မည္သည့္ေျမအမ်ိဳးအစားကို မည္သူကေရာင္းခ်ခြင့္ရွိသလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
1519 Views

မည္သည့္ေျမအမ်ိဳးအစားကို မည္သူကေရာင္းခ်ခြင့္ရွိသလဲ ?

Knowledge | Posted by Aye Myat Thu

  ### Zawgyi Version ###

ေျမပိုင္ေျမ၊ ဘိုးဘြားပိုင္ေျမ၊ ဂရန္ရွိေျမပိုင္ေျမ

ဘိုးဘြားမိဘလက္ထက္ကပင္ ဓားမဦးခ်ပိုင္ဆိုင္လာ၍ လႊဲေျပာင္းဆက္ခံခြင့္ရွိေသာ ေျမမ်ိဳးျဖစ္သည္။ ထိုေျမအမ်ိဳးအစားကို ေအာက္ပါနည္းလမ္းျဖင့္ ပိုင္ဆိုင္သူမွ ေရာင္းခ်ခြင့္ရွိသည္။

- ေျမအမည္ေပါက္ ပိုင္ဆိုင္သူကိုယ္တိုင္က လႊဲေျပာင္းေရာင္းခ်ခြင့္ရွိသည္။

- ေျမအမည္ေပါက္ ပိုင္ဆိုင္သူထံမွ အေမြဆက္ခံပိုင္ဆိုင္သူက လႊဲေျပာင္းေရာင္းခ်ခြင့္ရွိသည္။

- ေျမအမည္ေပါက္ ပိုင္ဆိုင္သူထံမွ မွတ္ပံုတင္အေထြေထြကိုယ္စားလွယ္လႊဲစာ (သို႔မဟုတ္) အထူး ကိုယ္စားလွယ္လႊဲစာျဖင့္ လႊဲအပ္ျခင္းခံရသူက လႊဲေျပာင္းေရာင္းခ်ခြင့္ရွိသည္။ ကိုယ္စားလွယ္လႊဲစာ သက္တမ္းသည္ လႊဲအပ္သူ၊ အလႊဲခံရသူ မေသဆံုးမီႏွင့္ ကိုယ္စားလွယ္လႊဲစာကို ျပန္လည္႐ုပ္သိမ္းျခင္း မျပဳမီ အခ်ိန္အတြင္းျဖစ္ပါသည္။

- ေျမအမည္ေပါက္ ပိုင္ဆိုင္သူထံမွ မွတ္ပံုတင္အေပးစာခ်ဳပ္ျဖင့္ လက္ခံပိုင္ဆိုင္သူက ေရာင္းခ်ခြင့္ ရွိသည္။

- ေျမအမည္ေပါက္ပူးတြဲပိုင္ဆိုင္ျပီး မွတ္ပံုတင္စြန္႔လႊတ္စာခ်ဳပ္ျဖင့္ လက္ခံပိုင္ဆိုင္သူက ေရာင္းခ်ခြင့္ ရွိသည္။

- ေျမဧရိယာတစ္ခုလံုး၏ ထက္ဝက္ေသာ္လည္းေကာင္း၊ တစ္စိတ္တစ္ပိုင္း ေသာ္လည္းေကာင္း၊ ေျမဧရိယာတစ္ခုလံုးကို ေသာ္လည္းေကာင္း ေရာင္းခ်ခြင့္ရွိသည္။ ခြဲစိတ္ ေရာင္းခ်သည့္ အစိတ္အပိုင္း ကို ခြဲစိတ္ဂရန္ေလွ်ာက္ထားႏိုင္သည္။ သို႔ေသာ္ အနည္းဆံုးဧရိယာသည္ ေပ၂၀×ေပ၆၀ (စတုရန္ေပ ၁၂၀၀) ရွိရမည္ျဖစ္သည္။

ေျမငွားဂရန္ေျမ

ေျမမ်ားကို စည္းကမ္းခ်က္သတ္မွတ္၍ ႏွစ္(၆၀)၊ ႏွစ္(၉၀)၊ ႏွစ္(၃၀) အစရွိေသာ ႏွစ္ကာလအပိုင္း အျခားျဖင့္ အငွားခ်ထားေပးသည့္ေျမအမ်ိဳးအစားျဖစ္သည္။

ထိုေျမအမ်ိဳးအစားကို ေအာက္ပါနည္းလမ္းျဖင့္ ေရာင္းခ်ခြင့္ရွိသည္။

- ေျမငွားဂရန္တြင္ အမည္ေပါက္ပိုင္ဆိုင္သူက ေရာင္းခ်ခြင့္ရွိသည္။

- ေျမအမည္ေပါက္ ပိုင္ဆိုင္သူထံမွ အေမြဆက္ခံပိုင္ဆိုင္သူက ေရာင္းခ်ခြင့္ရွိသည္။

- ေျမအမည္ေပါက္ ပိုင္ဆိုင္သူထံမွ မွတ္ပံုတင္အေထြေထြကိုယ္စားလွယ္လႊဲစာ (သို႔မဟုတ္) အထူး ကိုယ္စားလွယ္လႊဲစာျဖင့္ လႊဲအပ္ျခင္းခံရသူက လႊဲေျပာင္းေရာင္းခ်ခြင့္ရွိသည္။ ကိုယ္စားလွယ္လႊဲစာ သက္တမ္းသည္ လႊဲအပ္သူ၊ အလႊဲခံရသူ မေသဆံုးမီႏွင့္ ကိုယ္စားလွယ္လႊဲစာကို ျပန္လည္႐ုပ္သိမ္းျခင္း မျပဳမီ အခ်ိန္အတြင္းျဖစ္ပါသည္။

- ေျမအမည္ေပါက္ ပိုင္ဆိုင္သူထံမွ မွတ္ပံုတင္အေပးစာခ်ဳပ္ျဖင့္ လက္ခံပိုင္ဆိုင္သူက ေရာင္းခ်ခြင့္ရွိသည္။

- ေျမဂရန္တြင္ေဖာ္ျပထားသည့္ ေျမဧရိယာတစ္ခုလံုး၏ ထက္ဝက္ေသာ္လည္းေကာင္း၊ တစ္စိတ္တစ္ပိုင္း ေသာ္လည္းေကာင္း၊ ေျမဧရိယာတစ္ခုလံုးကို ေသာ္လည္းေကာင္း ေရာင္းခ်ခြင့္ရွိသည္။ ခြဲစိတ္ ေရာင္းခ်သည့္ အစိတ္အပိုင္းကို ခြဲစိတ္ဂရန္ေလွ်ာက္ထားႏိုင္သည္။ သို႔ေသာ္ အနည္းဆံုးဧရိယာသည္ ေပ၂၀×ေပ၆၀ (စတုရန္ေပ ၁၂၀၀) ရွိရမည္ျဖစ္သည္။

ပါမစ္ေျမ

စည္ပင္သာယာမႈမရွိေသးသည့္ ၿမိဳ႕သစ္ေနရာမ်ားတြင္ စည္းကမ္းခ်က္ျဖင့္ သံုးစြဲခြင့္ျပဳထားသည့္ အိမ္ယာေဆာက္လုပ္ေနထိုင္ခြင့္ခ်ေပးထားေသာေျမမ်ိဳးျဖစ္သည္။

ထိုေျမအမ်ိဳးအစားကို ေအာက္ပါနည္းလမ္းျဖင့္ ေရာင္းခ်ခြင့္ရွိသည္။

- ပါမစ္အမည္ေပါက္သူက လႊဲေျပာင္းေရာင္းခ်ခြင့္ရွိသည္။

- ပါမစ္အမည္ေပါက္သူထံမွ အေရာင္းအ၀ယ္စာခ်ဳပ္အဆက္ဆက္ျဖင့္ ဝယ္ယူထားသူက ေရာင္းခ်ခြင့္ ရွိသည္။

- ပါမစ္ေျမကို အေရာင္းအ၀ယ္စာခ်ဳပ္အဆက္ဆက္ျဖင့္ ၀ယ္ယူပိုင္ဆိုင္ထားသူက ေျမငွားဂရန္ ေလွ်ာက္ထားႏိုင္သည္။ ထုတ္ေပးသည့္ ေျမငွားဂရန္တြင္ ေလွ်ာက္ထားသူအမည္ျဖင့္ ဂရန္ထုတ္ေပးသည္။

လယ္ယာေျမ

လယ္ေျမ၊ ယာေျမ၊ ကိုင္းကၽြန္းေျမ၊ ေတာင္ယာေျမ၊ ႏွစ္ရွည္ပင္စိုက္မ်ိဳးေသာေျမ၊ ဓနိေျမ၊ ေတာင္ယာ ေျမ၊ ဟင္းသီးဟင္းရြက္၊ ပန္းမန္စိုက္ပ်ိဳးသည့္ျခံေျမ၊ ေျမႏုကၽြန္းေျမ အမ်ိဳးအစားျဖစ္သည္။

ထိုေျမအမ်ိဳးအစားကို ေအာက္ပါနည္းလမ္းျဖင့္ ေရာင္းခ်ခြင့္ရွိသည္။

- လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ပံုစံ(၇) အမည္ေပါက္ ပိုင္ဆိုင္သူမွ လႊဲေျပာင္းေရာင္းခ်ခြင့္ရွိသည္။

- ပံုစံ(၇) အမည္ေပါက္သူထံမွ မွတ္ပံုတင္စာခ်ဳပ္ျဖင့္ လက္ခံပိုင္ဆိုင္သူက ေရာင္းခ်ခြင့္ရွိသည္။

- ပံုစံ(၇) အမည္ေပါက္သူထံမွ အေမြဆက္ခံပိုင္ဆိုင္သူက လႊဲေျပာင္းေရာင္းခ်ခြင့္ရွိသည္။

- ေျမအမည္ေပါက္ပိုင္ဆိုင္သူထံမွ မွတ္ပံုတင္အေထြေထြကိုယ္စားလွယ္လႊဲစာ (သို႔မဟုတ္) အထူး ကိုယ္စားလွယ္လႊဲစာျဖင့္ လႊဲအပ္ျခင္းခံရသူက လႊဲေျပာင္းေရာင္းခ်ခြင့္ရွိသည္။ ကိုယ္စားလွယ္လႊဲစာ သက္တမ္းသည္ လႊဲအပ္သူ၊ အလႊဲခံရသူ မေသဆံုးမီႏွင့္ ကိုယ္စားလွယ္လႊဲစာကို ျပန္လည္႐ုပ္သိမ္းျခင္း မျပဳမီ အခ်ိန္အတြင္းျဖစ္ပါသည္။

- ေျမဂရန္တြင္ေဖာ္ျပထားသည့္ ေျမဧရိယာတစ္ခုလံုး၏ ထက္ဝက္ေသာ္လည္းေကာင္း၊ တစ္စိတ္တစ္ပိုင္း ေသာ္လည္းေကာင္း၊ ေျမဧရိယာတစ္ခုလံုးကို ေသာ္လည္းေကာင္း ေရာင္းခ်ခြင့္ရွိသည္။

- လယ္ယာေျမ ပံုစံ(၇)ရရွိၿပီးသည့္ ေျမကြက္ကို အျခားနည္းသံုးစြဲခြင့္ေလွ်ာက္ထားၿပီးေနာက္ ေျမငွားဂရန္ စာခ်ဳပ္ ေလွ်ာက္ထားႏိုင္သည္။ သို႔ေသာ္ အနည္းဆံုးဧရိယာသည္ ေပ၄၀×ေပ၆၀ (စတုရန္ေပ ၂၄၀၀) ရွိရမည္ျဖစ္သည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ

ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေမျိုးဖြစ်သည်။ ထိုမြေအမျိုးအစားကို အောက်ပါနည်းလမ်းဖြင့် ပိုင်ဆိုင်သူမှ ရောင်းချခွင့်ရှိသည်။

- မြေအမည်ပေါက် ပိုင်ဆိုင်သူကိုယ်တိုင်က လွှဲပြောင်းရောင်းချခွင့်ရှိသည်။

- မြေအမည်ပေါက် ပိုင်ဆိုင်သူထံမှ အမွေဆက်ခံပိုင်ဆိုင်သူက လွှဲပြောင်းရောင်းချခွင့်ရှိသည်။

- မြေအမည်ပေါက် ပိုင်ဆိုင်သူထံမှ မှတ်ပုံတင်အထွေထွေကိုယ်စားလှယ်လွှဲစာ (သို့မဟုတ်) အထူး ကိုယ်စားလှယ်လွှဲစာဖြင့် လွှဲအပ်ခြင်းခံရသူက လွှဲပြောင်းရောင်းချခွင့်ရှိသည်။ ကိုယ်စားလှယ်လွှဲစာ သက်တမ်းသည် လွှဲအပ်သူ၊ အလွှဲခံရသူ မသေဆုံးမီနှင့် ကိုယ်စားလှယ်လွှဲစာကို ပြန်လည်ရုပ်သိမ်းခြင်း မပြုမီ အချိန်အတွင်းဖြစ်ပါသည်။

- မြေအမည်ပေါက် ပိုင်ဆိုင်သူထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့် ရှိသည်။

- မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့် ရှိသည်။

- မြေဧရိယာတစ်ခုလုံး၏ ထက်ဝက်သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း သော်လည်းကောင်း၊ မြေဧရိယာတစ်ခုလုံးကို သော်လည်းကောင်း ရောင်းချခွင့်ရှိသည်။ ခွဲစိတ် ရောင်းချသည့် အစိတ်အပိုင်း ကို ခွဲစိတ်ဂရန်လျှောက်ထားနိုင်သည်။ သို့သော် အနည်းဆုံးဧရိယာသည် ပေ၂၀×ပေ၆၀ (စတုရန်ပေ ၁၂၀၀) ရှိရမည်ဖြစ်သည်။

မြေငှားဂရန်မြေ

မြေများကို စည်းကမ်းချက်သတ်မှတ်၍ နှစ်(၆၀)၊ နှစ်(၉၀)၊ နှစ်(၃၀) အစရှိသော နှစ်ကာလအပိုင်း အခြားဖြင့် အငှားချထားပေးသည့်မြေအမျိုးအစားဖြစ်သည်။

ထိုမြေအမျိုးအစားကို အောက်ပါနည်းလမ်းဖြင့် ရောင်းချခွင့်ရှိသည်။

- မြေငှားဂရန်တွင် အမည်ပေါက်ပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။

- မြေအမည်ပေါက် ပိုင်ဆိုင်သူထံမှ အမွေဆက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။

- မြေအမည်ပေါက် ပိုင်ဆိုင်သူထံမှ မှတ်ပုံတင်အထွေထွေကိုယ်စားလှယ်လွှဲစာ (သို့မဟုတ်) အထူး ကိုယ်စားလှယ်လွှဲစာဖြင့် လွှဲအပ်ခြင်းခံရသူက လွှဲပြောင်းရောင်းချခွင့်ရှိသည်။ ကိုယ်စားလှယ်လွှဲစာ သက်တမ်းသည် လွှဲအပ်သူ၊ အလွှဲခံရသူ မသေဆုံးမီနှင့် ကိုယ်စားလှယ်လွှဲစာကို ပြန်လည်ရုပ်သိမ်းခြင်း မပြုမီ အချိန်အတွင်းဖြစ်ပါသည်။

- မြေအမည်ပေါက် ပိုင်ဆိုင်သူထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။

- မြေဂရန်တွင်ဖော်ပြထားသည့် မြေဧရိယာတစ်ခုလုံး၏ ထက်ဝက်သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း သော်လည်းကောင်း၊ မြေဧရိယာတစ်ခုလုံးကို သော်လည်းကောင်း ရောင်းချခွင့်ရှိသည်။ ခွဲစိတ် ရောင်းချသည့် အစိတ်အပိုင်းကို ခွဲစိတ်ဂရန်လျှောက်ထားနိုင်သည်။ သို့သော် အနည်းဆုံးဧရိယာသည် ပေ၂၀×ပေ၆၀ (စတုရန်ပေ ၁၂၀၀) ရှိရမည်ဖြစ်သည်။

ပါမစ်မြေ

စည်ပင်သာယာမှုမရှိသေးသည့် မြို့သစ်နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲခွင့်ပြုထားသည့် အိမ်ယာဆောက်လုပ်နေထိုင်ခွင့်ချပေးထားသောမြေမျိုးဖြစ်သည်။

ထိုမြေအမျိုးအစားကို အောက်ပါနည်းလမ်းဖြင့် ရောင်းချခွင့်ရှိသည်။

- ပါမစ်အမည်ပေါက်သူက လွှဲပြောင်းရောင်းချခွင့်ရှိသည်။

- ပါမစ်အမည်ပေါက်သူထံမှ အရောင်းအဝယ်စာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူထားသူက ရောင်းချခွင့် ရှိသည်။

- ပါမစ်မြေကို အရောင်းအဝယ်စာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူပိုင်ဆိုင်ထားသူက မြေငှားဂရန် လျှောက်ထားနိုင်သည်။ ထုတ်ပေးသည့် မြေငှားဂရန်တွင် လျှောက်ထားသူအမည်ဖြင့် ဂရန်ထုတ်ပေးသည်။

လယ်ယာမြေ

လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်မျိုးသောမြေ၊ ဓနိမြေ၊ တောင်ယာ မြေ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့်ခြံမြေ၊ မြေနုကျွန်းမြေ အမျိုးအစားဖြစ်သည်။

ထိုမြေအမျိုးအစားကို အောက်ပါနည်းလမ်းဖြင့် ရောင်းချခွင့်ရှိသည်။

- လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇) အမည်ပေါက် ပိုင်ဆိုင်သူမှ လွှဲပြောင်းရောင်းချခွင့်ရှိသည်။

- ပုံစံ(၇) အမည်ပေါက်သူထံမှ မှတ်ပုံတင်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။

- ပုံစံ(၇) အမည်ပေါက်သူထံမှ အမွေဆက်ခံပိုင်ဆိုင်သူက လွှဲပြောင်းရောင်းချခွင့်ရှိသည်။

- မြေအမည်ပေါက်ပိုင်ဆိုင်သူထံမှ မှတ်ပုံတင်အထွေထွေကိုယ်စားလှယ်လွှဲစာ (သို့မဟုတ်) အထူး ကိုယ်စားလှယ်လွှဲစာဖြင့် လွှဲအပ်ခြင်းခံရသူက လွှဲပြောင်းရောင်းချခွင့်ရှိသည်။ ကိုယ်စားလှယ်လွှဲစာ သက်တမ်းသည် လွှဲအပ်သူ၊ အလွှဲခံရသူ မသေဆုံးမီနှင့် ကိုယ်စားလှယ်လွှဲစာကို ပြန်လည်ရုပ်သိမ်းခြင်း မပြုမီ အချိန်အတွင်းဖြစ်ပါသည်။

- မြေဂရန်တွင်ဖော်ပြထားသည့် မြေဧရိယာတစ်ခုလုံး၏ ထက်ဝက်သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း သော်လည်းကောင်း၊ မြေဧရိယာတစ်ခုလုံးကို သော်လည်းကောင်း ရောင်းချခွင့်ရှိသည်။

- လယ်ယာမြေ ပုံစံ(၇)ရရှိပြီးသည့် မြေကွက်ကို အခြားနည်းသုံးစွဲခွင့်လျှောက်ထားပြီးနောက် မြေငှားဂရန် စာချုပ် လျှောက်ထားနိုင်သည်။ သို့သော် အနည်းဆုံးဧရိယာသည် ပေ၄၀×ပေ၆၀ (စတုရန်ပေ ၂၄၀၀) ရှိရမည်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service