နိုင်ငံခြားသားပိုင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို တရားဝင်မှတ်ပုံတင်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
846 Views
နိုင်ငံခြားသားပိုင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို တရားဝင်မှတ်ပုံတင်ခြင်း
Knowledge | Posted by Shwe Zin Win
[Unicode]
မြန်မာနိုင်ငံသည် ခေတ်ကာလ ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် နိုင်ငံတော်အတွင်းတည်ရှိသော မရွှေ့မပြောင်းနိုင်သည့် အိမ်ခြံမြေတိုက်ခန်းအရပ်ရပ်တို့ကို ပြည်ပနိုင်ငံများမှ နိုင်ငံသားတို့သည် နေထိုင်အသုံးပြုခွင့်များ ဝယ်ယူခွင့်ရရှိလာပါသည်။ ထို့ကြောင့် နိုင်ငံခြားသားများအနေနှင့် မိမိတို့ပိုင်ဆိုင် ထားသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်း မှတ်ပုံတင်ခြင်းကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည်။
နိုင်ငံခြားသား (သို့) နိုင်ငံခြားသားပိုင် ကုမ္ပဏီသည် နိုင်ငံတော်အတွင်းရှိ မိမိပိုင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ထိုပစ္စည်းတည်ရှိရာ ဒေသနှင့် သက်ဆိုင်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ အခန်း (၃) ပုဒ်မ-၈)
ဤဥပဒေပြဌာန်းခြင်း မပြုမီက နိုင်ငံတော်၏ ပြင်ပတွင် ရောက်ရှိနေသော နိုင်ငံခြားသား (သို့) နိုင်ငံခြားသားပိုင် ကုမ္ပဏီပိုင်ဆိုင်သည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းနှင့် စပ်လျဉ်း၍ ၎င်း၏ကိုယ်စား ဆောင်ရွက်သူသည် အဆိုပါပစ္စည်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပစ္စည်းရှိရာ ဒေသနှင့် သက်ဆိုင်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ အခန်း (၃) ပုဒ်မ-၉)
ပုဒ်မ -၈ (သို့) ပုဒ်မ-၉အရ မှတ်ပုံတင်ရာတွင် မှန်ကန်မှှု ရှိ/ မရှိ နှင့် ထိမ်ချန်မှု ရှိ/မရှိကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အဖွဲ့က လုပ်ထုံးလုပ်နည်းများနှင့် အညီ စုံစမ်းစစ်ဆေးရမည် ။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ အခန်း (၃) ပုဒ်မ-၁၀)
ပုဒ်မ -၈ (သို့) ပုဒ်မ-၉အရ မှတ်ပုံတင်ရန် ပျက်ကွက်ကြောင်း (သို့) ပုဒ်မ-၁၀ အရ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအဖွဲ့က စုံစမ်းစစ်ဆေးရာတွင် မှန်ကန်မှုမရှိကြောင်း (သို့) ထိမ်ချန်ထားကြောင်း တွေ့ရှိသဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံးထောင်ဒဏ် တစ်နှစ်မှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့် အကျုံးဝင်သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ပါကြောင်း မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ အခန်း(၄) ပုဒ်မ-၁၃) တွင် ဖော်ပြထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
Upcoming Property Events
From 03 May To 04 May
Aung Theikdi Villa
From 03 May To 04 May
Shwe Wutt Hmone Housing
From 25 Apr To 09 May
Mingalardon Garden City
Aung Theikdi Villa
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service