အရေးပေါ်လှေကားများ ထွက်ပေါက်နှင့် ကိုက်ညီသည့်နေရာတွင် ထည့်သွင်းတည်ဆောက်သင့် - Property News in Myanmar from iMyanmarHouse.com
3287 Views

အရေးပေါ်လှေကားများ ထွက်ပေါက်နှင့် ကိုက်ညီသည့်နေရာတွင် ထည့်သွင်းတည်ဆောက်သင့်

### Unicode Version ###

မြန်မာနိုင်ငံ၏ အထပ်မြင့်များတွင် ထည့်သွင်းထားသည့် အရေးပေါ်လှေကားများ ထွက်ပေါက်နှင့် အကိုက်ညီဆုံးနေရာတွင် တည်ဆောက်သင့်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်းမှ ဥက္ကဋ္ဌဦးအောင်မြင့်ကပြောသည်။

" အရေးပေါ်လှေကားဆိုရင် ဒီမှာက အိမ်နောက်ဖေးမှာပဲ ထည့်ရမယ်ဆိုတဲ့ အစွဲရှိနေကြတယ်။ အမှန်ကတော့ အရေးပေါ်အခြေအနေဖြစ်လာရင် ထွက်နိုင်မဲ့ လမ်းသာတဲ့ နေရာတွေမှာထည့်ထားသင့်တယ်။ နိုင်ငံတကာမှာဆိုရင် အရေးပေါ်လှေကားကို မျက်နှာစာမှာထည့်ကြတယ်"ဟုဦးအောင်မြင့်ကရှင်းပြသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်သည့်အထပ်မြင့်တိုက်များတွင် (၄) ထပ်နှင့် တိုက်များတွင် အရေးပေါ်လှေကားများ မဖြစ်မနေထည့်သွင်းဆောက်လုပ်ရမည်ဟု စည်ပင်သာယာရေးကော်မတီမှ ညွန်ကြားထားပြီး လှေကားများကို စတီးလှေကားအစား ကွန်ကရစ်လှေကားများသာ ထည့်သွင်းခွင့်ပြုထားကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းထံမှ သိရသည်။

မတော်တဆမှုများကြောင့် ဖြစ်ပေါ်သည့် အရေးပေါ်အခြေအနေတွင် အသုံးပြုသည့် လှေကားများသည် အိမ်နောက်ဖေး နေရာများထက် သုံးစွဲသူထင်သာမြင်သာရှိမည့် နေရာများတွင်ထည့်သွင်းပါက အသက်ဆုံးရှုံးမှုနည်းနိုင်မည်ဖြစ်ပြီး အာမခံချက်ရှိသည့် လှေကားများကိုသာ ထည့်သွင်းဆောက်လုပ်သင့်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အရေးပေါ်ကိစ္စကြောင့် အထပ်မြင့်တိုက်များတွင် ပိတ်မိပြီးအသုံးဆုံးရှုံးမှုများသည် အရေးပေါ်လှေကားမပါဝင်ခြင်းကြောင့်သာမက အရေးပေါ်လှေကားများတွင် ပစ္စည်းများပိတ်ထားခြင်း၊ လှေကားများအသုံးပြု၍ မရခြင်း၊ မြေညီတွင် လူသွားလမ်းမရှိခြင်း စသည့် ပြသနာများကြောင့် ဆုံးရှုံးမှုများခြင်းဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

အေရးေပၚေလွကားမ်ား ထြက္ေပါက္ႏွင့္ ကိုက္ညီသည့္ေနရာတြင္ ထည့္သြင္းတည္ေဆာက္သင့္

ျမန္မာနိုင္ငံ၏ အထပ္ျမင့္မ်ားတြင္ ထည့္သြင္းထားသည့္ အေရးေပၚေလွကားမ်ား ထြက္ေပါက္ႏွင့္ အကိုက္ညီဆုံးေနရာတြင္ တည္ေဆာက္သင့္ေၾကာင္း ျမန္မာနိုင္ငံအင္ဂ်င္နီယာမ်ားအသင္းမွ ဥကၠ႒ဦးေအာင္ျမင့္ကေျပာသည္။

" အေရးေပၚေလွကားဆိုရင္ ဒီမွာက အိမ္ေနာက္ေဖးမွာပဲ ထည့္ရမယ္ဆိုတဲ့ အစြဲရွိေနၾကတယ္။ အမွန္ကေတာ့ အေရးေပၚအေျခအေနျဖစ္လာရင္ ထြက္နိုင္မဲ့လမ္းသာတဲ့ ေနရာေတြမွာထည့္ထားသင့္တယ္။ နိုင္ငံတကာမွာဆိုရင္ အေရးေပၚေလွကားကို မ်က္ႏွာစာမွာထည့္ၾကတယ္"ဟုဦးေအာင္ျမင့္ကရွင္းျပသည္။

ရန္ကုန္ၿမိဳ့တြင္ ေဆာက္လုပ္သည့္အထပ္ျမင့္တိုက္မ်ားတြင္ (၄) ထပ္ႏွင့္ တိုက္မ်ားတြင္ အေရးေပၚေလွကားမ်ား မျဖစ္မေနထည့္သြင္းေဆာက္လုပ္ရမည္ဟု စည္ပင္သာယာေရးေကာ္မတီမွ ညြန္ၾကားထားၿပီး ေလွကားမ်ားကို စတီးေလွကားအစား ကြန္ကရစ္ေလွကားမ်ားသာ ထည့္သြင္းခြင့္ျပဳထားေၾကာင္း ျမန္မာနိုင္ငံအင္ဂ်င္နီယာအသင္းထံမွ သိရသည္။

မေတာ္တဆမႈမ်ားေၾကာင့္ ျဖစ္ေပၚသည့္ အေရးေပၚအေျခအေနတြင္အသုံးျပဳသည့္ ေလွကားမ်ားသည္ အိမ္ေနာက္ေဖးေနရာမ်ားထက္သုံးစြဲသူထင္သာျမင္သာရွိမည့္ ေနရာမ်ားတြင္ထည့္သြင္းပါက အသက္ဆုံးရွုံးမွုနည္းနိုင္မည္ျဖစ္ၿပီး အာမခံခ်က္ရွိသည့္ ေလွကားမ်ားကိုသာ ထည့္သြင္းေဆာက္လုပ္သင့္ေၾကာင္း ရန္ကုန္ၿမိဳ့ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

ျမန္မာနိုင္ငံတြင္ အေရးေပၚကိစၥေၾကာင့္ အထပ္ျမင့္တိုက္မ်ားတြင္ပိတ္မိၿပီးအသုံးဆုံးရွုံးမွုမ်ားသည္ အေရးေပၚေလွကားမပါဝင္ျခင္းေၾကာင့္သာမက အေရးေပၚေလွကားမ်ားတြင္ ပစၥည္းမ်ားပိတ္ထားျခင္း၊ ေလွကားမ်ားအသုံးျပဳ၍ မရျခင္း၊ ေျမညီတြင္ လူသြားလမ္းမရွိျခင္း စသည့္ ျပသနာမ်ားေၾကာင့္ ဆုံးရွုံးမႈမ်ားျခင္းျဖစ္ေၾကာင္း အဆိုပါအသင္းထံမွ သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service