ဆောက်လုပ်ရေးလုပ်ငန်းသုံးအမျိုးအစား (၆) မျိုးကို ပြည်ပကုမ္ပဏီများအားတင်သွင်းခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
1484 Views
ဆောက်လုပ်ရေးလုပ်ငန်းသုံးအမျိုးအစား (၆) မျိုးကို ပြည်ပကုမ္ပဏီများအားတင်သွင်းခွင့်ပြု
[Unicode]
ဖက်စပ်ကုမ္ပဏီများနှင့် ပြည်ပကုမ္ပဏီများအား ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း(၆) မျိုးတင်သွင်းခွင့်ကို ထပ်တိုးပြီး ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် က ခွင့်ပြုခဲ့သည့် အရေအတွက်ထက်ပိုမိုပြီး အမျိုးအစား ၆ မျိုးကို ခွင့်ပြုလိုက်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးကွက်တွင် အရည်အသွေးပိုင်းတွင် ပိုမိုကောင်းမွန်လာနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုကြသည်။
တင်သွင်းရန် ခွင့်ပြုလိုက်သော ၆ မျိုးတွင် ကျောက်တုံးကျောက်ပြား၊ အိမ်သုတ်ဆေးနှင့်ပတ်တီး၊မှန်၊ လုပ်ငန်းသုံးသံချောင်း၊သံနှင့်ပြုလုပ်ထားသော ပိုက်အမျိူးမျိူး ၊ အလူမီနီယံတိုင်ကီ တို့ပါဝင်လာခြင်းဖြစ်သည်။
အဆိုပါ ပစ္စည်းများကို ယခင်က လုံးဝတင်သွင်းခွင့်မပြုထားခြင်းမဟုတ်ဘဲ ပြည်တွင်းကုမ္ပဏီများက တင်သွင်းလျှက်ရှိသည်။ ယခုအခါ ဖက်စပ်ကုမ္ပဏီများနှင့်ပြည်ပကုမ္ပဏီများကို ထပ်တိုးပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစာရင်းတွင်ထပ်တိုးခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း ကုန်စည်လိုင်းပေါင်း ၈၃ မျိုးကို ခွင့်ပြုထားပြီးဖြစ်သည်။
လက်ရှိဆောက်လုပ်ရေးလောကတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် အမေရိကန်ဒေါ်လာဈေး အတက်အကျကိုကြည့်ကာ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကိုတင်သွင်းလျှက်ရှိသည်။
သို့သော်လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေဟာ ကိုဗစ်ကြောင့် သဘောၤလိုင်းတွေ မဝင်ရောက်နိုင်လို့အခက်အခဲတွေလည်းဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် အချို့လုပ်ငန်းပိုင်းတွေမှာ ကိုဗစ်ကြောင့် ရပ်နားထားရတာတွေလည်းရှိနေတာပါ။
ဒေါ်လာဈေးနှုန်းကျဆင်းနေချိန်မှာ လုပ်ငန်းရှင်အချို့ကဆောက်လုပ်ရေးသုံးပစ္စည်းတွေကို လိုက်လံစုစောင်းဝယ်ယူဖို့ပြင်ဆင်နေပေမယ့် ဈေးကွက်မှာ ဝယ်ယူဖို့အခက်အခဲတွေရှိနေခဲ့တာပါ။
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို တစ်စုတစ်စည်းထဲ ရောင်းချဖို့ပြည်ပကကုမ္ပဏီအချို့ဝင်ရောက်လာဖို့ရှိပေမယ့် လတ်တလောမှာ ကိုဗစ်ကြောင့် လာရောက်ဖို့ အခက်အခဲတွေလည်းရှိနေတာပါ။ တင်သွင်းလာတဲ့ပစ္စည်းတွေအပေါ်ကိုလည်း တတ်နိုင်သလောက် အခွန်နှုန်းထားတွေလျှော့ချပေးဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစုက မျှော်လင့်နေတာပါ။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကို အမြောက်အမြားဝယ်ယူတင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာများကို လုပ်ငန်းရှင်အများစုကလိုက်လံဝယ်ယူရာ ဒေါ်လာဈေးမြင့်တက်မှုနှင့်လည်းကြုံတွေ့ ခဲ့ရသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
Upcoming Property Events
From 26 Apr To 27 Apr
Mingalar Market
imyanmarmarket
MIngalardon Garden City
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service