အိမ်အပြင်အဆင်နဲ့ ပက်သက်ပြီး ပြုသင့် မပြုသင့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
866 Views

အိမ်အပြင်အဆင်နဲ့ ပက်သက်ပြီး ပြုသင့် မပြုသင့် အချက်များ

Knowledge | Posted by Si Thu Aung

အိမ်ပိုင်ရှင်တွေအနေနဲ့ အိမ်အပြင်အဆင်တွေနဲ့ ပက်သက်ပြီးတော့ ပြုပြင်သင့်၊ မပြုသင့်အချက်တွေကိုသိထားသင့်တဲ့ အချက်တွေရှိကြောင်း သိရပါတယ်။ အိမ်ပိုင်ရှင်အများစုက မိမိနေအိမ်ကို ကိုယ်ပိုင်ခံစားချက်တွေနဲ့ ကိုက်ညီအောင် အချိန်ပေးပြီး တီထွင်မှု ဆန်းသစ်တဲ့ ဒီဇိုင်းတွေ ပြင်ဆင်ကြပါတယ်။

ပြန်ရောင်းချမယ့် အိမ်တွေကို စိတ်တိုင်းကျပြင်ဆင်တာက ကုန်ကျစရိတ်ပါများသွားပြီးတော့ ပြန်ဝယ်မယ့်သူအတွက်လည်း အကြိုက်မတွေ့တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဝယ်သူတွေအတွက်လည်း သူတို့နေထိုင်တဲ့အခါ သဟဇာတဖြစ်စေမယ့် အိမ်ပုံစံတွေကို ပြောင်းလဲချင်မှာဖြစ်ပြီး ပြုပြင်ရာမှာ သတိထားသင့်ပါတယ်လို့ ဆိုင်ရာလုပ်ငန်းရှင်က သိရပါတယ်။

အလွန်အကြူးမပြင်ပါနဲ့

အိမ်ခန်းကို ဈေးတင်ရောင်းလိုတဲ့အခါ အိမ်တွေကို အလွန်အကြူး ပြင်ဆင်ကြတာ ရှိတယ်။ ဒါပေမဲ့ ဝယ်သူတွေအနေနဲ့လည်း အိမ်သစ်ဝယ်ရင် စိတ်တိုင်းကျ ပြုပြင်လိုတဲ့ ခံစားချက်တွေ ရှိပါတယ်။ ဒါ့အပြင် ပြန်ရောင်းမယ်ဆိုတဲ့အခါ နံရံကပ်ပိုစတာတွေ၊ အလွန်အမင်းခြယ်မှုန်းထားတဲ့ ရေချိုးခန်းနံရံကြွေပြားတွေနဲ့ ပုံမှန်မဟုတ်တဲ့အိမ်တွင်း အပြင်အဆင်တွေကို ဖြုတ်သိမ်းသင့်ပါတယ်။

ခြံဝင်းတွေကို မမေ့ပါနဲ့

အိမ်ရှင်တွေဟာ အိမ်ခြံဝင်းကို ပြုပြင်ထိန်းသိမ်းဖို့ မေ့လျော့တတ်ပါတယ်။ ဒါကြောင့် ခြံဝင်းတွေဟာ ခြောက်ကပ်နေပြီဆိုရင် သာယာအောင်လုပ်ပေးသင့်ပါတယ်။

ဝယ်သူတွေနေရာက တွေးပါ

နှစ်ကာလရှည် အိမ်မှာနေထိုင်ပြီး ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေ မပြုလုပ်ခြင်းဟာ ရောင်းဖို့ပြင်ဆင်တဲ့အခါ ကုန်ကျစရိတ်များပါတယ်။ ဒါကြောင့် အိမ်တွေကို အိမ်တွင်း လေအေး၊ လေသန့်စနစ်၊ ရေပိုက်စနစ်နဲ့ အမိုးနဲ့ ရေတံလျောက် သန့်ရှင်းရေးတွေကို ပြုလုပ်ပေးဖို့ လိုပါတယ်။ အခန်းတွေရဲ့ မီးအလင်းစနစ်တွေကို အခန်းနဲ့ကိုက်ညီအောင် တပ်ဆင်ထားဖို့ လိုပါတယ်။

အိမ်တွင်း Facilities တွေ

ဝယ်သူတွေဟာ အိမ်ဝယ်မယ်ဆိုရင် အိမ်ရဲ့ ရေပိုက်၊ အခန်းဖွဲ့စည်းမှု၊ အမိုးတွေရဲ့အပြင်အဆင်ကို အဓိကထားကြည့်ကြပါတယ်။ ဒါကြောင့် ရောင်းချသူတွေအနေနဲ့ အိမ်ရဲ့ ပင်မအချက်တွေကို ကြည့်ပြီး ဝယ်ယူတာကြောင့် တခြားအလှအပဆိုင်ရာတွေထက် ဦးစားပေးပြင်ဆင်သင့်ပါတယ်။ ဒါ့အပြင် အိမ်အတွက် လိုအပ်တဲ့ ဒီဇိုင်းတွေကို ပြန်ပေါင်းစပ်သင့်ပြီး ခေတ်စားနေတဲ့ စနစ်တွေထက် ရိုးရှင်းတဲ့ ဒီဇိုင်းတွေကသာ အရောင်းတည့်စေပါတယ်။ ဒါကြောင့် ရောင်းချဖို့ စဉ်းစားတဲ့အခါ ဒီဇိုင်းတွေ အနေအထားတွေ ထည့်သွင်းစဉ်းစားပြီးမှ အပြင်အဆင်တွေကို ရွေးချယ်သင့်ပါတယ်။

အိမ်ကို အဆင့်မြှင့်တင်မှုတွေ၊ အဆောင်တိုးတွေ ဆောက်လုပ်တဲ့အခါ ပတ်ဝန်းကျင်ရဲ့ သိပ်ပြီးကွဲပြားမထွက်နိုင်ဖို့ အရေးကြီးပါတယ်။ ပတ်ဝန်းကျင်နဲ့ တစ်သီးတခြားဖြစ်နေရင် ဝယ်သူတွေအနေနဲ့ အိမ်ကိုလာကြည့်တဲ့ခါ အမြင်တစ်မျိုး ပြောင်းလဲစေနိုင်ပါတယ်။ ဒါ့အပြင် ခြံဝင်းအတွင်းမှာ ခြံဥယျာဉ်နဲ့ဆေးရောင်အသွင်အပြင်၊ ဒီဇိုင်းမျိုးစုံ ပြင်ဆင်ထားမှုက ပတ်ဝန်းကျင်နဲ့ အချိုးမကျဖြစ်နေရင် ရောင်းချတဲ့ ဈေးနှုန်းကို ထိခိုက်စေတတ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: The Kumudra

 

အိမ္အျပင္အဆင္နဲ႔ ပက္သက္ၿပီး ျပဳသင့္ မျပဳသင့္ အခ်က္မ်ား

အိမ္ပိုင္ရွင္ေတြအေနနဲ႔ အိမ္အျပင္အဆင္ေတြနဲ႔ ပက္သက္ၿပီးေတာ့ ျပဳျပင္သင့္၊ မျပဳသင့္အခ်က္ေတြကိုသိထားသင့္တဲ့ အခ်က္ေတြရွိေၾကာင္း သိရပါတယ္။ အိမ္ပိုင္ရွင္အမ်ားစုက မိမိေနအိမ္ကို ကိုယ္ပိုင္ခံစားခ်က္ေတြနဲ႔ ကိုက္ညီေအာင္ အခ်ိန္ေပးၿပီး တီထြင္မႈ ဆန္းသစ္တဲ့ ဒီဇိုင္းေတြ ျပင္ဆင္ၾကပါတယ္။

ျပန္ေရာင္းခ်မယ့္ အိမ္ေတြကို စိတ္တိုင္းက်ျပင္ဆင္တာက ကုန္က်စရိတ္ပါမ်ားသြားၿပီးေတာ့ ျပန္ဝယ္မယ့္သူအတြက္လည္း အႀကိဳက္မေတြ႕တာေတြ ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ ဝယ္သူေတြအတြက္လည္း သူတို႔ေနထိုင္တဲ့အခါ သဟဇာတျဖစ္ေစမယ့္ အိမ္ပံုစံေတြကို ေျပာင္းလဲခ်င္မွာျဖစ္ၿပီး ျပဳျပင္ရာမွာ သတိထားသင့္ပါတယ္လို႔ ဆိုင္ရာလုပ္ငန္းရွင္က သိရပါတယ္။

အလြန္အၾကဴးမျပင္ပါနဲ႔

အိမ္ခန္းကို ေစ်းတင္ေရာင္းလိုတဲ့အခါ အိမ္ေတြကို အလြန္အၾကဴး ျပင္ဆင္ၾကတာ ရွိတယ္။ ဒါေပမဲ့ ဝယ္သူေတြအေနနဲ႔လည္း အိမ္သစ္ဝယ္ရင္ စိတ္တိုင္းက် ျပဳျပင္လိုတဲ့ ခံစားခ်က္ေတြ ရွိပါတယ္။ ဒါ့အျပင္ ျပန္ေရာင္းမယ္ဆိုတဲ့အခါ နံရံကပ္ပိုစတာေတြ၊ အလြန္အမင္းျခယ္မႈန္းထားတဲ့ ေရခ်ိဳးခန္းနံရံေႂကြျပားေတြနဲ႔ ပံုမွန္မဟုတ္တဲ့အိမ္တြင္း အျပင္အဆင္ေတြကို ျဖဳတ္သိမ္းသင့္ပါတယ္။

ၿခံဝင္းေတြကို မေမ့ပါနဲ႔

အိမ္ရွင္ေတြဟာ အိမ္ၿခံဝင္းကို ျပဳျပင္ထိန္းသိမ္းဖို႔ ေမ့ေလ်ာ့တတ္ပါတယ္။ ဒါေၾကာင့္ ၿခံဝင္းေတြဟာ ေျခာက္ကပ္ေနၿပီဆိုရင္ သာယာေအာင္လုပ္ေပးသင့္ပါတယ္။

ဝယ္သူေတြေနရာက ေတြးပါ

ႏွစ္ကာလရွည္ အိမ္မွာေနထိုင္ၿပီး ပံုမွန္ျပဳျပင္ထိန္းသိမ္းမႈေတြ မျပဳလုပ္ျခင္းဟာ ေရာင္းဖို႔ျပင္ဆင္တဲ့အခါ ကုန္က်စရိတ္မ်ားပါတယ္။ ဒါေၾကာင့္ အိမ္ေတြကို အိမ္တြင္း ေလေအး၊ ေလသန္႔စနစ္၊ ေရပိုက္စနစ္နဲ႔ အမိုးနဲ႔ ေရတံေလ်ာက္ သန္႔ရွင္းေရးေတြကို ျပဳလုပ္ေပးဖို႔ လုိပါတယ္။ အခန္းေတြရဲ႕ မီးအလင္းစနစ္ေတြကို အခန္းနဲ႔ကိုက္ညီေအာင္ တပ္ဆင္ထားဖုိ႔ လိုပါတယ္။

အိမ္တြင္း Facilities ေတြ

ဝယ္သူေတြဟာ အိမ္ဝယ္မယ္ဆိုရင္ အိမ္ရဲ႕ ေရပိုက္၊ အခန္းဖြဲ႕စည္းမႈ၊ အမိုးေတြရဲ႕အျပင္အဆင္ကို အဓိကထားၾကည့္ၾကပါတယ္။ ဒါေၾကာင့္ ေရာင္းခ်သူေတြအေနနဲ႔ အိမ္ရဲ႕ ပင္မအခ်က္ေတြကို ၾကည့္ၿပီး ဝယ္ယူတာေၾကာင့္ တျခားအလွအပဆုိင္ရာေတြထက္ ဦးစားေပးျပင္ဆင္သင့္ပါတယ္။ ဒါ့အျပင္ အိမ္အတြက္ လိုအပ္တဲ့ ဒီဇိုင္းေတြကို ျပန္ေပါင္းစပ္သင့္ၿပီး ေခတ္စားေနတဲ့ စနစ္ေတြထက္ ႐ိုးရွင္းတဲ့ ဒီဇိုင္းေတြကသာ အေရာင္းတည့္ေစပါတယ္။ ဒါေၾကာင့္ ေရာင္းခ်ဖို႔ စဥ္းစားတဲ့အခါ ဒီဇိုင္းေတြ အေနအထားေတြ ထည့္သြင္းစဥ္းစားၿပီးမွ အျပင္အဆင္ေတြကို ေရြးခ်ယ္သင့္ပါတယ္။

အိမ္ကို အဆင့္ျမႇင့္တင္မႈေတြ၊ အေဆာင္တိုးေတြ ေဆာက္လုပ္တဲ့အခါ ပတ္ဝန္းက်င္ရဲ႕ သိပ္ၿပီးကြဲျပားမထြက္ႏိုင္ဖို႔ အေရးႀကီးပါတယ္။ ပတ္ဝန္းက်င္နဲ႔ တစ္သီးတျခားျဖစ္ေနရင္ ဝယ္သူေတြအေနနဲ႔ အိမ္ကိုလာၾကည့္တဲ့ခါ အျမင္တစ္မ်ိဳး ေျပာင္းလဲေစႏိုင္ပါတယ္။ ဒါ့အျပင္ ၿခံဝင္းအတြင္းမွာ ၿခံဥယ်ာဥ္နဲ႔ေဆးေရာင္အသြင္အျပင္၊ ဒီဇိုင္းမ်ိဳးစံု ျပင္ဆင္ထားမႈက ပတ္ဝန္းက်င္နဲ႔ အခ်ိဳးမက်ျဖစ္ေနရင္ ေရာင္းခ်တဲ့ ေစ်းႏႈန္းကို ထိခိုက္ေစတတ္ပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: The Kumudra

အိမ်အပြင်အဆင်နဲ့ ပက်သက်ပြီး ပြုသင့် မပြုသင့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Aung Theikdi Villa
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service