သင့်အိမ်ထဲကို ကံကောင်းခြင်း အငွေ့အသက်တွေ ရောက်ရှိလာစေမယ့် နည်း(၅)နည်း - Property Knowledge in Myanmar from iMyanmarHouse.com
9615 Views

သင့်အိမ်ထဲကို ကံကောင်းခြင်း အငွေ့အသက်တွေ ရောက်ရှိလာစေမယ့် နည်း(၅)နည်း

Knowledge | Posted by Zarni Kyaw

[Unicode]

တခါတလေ အိမ်ထဲမှာထိုင်နေရင်းနဲ့ အလိုလိုနေရင်း နေလို့ထိုင်လို့ မကောင်းတာ၊ စိတ်ညစ်ညူးလာတာ၊ မကောင်းတဲ့အငွေ့အသက် တစ်ခုခုရှိနေသလို ခံစားနေရတာမျိုး ဖြစ်တတ်ကြပါတယ်။ အဲ့လိုဖြစ်နေတာဟာ အိမ်အပြင်အဆင်နဲ့ ပတ်သက်ပြီး ပြဿနာရှိနေလို့ပါ။ အဲ့ဒီ မကောင်းတဲ့ အငွေ့အသက်တွေကို နှင်ထုတ်ဖို့ ဒီနည်းလေးတွေကို သုံးလိုက်ပါ။

(၁) အိမ်ထဲကပစ္စည်းအဟောင်းတွေကိုလဲပါ

အိမ်ထဲမှာ ကောင်းတဲ့အငွေ့အသက်တွေ ရှိနေစေချင်ရင် အမြဲတမ်းသန့်ရှင်းရေး လုပ်ဖို့လိုပါတယ်။ ဒါ့အပြင် မသုံးတာကြာနေတဲ့ ပစ္စည်းအဟောင်းတွေ၊ အသုံးမဝင်တော့တဲ့ ပစ္စည်းတွေ၊ ပစ်သင့်တာတွေကို ပစ်ပြီး အသစ်လဲသင့်တာတွေကိုလဲရပါမယ်။ ပြီးရင် အိပ်ရာခင်းစွပ်၊ ခေါင်းအုံးစွပ်၊ ဆိုဖာအဖုံး၊ ခန်းဆီး၊ လိုက်ကာတွေကို အသစ်လဲလိုက်ပါ။

(၂) ပရိဘောဂတွေကို နေရာရွှေ့ပါ

နှစ်ရှည်လများ အသားသေနေတဲ့ ပုံစံကနေ အသစ်တစ်မျိုး ပြောင်းကြည့်လိုက်ပါ။ ကျဉ်းကျပ်နေတဲ့ နေရာမှာ ကျယ်ဝန်းသလို ထင်ရအောင်၊ သင့်ရဲ့စိတ်ကိုသက်တောင့်သက်သာရှိတဲ့ အခင်းအကျင်းမျိုးဖြစ်အောင် ပြောင်းလိုက်မယ်ဆိုရင် ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။

(၃) အမွှေးနံ့လေးတွေသုံးပါ

ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ အမွှေးနံ့လေးတွေ လွှမ်းခြုံနေမယ်ဆိုရင် ကောင်းတဲ့အရိပ်အငွေ့လေးတွေလည်း သူ့အလိုလိုရောက်ရှိလာမှာပါ။ ဒါကြောင့် မနက်စောစောနဲ့ ညအိပ်ခါနီးတွေမှာ မွှေးရနံ့ပါတဲ့ ဖယောင်းတိုင်ထွန်းတာမျိုး၊ ခန်းဆီး၊ လိုက်ကာတွေကိုရေမွေးဆွတ်ပေးတာမျိုး ပုံမှန်လုပ်ပေးပါ။

(၄) အိမ်အတွင်းမှာ အပင်လေးတွေစိုက်ထားပါ

အရွယ်အစားသေးငယ်တဲ့အပင်လေးတွေတောင်မှ အိမ်ထဲကညစ်ညမ်းတဲ့လေထုကို အထောက်အလျောက်သန့်စင်ပေးနိုင်ပါတယ်။ အိမ်ထဲမှာ မျက်စိအမြင်လည်းအေး၊ လေထုကိုလည်းသန့်စင်ပေးနိုင်တာကြောင့် ကောင်းမွန်တဲ့အရိပ်အငွေ့လေးတွေဖြစ်စေနိုင်ပါတယ်။

(၅) သင့်ရဲ့မကောင်းတဲ့ အတွေးအမြင်တွေကို ရပ်တန့်ပါ

မကောင်းတဲ့အဖြစ်တွေကြုံရတဲ့၊ မကောင်းတဲ့အရိပ်အငွေ့လေးတွေခံစားနေရတဲ့အဓိကအကြောင်းရင်းက စိတ်ထဲကမကောင်းတဲ့အတွေးအမြင်၊ ခံစားချက်တွေကြောင့်ပါ။ အတတ်နိုင်ဆုံးကိုယ့်စိတ်ထဲမှာ အဆိုးမြင်အတွေးတွေမဖြစ်လာအောင်၊ စိတ်ရှင်းအောင်ကြိုးစားလိုက်မယ်ဆို သင့်ဘေးနားက မကောင်းတာတွေအကုန်ထွက်ခွာသွားပါလိမ့်မယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Auntymay

 

[Zawgyi]
















Credit: Auntymay

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Shwe Wutt Hmone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service