အိမ်အတွင်းမှာ ပြုပြင်စရာတွေ - Property Knowledge in Myanmar from iMyanmarHouse.com
1467 Views

အိမ်အတွင်းမှာ ပြုပြင်စရာတွေ

Knowledge | Posted by Shwe Zin Win

[Unicode]

အိမ်တစ်အိမ်တွင် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများထက် မလိုအပ်ဘဲ သိုလှောင်သိမ်းဆည်းထားမိသည့် ပစ္စည်းများက ပိုမိုများပြားသည် ကို တွေ့ရတတ်သည်။

အိမ်ရှိနံရံများနှင့် တိုင်များကို သံချောင်းတစ်ချောင်း ရိုက်လိုက်မိခြင်း၊ စကူတစ်လုံးတပ်ထားလိုက်မိခြင်းမှ စပြီး မလိုအပ်သည့် အထုပ်အပိုး တို့သည် အိမ်အတွင်းမြင်ကွင်းကို ရှုပ်ထွေးစေပါတော့သည်။

ထိုအထုပ်အပိုးများအတွင်းရှိ ပစ္စည်းများသည် နေ့စဉ်လိုအပ်နေသည့် ပစ္စည်းကိုထည့်ထားခြင်းလား၊ လိုအပ်ကောင်းလိုအပ်၍ ထည့်ထား ခြင်းလား ဆိုသည်ကို သိဖို့လိုပေသည်။

မလိုအပ်သည့် ပစ္စည်းများကို သိမ်းဆည်းမနေဘဲ စွန်းပစ်ဖို့လိုပါသည်။ အထုပ်အပိုး၊ ကြွပ်ကြွပ်အိတ်များချိတ်ဆွဲထားခြင်းကြောင့် အမှုန် အမွှားများကပ်ငြိပြီး အိမ်ရှိလူများအတွက်ပင် ကျန်းမာရေးကို ထိခိုက်စေပါသည်။

ယခုအသုံးမလိုသော်လည်း သုံးဖို့ရှိသည့် တူရာတူရာပစ္စည်းများကို အိတ်အကြည်ရောင်အတွင်း ထည့်သွင်းပြီး မာကာပင်ဖြင့်အိတ်အပြင် ကနေ စာဖြင့်ရေးထားပြီး သိမ်းဆည်းလိုက်ပါ။ လိုအပ်၍ပြန်ရှာလျှင်လည်း အလွယ်တကူရှာဖွေနိုင်မည်ဖြစ်သည်။ အိတ်တိုင်းဖွင့်ဖောက် ရှာဖွေနေရန်မလိုတော့ပေ။

နို့မှုန့်ဗူးခွံ၊ ဖန်ပုလင်းဗူးခွံနှင့် အခြားသောဗူးများသည် ပစ္စည်းများပြန်ထည့်ပြီး အသုံးပြုနိုင်ခြင်းကြောင့် အသုံးမလိုသေးပါက ဆေးကြော သန့်စင်ပြီး ပလတ်စတစ်အအိတ် အတွင်းထည့်ပြီး သိမ်းဆည်းပါ။ တစ်ဗူးခြင်း တင်ချင်ရာတင် ထားချင်ရာထားမည်ဆိုပါလျှင် နေရာအနှံ့ ၎င်းဗူးခွံများက နေရာယူသွားပါလိမ့်မည်။

အဝတ်အစားများမှာနဲနဲနှင့် များလာသည့်အခါ ဗီရိုအပြင်ဘက်ရှိ ကြွပ်ကြွပ်အိတ်များနှင့်ပင် နေရာယူလာတတ်သည်။ အဝတ်အစားများကို ကြွပ်ကြွပ်အိတ်အတွင်း ခေါက်သွင်းပြီးထည့်သော်လည်း အိတ်ကိုချည်လိုက်သည်နှင့် အဝတ်အစားများမှာ တွန့်ကြေကုန်သည်။ ပလတ်စ တစ် သေတ္တာကြီးများဖြင့် ထည့်သွင်းသိမ်းဆည်းပါက ပိုမိုသင့်လျော်ပါလိမ့်မည်။

စာအုပ်ကြိုက်သူများအနေနှင့်တစ်အုပ်တစ်အုပ်နှင့် ဝယ်ယူဖတ်ရှုရင်း တဖြည်းဖြည်းများပြားလာပါလိမ့်မည်။ ဒီအတိုင်း ထပ်ထားလိုက်မည် ဆိုပါလျှင်လည်း ဖုန်နှင့် အမှိုက်သရိုက်တို့က ရှင်းလို့မနိုင်ဖြစ်လာပါလိမ့်မည်။ အိမ်အတွင်း ကြွက်ပါရောက်ရှိလာမည်ဆိုလျှင် ကြွက်သိုက် ဖြစ်ဖို့ အားပေးရာလည်း ဖြစ်လာပါလိမ့်မည်။ စက္ကူပုံးဖြင့် ထည့်သိမ်းမည်ဆိုပါကလည်း လိုအပ်၍ ရှာကြသည့်အခါ တစ်ပုံးပြီးတစ်ပုံးဖောက် ရှာရပါလိမ့်မည်။ပလတ်စတစ်အိတ်ပျော့ အကြည်များဖြင့် ဆိုက်တူ၊ဘာသာရပ်တူရာများကို ထည့်သွင်းပြီးသိမ်းဆည်းပါ။ စာအုပ်များ အရောင်ပြောင်း ဆွေးရိခြင်းမှလည်း သက်သာပြီး ပြန်ရှာလျှင်လည်း အလွယ်တကူ ရှာနိုင်ပါလိမ့်မည်။

ရေချိုးခန်းတံခါး၊အိမ်သာတံခါးနှင့် မိုးရေထိတွေ့သည့် တံခါးများကို မကြာခဏ ဆေးသုတ်ပါ။ ရေအမြဲတမ်းထိတွေ့နေသည့် တံခါးများဖြစ် သဖြင့် ကြာသည့်အခါ ဆေးများကွာလာပြီး တဖြည်းဖြည်းသစ်သားများပင် ဆွေးမြေ့လာပါသည်။ ထို့အပြင် အိမ်ရှိတံခါးပတ္တာများကိုလည်း မိုးတွင်းမရောက်မီ ဆီထည့်ထားပါ။ အသံမည်ခြင်းနှင့် သံချေးတက်ခြင်းမှ သက်သာပါလိမ့်မည်။

ပြတင်းပေါက်တရုတ်ကတ်မှန်များအား မိုးရာသီ မတိုင်ခင် တစ်နှစ်တစ်ကြိမ်ခန့် ဖြုတ်ပြီး သန့်ရှင်းရေးလုပ်ပါ။ အဆိုပါ မှန်များမှာ တစ်နှစ် ပတ်လုံး အညစ်အကြေးနှင့် အမှုန်အမွှားတို့တင်ရှိထားရာ မိုးရွာသည့်အခါ မှန်၏ အပြင်ဘက်အပိုင်းသည် ပြောင်ရှင်းမသွားဘဲ ပို၍ပင် ညစ်ထေးသွားသည်။

ထိုကြောင့် လက်ရှိ အသုံးပြုဖို့လိုအပ်သည်များကို လက်ငင်းသုံးနိုင်ရန် အလွယ်တကူယူနိုင်မည့် နေရာတွင်ထားရှိပြီး လက်ငင်းမလိုအပ် သေးသည်များကို အမှတ်အသားပြုသိမ်းထားပါက မိမိအိမ်၏ ရှိသင့်သည့် အကျယ်အဝန်းနှင့် သန့်ရှင်းမှုတို့ကို အမှန်ရရှိနိုင်မည်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service