ကိုယ်ပိုင် အဆောက်အဦး ဆောက်လုပ်ခွင့် လျှောက်ထားရာတွင်လိုအပ်သည့်အချက်များနှင့် လိုက်နာရမည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
6866 Views

ကိုယ်ပိုင် အဆောက်အဦး ဆောက်လုပ်ခွင့် လျှောက်ထားရာတွင်လိုအပ်သည့်အချက်များနှင့် လိုက်နာရမည့်အချက်များ

Knowledge | Posted by Hnin Ei Khin

[Unicode]

ကိုယ်ပိုင် အဆောက်အဦး ဆောက်လုပ်ခွင့် လျှောက်ထားရာတွင်လိုအပ်သည့်အချက်များမှာ-

၁။ ဌာနမှ သတ်မှတ်လျှောက်လွှာ

၂။ သက်ဆိုင်ရာ ဌာနမှ (၃)နှစ်အတွင်း ထုတ်ပေးထားသော မြေပုံ/မြေရာဇဝင်မူရင်း။

၃။ ဂရန်မိတ္တူ (သို့) နယ်နမိတ်တိုင်းတာ မှတ်သားထားသည့်မြေပုံ (မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးရန်)

၄။ မြို့နယ်အုပ်ချုပ်ရေးမှုးရုံး၏ အခွန်အကြွေးအကျန် ကင်းရှင်းကြောင်း ထောက်ခံချက်။

၅။ လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ။

၆။ လျှောက်ထားသူကိုယ်တိုင် သက်ရှိထင်ရှားရှိပြီး လက်မှတ်ရေးထိုးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှုး၏ ထပ်ဆင့်ထောက်ခံချက်။

၇။ ဘေးမြေကွက်များမှ ကန့်ကွက်ရန်မရှိကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုး၏ထပ်ဆင့်ထောက်ခံချက်။

၈။ အိမ်ဌားမရှိပါက ရပ်ကွက် အုပ်ချုပ်ရေးမှုး၏ထပ်ဆင့်ထောက်ခံချက်နှင့် အိမ်ငှားရှိလျှင် ရပ်ကွက် အုပ်ချုပ်ရေးမှုး ၏ထပ်ဆင့်ထောက်ခံချက်အပြင် မြို့နယ်အုပ်ချုပ်ရေးမှုး၏ ထပ်ဆင့်ထောက်ခံချက်

၉။ လိုင်စင်ရ အင်ဂျင်နီယာမှ လက်မှတ်ရေးထိုးထားသော အဆိုပြုပုံစံ (၃)စုံနှင့် ပစ္စည်းစာရင်း (၃)စုံ

၁၀။ ၃ထပ်နှင့် အထက် အဆောက်အဦးများအတွက် SEC မှတွက်ချက်ထားသော ခိုင်ခံ့မှုဆိုင်ရာ တွက်ချက်မှုပုံစံ (၂)စုံစသည်တို့နှင့် ပြည့်စုံအောင်ဆောင်ရွက် လျှောက်ထားနိုင်ပါသည်။

ကိုယ်ပိုင်လုံးချင်း အဆောက်အဦး ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် လိုက်နာရမည့်အချက်များ

- ဧရိယာ (၄၀×၆၀)ပေအကျယ်အဝန်းရှိ မြေကွက်ပေါ်တွင် ၃ထပ်နှင့်အောက် အဆောက်အဦး တည်ဆောက်လိုပါက အဆောက်အဦးဆောက်လုပ်ခွင့် ရသူသည် မိမိမြေပေါ်တွင် ရှေ့ဘက် ၁၂ပေ၊ အိမ်နောက်ဖေး ၆ပေ၊ (နောက်ဖေးလမ်းကြားရှိက) ၁ပေ၊ ဘေးဘက်နှစ်ဖက်အား အမိုးစွန်းမှ ၃ပေချန်ပြီး ဆောက်လုပ်ရပါမည်။

- ဧရိယာ (၄၀×၆၀)ပေ အောက်ရှိမြေကွက်ပေါ်တွင် ကိုယ်ပိုင်လုံးချင်းတည်ဆောက်လိုပါက အဆောက်အဦးဆောက်လုပ်ခွင့် ရသူသည် မိမိမြေပေါ်တွင် ရှေ့ဘက် ၁၂ပေ၊ အိမ်နောက်ဖေး ၆ပေ၊ (နောက်ဖေးလမ်းကြားရှိက) ၁ပေ၊ ဘေးဘက်နှစ်ဖက်အား အမိုးစွန်းမှ ၁ပေချန်ပြီး ဆောက်လုပ်ရပါမည်။

- ကိုယ်ပိုင်လုံးချင်း အဆောက်အဦးဆောက်လုပ်ခွင့်လျှောက်ထားရာတွင် အနည်းဆုံးထားရှိ ရမည့် အခန်းအမြင့်များမှာ မြေညီထပ်တွင် ၁၀ပေ၊ ကျန်အထပ်များတွင် ၉ပေစီ ထားရှိရမည်ဖြစ်ပြီး အထက်ပါသတ်မှတ်ချက်များကို ပြောင်းလဲလိုပါက ခိုင်လုံသော အကြောင်းပြချက်ဖြင့် သီးခြားခွင့်ပြုချက် ရယူဆောင်ရွက်ရမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဘဏ်နှင့်ချိတ်ဆက်ပြီး ကိုယ်ပိုင်မြေပေါ်တွင် အိမ်ဆောက်လုပ်လိုသူများအတွက် အထူးအခွင့် အရေးရှိပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကိုယ္ပိုင္ အေဆာက္အဦး ေဆာက္လုပ္ခြင့္ ေလွ်ာက္ထားရာတြင္လိုအပ္သည့္အခ်က္မ်ားႏွင့္ လိုက္နာရမည့္အခ်က္မ်ား

ကိုယ္ပိုင္ အေဆာက္အဦး ေဆာက္လုပ္ခြင့္ ေလွ်ာက္ထားရာတြင္လိုအပ္သည့္အခ်က္မ်ားမွာ-

၁။ ဌာနမွ သတ္မွတ္ေလွ်ာက္လႊာ

၂။ သက္ဆိုင္ရာ ဌာနမွ (၃)ႏွစ္အတြင္း ထုတ္ေပးထားေသာ ေျမပုံ/ေျမရာဇ၀င္မူရင္း။

၃။ ဂရန္မိတၱဴ (သို႔) နယ္နမိတ္တိုင္းတာ မွတ္သားထားသည့္ေျမပုံ (မူရင္းႏွင့္ တိုက္ဆိုင္စစ္ေဆးရန္)

၄။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈး႐ုံး၏ အခြန္အေႂကြးအက်န္ ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္။

၅။ ေလွ်ာက္ထားသူ၏ မွတ္ပုံတင္မိတၱဴ။

၆။ ေလွ်ာက္ထားသူကိုယ္တိုင္ သက္ရွိထင္ရွားရွိၿပီး လက္မွတ္ေရးထိုးေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး၏ ထပ္ဆင့္ေထာက္ခံခ်က္။

၇။ ေဘးေျမကြက္မ်ားမွ ကန္႔ကြက္ရန္မရွိေၾကာင္းႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး၏ထပ္ဆင့္ေထာက္ခံခ်က္။

၈။ အိမ္ဌားမရွိပါက ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈး၏ထပ္ဆင့္ေထာက္ခံခ်က္ႏွင့္ အိမ္ငွားရွိလွ်င္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈး ၏ထပ္ဆင့္ေထာက္ခံခ်က္အျပင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈး၏ ထပ္ဆင့္ေထာက္ခံခ်က္

၉။ လိုင္စင္ရ အင္ဂ်င္နီယာမွ လက္မွတ္ေရးထိုးထားေသာ အဆိုျပဳပုံစံ (၃)စုံႏွင့္ ပစၥည္းစာရင္း (၃)စုံ

၁၀။ ၃ထပ္ႏွင့္ အထက္ အေဆာက္အဦးမ်ားအတြက္ SEC မွတြက္ခ်က္ထားေသာ ခိုင္ခံ့မႈဆိုင္ရာ တြက္ခ်က္မႈပုံစံ (၂)စုံစသည္တို႔ႏွင့္ ျပည့္စုံေအာင္ေဆာင္ရြက္ ေလွ်ာက္ထားႏိုင္ပါသည္။

ကိုယ္ပိုင္လုံးခ်င္း အေဆာက္အဦး ေဆာက္လုပ္ခြင့္ ေလွ်ာက္ထားရာတြင္ လိုက္နာရမည့္အခ်က္မ်ား

- ဧရိယာ (၄၀×၆၀)ေပအက်ယ္အ၀န္းရွိ ေျမကြက္ေပၚတြင္ ၃ထပ္ႏွင့္ေအာက္ အေဆာက္အဦး တည္ေဆာက္လိုပါက အေဆာက္အဦးေဆာက္လုပ္ခြင့္ ရသူသည္ မိမိေျမေပၚတြင္ ေရွ႕ဘက္ ၁၂ေပ၊ အိမ္ေနာက္ေဖး ၆ေပ၊ (ေနာက္ေဖးလမ္းၾကားရွိက) ၁ေပ၊ ေဘးဘက္ႏွစ္ဖက္အား အမိုးစြန္းမွ ၃ေပခ်န္ၿပီး ေဆာက္လုပ္ရပါမည္။

- ဧရိယာ (၄၀×၆၀)ေပ ေအာက္ရွိေျမကြက္ေပၚတြင္ ကိုယ္ပိုင္လုံးခ်င္းတည္ေဆာက္လိုပါက အေဆာက္အဦးေဆာက္လုပ္ခြင့္ ရသူသည္ မိမိေျမေပၚတြင္ ေရွ႕ဘက္ ၁၂ေပ၊ အိမ္ေနာက္ေဖး ၆ေပ၊ (ေနာက္ေဖးလမ္းၾကားရွိက) ၁ေပ၊ ေဘးဘက္ႏွစ္ဖက္အား အမိုးစြန္းမွ ၁ေပခ်န္ၿပီး ေဆာက္လုပ္ရပါမည္။

- ကိုယ္ပိုင္လုံးခ်င္း အေဆာက္အဦးေဆာက္လုပ္ခြင့္ေလွ်ာက္ထားရာတြင္ အနည္းဆုံးထားရွိ ရမည့္ အခန္းအျမင့္မ်ားမွာ ေျမညီထပ္တြင္ ၁၀ေပ၊ က်န္အထပ္မ်ားတြင္ ၉ေပစီ ထားရွိရမည္ျဖစ္ၿပီး အထက္ပါသတ္မွတ္ခ်က္မ်ားကို ေျပာင္းလဲလိုပါက ခိုင္လုံေသာ အေၾကာင္းျပခ်က္ျဖင့္ သီးျခားခြင့္ျပဳခ်က္ ရယူေဆာင္ရြက္ရမည္ျဖစ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဘဏ္ႏွင့္ခ်ိတ္ဆက္ၿပီး ကိုယ္ပိုင္ေျမေပၚတြင္ အိမ္ေဆာက္လုပ္လိုသူမ်ားအတြက္ အထူးအခြင့္ အေရးရွိပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Shwe Wutt Hmone
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service