ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော မြေနှင့်အဆောက်အအုံများ၊ အခန်းများအား အခွန်စည်းကြပ် ကောက်ခံခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
974 Views

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော မြေနှင့်အဆောက်အအုံများ၊ အခန်းများအား အခွန်စည်းကြပ် ကောက်ခံခြင်း

Knowledge | Posted by Si Thu Aung

[Unicode]

ပစ္စည်းခွန်စည်းကြပ်ကောက်ခံရာတွင် မြို့နယ်အတန်းအစား၊ လမ်းအမျိုးအစား၊ အဆောက်အအုံအမျိုးအစား အလိုက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားသည့် နှုန်းထားများဖြင့် မြေတန်ဖိုး၏ ၃%၊ အဆောက်အအုံ၏ ၆%၊ နှစ်ရပ်ပေါင်းအား လစဉ်ရာဖြတ်တန်ဖိုးသတ်မှတ်ပြီး၊ ယင်းအပေါ်အထွေထွေခွန် ၈%၊ မီးခွန် ၅%၊ စုစုပေါင်း ၁၃%ဖြင့် စည်းကျပ်မည့်ကာလအလိုက်တွက်ချက်၍ တစ်နှစ်လျှင်တစ်ကြိမ် ဌာနမှ တိုက်ရိုက်စည်းကြပ်ကောက်ခံပါသည်။

ပစ္စည်းခွန် စည်းကြပ်ရန်အတွက် အောက်ပါအချက်အလက်များလိုအပ်သည်။

- မြို့တော်စည်ပင်မှ ထုတ်ပေးထားသည့် လုပ်ငန်းလိုင်စင် မူရင်း၊ မိတ္တူ

- မြေနှင့် အဆောက်အအုံ၊ အခန်းအား ပိုင်ဆိုင်ကြောင်း အထောက်အထား မူရင်း၊ မိတ္တူ

- နိုင်ငံသားစိစစ်ရေးကတ် မူရင်း၊ မိတ္တူ

- အိမ်ထောင်စုစာရင်း မူရင်း၊ မိတ္တူ

- ပစ္စည်းခွန်စည်းကြပ်ရန် သတ်မှတ်ပုံစံ (ဌာနတွင်ဖြည့်စွက်ရန်)

ငှားရမ်း အသုံးပြုသော မြေနှင့် အဆောက်အအုံ၊ အခန်းများအား စည်းကြပ်ကောက်ခံခြင်း

ပစ္စည်းခွန် စည်းကြပ်ကောက်ခံရာတွင် မြေနှင့် အဆောက်အအုံ၊ အခန်းများအား နေထိုင်ရန်အတွက်၎င်း၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ၎င်း၊ ပုဂ္ဂလိက (သို့) သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများထံမှ ငှားရမ်းထားရှိပါက နှစ်ဦးနှစ်ဖက်သဘောတူညီထားသည့် ငှားရမ်းခအပေါ်တွင် အောက်ဖော်ပြပါ သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ငွေကို၎င်း၊ မူလပိုင်ရှင်ထံမှ မြေနှင့်အဆောက်အအုံ၊ အခန်းများကို ငှားရမ်းရယူ၍ တဆင့်ပြန်လည် အငှားချထားပါက ထိုသို့ပြန်လည် အငှားချထားသူ ဒုတိယပုဂ္ဂိုလ်အား ပစ္စည်းခွန် စည်းကြပ်ကောက်ခံရာတွင် စည်းကြပ်ကာလအတွင်း အငှားချထားခြင်းခံရသူ တတိယပုဂ္ဂိုလ်ထံမှ ရရှိသည့် ငှားရမ်းခထဲမှ မူလပိုင်ရှင်သို့ပေးရသည့် ငှားရမ်းခအပါအဝင် အောက်ဖော်ပြပါ သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ငွေကိုလည်းကောင်း၊ ရာပြတ်တန်ဖိုးများသတ်မှတ်၍ အထွေထွေခွန် ၈%၊ မီးခွန် ၅%၊ စုစုပေါင်း ၁၃%ဖြင့် ငှားရမ်းခြင်း စာချုပ်ပါ ကာလများအတိုင်း စည်းကြပ်ကောက်ခံပါသည်။

၁. ဝင်ငွေခွန် ၁၀%

၂. ကျန်ငွေအပါ် အဆောက်အအုံပြုပြင်စရိတ် ၂၅%

၃. ကျန်ငွေအပေါ် အထွေထွေကုန်ကျစရိတ် ၂၅%စသည့်သက်သာခွင့်တို့ကို နုတ်ပယ်ပြီး ၁၃% ဖြင့် ပစ္စည်းခွန်စည်းကြပ်ကောက်ခံပါသည်။

ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်း လုပ်ငန်းအကြောင်းသိကောင်းစရာများမှ ရေးသားဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

[Zawgyi]











၁. ၀င်ငွေခွန် ၁၀%






 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Shwe Wutt Hmone
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service