စည်ပင်မြေပေါ်တွင် တည်ဆောက်ထားသည့် စည်ပင်တိုက်ခန်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
2621 Views

စည်ပင်မြေပေါ်တွင် တည်ဆောက်ထားသည့် စည်ပင်တိုက်ခန်းအကြောင်း

Knowledge | Posted by Si Thu Aung

[Unicode]

စည်ပင်တိုက်ခန်း (၂) မျိုးအနက် ပထမတစ်မျိုးက စည်ပင်တိုက်ခန်းကို ဝယ်ယူသူအား ပိုင်ဆိုင်မှု အထောက်အထားအဖြစ် အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ထုတ်ပေးသော အဆောက်အအုံနေထိုင်ခွင့် စာချုပ် (သို့) သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၏ တိုက်ခန်းနေရာချထားခြင်း လက်မှတ်ထုတ်ပေးထားသည့် တိုက်ခန်းဖြစ်ပါသည်။

ထိုတိုက်ခန်းကို ဝယ်ယူမည်ဆိုလျှင် အထက်ပါ စာရွက်စာတမ်းကို ရောင်းသူထံမှ လွှဲပြောင်းယူရမှာဖြစ်ပါသည်။ ဝယ်ယူသူသည် အမည်ပြောင်းလျှောက်ထားရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် လျှောက်ထားရမှာဖြစ်ပါတယ်။ သတ်မှတ်ကာလအတွင်း ကန့်ကွက်ချက်မရှိပါက မူလအဆောက်အဦ နေထိုင်ခွင့်စာချုပ်အား ပယ်ဖျက်၍ အမည်ပြောင်း လျှောက်ထားသူ အမည်ဖြင့် စာချုပ်ကို ချုပ်ဆိုပေးမှာ ဖြစ်ပါသည့်အတွက် ပိုင်ဆိုင်မှု ခိုင်မာပါတယ်။

ဒုတိယတစ်မျိုးက စည်ပင်မြေပေါ်မှာတည်ဆောက်တဲ့ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများကို ဝယ်ယူခွင့် ရရှိသူသည် ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး ငှားရမ်းခြင်း၊ တဆင့်လွှဲပြောင်းရောင်းချခြင်း ပြုလုပ်ခွင့်မရှိပါ။ ထိုသို့ပြုလုပ်ပါက တိုက်ခန်းအား ပြန်လည်သိမ်းယူပါသည်။ ဝယ်ယူသူအနေနဲ့လည်း ပိုင်ဆိုင်မှု မခိုင်မာတာ ဖြစ်လို့ မဝယ်ယူသင့်ပါဘူး။

စည်ပင်မြေပေါ်တွင် ဆောက်လုပ်ထားသည့် တိုက်ခန်းကို ဝယ်ယူမည်ဆိုလျှင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ထုတ်ပေးသော အဆောက်အအုံနေထိုင်ခွင့် စာချုပ်ထုတ်ပေးသည့် တိုက်ခန်းမျိုးကိုသာ ဝယ်ယူသင့်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]









 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service