မိဘများပိုင် ပစ္စည်းကို အမွေဆက်ခံရာတွင် မည်သည့်သားသမီးက အမွေဆက်ခံခွင့်မရှိ/ အမွေပြတ်သနည်း။ - Property Knowledge in Myanmar from iMyanmarHouse.com
1742 Views

မိဘများပိုင် ပစ္စည်းကို အမွေဆက်ခံရာတွင် မည်သည့်သားသမီးက အမွေဆက်ခံခွင့်မရှိ/ အမွေပြတ်သနည်း။

Knowledge | Posted by Hnin Ei Khin

[Unicode]

သားသမီးများသည် အောက်ပါပြုလုပ်မှုများကို ပြုလုပ်ယုံမျှဖြင့် အမွေမပြတ်နိုင်ပါ -

(က) မိဘစကားကို မကြာခဏနားမထောင်ခြင်း။

(ခ) တစ်ခါဆဲဘူးသော်လည်း မိဘကခွင့်လွှတ်ခြင်း။

(ဂ) အမွေပေးရန် တရားစွဲဆိုခဲ့ဘူးခြင်း။

(ဃ) မိဘသဘောမတူသူနှင့် ခိုးရာလိုက်ဘူးခြင်း။

(င) မိဘနှင့်အတူနေထိုင်ရန် ငြင်းဆန်ဘူးခြင်း။

အောက်ပါပြုလုပ်မှုများကို ပြုလုပ်လျှင် အမွေပြတ်ပါသည်။ ၎င်းသားသမီးကို သွာနုတ္တသား (ခွေးနှင့်တူသောသား)ဟု ခေါ်ဆိုသည်။

(က) မိဘနားမကျန်းသည်ကို သိလျှက် တမင်ရည်ရွယ်၍ စွန့်ပစ်ခဲ့ခြင်း။

(ခ) မိဘကို ရန်သူသဖွယ်ပြုမူ ဆက်ခံခြင်း။

ထိုသို့ အမွေပြတ်နိုင်သည့် ပြုလုပ်မှုကို ပြုလုပ်လျှင် မိဘဖြစ်သူသည် သက်ဆိုင်ရာတရားရုံးသို့ အမွေပြတ်ကြော်ငြာပေးရန် လျှောက်ထားရမှာဖြစ်ပါသည်။ တရားရုံးမှ အဖြစ်အပျက် အကြောင်းအရာပေါ်တွင် မူတည်ပြီး တရားသူကြီးနှင့် ဆင်ခြင်ထုံတရားဖြင့် ဆုံးဖြတ်မှာဖြစ်ပါသည်။

တရားရုံးမှ အမွေပြတ်ခြင်းအမိန့်ချမှတ်ခံရလျှင် (သို့မဟုတ်) ကြော်ငြာခံရလျှင် အဆိုပါသားသမီးသည် မိဘသေဆုံးသည့်အခါတွင်လည်း အမွေမရထိုက်ပါ။ သို့သော် အဆိုပါသားသမီးမှ မွေးထားသည့် မြေများသည် အမွေမပြတ်ပါ။ သားသမီးသည် မွေးစားသားသမီးဖြစ်လျှင် မြေများလည်း အမွေပျက်ပါသည်။

သားသမီးအဖြစ်မှ အမွေပြတ်ခြင်းကို သတင်းစာကြော်ငြာခြင်းတစ်ခုတည်းဖြင့် အမွေမပြတ်ပါ။ တရားရုံးက အမွေပြတ်အမိန့်ချမှတ်ကြော်ငြာမှသာ အမွေပြတ်သည်။ ထိုသို့အမိန့်ချမှတ်ပြီးမှသာ သတင်းစာကြော်ငြာခြင်းသည် တရားဝင်သည်။ တရားရုံးအမိန့်ချမှတ်ထားခြင်းမရှိဘဲ အမွေပြတ်ကြောင်း သတင်းစာကြော်ငြာခြင်းသည် ဥပဒေနှင့်အညီဘဲ မိဘသဘောဆန္ဒသာဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မိဘမ်ားပုိင္ ပစၥည္းကို အေမြဆက္ခံရာတြင္ မည္သည့္သားသမီးက အေမြဆက္ခံခြင့္မရွိ/ အေမြျပတ္သနည္း။

သားသမီးမ်ားသည္ ေအာက္ပါျပဳလုပ္မႈမ်ားကို ျပဳလုပ္ယံုမွ်ျဖင့္ အေမြမျပတ္ႏိုင္ပါ -

(က) မိဘစကားကို မၾကာခဏနားမေထာင္ျခင္း။

(ခ) တစ္ခါဆဲဘူးေသာ္လည္း မိဘကခြင့္လႊတ္ျခင္း။

(ဂ) အေမြေပးရန္ တရားစြဲဆိုခဲ့ဘူးျခင္း။

(ဃ) မိဘသေဘာမတူသူႏွင့္ ခိုးရာလိုက္ဘူးျခင္း။

(င) မိဘႏွင့္အတူေနထိုင္ရန္ ျငင္းဆန္ဘူးျခင္း။

ေအာက္ပါျပဳလုပ္မႈမ်ားကို ျပဳလုပ္လွ်င္ အေမြျပတ္ပါသည္။ ၄င္းသားသမီးကို သြာႏုတၱသား (ေခြးႏွင့္တူေသာသား)ဟု ေခၚဆိုသည္။

(က) မိဘနားမက်န္းသည္ကို သိလွ်က္ တမင္ရည္ရြယ္၍ စြန္႔ပစ္ခဲ့ျခင္း။

(ခ) မိဘကို ရန္သူသဖြယ္ျပဳမူ ဆက္ခံျခင္း။

ထိုသို႔ အေမြျပတ္ႏိုင္သည့္ ျပဳလုပ္မႈကို ျပဳလုပ္လွ်င္ မိဘျဖစ္သူသည္ သက္ဆုိင္ရာတရားရံုးသို႔ အေမြျပတ္ေၾကာ္ျငာေပးရန္ ေလွ်ာက္ထားရမွာျဖစ္ပါသည္။ တရားရံုးမွ အျဖစ္အပ်က္ အေၾကာင္းအရာေပၚတြင္ မူတည္ၿပီး တရားသူႀကီးႏွင့္ ဆင္ျခင္ထံုတရားျဖင့္ ဆံုးျဖတ္မွာျဖစ္ပါသည္။

တရားရံုးမွ အေမြျပတ္ျခင္းအမိန္႔ခ်မွတ္ခံရလွ်င္ (သို႔မဟုတ္) ေၾကာ္ျငာခံရလွ်င္ အဆိုပါသားသမီးသည္ မိဘေသဆံုးသည့္အခါတြင္လည္း အေမြမရထိုက္ပါ။ သို႔ေသာ္ အဆိုပါသားသမီးမွ ေမြးထားသည့္ ေျမမ်ားသည္ အေမြမျပတ္ပါ။ သားသမီးသည္ ေမြးစားသားသမီးျဖစ္လွ်င္ ေျမမ်ားလည္း အေမြပ်က္ပါသည္။ သားသမီးအျဖစ္မွ အေမြျပတ္ျခင္းကို သတင္းစာေၾကာ္ျငာျခင္းတစ္ခုတည္းျဖင့္ အေမြမျပတ္ပါ။ တရားရံုးက အေမြျပတ္အမိန္႔ခ်မွတ္ေၾကာ္ျငာမွသာ အေမြျပတ္သည္။ ထိုသုိ႔အမိန္႔ခ်မွတ္ၿပီးမွသာ သတင္းစာေၾကာ္ျငာျခင္းသည္ တရား၀င္သည္။ တရားရံုးအမိန္႔ခ်မွတ္ထားျခင္းမရွိဘဲ အေမြျပတ္ေၾကာင္း သတင္းစာေၾကာ္ျငာျခင္းသည္ ဥပေဒႏွင့္အညီဘဲ မိဘသေဘာဆႏၵသာျဖစ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service