ကြက်ဥတွေကို ရေခဲသေတ္တာ တံခါးပေါက်အကန့်မှာ ထည့်မထားသင့် - Property Knowledge in Myanmar from iMyanmarHouse.com
33071 Views
ကြက်ဥတွေကို ရေခဲသေတ္တာ တံခါးပေါက်အကန့်မှာ ထည့်မထားသင့်
Knowledge | Posted by Aye Myat Thu
[Unicode]
ကျွနု်ပ်တို့ အများစုက အစားအစာသိမ်းထားတဲ့ ရေခဲသေတ္တာကို အရေးမပေးတတ်ကြပါဘူး။ သို့ပေမယ့် အစားအစာတွေကို လတ်လတ်ဆတ်ဆတ် သိမ်းထားချင်တယ်၊ အချိန်ကြာကြာ ကောင်းမွန်အောင် ထားချင်တယ်ဆိုရင် ဒါသိပ်အရေးကြီးပါတယ်။
အစားအသောက်ကို လတ်လတ်ဆတ်ဆတ်နဲ့ အချိန်ကြာကြာ ကောင်းမွန်နေအောင် သိမ်းထားမယ်ဆိုရင် ရေခဲသေတ္တာ အပူချိန်ကို ဝ-၄ ဒီဂရီထိ ချိန်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီနည်းဖြင့် ဘက်တီးရီးယား ဖွံ့ဖြိုးမှုကို တားဆီးပေးပါလိမ့်မယ်။
ရေခဲသေတ္တာရဲ့ အပေါ်ပိုင်းမှာ ထမင်းကျန်တွေ၊ ဟင်းခတ်အမွှေးကြိုင်နဲ့ ချက်ချင်းစားသုံးလို့ ရနိုင်တဲ့ အစားအစာ သိမ်းထားရပါတယ်။ အဲ့နေရာမှာ ရေခဲသေတ္တာရဲ့ အပူအအေး တစ်သမတ်တည်း အကျဆုံးဖြစ်ပါတယ်။
တံခါးပေါက်နေရာတွေဟာ ရေခဲသေတ္တာ အတွင်းပိုင်းရဲ့ အပူဆုံးနေရာေတွေ ဖြစ်ပါတယ်။ အဲဒီနေရာဟာ သဘာဝအရ ကြာရှည်ခံသော ပစ္စည်းတွေကို သိမ်းထားသင့်တဲ့ နေရာဖြစ်ပါတယ်။ Mayonaise နဲ့ လိမ္မော်သီး ဖျော်ရည်တွေကို အဲ့နေရာမှာ သိမ်းထားနိုင်ပေမယ့် ကြက်ဥ၊ နို့နဲ့ပြုလုပ်တဲ့ အစားအစာတွေကိုတော့ မရပါဘူး။ အပူချိန်နည်းတဲ့ အတွက်ကြောင့် ကြက်ဥ၊ နို့နဲ့ ပြုလုပ်တဲ့ အစားအစာတွေကိုတော့ အောက်ထပ်မှာ သိမ်းထားသင့်ပါတယ်။
အောက်ထပ်တွေမှာ ပင်လယ်စာ၊ ငါး နဲ့ အသားစိမ်းတွေ သိမ်းထားနိုင်သေးတယ်။ ကြက်ဥက တခြားပစ္စည်းတွေရဲ့ အနံ့အသက်ကို စုပ်ယူနိုင်တာကြောင့် အနံ့ပြင်းတဲ့ ပစ္စည်းမျိုးထားမယ်ဆိုရင် ကြက်ဥတွေနဲ့ ဝေးဝေးနေရာမှာသာထားပါ။
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို သီးခြားအကန့်မှာ သိမ်းထားပါ။ အများအားဖြင့် အခန်းနှစ်ခု ကန့်ထားတဲ့ အောက်ဆုံးအထပ်မှာ တစ်ခုကို သစ်သီးအတွက် လုပ်ပြီး နောက်တစ်ခုမှာတော့ ဟင်းသီးဟင်းရွက်ထားပါ။ မက်မွန်သီး၊ သစ်တော်သီးနဲ့ မက်မန်းသီးလို အသီးမျိုးတွေကို ဟင်းသီးဟင်းရွက်တွေနဲ့ နီးနီးကပ်ကပ် မထားသင့်ပါဘူး။ ဘာလို့လဲဆိုရင် ဟင်းသီးဟင်းရွက်တွေကို အပုပ်မြန်စေတဲ့ ဂက်စ်တွေ ထုတ်တာကြောင့်ဖြစ်ပါတယ်။
Credit: Trend Myanmar
[Zawgyi]
Credit: Trend Myanmar
ကြက်ဥတွေကို ရေခဲသေတ္တာ တံခါးပေါက်အကန့်မှာ ထည့်မထားသင့် - Property Knowledge in Myanmar from iMyanmarHouse.com
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
Upcoming Property Events
From 03 May To 04 May
Aung Theikdi Villa
From 03 May To 04 May
Shwe Wutt Hmone Housing
From 25 Apr To 09 May
Mingalardon Garden City
Aung Theikdi Villa
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service