သင့်အိမ်က ကြွက်နဲ့ ပင့်ကူတွေကို ဝေးဝေးပြေးမယ့် လက်တွေ့နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
8657 Views

သင့်အိမ်က ကြွက်နဲ့ ပင့်ကူတွေကို ဝေးဝေးပြေးမယ့် လက်တွေ့နည်းလမ်းများ

Knowledge | Posted by Si Thu Aung

[Unicode]

မိန်းကလေးအများစုက ကြွက်တွေ၊ ပင့်ကူတွေကို ကြောက်တတ်ကြပါတယ်။ ဒါပေမဲ့ အိမ်မှာ မီးဖိုချောင် ဝင်ရသူတွေအဖို့ သည်အကောင်လေးတွေနဲ့ မတွေ့မိအောင် နေဖို့ဆိုတာက မလွယ်ကူလှပါဘူး။ ဒါကြောင့် ကြောက်တတ်တဲ့အကောင်လေးတွေနဲ့ ပက်ပင်းတိုးမိတဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေ ပြောပြမယ်နော်။

ကြွက်တွေက အိမ်ကို ညစ်ပတ်စေနိုင်သလို ရောဂါပိုးတွေကိုလည်း သယ်ဆောင်လာတတ်ပါတယ်။

သည်လိုမျိုး သတ္တဝါလေးတွေကို နေအိမ်မှာမရှိစေချင်ဘူးဆိုရင် လုပ်ဆောင်လို့ရမယ့် လွယ်ကူ ရိုးစင်းတဲ့ နည်းလမ်းအချို့ ရှိနေပါတယ်။ကြွက်နဲ့ ပင့်ကူတွေကို ဝေးဝေးပြေးစေမယ့် နည်းလမ်းတွေက

လက်ဖက်ခြောက်အိတ်လေးတွေ – ရေနွေးဆူဆူထဲမှာ လက်ဖက်ခြောက်အိတ် သုံး၊ လေးထုပ်လောက် ထည့်ပါ။ ပြီးရင် အငွေ့လှိုင်လှိုင် ထွက်နေတဲ့အိုးကို ကြွက်တွေ လာနိုင်တဲ့နေရာ၊ ပင့်ကူအိမ်တွေရှိနေတဲ့ နေရာမှာထားပါ။

လက်ဖက်ခြောက်က အနံ့ပြင်းလေလေ ပိုကောင်းလေလေပါ။ ရေနွေး အေးသွားတဲ့အခါမှာလည်း လက်ဖက်ခြောက်အိတ် လေးတွေကို ကြွက်လာရာ လမ်းမှာ ချထားလိုက်ပါ။ သည်နည်းနဲ့ ကြွက်နဲ့ ပင့်ကူတွေကို နှိမ်နှင်းလို့ ရပါတယ်။ နှစ်ရက်၊ သုံးရက် ဆက်တိုက် လုပ်ဖို့တော့ လိုပါမယ်။

ကရဝေးရွက် – ဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ် အများက သိထားကြတာပါ။ သူ့ရဲ့ စူးရှတဲ့အနံ့က ကြွက်တွေနဲ့ ပင့်ကူတွေကို ဝေးဝေးပြေး စေပါလိမ့်မယ်။

ကရဝေးရွက်ကို ခပ်သေးသေးလေးတွေ ဖဲ့ပြီး ကြွက်တွေ လာရာလမ်းတွေမှာ ကြဲထားပါ။ ပင့်ကူအိမ်တွေ ရှိတဲ့နေရာမှာ ထားပေးပါ။ ခြောက်သွားတိုင်း အသစ်လဲပေးနိုင်ရင် ပိုကောင်းပါတယ်။

ပူရှိန်းသွားတိုက်ဆေး – ပရုတ်ပါတဲ့ ပူရှိန်းရှိန်းသွားတိုက်ဆေး တွေကလည်း ကြွက်နဲ့ ပင့်ကူတွေကို ခပ်ဝေးဝေး မောင်းထုတ်ပေးနိုင်ပါတယ်။

 

ကြွက်တွင်းဝ ဒါမှမဟုတ် ကြွက်လာနေကျ နေရာတွေမှာ သွားတိုက်ဆေးတွေ သုတ်ထားပါ။ ဗီရိုတွေ၊ ကြောင်အိမ်တွေမှာ သွားတိုက်ဆေးတွေ သုတ်ပေးပါ။ ပင့်ကူအိမ်တွေနားမှာ သွားတိုက်ဆေးတွေ ထားပေးပါ။ ခြောက်သွားတိုင်း အနံ့ပြယ်သွားတိုင်း အသစ်လဲပေးပါ။

မုန့်ဖုတ်ဆော်ဒါ – အန္တရာယ်အကင်းဆုံး နည်းလမ်းတစ်ခုပါ။ မလိုလားတဲ့ ဧည့်သည်တွေကို အိမ်ကနေ ဖယ်ရှားပေးဖို့ တော်တော်လေး အသုံးတည့်ပါတယ်။ကြောင်အိမ်တွေ၊ ဗီရိုတွေနားမှာ မုန့်ဖုတ်ဆော်ဒါတွေ ဖြူးထားလိုက်ပါ။

သူတို့ ရှိနိုင် တဲ့နေရာတွေမှာ မုန့်ဖုတ်ဆော်ဒါတွေ ဖြူးထားလိုက်ပါ။ နှစ်ရက်ကနေ၊ သုံးရက်လောက်အထိဆက်တိုက်လုပ်ပေးပါ။ မလိုလားတဲ့ ဧည့်သည်တွေ ကင်းဝေးသွားပါလိမ့်မယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: သုတ ရသ သတင်းစုံ

 

 

[Zawgyi]

သင့္အိမ္က ႂကြက္နဲ႔ ပင့္ကူေတြကို ေဝးေဝးေျပးမယ့္ လက္ေတြ႕နည္းလမ္းမ်ား

မိန္းကေလးအမ်ားစုက ႂကြက္ေတြ၊ ပင့္ကူေတြကို ေၾကာက္တတ္ၾကပါတယ္။ ဒါေပမဲ့ အိမ္မွာ မီးဖိုေခ်ာင္ ဝင္ရသူေတြအဖို႔ သည္အေကာင္ေလးေတြနဲ႔ မေတြ႕မိေအာင္ ေနဖို႔ဆိုတာက မလြယ္ကူလွပါဘူး။ ဒါေၾကာင့္ ေၾကာက္တတ္တဲ့ အေကာင္ေလးေတြနဲ႔ ပက္ပင္းတိုးမိတဲ့ အႏၲရာယ္ကေန ကာကြယ္ႏိုင္ဖို႔ နည္းလမ္းေကာင္းေလးေတြ ေျပာျပမယ္ေနာ္။ႂကြက္ေတြက အိမ္ကို ညစ္ပတ္ေစႏိုင္သလို ေရာဂါပိုးေတြကိုလည္း သယ္ေဆာင္လာတတ္ပါတယ္။ သည္လိုမ်ိဳး သတၱဝါေလးေတြကို ေနအိမ္မွာမရွိေစခ်င္ဘူးဆိုရင္ လုပ္ေဆာင္လို႔ရမယ့္ လြယ္ကူ ႐ိုးစင္းတဲ့ နည္းလမ္းအခ်ိဳ႕ ရွိေနပါတယ္။ႂကြက္နဲ႔ ပင့္ကူေတြကို ေဝးေဝးေျပးေစမယ့္ နည္းလမ္းေတြက

လက္ဖက္ေျခာက္အိတ္ေလးေတြ – ေရေႏြးဆူဆူထဲမွာ လက္ဖက္ေျခာက္အိတ္ သုံး၊ ေလးထုပ္ေလာက္ ထည့္ပါ။ ၿပီးရင္ အေငြ႕လႈိင္လႈိင္ ထြက္ေနတဲ့အိုးကို ႂကြက္ေတြလာႏိုင္တဲ့ေနရာ၊ ပင့္ကူအိမ္ေတြရွိေနတဲ့ ေနရာမွာထားပါ။လက္ဖက္ေျခာက္က အနံ႔ျပင္းေလေလ ပိုေကာင္းေလေလပါ။

ေရေႏြး ေအးသြားတဲ့အခါမွာလည္း လက္ဖက္ေျခာက္အိတ္ ေလးေတြကို ႂကြက္လာရာ လမ္းမွာ ခ်ထားလိုက္ပါ။ သည္နည္းနဲ႔ ႂကြက္နဲ႔ ပင့္ကူေတြကို ႏွိမ္ႏွင္းလို႔ ရပါတယ္။ ႏွစ္ရက္၊ သုံးရက္ ဆက္တိုက္ လုပ္ဖို႔ေတာ့ လိုပါမယ္။

ကရေဝး႐ြက္ – ဟင္းခတ္အေမႊးအႀကိဳင္တစ္ခုအျဖစ္ အမ်ားက သိထားၾကတာပါ။ သူ႔ရဲ႕ စူးရွတဲ့အနံ႔က ႂကြက္ေတြနဲ႔ ပင့္ကူေတြကို ေဝးေဝးေျပး ေစပါလိမ့္မယ္။ကရေဝး႐ြက္ကို ခပ္ေသးေသးေလးေတြ ဖဲ့ၿပီး ႂကြက္ေတြ လာရာလမ္းေတြမွာ ႀကဲထားပါ။ ပင့္ကူအိမ္ေတြ ရွိတဲ့ေနရာမွာ ထားေပးပါ။ ေျခာက္သြားတိုင္း အသစ္လဲေပးႏိုင္ရင္ ပိုေကာင္းပါတယ္။

ပူရွိန္းသြားတိုက္ေဆး – ပ႐ုတ္ပါတဲ့ ပူရွိန္းရွိန္းသြားတိုက္ေဆး ေတြကလည္း ႂကြက္နဲ႔ ပင့္ကူေတြကို ခပ္ေဝးေဝး ေမာင္းထုတ္ေပးႏိုင္ပါတယ္။ ႂကြက္တြင္းဝ ဒါမွမဟုတ္ ႂကြက္လာေနက် ေနရာေတြမွာ သြားတိုက္ေဆးေတြ သုတ္ထားပါ။ ဗီ႐ိုေတြ၊ ေၾကာင္အိမ္ေတြမွာ သြားတိုက္ေဆးေတြ သုတ္ေပးပါ။ ပင့္ကူအိမ္ေတြနားမွာ သြားတိုက္ေဆးေတြ ထားေပးပါ။ ေျခာက္သြားတိုင္း အနံ႔ျပယ္သြားတိုင္း အသစ္လဲေပးပါ။

မုန႔္ဖုတ္ေဆာ္ဒါ – အႏၲရာယ္အကင္းဆုံး နည္းလမ္းတစ္ခုပါ။ မလိုလားတဲ့ ဧည့္သည္ေတြကို အိမ္ကေန ဖယ္ရွားေပးဖို႔ ေတာ္ေတာ္ေလး အသုံးတည့္ပါတယ္။ေၾကာင္အိမ္ေတြ၊ ဗီ႐ိုေတြနားမွာ မုန႔္ဖုတ္ေဆာ္ဒါေတြ ျဖဴးထားလိုက္ပါ။သူတို႔ ရွိႏိုင္ တဲ့ေနရာေတြမွာ မုန႔္ဖုတ္ေဆာ္ဒါေတြ ျဖဴးထားလိုက္ပါ။ ႏွစ္ရက္ကေန၊ သုံးရက္ေလာက္အထိဆက္တိုက္ လုပ္ေပးပါ။ မလိုလားတဲ့ ဧည့္သည္ေတြ ကင္းေဝးသြားပါလိမ့္မယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: သုတ ရသ သတင္းစံု

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service