခွဲစိတ်မြေပုံလျှောက်ထားခြင်း၊ ဂရန်ခွဲလျှောက်ထားခြင်း၊ မူလဝယ်ယူထား သည့် မှတ်ပုံတင်စာချုပ်အားဦးပိုင်အမှတ်သီးခြားထွက်လာပြီးဖြစ်သဖြင့် အမှားပြင်စာချုပ်ချုပ်ဆိုခြင်း၊ ခွဲစိတ်ပြီး ဂရန်စာအုပ်တွင် မိမိအမည်သို့ အမည်ပြောင်းလျှောက်ထားခြင်းစသည့်ဖြင့် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်ပါသည်။

ထိုသို့ မိမိဝယ်ယူထားသည့် ပေ ၂၀×၆၀ မြေကွက်သည် မိမိအမည်ပေါက်ဖြင့် မြေငှားဂရန် စာအုပ်ထွက်ရှိလာမှသာ ပိုင်ဆိုင်မှုခိုင်မာမည်ဖြစ်ပြီး သို့မှသာ မြေကွက်အား ပြန်လည်ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်းများကို တရားဝင်ဆောင်ရွက်နိုင်မှာဖြစ်ပါသဖြင့် ဝယ်ယူသူများအနေဖြင့် ဂရန် မိတ္တူကို ကိုင်ဆောင်ထားယုံဖြင့် လုံလောက်မှုမရှိကြောင်း ဥပဒေဗဟုသုတရရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမကြက္ဝယ္ယူရာ၌ ေပ၂၀×၆၀ ဝယ္ယူျခင္းျဖစ္လွ်င္ ဂရန္မိတၱဴသာရရွိျခင္းသည္ ပိုင္ဆိုင္မႈခိုင္မာသလား။

ေျမငွားဂရန္မ်ားကို ၿမိဳ႕ျပဆိုင္ရာစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲေရးဌာနမွ ခ်ထားေပးရာတြင္ ေပ ၄၀×၆၀ ေျမကြက္အျဖစ္ ေျမငွားခ်ထားေပးျခင္းျဖစ္ပါသည္။ အဆိုပါ ေပ ၄၀×၆၀ ေျမကြက္မ်ားကို ယခုအခါ တစ္ဝက္ ျဖစ္သည့္ ေပ ၂၀×၆၀ ခြဲစိတ္ေရာင္းခ်ျခင္းမ်ား လြန္စြာမ်ားျပားလာသည္ကို ေတြ႕ရပါသည္။

ထိုသုိ႔ေရာင္းခ်ရာတြင္ ဝယ္ယူသူမ်ားကို ေရာင္းသူမွ ပိုင္ဆိုင္အေထာက္အထားေပးအပ္သည့္အခါ ေျမငွားဂရန္စာခ်ဳပ္မိတၱဴႏွင့္ ဂရန္အမည္ေပါက္သူျဖစ္ေသာ ေရာင္းသူ၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴကိုသာ ေပးအပ္တာကို ေတြ႔ရပါတယ္။

မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို ဥပေဒႏွင့္အညီပိုင္ဆိုင္မႈဆိုင္မာေအာင္ ေဆာင္ရြက္မွသာ တရားဝင္ပိုင္ဆိုင္မႈခိုင္မာမည္ျဖစ္ပါသည္။ ထိုသုိ႔ေဆာင္ရြက္ရန္အတြက္ ႏိုင္ငံေတာ္သို႔ ဝယ္ယူေငြအေပၚတြင္ ေငြျဖဴျပသရမည္ျဖစ္ၿပီး ေငြျဖဴျပသႏိ္ုင္ျခင္းမရွိပါက ပစၥည္းတန္ဖိုးအေပၚ အခြန္ေပးေဆာင္ရမည္ျဖစ္ပါသည္။ ဝယ္ယူသည့္ တန္ဖိုးအေပၚ အခြန္ေပးေဆာင္ျခင္း၊ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရံုးတြင္ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ခ်ဳပ္ဆိုျခင္းမ်ား ေဆာင္ရြက္မွသာ တရားဝင္ပိုင္ဆိုင္မႈ အေထာက္အထားရမွာျဖစ္ပါသည္။

အဆိုပါ အေရာင္းအဝယ္မွတ္ပံုတင္စာခ်ဳပ္ျဖင့္ ေပ ၄၀×၆၀ အနက္မွ မိမိဝယ္ယူထားသည့္ ေပ ၂၀×၆၀ ကို ၿမိဳ႕ျပဆိုင္ရာစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲေရးဌာနတြင္ ဂရန္ခြဲေလွ်ာက္ထားရမွာျဖစ္ပါသည္။ ထိုသို႔ ေလွ်ာက္ထားသည့္အခါ ေျမကြက္တစ္ခုလံုးအားေျမတိုင္းေလွ်ာက္ထားျခင္း၊ ဝယ္ယူထားသည့္ဧရိယာအား အတည္ျပဳတိုင္းခြဲေလွ်ာက္ထားျခင္း၊ ခြဲစိတ္ေျမပံုေလွ်ာက္ထားျခင္း၊ ဂရန္ခြဲေလွ်ာက္ထားျခင္း၊ မူလဝယ္ယူထား သည့္ မွတ္ပံုတင္စာခ်ဳပ္အားဦးပိုင္အမွတ္သီးျခားထြက္လာၿပီးျဖစ္သျဖင့္ အမွားျပင္စာခ်ဳပ္ခ်ဳပ္ဆိုျခင္း၊ ခြဲစိတ္ၿပီး ဂရန္စာအုပ္တြင္ မိမိအမည္သို႔ အမည္ေျပာင္းေလွ်ာက္ထားျခင္းစသည့္ျဖင့္ အဆင့္ဆင့္ေလွ်ာက္ထားရမွာ ျဖစ္ပါသည္။

ထိုသုိ႔ မိမိဝယ္ယူထားသည့္ ေပ ၂၀×၆၀ ေျမကြက္သည္ မိမိအမည္ေပါက္ျဖင့္ ေျမငွားဂရန္ စာအုပ္ထြက္ရွိလာမွသာ ပိုင္ဆိုင္မႈခိုင္မာမည္ျဖစ္ၿပီး သို႔မွသာ ေျမကြက္အား ျပန္လည္ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ လႊဲေျပာင္းျခင္း၊ ေပးကမ္းျခင္းမ်ားကို တရားဝင္ေဆာင္ရြက္ႏိုင္မွာျဖစ္ပါသျဖင့္ ဝယ္ယူသူမ်ားအေနျဖင့္ ဂရန္ မိတၱဴကို ကိုင္ေဆာင္ထားယံုျဖင့္ လံုေလာက္မႈမရွိေၾကာင္း ဥပေဒဗဟုသုတရရရွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service