မိုးရာသီမှာ ခြင်တွေဝေးဝေးပြေးစေဖို့ ဆောင်ထားသင့်တဲ့ ပန်းပင်လေးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
9056 Views

မိုးရာသီမှာ ခြင်တွေဝေးဝေးပြေးစေဖို့ ဆောင်ထားသင့်တဲ့ ပန်းပင်လေးတွေ

Knowledge | Posted by Hnin Ei Khin

[Unicode]

မိုးတွင်းရောက်လို့ ခြင်တွေလည်း တော်တော်ပေါလာတယ်။ အိမ်မှာ အဲကွန်းနဲ့မနေတဲ့ လူတွေအတွက်တော့ ခြင်တွေရဲ့ရန်ကို တော်တော်လေးဖြေရှင်းရတယ်။ ခြင်ဆေးခွင်တွေ၊ ခြင်ဆေးဘူးတွေက လေထုကိုဆိုးဝါးစေပြီး ခြင်တွေကိုပါမက လူတွေရဲ့အသက်ရှုလမ်းကြောင်းကိုလည်း ထိခိုက်စေပါတယ်။ခြင်ဆေးမထွန်းရင်လည်း ခြင်တွေကသယ်ဆောင်လာတဲ့ အန္တရာယ်ရှိရောဂါတွေဖြစ်တဲ့ ငှက်ဖျား ၊ အသားဝါရောဂါ၊ တုပ်ကွေးကြီးရောဂါနဲ့ ဇီကာဗိုင်းရပ်တွေက စိုးရိမ်ရပါတယ်။ ဒါကြောင့် လေထုလည်း သန့်စင်၊ ခြင်လည်းပြေးစေမယ့် ပန်းပင်လေးတွေ အိမ်တွင်းထားမယ်ဆိုရင်ရော …?

Lavender

လာဗန်ဒါ ပန်းက ဒီမှာတော့မရှိဘူး။ ဗဟုသုတအနေနဲ့ သိရအောင် ပြောပြပေးလိုက်ပါတယ်။ ဒီပန်းလေးရဲ့အနံ့ကို ခြင်တွေ မခံနိုင်ပါဘူး။ ပြီးတော့ မှိုစွဲတာတွေ ၊ ရောဂါပိုးတွေကိုလည်း သေစေပါတယ်။ ကိုယ့်ရဲ့ဥယျာဉ်ထဲမှာ ကိုယ်တိုင်စိုက်ပျိုးနိုင်ပြီး တံခါးနဲ့ ပြတင်းပေါက်နားမှာ ထားလို့ရတယ်။ ပိုပြီးအကာကွယ်ကောင်းချင်ရင် ပန်းရဲ့အနံ့ အရေပြားစွဲနေအောင် ပွတ်ထားတာပိုထိရောက်ပါတယ်။

Marigolds

Marigolds ပန်းလေးတွေဟာ ပွင့်လွယ်တဲ့ ပန်းအမျိုးစားပါ။ thiophennes ပါဝင်ပြီး ပိုးမွှားတွေ သန့်စင်နိုင်တဲ့ဓာတ် သူ့မှာရှိတယ်။ ခြင်နဲ့ အခြားပိုးမွှားတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုပန်းပင်မျိုးဟာ မက်စီကိုမှာ ပိုပေါက်ရောက်လေ့ရှိပါတယ်။

Rosemary

ဒီအပင်ကို ဟင်းလျာအမွှေးကြိုင်အဖြစ်လည်း အသုံးများကြပါတယ်။ ခြင်တွေ၊ အရွက်သစ်သီးတွေ ကြားက ပိုးတွေကိုလည်း ကောင်းကောင်းဖယ်ရှားပေးနိုင်ပါတယ်။ Rosemary ပင်ကို မီးရှို့ပြီးအနံ့လေးပေးလိုက်ရင် ခြင်တွေ အိမ်ထဲတစ်ကောင်တောင် ပေကပ်ပြီးမနေနိုင်ပါဘူး။

Peppermint

ပင်စိမ်းကတော့ ဒီမှာလည်း ပေါပေါသီသီရနေတော့ ခက်ခက်ခဲခဲရှာနေစရာမလိုပါဘူး ။ ပင်စိမ်းအဆီမှာ ခြင်တွေကို ဝေးဝေးပြေးစေနိုင်တဲ့ အနံ့ရှိပါတယ်။

Basil

ပူစီနံလည်း အများကြီးရှိပါတယ်။ အီတလီအစားစာတွေမှာလည်း အများဆုံးအသုံးပြုကြပါတယ်သူက ခြင်တွေကိုလည်း ပြေးစေနိုင်ပါတယ်။ ပူစီနံရွက်က အနံစူးတော့ ပြတင်းပေါက်နားဖြစ်ဖြစ် ၊ တံခါးနားဖြစ်ဖြစ် ထားထားပေးလို့ရပါတယ်။ ခြင်တွေပြေးကိုပြေးပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Trend Myanmar

 

[Zawgyi]



Lavender


Marigolds


Rosemary


Peppermint


Basil





Credit: Trend Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service