အိပ်ရာမဝင်ခင်မှာ အောင်မြင်သူတွေ လုပ်လေ့ရှိတဲ့ အလေ့အထ (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
1734 Views
အိပ်ရာမဝင်ခင်မှာ အောင်မြင်သူတွေ လုပ်လေ့ရှိတဲ့ အလေ့အထ (၅) မျိုး
Knowledge | Posted by Si Thu Aung
[Unicode]
အောင်မြင်သူတွေအတွက် အလုပ်နဲ့ ကိုယ်ပိုင်ဘဝ အကြားမှာ အချိန်စီမံဖို့က အခက်အခဲတစ်ခုလို ဖြစ်တတ်ကြပါတယ်။
အိပ်ရာမဝင်ခင်မှာ ကိုယ်နဲ့အနီးဆုံးနေ့ရက်တွေက တွေ့ခဲ့မြင်ခဲ့၊ ကြားခဲ့သိခဲ့သမျှကို ပြန်ပြောင်းတွေးတောမိပြီး နောက်တစ်နေ့ အတွက် အစီအစဉ်တွေချမှတ်နေတတ်ကြပါတယ်။ အဲဒီလို ပြန်ပြောင်းတွေးတောခြင်းဟာလည်း စိတ်ကို တည်ငြိမ်မှုဖြစ်စေပြီး အေးအေးလူလူနဲ့ အိပ်ပျော်သွားစေနိုင်ပါတယ်။
ရှာဖွေတွေ့ရှိချက်တွေနဲ့ အောင်မြင်သူတွေရဲ့ ပြောပြချက်အရဆိုရင်တော့ အောင်မြင်သူတွေမှာ သူတို့တွေ အိပ်ရာမဝင်ခင်မှာ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အထ (၆) မျိုးရှိကြတာကို တွေ့ရပါတယ်။ လေ့လာကြည့်ပါ။
(၁) မိသားစုကို အချိန်ပေးခြင်း
တစ်ခါတလေကျတော့ အိမ်အထိအလုပ်တွေက ပါလာတတ်ကြတော့ အောင်မြင်သူတွေအတွက် အလုပ်နဲ့ ကိုယ်ပိုင်ဘဝ အကြားမှာ အချိန်စီမံဖို့က အခက်အခဲတစ်ခုလို ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုတွေ လျော့ကျသွားစေဖို့အတွက် မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်လေးဖဲ့ပေးဖို့ လိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သင့်မိသားစုကို အချိန်များများ ပေးပါ။
(၂) စာဖတ်ခြင်း
အောင်မြင်သူတိုင်းလိုလို စာဖတ်နာတာကို တွေ့ရပါတယ်။ ပြောရမယ်ဆိုရင် အောင်မြင်သူ အများစုဟာ စာတော်တော် ဖတ်နိုင်သူ တွေ ဖြစ်ကြပါတယ်။ စာဖတ်တဲ့အခါမှာလည်း သူတို့အလုပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ စာအုပ်တွေချည်းပဲ ဖတ်လေ့မရှိတတ်ကြပါဘူး။ စိတ်ခွန်အားဖြစ်စေမယ့် စာတွေကို အများဆုံးဖတ်လေ့ရှိကြပါတယ်။ ဆိုလိုတာက သူတို့ဟာ သူတို့အလုပ်နဲ့ဆက်နွှယ်တဲ့ သုတစာပေတွေတင်မဟုတ်ဘဲ အခြားသော ရသစာပေတွေနဲ့ သူတို့ရဲ့ အမြင် တွေ၊ အတွေးအခေါ်တွေကို တက်စေမယ့် စာပေတွေကိုလည်း အားစိုက်ဖတ်တတ်ကြတာ ကို တွေ့ရပါတယ်။
ဥပမာ- စိတ်ကူးယဉ် ဝတ္ထုတစ်ပုဒ်ကို ဖတ်လိုက်ခြင်းဟာ သူတို့အလုပ်နဲ့ တိုက်ရိုက်ဆက်နွှယ် ပတ်သက်နေတာမျိုး မရှိပေမဲ့လည်း သွယ်ဝိုက်တဲ့နည်းနဲ့ အထောက်အပံ့များစွာဖြစ်စေနိုင်ပြီး အမြင်များစွာပွင့်လင်းလာစေပါတယ်။ ဒါ့ကြောင့် အိပ်ရာမဝင်ခင် စာဖတ်မယ်ဆိုရင် စာဟောင်းပေဟောင်းတွေနဲ့ မဂ္ဂဇင်းတွေဟာ အကောင်းဆုံး ရွေးချယ်မှုတွေဖြစ်ပါတယ်။
(၃) စိတ်သက်သောင့်သက်သာရှိစေဖို့ အစီအစဉ်ရေးဆွဲခြင်း
လူတော်တော်များများဟာ ညရောက်လို့ အိပ်ရာဝင်ကြပြီဆိုရင် အတော်တော်နဲ့အတော် အိပ်မပျော်တာမျိုး ဖြစ်တတ်ကြပြီး ဦးနှောက်ထဲမှာ တသွင်သွင်စီးမျောနေတဲ့ အတွေးတွေကို ရပ်တန့်နိုင်ဖို့ တော်တော်ခက်ခဲတဲ့ အနေအထားတစ်ခုကို ကြုံတွေ့ကြရ တတ်ပါတယ်။
ဘာကြောင့်လဲဆိုရင် နေ့ခင်းက မြင်၊ တွေ့၊ ကြား၊ သိခဲ့သမျှ ဟာ ခေါင်းထဲမှာ မသိမသာ အလုပ်လုပ်နေတတ်ကြပြီး တစ်ခါတလေကျတော့လည်း ရှေ့ရေးအတွက် တွေးပြီး ပူပန်နေတတ်ကြတယ်။
ဒါ့ကြောင့် အစီအစဉ်ရေးဆွဲခြင်းဖြင့် သင့်ရဲ့ ပူပန်မှုတွေကို လျှော့ချပစ်ပြီး သင့်စိတ်ကို သက်သောင့်သက်သာ ဖြစ်အောင် ထားပေး ပါ။ နောက်တစ်နေ့မှာ လုပ်မယ့် (လုပ်ချင်တဲ့) အဓိကအရာ သုံးမျိုးလောက်ကို ချရေးတာ မျိုးပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဒါမှမဟုတ် နောက်နေ့မနက်မှာ ဘာတွေကို ဦးစားပေးလုပ်ဆောင်မလဲဆိုတာ ချရေးပါ။
(၄) အိပ်ရေးအနှောင့်အယှက်ဖြစ်စေမယ့် အရာများကို ကြိုတင်ကာကွယ်ခြင်း
အိပ်ရာဝင်ချိန်မှာ အနှောင့်အရှက်ပေးစေတဲ့ ဖုန်းနဲ့ ကွန်ပျူတာလို ပစ္စည်းမျိုးတွေကို သိမ်ဆည်းတာတို့၊ ပါဝါပိတ်ပစ်တာတို့နဲ့ အိပ်တဲ့ အချိန်မှာ အနှောင့်အယှက်ပေးစေနိုင်တဲ့ အရာမှန်သမျှကို မပေးနိုင်အောင် ကြိုတင်ကာကွယ်ပေးထားပါ။ တစ်နေ့တာကို အနှောင့် အယှက်နည်းနည်းနိုင်သမျှ အနည်းဆုံးအနေအထားနဲ့ ကုန်ဆုံးစေခြင်းဟာ အိုင်ဒီယာတွေလည်း ပိုထွက်လာစေနိုင်ပါတယ်။
(၅) အိပ်ချိန်ကို ၇-နာရီလောက်အထိ ယူခြင်း
အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အသစ်ရှာဖွေတွေ့ရှိထားချက်အရဆိုရင် ကျွန်တော်တို့တွေ မွေးကတည်းက စွဲလာကြတဲ့ ၈-နာရီ အိပ်စက်ခြင်းဆိုတာထက် ၇-နာရီအိပ်စက်ခြင်းက ပိုထိရောက်ပြီး၊ ပိုကောင်းတယ်လို့ အကြံပြုပေးထားပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ကိန်းဂဏန်းတွေက အရေးမကြီးပါဘူး။
တစ်နေ့တာကို ဖြတ်သန်းနိုင်ဖို့ ဦးနှောက်နဲ့ မှတ်ဉာဏ်တို့ရဲ့ လုပ်ဆောင်ချက်တွေအတွက် လုံလောက်တဲ့ အိပ်စက်ခြင်းမျိုး ဖြစ်ဖို့ပဲ အရေးကြီးပါတယ်။
ဒါ့ကြောင့် အိပ်ချိန်ကို ဘယ်လောက်ထားမလဲဆိုတာ သေချာဆန်းစစ်တွေးတောထားဖို့ လိုပါတယ်။ ဒါမှသာ အိပ်ရာထပြီး အလုပ် သွားတဲ့အခါ အဆင်ပြေပါလိမ့်မယ်။ များသောအားဖြင့်တော့ ၇-နာရီအိပ်စက်ခြင်းဟာ အလုပ်မှာ အောင်မြင်အောင် ဆောင်ရွက်နိုင် တယ်လို့ အကြံပြုထားကြပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Duwun
[Zawgyi]
(၂) စာဖတ်ခြင်း
Credit: Duwun
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
Upcoming Property Events
From 03 May To 04 May
Aung Theikdi Villa
From 03 May To 04 May
Shwe Wutt Hmone Housing
From 25 Apr To 09 May
Mingalardon Garden City
MIngalardon Garden City
Aung Theikdi Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service