အန္တရာယ်ရှိအဆောင်အဦ၊ တိုက်ခန်းများအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
1513 Views
အန္တရာယ်ရှိအဆောင်အဦ၊ တိုက်ခန်းများအကြောင်း
Knowledge | Posted by Shwe Zin Win
[Unicode]
အန္တရာယ်ရှိအဆောက်အဦ Dangerous Building (DB) ဆိုသည်မှာ အချိန်မရွှေးပြိုကျနိုင်ပြီး နေထိုင်သူနှင့် အနီးအနားရှိသည့် လူများ၏ အသက်အန္တရယ်ကို ထိခိုက်စေနိုင်သည့် အဆောက်အဦကို ခေါ်ပါ သည်။
အဆောက်အအုံဖျက်သိမ်းခွင့် လျှောက်ထားခြင်းမရှိဘဲ အိမ်ဟောင်းဖျက်ခွင့်မရှိပါဘူး။ အဆောက်အဦ ဖြိုဖျက်ရာတွင် အိမ်ရှင်ဖြစ်စေ၊ နေထိုင်သူဖြစ်စေ၊ ပတ်ဝန်းကျင်မှဖြစ်စေ သက်ဆိုင်ရာစည်ပင်သာယာရေး ကော်မတီ၌ အဆောက်အအုံဖျက်သိမ်းခွင့် ဦးစွာလျှောက်ထားရမှာဖြစ်ပါတယ်။
လျှောက်ထားမှုအပေါ် ရှေးဦးစွာ ပဏာမအဖွဲ့ဖြင့်စစ်ဆေးပြီး အသေးစားပြင်ဆင်ရန် (သို့မဟုတ်) အကြီးစားပြင်ဆင်ရန် ဆုံးဖြတ်ပါသည်။ ထိုသို့မဟုတ်ဘဲ အန္တရာယ်ရှိအဆောက်အဦဖြစ်က အဖွဲ့ဝင် (၁၂)ဦးပါဝင် သည့် စစ်ဆေးရေးအဖွဲ့ကြီးဖြင့် ထပ်မံစစ်ဆေးဆောင်ရွက်ပါသည်။
ထိုအဖွ့ဲ၏ စစ်ဆေးချက်ကို မြို့တော်စည်ပင် သာယာရေးကော်မတီသို့ တင်ပြအတည်ပြုချက်ရယူပြီးနောက် မြို့တော်သတင်းစာ (သို့မဟုတ်) အခြားနည်းဖြင့် မြေရှင်မှ လာရောက်၍ ပိုင်ဆိုင်မှုတင်ပြရန်အကြောင်းကြားပါသည်။ အဆောက်အအုံဖျက်သိမ်းခွင့် ခွင့်ပြုချက်ရ မှသာ အဆောက်အဦကို တရားဝင် ဖျက်ခွင့်ရှိမှာဖြစ်ပါသည်။
ပိုင်ဆိုင်မှုမှန်က မြေရှင်မှမိမိကြိုက်နှစ်သက်ရာ စည်ပင်အသိအမှတ်ပြုလိုင်စင်ရ ကန်ထရိုက်တာဖြင့် အန္တရာယ်ရှိ အဆာက်အဦကို ဖြိုဖျက်ပြီး အသစ်ပြန်လည်တည်ဆောက်ရေး၊ ကြီးကြပ်ရေးအဖွဲ့မှ နေထိုင်သူများ အားခေါ်၍ နေရာချထာပေးခြင်းများ ဆောင်ရွက်ပြီး ဆောက်လုပ်ရမှာဖြစ်ပါသည်။
အိမ်ရှင်မြေရှင်နှင့်နေထိုင်သူများ စပေါ်ဖြင့်နေသူ (သို့) အခြားနည်းဖြင့်နေသူများ၏အခွင့်အရေးမှာ -
- နေထိုင်သူများကို လက်ရှိအခန်းများ၏ အကျယ်အဝန်းအတိုင်း ပြည်လည်နေရာချထားပေးပါသည်။
- အခန်းရသူများမှ ကန်ထိုက်တာကို ၃ ရစ်ခွဲ၍ အလိုက်ငွေပေးရသည်။ ပျက်ကွက်လျှင် အခန်းရယူသူ စာရင်းမှ ပယ်ဖျက်သည်။
- စည်ပင်သာယာရေးကော်မတီ၏ သတ်မှတ်အခွင့်အရေးမှအပ အခြားမည်သည့်အခွင့်အရေးမျှ မရ ရှိပါ။ အန္တရာယ်ရှိအဆောင်အဦမှ ဖယ်ရှားမပေးသူကို တည်ဆဲဥပဒေအရ အရေးယူပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
Upcoming Property Events
From 03 May To 04 May
Aung Theikdi Villa
From 03 May To 04 May
Shwe Wutt Hmone Housing
From 25 Apr To 09 May
Mingalardon Garden City
Shwe Wutt Hmone
Aung Theikdi Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service