မိမိပိုင်မြေအား အခြားမြေပိုင်ရှင်မှ ကျုးကျော်ထားခြင်းရှိ/မရှိသိလိုပါက - Property Knowledge in Myanmar from iMyanmarHouse.com
789 Views

မိမိပိုင်မြေအား အခြားမြေပိုင်ရှင်မှ ကျုးကျော်ထားခြင်းရှိ/မရှိသိလိုပါက

Knowledge | Posted by Si Thu Aung

[Unicode]

မြေအသုံးပြုခွင့် ရရှိထားသော မြေကွက်အား မြေကွက်ဧရိယာပြန်လည်စိစစ်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ စသည်တို့အတွက် မြေတိုင်းတာခြင်း၊ မြေ၏တည်နေရာနှင့် အနား၄ရပ်အား အတည်ပြုရန် အဆောက်အအုံ ဆောက်လုပ်မိန့်တင်ပြရန်၊ အဆောက်အအုံပြင်ဆင်ခွင့်တင်ပြရန်၊ ခြံစည်းရိုးကာရံခွင့် တင်ပြရန်၊ အဝီစိတွင်းတူးခွင့်တင်ပြရန်၊ ဘဏ်ငွေချေးခွင့် တင်ပြရန်၊ မြေကွက်ခွဲစိတ်ခွင့်မိန့် လျှောက်ထားရန်၊ ကျုးလွန်ခြင်းပြမြေပုံလျှောက်ထားရန်၊ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ စွန့်လွှတ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊ အမွေဆက်ခံပိုင်ဆိုင် ကြောင်း ကြေညာမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ မြေကွက်လဲလှယ် မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊ မေတ္တာဖြင့်အပိုင်ပေး မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊ လှူဒါန်းခြင်းမှတ်ပုံတင် စာချုပ်ချုပ်ဆိုရန်၊ အမှားပြင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ မှတ်တမ်းအဖြစ်ထားရှိရန်နှင့် တရားရုံးတင်ပြရန် ကိစ္စရပ်များအတွက်မြေပုံ၊မြေရာဇဝင်အား သက်ဆိုင်ရာ မြေစီမံခန့်ခွဲရေးဌာနမှသတ်မှတ်ပုံစံ နှင့်အတူ အောက်ပါအချက်အလက်များနှင့် ပူးတွဲလျှောက်ထားရမည်။

မြေအမည်ပေါက်သူမှ လျှောက်ထားခြင်း

(၁) နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ (မူရင်းတင်ပြရန်)

(၂) အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ၆၆/၆)မိတ္တူ (မူရင်းတင်ပြရန်)

(၃) မြေပိုင်ဆိုင်မှုနှင့်ပက်သက်သည့် ခိုင်လုံသော အထောက်အထားစာရွက်စာတမ်းမိတ္တူ။ (မူရင်းတင်ပြရန်)

အမည်မပေါက်သူမှ လျှောက်ထားခြင်း

(၁)နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (မူရင်းတင်ပြရန်)

(၂)အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ ၆၆/၆) မိတ္တူ (မူရင်းတင်ပြရန်)

(၃)မြေပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် ခိုင်လုံသော အထောက်အထားစာချုပ်စာတမ်း မိတ္တူ(မူရင်းတင်ပြရန်)

(၄) အမွေဆက်ခံခွင့်ရှိကြောင်း ပြည့်စုံစွာရေးသားထားသည့်ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာနှင့် အမွေဆက်ခံခွင့်နှင့် သက်ဆိုင်သည့် အခြားအထောက်အထားများ(အမွေဆက်ခံခြင်းဆိုင်ရာ ကိစ္စရပ်များ အတွက် သာဖြစ်ပါသည်။)

(၅)အမည်ပေါက်သူ သို့မဟုတ် အမွေဆက်ခံခွင့်ရှိသူ သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသူက လွှဲအပ်ထားသည့် အထွေထွေကိုယ်စားလှယ်လွှဲစာ သို့မဟုတ် အထူးကိုယ်စားလှယ်လွှဲစာ မိတ္တူ (မူရင်းတင်ပြရန်)။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မိမိပိုင္ေျမအား အျခားေျမပိုင္္ရွင္မွ က်ဳးေက်ာ္ထားျခင္းရွိ/မရွိသိလိုပါက

ေျမအသုံးျပဳခြင့္ ရရွိထားေသာ ေျမကြက္အား ေျမကြက္ဧရိယာျပန္လည္စိစစ္ျခင္း၊ ျခံစည္း႐ိုးကာရံျခင္း၊ စသည္တို႔အတြက္ ေျမတိုင္းတာျခင္း၊ ေျမ၏တည္ေနရာႏွင့္ အနား၄ရပ္အား အတည္ျပဳရန္ အေဆာက္အအုံ ေဆာက္လုပ္မိန္႔တင္ျပရန္၊ အေဆာက္အအုံျပင္ဆင္ခြင့္တင္ျပရန္၊ ျခံစည္း႐ိုးကာရံခြင့္ တင္ျပရန္၊ အဝီစိတြင္းတူးခြင့္တင္ျပရန္၊ ဘဏ္ေငြေခ်းခြင့္ တင္ျပရန္၊ ေျမကြက္ခြဲစိတ္ခြင့္မိန္႔ ေလွ်ာက္ထားရန္၊ က်ဳးလြန္ျခင္းျပေျမပုံေလွ်ာက္ထားရန္၊ အေရာင္းအ၀ယ္မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္၊ စြန္႔လႊတ္မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုရန္၊ အေမြဆက္ခံပိုင္ဆိ္ုင္ ေၾကာင္း ေၾကညာမွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္၊ ေျမကြက္လဲလွယ္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္၊ ပစၥည္းခြဲေဝျခင္း မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုရန္၊ ေမတၱာျဖင့္အပိုင္ေပး မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုရန္၊ လွဴဒါန္းျခင္းမွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ဆိုရန္၊ အမွားျပင္မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္၊ မွတ္တမ္းအျဖစ္ထားရွိရန္ႏွင့္ တရား႐ုံးတင္ျပရန္ ကိစၥရပ္မ်ားအတြက္ေျမပုံ၊ေျမရာဇ၀င္အား သက္ဆိုင္ရာ ေျမစီမံခန္႕ခြဲေရးဌာနမွသတ္မွတ္ပုံစံ ႏွင့္အတူ ေအာက္ပါအခ်က္အလက္မ်ားႏွင့္ ပူးတြဲေလွ်ာက္ထားရမည္။

ေျမအမည္ေပါက္သူမွ ေလွ်ာက္ထားျခင္း

(၁) ႏိုင္ငံသားစိစစ္ေရးကတ္ မိတၱဴ (မူရင္းတင္ျပရန္)

(၂) အိမ္ေထာင္စု လူဦးေရစာရင္း (ပုံစံ၆၆/၆)မိတၱဴ (မူရင္းတင္ျပရန္)

(၃) ေျမပိုင္ဆိုင္မႈႏွင့္ပက္သက္သည့္ ခိုင္လုံေသာ အေထာက္အထားစာရြက္စာတမ္းမိတၱဴ။ (မူရင္းတင္ျပရန္)

အမည္မေပါက္သူမွ ေလွ်ာက္ထားျခင္း

(၁)ႏိုင္ငံသားစိစစ္ေရးကတ္မိတၱဴ (မူရင္းတင္ျပရန္)

(၂)အိမ္ေထာင္စု လူဦးေရစာရင္း (ပုံစံ ၆၆/၆) မိတၱဴ (မူရင္းတင္ျပရန္)

(၃)ေျမပိုင္ဆိုင္မႈႏွင့္ သက္ဆိုင္သည့္ ခိုင္လုံေသာ အေထာက္အထားစာခ်ဳပ္စာတမ္း မိတၱဴ(မူရင္းတင္ျပရန္)

(၄) အေမြဆက္ခံခြင့္ရွိေၾကာင္း ျပည့္စုံစြာေရးသားထားသည့္က်မ္းက်ိန္လႊာ သို႔မဟုတ္ ကတိသစၥာျပဳလႊာႏွင့္ အေမြဆက္ခံခြင့္ႏွင့္ သက္ဆိုင္သည့္ အျခားအေထာက္အထားမ်ား(အေမြဆက္ခံျခင္းဆိုင္ရာ ကိစၥရပ္မ်ား အတြက္ သာျဖစ္ပါသည္။)

(၅)အမည္ေပါက္သူ သို႔မဟုတ္ အေမြဆက္ခံခြင့္ရွိသူ သို႔မဟုတ္ ပိုုင္ဆိုင္ခြင့္ရွိသူက လႊဲအပ္ထားသည့္ အေထြေထြကိုယ္စားလွယ္လႊဲစာ သို႔မဟုတ္ အထူးကိုယ္စားလွယ္လႊဲစာ မိတၱဴ (မူရင္းတင္ျပရန္)။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Aung Theikdi Villa
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service