ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းမ်ားကို လုပ္ပိုင္ခြင့္ရထားတဲ့သူတစ္ဦး ကြယ္လြန္သြားရင္ လုပ္ပိုင္ခြင့္အတြက္ နာမည္ေပါက္ေနတဲ့ လုပ္ပိုင္ခြင့္စာ႐ြက္စာတမ္းေတြ ပ်က္ျပယ္သြားပါသလား။ က်န္ရစ္တဲ့ သားသမီးေတြက အေမြဆက္ခံခြင့္ရွိပါ သလား? - Property Knowledge in Myanmar from iMyanmarHouse.com
955 Views

ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းမ်ားကို လုပ္ပိုင္ခြင့္ရထားတဲ့သူတစ္ဦး ကြယ္လြန္သြားရင္ လုပ္ပိုင္ခြင့္အတြက္ နာမည္ေပါက္ေနတဲ့ လုပ္ပိုင္ခြင့္စာ႐ြက္စာတမ္းေတြ ပ်က္ျပယ္သြားပါသလား။ က်န္ရစ္တဲ့ သားသမီးေတြက အေမြဆက္ခံခြင့္ရွိပါ သလား?

Knowledge | Posted by Aye Myat Thu

 ### Zawgyi Version ###

ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းစီမံခန္႔ခြဲမႈကိစၥမွာဗဟိုေကာ္မတီက ခြင့္ျပဳခ်က္ခ်ေပးလိုက္တယ္။ ခြင့္ျပဳခ်က္ ခ်ေပးလိုက္တဲ့ေျမေတြနဲ႔ပက္သက္ရင္ စည္းကမ္းခ်က္ေတြ သတ္မွတ္ေပးထားပါတယ္။ ႏိုင္ငံေတာ္ရဲ႕ခြင့္ျပဳခ်က္ မရရွိဘဲနဲ႔ လုပ္ပိုင္ ခြင့္ရရွိခဲ့တဲ့ပုဂၢိဳလ္က အျခားသူကို လႊဲေျပာင္း ေရာင္းခ်ျခင္း၊ ခြဲစိတ္ျခင္း၊ ေပးကမ္းျခင္းေတ မလုပ္ရဘူးဆိုတဲ့ စကားရပ္ေတြပါ၀င္ပါတယ္။ အဲဒီ စကားရပ္အဓိပၸာယ္အရဆိုရင္ အေမြဆက္ခံခြင့္က မပါပါဘူး။ မပါေပမယ့္ ဒီလူေတြရဲ႕အခြင့္အေရးက ဆုံးရႈံးသြားသလားဆိုရင္ မဆုံးရႈံးပါဘူး။ ဘာေၾကာင့္လဲဆိုရင္ လယ္ယာ ေျမဥပေဒမွာက ဘာထုတ္ျပန္ထားသလဲဆိုေတာ့ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းမ်ား သတ္မွတ္ထားတဲ့ စည္းကမ္းနဲ႔ အညီ လုပ္ကိုင္ၿပီးရင္ လယ္ယာေျမလုပ္ပိုင္ခြင့္ကို ေျပာင္းလို႔ရတယ္ဆိုၿပီး ျပ႒ာန္းထားပါတယ္။

ဒါေၾကာင့္မို႔ ဥပမာ- သတ္မွတ္ထားတဲ့ ၄ ႏွစ္ ကာလလုပ္းၿပီးၿပီး သီးႏွံေတြကလည္း အေျခတက်ျဖစ္သြား ၿပီဆိုရင္ မိမိရဲ႕ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းလုပ္ပိုင္ခြင့္ကို လယ္ယာေျမလုပ္ပိုင္ခြင့္ဆိုၿပီး ေျပာင္းလို႔ရပါတယ္။ ေလွ်ာက္လႊာတင္လို႔ရပါတယ္။ လက္ရွိစိုက္ပ်ိဳးထားတဲ့မွတ္တမ္းေတြ၊ အေထာက္အထားေတြနဲ႔ တိုင္းလုပ္ငန္း အေထာက္အကူအျပဳအဖြဲ႕ရဲ႕ ေထာက္ခံခ်က္ေတြနဲ႔ ဗဟိုလယ္/စီကို ေလွ်ာက္ရင္ ဗဟိုလယ္/စီက လုပ္ပိုင္ ခြင့္ေျပာင္းေပးပါတယ္။ အရင္တုန္းက ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းလုပ္ပိုင္ခြင့္ရမယ္၊ အခုပုံစံ( ၇ )ရမယ္၊ ပုံစံ( ၇ ) ရရင္ ဘာရမလဲဆိုေတာ့ ပုံစံ ( ၇ ) သည္ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ျဖစ္သည့္အတြက္ လယ္ယာေျမကို အေမြဆက္ခံခြင့္၊ ေရာင္းပိုင္ခြင့္၊ လႊဲပိုင္ခြင့္၊ ခြဲစိတ္ပိုင္းခြင့္ေတြ ခြင့္ျပဳထားတဲ့အတြက္ အေမြဆက္ခံခြင့္၊ ေရာင္းခ် ခြင့္ရွိပါတယ္။ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းမ်ားသီးျခားကိုေတာ့ အေမြဆက္ခံခြင့္၊ လႊဲေျပာင္းလို႔မရပါဘူး။

ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းမ်ား လုပ္ပိုင္ခြင့္ရထားတဲဟာကို လယ္ယာေျမအျဖစ္ ေျပာင္းခြင့္ေပးတဲ့ အတြက္ လယ္ယာေျမအျဖစ္ ေျပာင္းၿပီးရင္ေတာ့ သားသမီးမ်ား၊ ဆက္ခံပိုင္ခြင့္ရွိသူမ်ား လုပ္ပိုင္ခြင့္ရမွာ ျဖစ္ပါတယ္။ သာမန္အားျဖင့္ေတာ့ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းမ်ားလုပ္ပိုင္ခြင့္သည္ အေမြဆက္ခံခြင့္၊ သားသမီး ေတြ ဆက္လက္ပိုင္ခြင့္ကိုေတာ့ မေပးထားပါဘူး။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

### Unicode Version ###

မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုကိစ္စမှာဗဟိုကော်မတီက ခွင့်ပြုချက်ချပေးလိုက်တယ်။ ခွင့်ပြုချက် ချပေးလိုက်တဲ့မြေတွေနဲ့ပက်သက်ရင် စည်းကမ်းချက်တွေ သတ်မှတ်ပေးထားပါတယ်။ နိုင်ငံတော်ရဲ့ခွင့်ပြုချက် မရရှိဘဲနဲ့ လုပ်ပိုင် ခွင့်ရရှိခဲ့တဲ့ပုဂ္ဂိုလ်က အခြားသူကို လွှဲပြောင်း ရောင်းချခြင်း၊ ခွဲစိတ်ခြင်း၊ ပေးကမ်းခြင်းတေ မလုပ်ရဘူးဆိုတဲ့ စကားရပ်တွေပါဝင်ပါတယ်။ အဲဒီ စကားရပ်အဓိပ္ပာယ်အရဆိုရင် အမွေဆက်ခံခွင့်က မပါပါဘူး။ မပါပေမယ့် ဒီလူတွေရဲ့အခွင့်အရေးက ဆုံးရှုံးသွားသလားဆိုရင် မဆုံးရှုံးပါဘူး။ ဘာကြောင့်လဲဆိုရင် လယ်ယာ မြေဥပဒေမှာက ဘာထုတ်ပြန်ထားသလဲဆိုတော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ အညီ လုပ်ကိုင်ပြီးရင် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပြောင်းလို့ရတယ်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့်မို့ ဥပမာ- သတ်မှတ်ထားတဲ့ ၄ နှစ် ကာလလုပ်းပြီးပြီး သီးနှံတွေကလည်း အခြေတကျဖြစ်သွား ပြီဆိုရင် မိမိရဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်ကို လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုပြီး ပြောင်းလို့ရပါတယ်။ လျှောက်လွှာတင်လို့ရပါတယ်။ လက်ရှိစိုက်ပျိုးထားတဲ့မှတ်တမ်းတွေ၊ အထောက်အထားတွေနဲ့ တိုင်းလုပ်ငန်း အထောက်အကူအပြုအဖွဲ့ရဲ့ ထောက်ခံချက်တွေနဲ့ ဗဟိုလယ်/စီကို လျှောက်ရင် ဗဟိုလယ်/စီက လုပ်ပိုင် ခွင့်ပြောင်းပေးပါတယ်။ အရင်တုန်းက မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်ရမယ်၊ အခုပုံစံ( ၇ )ရမယ်၊ ပုံစံ( ၇ ) ရရင် ဘာရမလဲဆိုတော့ ပုံစံ ( ၇ ) သည် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ဖြစ်သည့်အတွက် လယ်ယာမြေကို အမွေဆက်ခံခွင့်၊ ရောင်းပိုင်ခွင့်၊ လွှဲပိုင်ခွင့်၊ ခွဲစိတ်ပိုင်းခွင့်တွေ ခွင့်ပြုထားတဲ့အတွက် အမွေဆက်ခံခွင့်၊ ရောင်းချ ခွင့်ရှိပါတယ်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများသီးခြားကိုတော့ အမွေဆက်ခံခွင့်၊ လွှဲပြောင်းလို့မရပါဘူး။

မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ပိုင်ခွင့်ရထားတဲဟာကို လယ်ယာမြေအဖြစ် ပြောင်းခွင့်ပေးတဲ့ အတွက် လယ်ယာမြေအဖြစ် ပြောင်းပြီးရင်တော့ သားသမီးများ၊ ဆက်ခံပိုင်ခွင့်ရှိသူများ လုပ်ပိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများလုပ်ပိုင်ခွင့်သည် အမွေဆက်ခံခွင့်၊ သားသမီး တွေ ဆက်လက်ပိုင်ခွင့်ကိုတော့ မပေးထားပါဘူး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service